မနက်ဖြန်ဥပုဒ်ဆွမ်းချက်လောင်းဖို့
ဓမ္မာရုံက လော်အစုံနဲ့
တရားတွေပြ အလှုခံသဗျ
မနက်ငါးနာရီမထိုးမှီ
တစ်နေလုံးလည်း
မဟာဒုတ်ဇာတ်တွဲ
အခါခါနွဲလို့အော်လေသမို့
ဒီတစ်နေ့တော့နားမချမ်းသာပေါ့
တိုက်ခန်းတွေများ တိုက်တွေကြားထဲ
သံကုန်ဟစ်ကာ ဖွင့်တဲ့လော်သံ
တိုက်နံရံတို့ရိုက်ခက်သည့်ဟန်
ပဲ့တင်သံနဲ့ တိုက်ခန်းကျဉ်းထဲနေရဆင်းရဲ
တပတ်ဥပုဒ်အဖိတ်ရောက်တော့မယ်
ဗုဒ္ဓဘာသာပေမယ့် ကြောက်လှပြီကွယ်။

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..