ကနေ့ သူများ မွေးနေ့ ကို ဝါးတီး မသွားခင်လေး တရုတ်ပန်းခြံ မှာ လက်သွားဆော့လာကြတာတွေပါ ခည။

ဒါတွေက Snapseed နဲ့ HDR ပါးပါးလေး ပုတ်ထားတာ။

 

 

 

2014-09-13 12.12.56

1. snapseed HDR

2014-09-13 12.22.11

2. snapseed HDR

2014-09-13 12.22.33

3. snapseed HDR

 

ဒီပုံတွေက ဗျိုင်း ငါးဖမ်း တာကို လမ်းကြုံလေး ရိုက်လာတာ။ ဒီ တစ်ခေါက်က တော့ ဗျိုင်းရောက်တာ ငါးတွေ မသိသေးတော့ မပြေးသေးဘူး။ အဲဒီတော့ ဗျိုင်းလဲ သိပ်ကြာကြာ မစောင့်လိုက်ရပါဘူး။

ခဏလဲ နေရော ငါးတွေ ထွက်ပြေးကုန်လို့ ဒီ ဗျိုင်းလဲ ဘယ်လို ဆက်စောင့်စောင့် ငါး ထပ်မမိတော့ဘူး။

2014-09-13 12.39.43

4. waiting

2014-09-13 12.41.10

5. catch

2014-09-13 12.41.11-4

6. grab

2014-09-13 12.41.11-3

7. kill

2014-09-13 12.41.11-2

8. carried away

2014-09-13 12.41.11-1

9. carried away

2014-09-13 12.41.13

10. proud hunter

ဒီ ပုံ ၂ ပုံ က တော့ ငှက်လေး ပျံတာကို ကံကောင်းစွာ မိလိုက်တဲ့ ပုံလေးတွေကို တော်တော်ကြီး crop လုပ်ထားတာ။ (snapseed နဲ့ ကာလာလေး ဘာလေး ပြင်ထားတယ်)

2014-09-13 13.12.23-1

11. bird flying

2014-09-13 13.12.23-2

12. bird flying

ပြီးတော့ ပုဇင်း၊ ဒါလေးလဲ ဒီ ပုဇင်း က သဘောကောင်းလွန်းလို့..

အဲ့ဒီ တုတ်တံလေးမှာပဲ လာနားလိုက် ခဏ ထ ပျံပြီး ဒီပဲ လာပြန်နားလိုက် နဲ့

ဒီလောက် ကင်မရာတွေ တချိန်ချိန် နဲ့ နေတာလဲ ဒင်းက ရှိုးမပဲ့ဘူးဗျား။

2014-09-13 15.29.15

13. dragonfly

ကဲ ဒီ နောက်ဆုံး ၂ပုံ က တော့ ပြန်ခါနီးလေး ရိုက်လာတာ။ ဘာမှ တော့ မထူးခြားပါဘူး ရိုးရိုး ရှုခင်းပေါ့။

ကောင်းကင်ကြီး အဲ့လို ပြာနေတာကို သဘောကျလို့။

 

2014-09-13 16.00.54

14. Chinese Garden tower

2014-09-13 16.07.43

15. Skyscape,

ပုံလေးတွေ ဘာလိုတယ် ဘယ်လို မျိုး ရိုက်ရင် ပိုကောင်းမယ် ဆိုတာမျိုးလဲ ဝေဖန်ပေးကြပါ ခင်ဗျ။

ကင်မရာ ကို ခလုတ်ပဲ နှိပ်တတ်ပြီး ဘယ်လို ရှုထောင့် ဘယ်လို composition မျိုး က ကောင်းသလဲ ခုထိ မကြည့်တတ်သေးလို့ဘာာာာ

About ကျော်လွင်ဖြိုး

has written 16 post in this Website..

၈၈ခုနှစ်မှာ မွေးသည်။ အပြောအဆို အနေအထိုင် ဂွကျသည်။ လွန်စွာ အပျင်းကြီးသည်။ လူများနဲ့ ပြောင်းပြန် တွေးလွန်းသောကြောင့် လမ်းထွက်လျှင် သံခမောက် ဆောင်း ထွက်ရသည်။