အက္ခရာ ငါးစင်း ဝတ္ထုတိုစု

အက္ခရာ ငါးစင်း ဝတ္ထုတိုစု

 

ကျနော်တို့ ရွာသား ကိုသော်ဇင်အပါအဝင် လွိုင်ကော်က စာရေးဆရာငါးဦးရဲ့ ဝတ္ထုတိုစုစည်းမှုစာအုပ်ပါဗျ

ကိုသော်ဇင့်ရဲ့ ပထမဆုံး စာအုပ်ဆိုလည်း မှားမယ်မထင်ပါဘူး

သူကိုယ်တိုင်လဲ ဒီစာအုပ်မိတ်ဆက်ပွဲလေးကို အတော်အားခဲထားပါတယ်

မန်း ဂဇက် ကို အခြေပြုပြီး လှမ်းခဲ့တဲ့ခြေတစ်လှမ်းမို့ မန်းဂဇက် ရွာသူား အားလုံးကို ဒီ

ပွဲလေးဆီ ဖိတ်ချင်ပါသတဲ့ ဗျာ

သို့ပေမင့် လောလောဆယ်မှာ ရွာထဲကို ပို့စ်တင်ပြီး   ကြေညာမောင်းခေတ်ဖို့ အခက်အခဲရှိနေတာမို့ ကျနော်က သူ့ကိုယ်စား လာဖိတ်ပေးတာပါ

ဒါကြောင့်မို့

 

စက်တင်ဘာ တစ်ဆယ့်ကိုးရက်သောကြာနေ့ နေ့လည်ပိုင်းမှာ

ဗိုလ်အောင်ကျော်(အောက်လမ်း) ထဲကHome Media မှာ

 

ကျနော်တို့ ရွာသူားတွေ ကိုသော်ဇင်ရဲ့ စာအုပ်မိတ်ဆက်ပွဲလေးကို မုဒိတာအပြည့်နဲ့ ကြွရောက်အားပေး ချီးမြှင့်ပေးကြပါဦး လို့

သူ့ကိုယ်စား ဖိတ်ကြားလိုက်ပါရစေလားဗျာ

ကျနော်တို့ ရွာသားတစ်ဦးအတွက် ရွာသူားတွေ စုပေါင်းလို့ ရွာပွဲလေးတစ်ပွဲအဖြစ် ဖန်တီးပေးလိုက်ကြရအောင်

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

 

About Mr. MarGa

Mr. MarGa has written 85 post in this Website..

နတ်ပြည်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ နေမျိုးဗလကျော်သူ ဝဏ္ဏကျော်ထင် သီရိပျံချီ အလင်္ကာကျော်စွာ သီဟသူရ အောင်ဆန်းသူရိယ ဦးမာဃ CJ # 9292010