ကောင်းကင်ပြာ မသေပါ…

Kaung Kin PyarSeptember 13, 20141min306

မနက်ကမှ ကောင်းကင်ပြာရဲ့ ဖုန်းကို ပြန်ပေးရင်း ညီမဆီက သူမလုံမလဲ ပြောလိုက်တဲ့သတင်းကြောင့် ကောင်းကင်ပြာတော်တော်လေးကို ခြောက်ခြားသွားပါတယ်…။ ရွာပေါ်တက်ကြည့်လိုက်တော့ မျှော်လင့်ထားတာထက်တောင် အခြေအနေဆိုးနေတာပါ…။ အကိုတစ်ယောက်က ခဏတော့ စောင့်ပါဦးပြောခဲ့ပေမယ့်…ရွာကလူတွေ စိတ်ဆိုးနေမှာစိုးတာကြောင့် အမေအပြင်ထွက်တုန်း ခဏလစ်တဲ့အချိန် နေပူပူထဲ ထွက်လာခဲ့တာပါ…။

တချို့တွေ ကောင်းကင်ပြာအတွက် စိတ်ပူနေကြပြီး တစ်ချို့တွေ…ဒေါသထွက်နေကြတယ် ကြားပါတယ်…။ ကောင်းကင်ပြာ သံယောဇဉ်ရှိတဲ့ ရွာကလူတွေကို လှည့်စားဖို့ စိတ်နဲ့တောင် မကြံခဲ့ဖူးပါဘူး…။

ဟိုလင်းတ ရှုပ်ခဲ့တဲ့ အရှုပ်တွေ နေမကောင်းတဲ့ကြားက လာရှင်းတာပါ…

နောင်ရိုး အရင်က ဘာပိုစ့်တင်တင်…သူ ဘယ်သူ့ကို ပြောတယ်ဆိုတာ သိမှာစိုးလို့…ပိုစ့်တွေမှာတောင် ကော်မန့်ဝင်မရေးခဲ့တာပါ…။ ခုတော့ ဝင်မလာလို့ မရတော့လို့ ကောင်းကင်ပြာ ရွာထဲ ဝင်လာပါတယ်..။

ဖြစ်သွားတဲ့ ကိစ္စတွေကို ရွာသားတွေ အမြင်ရှင်းအောင် ပြောပြချင်ပါတယ်…..

ငယ်ငယ်က ညဘက်မိုးရေခိုးချိုးခဲ့တာရော၊ ခေါင်းသေချာမသုတ်ဘဲ အိပ်ခဲ့တာတွေ…၊ အလောင်းတော်ကသပသွားရင်း ကားအက်ဆီးဒင့်ဖြစ်တာကြောင့် ထိ သွားတာတွေရောနဲ့ ကောင်းကင်ပြာနဂိုကတည်းက အာရုံကြော ပြသနာနည်းနည်းရှိပါတယ်…။ (ဒါကို အရင်တုန်းကလဲ ပြောဖူးပါတယ်…။ )

ဟိုတစ်လော လ မကုန်ခင်တုန်းကတော့ အတော်လေး Stress တွေများပြီး စိတ်ကျသလို ဖြစ်သွားခဲ့ပါတယ်…။ ညဘက်တွေ ငိုမိတယ်ဆိုတာလဲ အမှန်ပါပဲ…။ အိပ်မပျော်တာလဲ အမှန်ပါပဲ…။ ကျန်းမာရေးက အဆိုးဝါးကြီးမဟုတ်ပေမယ့် တကိုယ်လုံးထိတိုင်း နာတဲ့အနေအထားထိရောက်တော့…ဆရာဝန်က ပစ္စည်းကိရိယာစုံတဲ့ ဆေးရုံမှာ လာကုပါဆိုလို့ ဆေးရုံ ၃ ရက် တက်ရပါတယ်..။ မနက်ကမှ ဆေးရုံက ဆင်းတာပါ…။ (အမေ့အိတ်ထဲ ဆေးစာအုပ်ပါသွားလို့….ရွာသူားတွေ ဒါကိုပါ ကြည့်ရမှ ယုံမယ်ဆိုရင်လဲ Scan ဖတ်ပြီး ရွာပေါ်တင်ပေးပါ့မယ်…)

ဆေးရုံတက်နေတဲ့အချိန်မှာ…ကောင်းကင်ပြာရဲ့ ဒိုင်ယာရီစာအုပ်ကို ညီမနဲ့ နောင်ရိုးက တွေ့ပါတယ်…။ ဟိုဘက်တစ်ယောက်ရဲ့ ဖဘကိုလဲ သူတို့ ဝင်မွှေကြပါတယ်..။ ပိုဆိုးသွားတာက ကောင်းကင်ပြာ ငယ်ကတည်းက ဆေးကြောက်တတ်လို့…၊ အကျင့်ပါတာ မဖျောက်နိုင်လို့…ရောဂါနည်းနည်းသက်သာတော့ ဆေးတွေကို လက်ကြားညှပ်၊ သောက်ချင်ယောင်ဆောင်ပြီး…ပစ်စရာနေရာ မရှိသေးတာနဲ့ မွှေ့ရာအောက် ဖွက်မိပါတယ်….။ ဒါကို နောင်ရိုးတွေ့သွားပြီး…ကောင်းကင်ပြာက တကယ်နေမကောင်းချင်ဘူး..၊ သေတောင်သေချင်နေတယ်၊ ဒါတွေအားလုံးက တစ်စုံတစ်ယောက်ကြောင့်လို့ထင်သွားပြီး ပြသနာတွေ ပိုပိုဆိုးကုန်ပါတယ်…..။

စိတ်ပူနေတဲ့သူတွေရော…၊ ကောင်းကင်ပြာပါ အလိုတူအလိုပါထင်ပြီး ဒေါသဖြစ်ကြတဲ့သူတွေ ရှိတယ်ဆိုရင်လဲ နောင်ရိုးကိုယ်စား ကောင်းကင်ပြာကပဲ တောင်းပန်ပါတယ်…။ (ဒင်းကို လာတောင်းပန်ဖို့လဲ ပြောပြီးပါပြီ….)

သဂျီးနဲ့ ရွာက လူကြီးတွေ၊ တချို့ စိတ်ပူကြတဲ့ ကော်မန့်တွေမြင်ရလို့ အရမ်းလဲ ကျေးဇူးတင်ပါတယ်…။

ကိုဆောရိုးကိုလဲ ကောင်းကင်ပြာရဲ့ ညီမ ပြောမှားဆိုမှားရှိခဲ့တာ … တောင်းပန်ပါတယ်…။ အရမ်းလဲ အားနာမိပါတယ်…။ လတ်တလောဖြစ်သွားတဲ့ကိစ္စတွေရော၊ ဖဘ မွှေပြီး အစ်မ နေမကောင်း ဖြစ်နေတာမြင်ပြီး ဒေါသတကြီး ဖြစ်သွားတာပါ..။  အနူးအညွတ်တောင်းပန်ပါတယ်…။

ရွာထဲ ပျောက်နေတာကြာတဲ့ မအိတုံတို့ မနွယ်ပင်တို့၊ ကိုအာဂတို့ကိုပါ ကောင်းကင်ပြာအတွက် စိတ်ပူပေးကြလို့…ကျေးဇူးပါပဲ…။

အရီးတို့ မွသဲတို့ကိုလဲ လူကြီးတွေကို မထီလေးစားလုပ်ခဲ့တဲ့ ဟိုကောင့်ကိုယ်စား တောင်းပန်ပါတယ်…။

ဦးမျိုး ဓမ္မာရုံလမ်းထဲ ခြေတိုသွားတယ်ဆိုလို့ စိတ်မကောင်းပါဘူး…။ အမှန်တော့ အဲ့ဒါ အဖွားအိမ်ပါ…။ အရင်က အဲ့ဒီမှာ နေခဲ့ပေမယ့်..ခု အဲ့မှာမဟုတ်တော့ဘူး…။

မဇာယီးလဲ စိုးရိမ်တာရော၊ စိတ်တိုတာရော…ဖြစ်သွားမယ်ဆိုတာကို…နားလည်ပါတယ်..။

မခိုင်ဇာကို စ သိကတည်းက ကောင်းကင်ပြာမှာ အစ်မမရှိခဲ့လို့ မခိုင်ဇာသာ ငါ့အစ်မဖြစ်ရင် သိပ်ကောင်းမှာပဲလို့ တွေးခဲ့ဖူးပါတယ်….။ (ဒါ အခုမှ ပြောတဲ့စကားမဟုတ်ပါဘူး…) သူငယ်ချင်းအရင်းတွေတော်တော်များပြီး ပျော်ပျော်နေတတ်၊ ခင်တတ်တာကို သိလို့လဲ Close Friend မရှိတဲ့၊ မျက်နှာဖုံးတွေကြားနေရတဲ့ ကောင်းကင်ပြာက အားကျခဲ့တာပါ…။ သူနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း..Wedding များ လုပ်ဖြစ်ခဲ့ရင် မဇာယီးကို အရံနေရာမှာဖြစ်ဖြစ်…ဘိသိတ်နေရာမှာဖြစ်ဖြစ် Participate လုပ်ပေးဖို့ အကူအညီတောင်းချင်တယ်လို့တောင် ပြောခဲ့ဖူးပါတယ်…။

made fun of by these two အတွက်တော့… မဇာယီးစိတ်ကို နားလည်ပေမယ့်….စိတ်မကောင်းတော့ ဖြစ်မိပါတယ်…။

ကောင်းကင်ပြာဆီမှာ…ကိုယ်မချစ်တဲ့ သူမျိုးအပေါ်တောင် ထိခိုက်နစ်နာပါစေတော့ဆိုတဲ့ စိတ်မျိုး မရှိပါဘူး….။ တစ်ခါမှလဲ ထိခိုက်ပါစေတော့ဆိုပြီး ရည်ရွယ်ပြီး မလုပ်ခဲ့ဖူးပါဘူး….။ ကောင်းကင်ပြာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့…အေးအေးဆေးဆေးရှိတဲ့ဘဝလေးမှာပဲ နေချင်တာပါ…။

ခုကိစ္စမှာလဲ …ကောင်းကင်ပြာ ကြံတောင် မကြံစည်ဝံ့တဲ့ ကိစ္စပါ…။ တွံတေးသွားသူတွေ၊ ရွာက တချို့လူတွေ၊ အလှူသွားတုန်းကလူတွေ…၊ ယူနန်မှာဆုံဖူးသူတွေ ကောင်းကင်ပြာကို သိတဲ့ ရွာထဲကလူတွေရှိတာ သိနေသားနဲ့…၊ ကောင်းကင်ပြာလဲ သင်တန်းသွား၊ ရုံးသွားနဲ့ အိမ်မှာပဲနေသူမဟုတ်ဘဲနဲ့…၊ တချိန်ချိန် အပြင်မှာ မဆုံနိုင်ဘူး မပြောနိုင်သူတွေကို ကောင်းကင်ပြာ သေစာရင်းဝင်ဖို့ အစီအစဉ်ကို ကြံကို မကြံဝံ့တာပါ…။

တစ်ဖက်လူနဲ့ ပတ်သတ်ပြီး အကြောင်းသိသူ အကိုတစ်ယောက်လို ခင်နေတဲ့သူကိုပဲ အရမ်းမွန်းကြပ်နေတဲ့အချိန်တွေ  ပြောဖူးပါတယ်…။ တခြားတစ်ယောက်ယောက်ကို သူနဲ့ပတ်သတ်ပြီး ကောင်းခြင်းကလွဲရင် မပြောပြခဲ့ပါဘူး…။ ရွာထဲမှာ ခုလိုလုပ်ဖို့ မပြောနဲ့….၊ တစ်ဖက်လူနာမည်မပါအောင် အရင်ကတည်းက အပြောအဆို သတိထားခဲ့တာပါ..။ ကောင်းကင်ပြာဆီကနေတော့ ဘာ Data မှ မထွက်အောင် သတိထားခဲ့ပါတယ်….။

ခုဖြစ်ခဲ့တဲ့ကိစ္စတွေမှာလဲ..

သူ့ကို မုန်းလဲ မမုန်းပါဘူး…။ အပြစ်လဲ မတင်ပါဘူး…

(ပြောခဲ့ဖူးသလို….) ကောင်းဖို့ရာသာ မျှော်ခဲ့ပေမယ့်….လက်ခုပ်ဆိုတာ ၂ ဖက်တီးမှ မြည်မှာမို့…စိတ်လျှော့လိုက်တော့တဲ့ သဘောမျိုးပါပဲ….။

ကောင်းကင်ပြာဘက်က တစ်ခုခုလိုအပ်ခဲ့လို့ပဲ ဖြစ်မှာပါ…..။

တစ်ခုလေးတော့ ပြောချင်တယ်…

ask me out အတွက်၊ ask someone out အတွက်တော့ စိတ်ပူမိပါတယ်…။ တစ်ဖက်မိန်းကလေးက တကယ်ခံစားသွားမိရင် ထိခိုက်သွားတာမျိုးတွေ ရှိလာနိုင်မှာ စိုးလို့ပါ….။

ခု နောင်ရိုးရှုပ်သွားတဲ့ကိစ္စတွေအတွက် သူ့ကို ဒီတစ်ရက်နှစ်ရက်အတွင်း ဝန်ခံတောင်းပန်ဖို့ ပြောထားပြီးပါပြီ…။ သူ့ကိုလဲ ကောင်းကင်ပြာရဲ့ Personal ကို ဝင်မစွက်ဖက်ဖို့ ပြင်းပြင်းထန်ထန်ပြောထားပြီးပါပြီ….။ နောင်တစ်ကြိမ်ဒါမျိုးဆိုရင်တော့ လုံးဝ သည်းခံမှာ မဟုတ်ပါဘူး…။

နောက်ပိုင်းရက်တွေ ကောင်းကင်ပြာ အလုပ်ပြန်လုပ်မှာပါ…..။ ဘယ်လောက်ပဲ အဆင်မပြေတဲ့ကိစ္စတွေ ကြုံပေမယ့်..ဟိုပုံပြင်ထဲက …ရေတွင်းပျက်ထဲ ကျသွားတဲ့ နွားအိုကြီးလို…သူ့အပေါ် ဖို့နေတဲ့မြေကြီးတွေကို ခါရင်း နင်းရင်း အပေါ်တက်လာသလို…၊ ကောင်းကင်ပြာလဲ ကြုံသမျှအဆိုးတိုင်းကို ခါထုတ်နင်းတက်ရင်း…သဘောကျတဲ့ ကောင်းကင်ပြာပြာထိ၊ ဟိုးအမြင့်ဆုံးထိ ပျံနိုင်အောင် ကြိုးစားပါ့မယ်…။

 

နောက်ပိုင်းရက်တွေမှာ…ကောင်းကင်ပြာ လုပ်ပေးနိုင်တာ တစ်ခုခုရှိရင်၊ တစ်ခုခု ကိစ္စရှိရင်.. အရင်သုံးခဲ့တဲ့ 09 420 703 460 ဖုန်းကို ဆက်ပြီး ဘာပဲဖြစ်ဖြစ် ပြောပါလို့….

 

ရွာသူားတိုင်းကို ချစ်တဲ့…

ကောင်းကင်ပြာ

13.9.2014

 

44 comments

  • Myo Thant

    September 13, 2014 at 3:57 pm

    ခြေတိုတာ ဘာမှအရေးမကြီးဘူး

    ခုဟာက . . . .

  • Kaung Kin Pyar

    September 13, 2014 at 4:03 pm

    ဘယ်လို လုပ်ပေးရမလဲ အူးမျိုးရယ်…
    ခု နေကောင်းကာစ ပဲ မနေ့က ပိုစ့်ဖတ်ပြီး တော်တော် အမောဆို့တယ်…
    စိတ်တိုတာရှိရင်လဲ ဟိုမသာ လာတောင်းပန်မှသာ ထောင်းပေတော့…

    • သုဘရာဇာ သံချောင်း

      September 13, 2014 at 4:08 pm

      ပြောလိုက်ပါ
      ကျုပ်အခေါင်းထမ်းပြီးစောင့်နေတယ် လို့

    • Myo Thant

      September 13, 2014 at 4:13 pm

      I call to you later…..
      take care for your everything .

  • ဇီဇီ ခင်ဇော် (15102012)

    September 13, 2014 at 4:04 pm

    Take care of yourself first, Sis..!
    We can talk later.
    Hope everyone can clarify now..
    🙂
    Get well soon..

  • သုဘရာဇာ သံချောင်း

    September 13, 2014 at 4:06 pm

    အာသေဝနာစ ဗာလာနံ
    လူမိုက်နဲ့ပေါင်းမိတာကိုးဗျ

    နောက်ဆုံးတော့ ကျုပ်ပဲ သုဘရာဇာဖြစ်သွားတော့တယ်

    ခင်ဗျားလည်း ဖွါလန်ကျဲသွားတယ်

    တစ်ရွာလုံးလည်း ကူငွေစုရမလို အသုဘဘဲပို့ရမလို
    နေရပ်ဘဲစုံစမ်းရမလို
    သဂျီးတောင်မှ အသံတုန်တုန်နဲ့တရားဟောနေရသေးတယ်

    • Kaung Kin Pyar

      September 13, 2014 at 4:10 pm

      မြင်လိုက်ပါတယ်…

    • Kaung Kin Pyar

      September 13, 2014 at 4:43 pm

      လောလောလတ်လတ်ဖြစ်သွားတဲ့ … သုဘရာဇာ ထင်ပါရဲ့….

    • နောင် ရိုး

      September 13, 2014 at 6:28 pm

      မိန်း ပေါင်းမိတဲ့ လူမိုက်က ကျုပ်မဟုတ်လောက်ဘူး ထင်ပါတယ်ဗျ…
      မသေဘူး သတင်းကြားမှ…အခေါင်းထမ်းရောက်လာတဲ့…ခင်ဗျားပဲ..ဖြစ်မယ်…။

  • Kaung Kin Pyar

    September 13, 2014 at 4:07 pm

    I hope so like this…
    Thanks..!!!!

  • မြစာကလေး (23122011)

    September 13, 2014 at 4:08 pm

    ဟိ အရီး က နောင်ရိုး ဆိုတာ ဟိုတစ်ကောင် လို့ ကို အတပ်စွဲထားတော့တာ။
    တူ ဒါရိုက်တာဘဲ။ ဇာတ်ညွန်းရေးဘဲ။ မင်းသားဘဲ။လူကြမ်းဘဲ။
    နောင်ရိုးအစစ် ဆို ကျုပ်ရန်ကုန် ပြန်လာချိန် လာတွေ့။
    မတွေ့လို့ က တော့ ဒင်း ဟာ ဒင်း ဘဲ။ 😉

    ဘာဘဲ ဖြစ်ဖြစ်။
    ရွာ့ ဘဝ ထဲ အမှတ်တရ အပျော်လေးတစ်ခု လို့ မှတ်လိုက်ကြစို့။
    ခွေးမလွှတ်ချင်လဲ ကြောင်ကြီး ကို လွှတ်လိုက်ကြပါ။

    နေကောင်းသွားပြီဆိုလို့ ဝမ်းသာပါတယ် ကင်းကောင်လေးရယ်။
    အားလုံး အဆင်ပြေပါစေ။
    ရွာထဲကနေ ဘယ်သူ့ကိုမှ ပျောက်မသွားစေချင်ပါဘူး။
    နောင်ရိုး ဆိုတာ ဖန်တီးထားတာ ဖြစ်ရင်တောင်မှ မပျောက်သွားစေချင်တော့ပါဘူး။ :-)))

  • ဇီဇီ ခင်ဇော် (15102012)

    September 13, 2014 at 4:11 pm

    Yeah.. Yeah…
    Tell him pls to come back MG to A Su a Sal Khan from A Yee and ZZ..
    I would like to Pha Nout Nae Pout to him..
    👿

  • သုဘရာဇာ သံချောင်း

    September 13, 2014 at 4:13 pm

    ဒီတစ်ခုတော့ အမှန်အတိုင်းဖြေပါ
    နောင်ရိုးဆိုတာ တကယ်ရှိသလား
    ကလောင်ခွဲလား

    ကလောင်ခွဲလို့ အစပိုင်းကထင်ထားတာ
    ဘယ်သူခွဲတယ်လို့လဲ ခန့်မှန်းမိထားတယ်
    ဒါပေမယ့်
    ဟိုနေ့က ပို့စ်ဖတ်ပြီး ဇဝေဇဝါဖြစ်သွားတယ်

    • မြစာကလေး (23122011)

      September 13, 2014 at 4:15 pm

      ကိုမဟာသုဘ အကျော်အမော် တုတ်ချောင်းကြီး ရယ်
      ဇာတ်လမ်း မရှည်ပါနဲ့။
      ရမ်းတီးပြီးသာ စိတ်ဖြေလိုက်ပါ။
      ဘွမှာ ဂလိုဘဲ ရမ်းတီး တွေ နဲ့ အသက်ဆက်နေရတာ။ :-))

      • Kaung Kin Pyar

        September 13, 2014 at 4:19 pm

        ဒါနဲ့…သုဘရာဇာ သံချောင်းဆိုတာကရော…ခုမှ ၂၈ ဆိုတော့ ကလောင်ခွဲများလား…
        နာ့ကို ပတ်သနာရှာနေတာ…လွန်ခဲ့တဲ့ ၃နှစ်လောက်က ပိုစ့်ကိုပါ ပြန်လှန်ထားတာ မြင်တယ်….
        မကျေနပ်တာရှိရင်…ဘွင်းဘွင်းပြောပါအေ…
        အောင်လလို…
        မှားတာရှိရင်…တောင်းပန်ပါတယ်…

        • မြစာကလေး (23122011)

          September 13, 2014 at 4:20 pm

          ဝုတ်တယ်။ ဝုတ်တယ်။
          ပြီးရင် သူလဲ ပျောက်တော့မှာ။
          Game တွေ ထဲ က လိုဘဲ။ :-))

        • မြစာကလေး (23122011)

          September 13, 2014 at 4:22 pm

          ဒီလို Account တစ်ခု ပွါးလေ။
          သူကြီးမင်းတို့ ကြိုက်လေ ဆိုလား။
          တစ်ခါ ကြောင်ကြောင် ပြောဘူးတာ။ :-)))

      • သုဘရာဇာ သံချောင်း

        September 13, 2014 at 4:21 pm

        ပြိီးပါပြီ အန်တီရယ်
        သံချောင်းပြန်ပါတော့မယ်
        အလုပ်မှမဖြစ်ဘဲကိုး ဗျ 🙁

        • မြစာကလေး (23122011)

          September 13, 2014 at 4:24 pm

          အေးအေ။ နောက်တစ်ခါပြန်တွေ့တာပေါ့။
          ဘာဘဲဖြစ်ဖြစ် တွေ့ရတာ ဝမ်းသာပါတယ်။
          မကြာပါဘူးလေ။
          နောက်တစ်ခု အတွက် ပြန်လာဖို့ အထုတ်ပြင်ထား။ :-)))

    • နောင် ရိုး

      September 13, 2014 at 7:39 pm

      ခင်ဗျားလိုများ…
      မသေဘူးသတင်းကြားမှ…အခေါင်းကောက်ထမ်းပြီး အပြေးအလွှားရောက်လာတယ် ထင်နေသလား…
      ဒီတစ်ရွာလုံးမှာ..ခင်ဗျားတစ်ယောက်ကိုဖြင့်…ကျုပ် အမြင်ချင်ဆုံးပဲ…
      ဘယ်လိုလဲဗျ…
      အပြင်မှာ ဆုံချင်ကြလား..
      ခင်ညား မျက်နှာကြီးကို ဖဘပေါ်ကြည့် စိတ်ကူးထဲ တွေးတွေးပြီး…အံကြိတ်ရတာ…ကျုပ် သွားတွေတောင် နာနာလာလို့…
      ကျုပ် တကယ်ပြောနေတာ…။
      သုဘရာဇာ..
      ခင်ဗျား သွေး ရှိရင် အပြင်မှာ တွေ့ရအောင်ပါဗျာ…။
      ခင်ဗျားကိုယ်တိုင်လာခဲ့စမ်းပါ…

      • ခင် ခ

        September 14, 2014 at 12:01 am

        ကိုနောင်ရိုး ထင်တာနဲ့ လွဲရင် မကောင်းဘူးဖြစ်မယ်နော်
        ဒီထဲမှာစာရေးတဲ့ရွာသားအချင်းချင်း အဲဒီလောက်တော့ စိတ်မဖြစ်ပါနဲ့ဗျာ

  • Kaung Kin Pyar

    September 13, 2014 at 4:15 pm

    (မီးလောင်ရာ လေပင့်)..အွင်းးးး. အမှန်ပြောရရင်ဖြင့်….ဒီကိစ္စသိတော့…ငါသွားပြောမယ်ဆိုတာတောင် ဒင်းက တားနေသေးတယ်..။
    သူလုပ်ပြီးသွားပြီ…၊ ဒီတိုင်းထားလိုက်တော့…သူ့အရှက်မခွဲနဲ့ဆိုတာပါသေး…
    ဒင်း နောင်ကျဉ်ပြီး မှတ်လောက်အောင်သာ ဆုံးမလိုက်ကြဘာ…
    အရီး..
    ပြန်လာမယ်ဆိုလဲ…မြန်မြန်ပြန်လာခဲ့ပါ…
    နောင်ရိုးက ဒီနှစ်ကုန်လောက်ကျောင်းတက်ဖို့…ဘန်ကောက်သွားမယ်…။ (ဒါ ခုမှ ဆင်တဲ့ဇာတ်ဟုတ်ဝူးနော်..။ အရင်ကတည်းက ဟိုတစ်ယောက်ပါ သိပါတယ်..)

    • မြစာကလေး (23122011)

      September 13, 2014 at 4:17 pm

      ရလယ်။
      ဘန်ကောက်ထိ လိုက် ဆဲမယ်။ :-)))

      • sorrow

        September 13, 2014 at 4:20 pm

        …လေယာဉ်လက်မှတ်အရင်းအတိုင်းပေးပါမည် ခင်ဗျ ။ အတည် ..အဟီးဟီး
        …ပုံ..ထွားဘဲမန်နေဂျာ …ကချင်နုထွားကြီးဆောရိုး…

        • Kaung Kin Pyar

          September 13, 2014 at 4:22 pm

          :k:

    • etone

      September 13, 2014 at 7:20 pm

      အဲ့အကောင် အရှက်ရော ရှိသေးရဲ့လားဟင်

      လူအများစိုးရိမ်နေသလို အတိမ်းစောင်း မဖြစ်ပဲကျန်းမာလျှက်ရှိနေတာ ဝမ်းသာပါတယ် ညီမလေးရေ

  • Kaung Kin Pyar

    September 13, 2014 at 4:16 pm

    ကွယ်……..သုဘရာဇာ သံချောင်းရယ်………..
    နောင်ရိုးကို ဘာအတွက်နဲ့ ကလောင်ခွဲမတုန်း…
    နောင်ရိုး ရွာထဲရောက်နေတာဖြင့် ကြာ…ကြာလှဘီ..
    မယုံ…အပြင်မှာသာဆုံပြီး..အခေါင်းပါ ပြင်ပေးလိုက်တော့…
    လေဘာဒယ်…

  • sorrow

    September 13, 2014 at 4:18 pm

    ….ကျော်ကတော့ ခွင့်လွှတ်ပါတယ်ခင်ဗျ …ညီမတစ်ယောက်အနေနဲ့ ..စိတ်ပူမယ်ဆိုလဲ ပူစရာကိုးဗျ ။ …အပြင်က ခင်တဲ့လူတွေတောင် ဒီလောက် စိတ်ပူတယ် …ဆိုတော့ကာ …ဟိုကျပ်မပြည့်လေးကိုပဲ …ဒေါသထွက်ပါတယ် ။ သို့သော်လည်း ပွင့်ပွင့်လင်းလင်းပြောရရင် …ဒင်းကလေးကိုလဲ ..ခင်တော့အခင်သားရယ်…

    • Kaung Kin Pyar

      September 13, 2014 at 4:24 pm

      ဘရားသားကို အားအနာဆုံးပါပဲ…

  • အာဂ

    September 13, 2014 at 4:18 pm

    အကိုမလဲ စိတ်ပူမိသွားတယ်။ ညီမအပေါ် တကယ်များလားလို့စိတ်မကောင်းဖြစ်မိသွားတယ်။ မဟုတ်မှန်းသိတော့ တင်တဲ့ကောင်ကိုလည်း တင်းသွားတယ်။ သူရေးတာတွေကလည်း ဟုတ်သလိုလို ဘာလို လိုဆိုတော့လေ..။ ဒီကြားထဲ ငါ့ညီမ FB ကောင့်ကလည်း မရှိတော့ဘူးဆိုတော့ ပိုထင်သွားတယ်။ (ဒီသတင်းကိုမယုံလို့ ညီမ FB ထဲက သူငယ်ချင်းတွေများရှိရင် မေးကြည့်မလို့)သတင်းစာတွေထဲမှာလည်း နာရေးများတွေ့မလားရှာမိတယ်။ ဖုန်းနံပါတ်တောင်းပြီးဆက်ကြည့်ဖို့ကလည်း မိသားစုဝင်တွေကိုအားနာ တော့ မမေးဖြစ်ဘူး။တစ်ညလုံး တအုံနွေးနွေးနဲ့…။မနက်ညရင် ရွာထဲမှာ ပိုစ်တစ်ခု တင်ပြီးဆဲဖို့အထိတောင်စဉ်စားမိထားသေးတယ်။ အခုလိုအမြန်ဖြေရှင်းလိုက်တာကောင်းပါတယ်။ မရှင်းရင်တော့ …..မီးပွားကနေ မီးတောက်ဖြစ်သွားနိုင်ပါတယ်။ ဘာပဲပြောပြောအခုလိုရှင်းရှင်းလင်းလင်း သိရတော့ …..မဆိုးပါဘူး။

  • Myo Thant

    September 13, 2014 at 4:20 pm

    နောင်ရိုး တော့ မောင်မျိုးနဲ့ တွေ့ပြီပေါ့ကွာ

  • Kaung Kin Pyar

    September 13, 2014 at 4:21 pm

    ကျေးဇူးတင်ပါတယ်…ကိုအာဂရယ်…
    ၂ ခေါက်လောက်ပဲ ဆုံဖူးပေမယ့်…အကို့ကို ခင်ပါတယ်…
    ဖဘကတော့ Deactivate လုပ်ထားတာပါ…။ ပြောရင် တခြားသူ ထိခိုက်မှာစိုးလို့ မပြောတော့ပါဘူး..။
    ခုဝင်မယ့်အလုပ်က Social Media သုံးလို့…ပြန်ဖွင့်ဖြစ်မယ် ထင်ပါတယ်…
    ဒီကိစ္စကို စောစော သိလိုက်ရတာပဲ ကျေးဇူးတင်ရမလို ဖြစ်နေတယ်…။

    • နောင် ရိုး

      September 13, 2014 at 7:35 pm

      တင်တင်…နီပဲ ကျေးဇူးဖောချင်းသောချင်း တင်…
      တောင်းပန်တယ်လဲ ခဏခဏပြော…
      ငါ မပြောလိုက်ချင်ဘူး…

  • kai

    September 13, 2014 at 4:27 pm

    I would like to Pha Nout Nae Pout to him..too.. 3..4
    ဆိုတော့…
    လူတိုင်းမှာကိုယ့်ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိပါတယ်..။
    တယောက်ယောက်ကို.. ချစ်ချင်ချစ်မယ်.. မချစ်ချင်မချစ်ဘူးဗျ..။

    နောက်တခုက..
    ချစ်ရင်ရအောင်ယူ..
    အချစ်နဲ့စစ်မှာ.. အဲ..အဲ.. စစ်မပါဘူး..။ အချစ်မှာ..မတရားတာ.. မရှိ..။
    သူများတော့.. ထိခိုက်နစ်နာမှုတွေ မဖြစ်စေနဲ့ပေါ့..။ ဖြစ်သွားရင်လည်း.. အသည်းတွေကွဲပါပြီဆိုပြီး.. အရက်နဲ့မြည်းဖို့.. အရက်လိုက်တိုက်လိုက်…။ :k:

    မှတ်ချက်။ ။ ဆေးမသောက်တာတော့.. တကယ့်ကိုမကောင်းကြောင်း..
    အိပ်ယာအောက်ထဲထားတာကို.. ကြမ်းပိုးတွေများစားမိပြီး.. ရုပ်ရှင်ထဲကလို.. မွန်းစတားဂျပိုးဖြစ်သွားရင်.. ဘယ်နှယ်လုပ်မလည်း…။

  • မြစာကလေး (23122011)

    September 13, 2014 at 4:27 pm

    ဟေ့ နောင်ရိုး
    သူကြီးမင်း အလိုအရ
    ကင်တားပြေးမလား။
    ကူမယ်ဟေ့။ lol:-))

  • Kaung Kin Pyar

    September 13, 2014 at 4:28 pm

    လွှတ်ပစ်စရာ…ပြတင်းပေါက်မှ မရှိပဲကိုးးးး ။ ရှိတဲ့ပြတင်းပေါက်ကလဲ လူသွားလမ်းနား ဖြစ်နေလေတော့…ဒီဆေးမြင်ရင်..ဒီလူ တရားခံပဲဆိုတော့ကာ…
    မွန်းစတားဂျပိုးဖြစ်သွားရင်…ကြော်စားရမှာပဲ သဂျီးရယ်..

    • Iris

      September 13, 2014 at 7:10 pm

      အမှိုက်​ဆိုတာ ပြတင်​း​ပေါက်​ကပစ်​ချရတာမဟုတ်​ဘူး​ညီမ​လေးရဲ့။ ​မေ​မေ့ကိုအရင်​က​ပြောဘူးတယ်​။​မေ​မေကပြတင်​း​ပေါက်​ကိုအမှိုက်​ပုံးများထင်​​နေသလားလို့။ ​နေ​ကောင်​း​အောင်​​နေပြီး ကိုယ်​့ကိုတန်​ဖိုးထားတဲ့သူ​တွေကိုဝန်​မပိပါ​စေနဲ့ ညီမ​လေး။

  • ခင် ခ

    September 13, 2014 at 5:14 pm

    အော် အင်း အဲ

  • မွသဲ ( 17082011 )

    September 13, 2014 at 6:20 pm

    လူငယ်သဘာဝဘာဖြစ်ဖြစ်ပါလေ အပြင်မှာဖြစ်တာပြသနာမရှိပေမဲ့ ရွာထဲထိတက်စော်ကားခံရတာတော့ခံပြင်းမိသား။ နောက်တရွာလုံးအလိုတူအလိုပါဆိုတာကလဲ သိပ်အဆင်မပြေဘူးလေ။ ကိုယ့်ပြသနာကိုယ့်ဟာကိုအပြင်မှာရှင်းရင်ကောင်းတာပေါ့။ ဘာပဲဖြစ်ဖြစ်ဆေးရုံတက်နေသူကို မဦးမချွတ်သေဘီဆိုပြီးပြောတဲ့ လူရဲ့စိတ်ဓါတ်ကိုတော့အံ့ဩမိပါရဲ့

  • သုဘရာဇာ သံချောင်း

    September 13, 2014 at 10:32 pm

    ကိုရင်နောင်ရိုး
    ကျုပ်ခင်ဗျား ရီပလိုင်းတွေလိုက်ဖတ်ကြည့်တော့ ကျုပ်ကို လူမှားနေတယ်လို့နားလည်လိုက်တယ် ။
    ကျုပ်က ခင်ဗျားထင်နေတဲ့သူမဟုတ်ဘူး။
    ခင်ဗျားတို့ ကိုယ်ရေးကိုယ်တာကိုမသိသလို စိတ်လည်းမဝင်စားဘူး ။
    ကောင်းကင်ပြာနဲ့လည်း မသိသလို အွန်လိုင်းမှာလည်းမရင်းနှီးဘူး။
    ကျုပ်က ညာစရာတော့အကြောင်းမရှိပါဘူးလေ
    ခင်ဗျားတို့အသက်အရွယ်လယ်ဗယ်လည်းမဟုတ်ဘူး။

    ကျုပ်ဝင်ရေးဝင်ပြောနေတာ ကျုပ်သဘောနဲ့ကျုပ်ပါ ။
    ကျုပ်ရေးတဲ့စာနဲ့ ပြောတာအတွက်ကျုပ်တာဝန်ယူပါတယ် ။
    ဒါတွေပြောနေရတာဟာ ကျုပ်ကြောင့် ခင်ဗျားဟာတခြားလူတစ်ယောက်ကို အထင်မှားပြီး
    ဒေါသထွက်နေလို့ဘဲ ။

    ကျုပ်ဝင်ပြောနေမိတာလည်း ဘယ်သူကိုမှမကျေနပ်လို့ ဘယ်သူဖက်ကမှမဟုတ်ဘူး ။
    ခင်ဗျားရေးတဲ့စာအပေါ်ကျုပ်တို့ယုံတယ် ဒါကြောင့် ခံစားမိကြတယ် အချင်းချင်း တိုးတိုးတိတ်တိတ် တိုင်ပင်မေးမြန်းကြတယ် ။

    နောက်တော့ မဟုတ်ဘူးလို့သတင်းကြားတော့ ဒါဟာသက်သက် ရီစရာလုပ်တာဘဲလို့ထင်မိကြတယ် ။
    ဒေါကန်တာ ခံပြင်းတာ နဲနဲတော့ရှိကြတာပေါ့ဗျာ ။
    နောက်တော့ ကိုဆောရိုးကို ဖုန်းဆက်မေးစဉ်မှာ ကောင်းကင်ပြာညီမက ရန်တွေ့တာသိရတော့
    ဒါဟာမဆိုင်သူနဲ့မဆိုင်တဲ့အသိုင်းအဝိုင်းကို ပြဿနာလုပ်တာလို့ထင်မိကြတယ် ။
    ရွာသူားတော်တော်များများပေါ့။

    ဒီတော့ကျုပ်တို့လည်းပြောကြဆိုကြ ရေးကြတာပေါ့ဗျာ ။
    ကျုပ်တို့ဟာခင်ဗျားတို့ပြဿနာတွေကိုမသိသလို စိတ်လည်းမဝင်စားဘူး ။

    ရွာထဲထင်ယေင်ထင်မှားဖြစ်ကြရလို့ပြောနေကြတာဘဲဖြစ်တယ်

    တခုတော့ရှိတယ်
    ခင်ဗျားဖက်က ငြင်းခွင့်တော့ရှိတယ်
    နာမည်တွေမပါဘူး ဝတ္တုရေးတာပါ လို့ ။
    ဒါဆိုရင်တော့ ……
    ကျုပ်တို့ တစ်ရွာလုံးက မှာယွင်းစွာလိုရာဆွဲတွေးမိတာပေါ့ဗျာ ။

    ခင်ဗျားနဲ့ကောင်းကင်ပြာသိထားဖို့က
    ကျုပ်က ခင်ဗျားတို့ထင်နေတဲ့ ဟိုတယောက် လုံးဝ (လုံးဝ)မဟုတ်ဘူး ။
    ပုဂ္ဂိုလ်ရေး မကျေနပ်ချက်လဲ လုံးဝမရှိဘူး ။
    ရွာဖက်ကနေ ရေးသားပြောဆိုခြင်းသာဖြစ်တယ် ။
    ဆိုတော့……
    ကျုပ်ပြောသမျှရေးသမျှ ကျုပ်မှာသာတာဝန်ရှိတယ်ဆိုတာလေး ………

    ကျုပ်အနေနဲ့ ဒီဖြစ်ရပ်မှာ ဘာမှထပ်ပြောစရာမရှိတော့ဘူး
    ကျုပ်ကို သဂျီးအပါအဝင် မော့များနဲ့တကွ ရွာလူကြီးများ ရွာသူားဟောင်းများအားလုံးသိပါတယ် ။
    ဖြစ်ရပ်နဲ့ ရေးတဲ့ပို့စ်လိုက်ဖက်အောင် နာမည်နောက်တခုထပ်သုံးခြင်းသာဖြစ်တယ် ။
    ဒီရှေ့ ခင်ဗျားတို့ကိစ္စမှာ လုံးဝပါဝင်မှာမဟုတ်ဘူး
    ဒါပါဘဲ

    • ခင် ခ

      September 13, 2014 at 11:55 pm

      ဆြာသံချောင်းရေ စီးကရက်ကို ဖင်စီခံထိလိုက်သောက်မနေနဲ့ဗျ ကိုယ့်လက်ပူလိမ့်မယ် အသစ်တလိပ်ပြောင်းသောက်ပြီး ကျွန်တော်တို့တွေ အခြားအကြောင်း ပြောကြတာပေါ့ဗျာ ကလေးမလေးအပေါ် ရွာသူသံဃောဇဉ်အရ ဖြစ်ကြပြောကြတာကို ကျုပ်တို့အတော်များများသိတယ်လေဗျာ

  • ကိုပေါက်(မန္တလေး)

    September 13, 2014 at 11:10 pm

    ကဲ ဟိုတစ်ယောက်ဒီတစ်ယောက်လုပ်မနေနဲ့

    နာမယ် တတ်ပြီး ဗြောင်သာရေး ကြ ကွာ

  • ကိုပေါက်(မန္တလေး)

    September 13, 2014 at 11:14 pm

    အပြင်မှာ ကိုယ့်ဘာသာကိုယ်ဖြစ်လာတ ဲ့ ကိစ္စ ရွာထဲ လာ ဇာတ်ရှုပ်တာတော့ မကောင်းဘူးထင်ပါတယ်။

    ကလေး တွေ လဲ မဟုတ်ဘူး

    ကိုယ့် အသိ စိတ်နဲ့ ကိုယ် ဆင်ခြင်နိုင်တဲ့ အရွယ်တွေ

    ရောက်နေပြီ နော်။

  • ဦးကြောင်ကြီး

    September 13, 2014 at 11:37 pm

    ဦးကြောင်ကတော့ ကင်းကောင်ပြာလေးကို ဆားချဉ်ဒါပဲသိလည်… ခွီး ဂရား…

Comments are closed.