အက္ခရာ ငါးစင်း စာအုပ်မိတ်ဆက်ပွဲ ဖိတ်ကြားလွှာ

Mr. MarGaSeptember 14, 20141min27923
အက္ခရာ ငါးစင်း ဝတ္ထုတိုစု
အက္ခရာ ငါးစင်း ဝတ္ထုတိုစု

 

ကျနော်တို့ ရွာသား ကိုသော်ဇင်အပါအဝင် လွိုင်ကော်က စာရေးဆရာငါးဦးရဲ့ ဝတ္ထုတိုစုစည်းမှုစာအုပ်ပါဗျ

ကိုသော်ဇင့်ရဲ့ ပထမဆုံး စာအုပ်ဆိုလည်း မှားမယ်မထင်ပါဘူး

သူကိုယ်တိုင်လဲ ဒီစာအုပ်မိတ်ဆက်ပွဲလေးကို အတော်အားခဲထားပါတယ်

မန်း ဂဇက် ကို အခြေပြုပြီး လှမ်းခဲ့တဲ့ခြေတစ်လှမ်းမို့ မန်းဂဇက် ရွာသူား အားလုံးကို ဒီ

ပွဲလေးဆီ ဖိတ်ချင်ပါသတဲ့ ဗျာ

သို့ပေမင့် လောလောဆယ်မှာ ရွာထဲကို ပို့စ်တင်ပြီး   ကြေညာမောင်းခေတ်ဖို့ အခက်အခဲရှိနေတာမို့ ကျနော်က သူ့ကိုယ်စား လာဖိတ်ပေးတာပါ

ဒါကြောင့်မို့

 

စက်တင်ဘာ တစ်ဆယ့်ကိုးရက်သောကြာနေ ့နေ့လည်ပိုင်းမှာ

ဗိုလ်အောင်ကျော်(အောက်လမ်း) ထဲကHome Media မှာ

 

ကျနော်တို့ ရွာသူားတွေ ကိုသော်ဇင်ရဲ့ စာအုပ်မိတ်ဆက်ပွဲလေးကို မုဒိတာအပြည့်နဲ့ ကြွရောက်အားပေး ချီးမြှင့်ပေးကြပါဦး လို့

သူ့ကိုယ်စား ဖိတ်ကြားလိုက်ပါရစေလားဗျာ

ကျနော်တို့ ရွာသားတစ်ဦးအတွက် ရွာသူားတွေ စုပေါင်းလို့ ရွာပွဲလေးတစ်ပွဲအဖြစ် ဖန်တီးပေးလိုက်ကြရအောင်

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

 

23 comments

  • ခင် ခ

    September 14, 2014 at 12:56 am

    စနေ တနင်္ဂနွေ ဘာလို့မလုပ်တာလဲ အလုပ်တွေသူတွေက လာချင်ပေမယ့် လာဖို့ခက်နိုင်တယ်လေဗျာ

    • Mr. MarGa

      September 14, 2014 at 7:41 am

      လေးခရေ
      အစက ပိတ်ရက်လုပ်မယ် ကြားမိတာ
      ပြီးမှ ဘယ်လိုဖြစ်တယ်မသိ

  • kai

    September 14, 2014 at 4:43 am

    ဒီလ သတင်းစာရဲ့ စာအုပ်အညွှန်းထဲ ထည့်ပေးပါမယ်..။
    စာအုပ်အဖုံး.jpg နဲ့ ပုံနှိပ်တိုက်။ စာအုပ်ဖိုးငွေ စသဖြင့် message ပို့ပေးပါလား အာဂရေ..။

    • Mr. MarGa

      September 14, 2014 at 7:29 am

      အမ်
      သဂျီး အိပ်ချင်မူးတူးနဲ့ လူမှားသွားတာလား ဟင်

      • kai

        September 14, 2014 at 3:47 pm

        ဟုတ်ပါ့..
        လူမှားသွားတယ်..။ ဆောရီးနော..

        ဆိုတော့..
        စာအုပ်အဖုံး.jpg နဲ့ ပုံနှိပ်တိုက်။ စာအုပ်ဖိုးငွေ စသဖြင့် message ပို့ပေးပါလား ဖိုးသိကြားရေ..
        ကိုသော်ဇင်ရော.. အားရင်ပေါ့..
        kai@myanmargazette.net

        • Mr. MarGa

          September 14, 2014 at 8:13 pm

          ဖဘမှာပို့ထားတယ်သဂျီး
          အီးမဲထပ်ပို့လိုက်မယ်

  • ဟုတ်​ပါတယ်​
    ဒါကို​တော့ခွင်​့လွှတ်​​ပေးကြပါဗျာ
    စ​နေနဲ့တနင်္ဂ​နွေကိုရ​အောင်​လုပ်​​ပေးမယ်​့ ခန်​းမမရလို့ပါ
    ပြီး​တော့ ကိုယ်​တိုင်​ကလဲဝန်​ထမ်​းဖြစ်​​နေတဲ့အတွက်​ ရတဲ့ခွင်​့ရက်​​လေးမှာ ရ​အောင်​​လုပ်​လိုက်​ရလို့ပါ အားလည်​နာတယ်​ ခင်​လည်​းခင်​ပါတယ်​
    ကြွ​ရောက်​​ပေးကြဖို့လဲ ဖိတ်​​ခေါ်ပါရ​စေဗျာ
    ​သောကြာ​နေ့ ဖြစ်​​နေတဲ့အတွက်​ အားလုံးခက်​ခဲသွားကြပါတယ်​
    စာအုပ်​တန်​ဖိုးက​တော့ ၂၀၀ဝကျပ်​ပါ ပုံကို​တော့ ဦးမာဃဆီကိုပို့ထား​ပေးပါတယ်​
    ကျွန်​​တော်​စာ​ပေလမ်​းအစဖြစ်တဲ့ ​ဂေဇက်​က ရွာသူရွားများကို
    လာ​ရောက်​​စေချင်​​နေတာ ကျွန်​​တော့ဆန္ဒပါ ဖြည့်ဆည်​း​ပေးကြပါဦးလို့
    ချစ်​ခင်​ရင်​းနှီးစွာ ဖိတ်​ကြားအပ်​ပါတယ်​ခင်​ဗျ
    ပိုစ်​့တင်​​ပေးတဲ့ ဦးမာဃကို ​ကျေးဇူးအထူးတင်​ရှိပါတယ်​ ခင်​ဗျား

    • ခင် ခ

      September 14, 2014 at 10:19 am

      ကျွန်တော်တို့က နယ်ကမို့ အလုပ်ပိတ်ရက်လေးများဆိုကောင်းလေမလား တွေးမိတာပါ
      ရန်ကုန်က သူတွေတော့ လာကြမယ်ထင်ပါတယ်
      စာအုပ်တော့ ကိုမာဃ ဆီကဝယ်ရင်ရနိုင်တယ်ဆို သွားဝယ်အားပေးပါမယ် လဘက်ရည်လည်းတိုက်ရင်းပေါ့

      • Mr. MarGa

        September 15, 2014 at 7:25 pm

        စာအုပ်က လား
        အနော်တောင် မန်းရောက်မှ ဝယ်ရမှာ
        ဟီးးးး

  • alinsett

    September 14, 2014 at 12:34 pm

    ကိုသော်ဇင်ရဲ့ စာအုပ်မိတ်ဆက်ပွဲလေး မိတ်ဆွေတွေနဲ့ စည်ကားသိုက်မြိုက်စေချင်တာက တစ်ပိုင်း

    မဆုံဖြစ်တာကြာပြီမို့ ရွာသူားတွေ စုစုစည်းစည်း ဆုံဖို့ အခွင့်သာတဲ့ပွဲလေး
    ဖြစ်စေချင်တာက တစ်ပိုင်း ။

    ကျနော် လာဖို့ အားထုတ်ပါ့မယ်ခင်ဗျ။

    😆

    • ဇီဇီ ခင်ဇော် (15102012)

      September 14, 2014 at 12:36 pm

      I also want the book..
      Set Set, help me to buy for it..
      Ko Soe Moe will contact to you later.. 🙂

  • မြစာကလေး (23122011)

    September 14, 2014 at 3:48 pm

    စာအုပ် အောင်မြင်ပြီး Best Seller စာရင်း ဝင်ပါစေ ဆုတောင်းပါတယ်။
    နောက်တစ်အုပ်အတွက် ရော အဆင်သင့်ဘဲလား ကိုသော်ဇင်။
    အားလုံး အဆင်ပြေမှာပါ။ 🙂

  • ဦးကြောင်ကြီး

    September 14, 2014 at 4:45 pm

    ကသော်ဇင်ရေ.. ဝမ်းမြောက်ဂုဏ်ယူပါဒယ်..
    အနော့် ဘီလူးစာအုပ်ကြလော့ ဘူမှ စိုင်ပေါ်တင် အခံဗူး… လခွီး..။ ယောက္ခမဂျီး ဦးမာမွတ် အနော့်စာအုပ်ကို ဂဇက်သဒင်းစာထဲ ထည့်ညွှန်းပေးမား…

  • ဝင့်ပြုံးမြင့်

    September 15, 2014 at 2:03 am

    အရမ်းဝမ်းသာပါတယ် ကိုသော်ဇင်ရေ။ ကိုသော်ဇင်က ဒီဂဇက်ထဲမှာ ကျမ အကြိုက်ဆုံးရေးလက်ပါ။ ဘဝသရုပ်ဖော်လိုင်းထဲမှာ အားသိပ်ကောင်းတဲ့ ပါရမီရှင်လို့ ပြောပါရစေ။ ပွဲကိုတော့ မလာနိုင်တာ စိတ်မကောင်းပါဘူး။ စာအုပ်ကိုတော့ ဝယ်ချင်တယ်။ ဘယ်လိုဝယ်ရမလဲ။ အလက်ဇင်းရေ အစ်မအတွက် တစ်အုပ်လောက်ဝယ်ထားပေးပါနော်။ နောက်ကြုံမှ ယူမယ်။

    • alinsett

      September 15, 2014 at 4:36 pm

      ဝယ်ထားပေးမယ်.. လာပေးမယ်..

      😆

    • ဟုတ်အစ်မရေ ကျေးဇူးတင်ပါတယ် ။ ဒီတစ်ပွဲမမီရင် ကျွန်တော်ရဲ့တစ်ကိုယ်တော်ထွက်တဲ့အခါ လာစေချင်ပါတယ်ဗျ။

  • kyeemite

    September 15, 2014 at 3:24 pm

    .ဝမ်းသာဂုဏ်ယူပါတယ်ကိုသော်ဇင်ရေ…ပွဲကိုတော့လာနိုင်မယ်မထင်…
    .စာအုပ်တော့ဝယ်ယူအားပေးမှာအသေအချာပါ

Leave a Reply