အနာဂတ်ကာလအတွက် အသံထက်မြန်တဲ့ ဂျက်လေယာဉ်

introAugust 16, 20101min922

ရုတ်တရက်ကြည့်ရင် သိပ္ပံလူစွမ်းကောင်း ဇာတ်ကားတွေထဲက ယာဉ်ပျံလိုလို၊ ဂြိုဟ်သားတွေရဲ့ တိုက်ခိုက်ရေး ယန္တယားတစ်ခုလိုလို ထင်စရာပါ။ ဒါပေမယ့် ချောမွေ့တောက်ပြောင်နေတဲ့ ကိုယ်ထည်နဲ့ အဲဒီယာဉ်ဟာ အနာဂတ်ကာလ လေယာဉ်ပျံအဖြစ် အသုံးပြုမယ့် အသံထက်မြန်တဲ့ ဂျက်လေယာဉ်ရဲ့ ပုံစံဖြစ်ပါတယ်။ သဘာဝဝန်းကျင်နဲ့ ကိုက်ညီအောင် ဖန်တီးထားတဲ့ အဲဒီဂျက်လေယာဉ်ပုံကို ကမာ္ဘကျော် လေယာဉ်ကုမ္ပဏီကြီး Lockheed Martinက ဒီဇိုင်းထုတ်ခဲ့တာပါ။ အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA)ရဲ့ စီမံကိန်းကို Lockheed Martinက ကူညီခဲ့တာဖြစ်ပြီး ဒီလေယာဉ်မျိုးတွေ (၂၀၃၅)ခုနှစ်လောက်မှာ စပြီးပျံသန်းနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ ပြောင်းပြန်V-engine တစ်ခုကို သုံးထားတဲ့ လေယာဉ်ဟာ ကျယ်လောင်တဲ့ ဆူညံသံတွေကို လျှော့ချပေးနိုင်ပါတယ်။

sonic-boom

Concorde အသံထက် မြန်တဲ့ဂျက်လေယာဉ်တွေတုန်းက အဓိကပြဿနာ တစ်ခုက Mach 1ထက်ပိုတဲ့ မြန်နှုန်းကို မြှင့်တင်လိုက်တိုင်း ဆူညံပြင်းထန်လှတဲ့ ပေါက်ကွဲသံတွေ ထွက်တာတတ်တာပဲ ဖြစ်ပါတယ်။ အရာဝတ္ထု တစ်ခုဟာ လေထဲကို အရှိန်နဲ့ တိုးဝင်သွားတဲ့အခါ သူ့ရဲ့ဘေးဖက်နဲ့ အနောက်ဖက်မှာ လှိုင်းတိုတွေကို ထုတ်လွှင့်လိုက်ပါတယ်။ တစ်နာရီ (၇၆၁)မိုင်လောက် မြန်နှုန်းနဲ့ လေထဲတိုးဝင်ချိန်မှာ ထွက်လာတဲ့ လှိုင်းတိုတွေ အချင်းချင်း ရိုက်ခတ်တဲ့အခါ အရမ်းဆူတဲ့ အသံတွေ ဖြစ်ပေါ်လာစေပြီး မြန်နှုန်းမြင့်လေ ပိုကျယ်လောင်လေလို့ သိရပါတယ်။ သာမန်အားဖြင့်တော့ ပျံနေတဲ့ လေယာဉ်တစ်စင်းက ဆူညံသံဟာ မြေပြင်ပေါ်ကို စက္ကန့်(၆၀)လောက် အကြာမှာ ရောက်လာတတ်ပါတယ်။ ဒါပေမယ့် ခုဒီဇိုင်းထွင်ထားတဲ့ ပြောင်းပြန် V-engineကတော့ ဖော်မြူလာဝမ်း ပြိုင်ကားတွေရဲ့ အင်ဂျင်ကို အခြေခံထားပြီး ဆူညံမှုကို လျှော့ချပေးပါတယ်။ နောက်ပြီးတော့ ဒီလေယာဉ်ဟာ Concordeတွေထက် လောင်စာဆီကို အကျိုးရှိရှိ သုံးစွဲနိုင်ပြီး လေလွင့်မှု လျော့နည်းစေမယ်လို့ ဆိုပါတယ်။ Lockheed Marinဟာ အရင်ကလည်း အနာဂတ်ကာလ လေကြောင်းပို့ဆောင်ရေးအတွက် ပြောင်းလဲနိုင်တဲ့ စက်ဝိုင်းပုံ အင်ဂျင်မျိုး တပ်ဆင်ထားတဲ့ လေယာဉ်ဒီဇိုင်းကို စမ်းသပ်ရေးဆွဲခဲ့ပါသေးတယ်။ ဒီအင်ဂျင်ဟာ အသံထက်မြန်တဲ့နှုန်းနဲ့ ပျံသန်းတဲ့အခါ အင်ဂျင်အပူချိန် မြင့်တက်လာတာကို လျှော့ချပေးနိုင်တယ်လို့လည်း သိရပါတယ်

Source: Forward Mail

2 comments

  • khinmintatthu

    August 16, 2010 at 10:52 pm

    လိုက်လို့ကို မမီတော့ဘူးနော်…..

  • bigcat

    August 17, 2010 at 4:05 am

    ဒါဆိုသားသား နေပြည်တော် သွားပြီး နေ့တိုင်း အီအီးသွားပါမယ်။

Leave a Reply