အမေအိုရဲ့ ကြောက်ဟန်

ခင္ခSeptember 14, 20141min1065

မနက်ဖြန်ဥပုဒ်ဆွမ်းချက်လောင်းဖို့
ဓမ္မာရုံက လော်အစုံနဲ့
တရားတွေပြ အလှုခံသဗျ
မနက်ငါးနာရီမထိုးမှီ
တစ်နေလုံးလည်း
မဟာဒုတ်ဇာတ်တွဲ
အခါခါနွဲလို့အော်လေသမို့
ဒီတစ်နေ့တော့နားမချမ်းသာပေါ့
တိုက်ခန်းတွေများ တိုက်တွေကြားထဲ
သံကုန်ဟစ်ကာ ဖွင့်တဲ့လော်သံ
တိုက်နံရံတို့ရိုက်ခက်သည့်ဟန်
ပဲ့တင်သံနဲ့ တိုက်ခန်းကျဉ်းထဲ ဲနေရဆင်းရဲ
တပတ်ဥပုဒ်အဖိတ်ရောက်တော့မယ်
ဗုဒ္ဓဘာသာပေမယ့် ကြောက်လှပြီကွယ်။
္တ

ခင်ခ။

5 comments

  • JackSkellington

    September 14, 2014 at 6:43 am

    အလှူခံ ရာသီ ရောက်လာပြန်ပြီပေါ့နော်…

  • ခင် ခ

    September 14, 2014 at 7:49 am

    ဝါတွင်းကာလ၏ သင်္ကေတတွေပေါ့ဗျာ

  • ဇီဇီ ခင်ဇော် (15102012)

    September 14, 2014 at 7:56 am

    Good poem..!!

    http://myanmargazette.net/189189
    မတူကွဲပြားသော လူအများစုဝေးနေထိုင်ရာ… တစ်နည်းအားဖြင့်ဆိုသော Public

  • ” မဆူစကောင်း ဆူစကောင်း “
    မန္တလေး မှာနေတဲ့ကျနော်အဖို့ အင်မတန်မှကို စိတ်ချမ်းသာစရာအကောင်းဆုံးလို့ပြောနိုင်တာတစ်ခုကတော့ မနက်လေးနာရီလောက်ဆိုရင် အရင်ဆုံးကြားရတာက ကျနော်အိမ်ရဲ့အနောက်ဘက်မှာရှိတဲ့ဘုန်းကြီးကျောင်းက “တုံ တုံ တုံ “ဆိုတဲ့အုန်းမောင်းခေါက်သံလေးပါ။
    သိပ်မကြာခင်မှာ ဘုရားကြီးဘက်က “နောင်–ဒိုင်း”သံကြားရပါပြီ။
    ခဏလေးနေတာနဲ့မဟာမြတ်မုနိရုပ်ရှင်တော်ကို မျက်နှာသစ်တော်ရေဆက်ကပ်နေချိန်နဲ့အတူကျက်သရေရှိတဲ့နံက်ခင်းအတွက် အင်မတန်မှ သာယာနာပျော်ဘွယ်ကောင်းတဲ့နရည်းရေကင်းသံ လေးက လေထဲကိုလွင့်ပျံလာပြီး မင်္ဂလာရှိလှသောအသံလေးနဲ့အရုဏ်ကိုဖွင့်လှစ်လိုက်တာပါဘဲ။
    ဒီအသံလေးများကို ကြားရတာနဲ့တင် နံနက်ခင်းလေးက သာယာလို့ စိတ်ကိုအလိုလို ကြည်နူးစေပါတယ်။
    နောက် ဝါတွင်းကာလ မှာဆိုရင် ဥပုဒ်နေ့ နံနက်(3)နာရီလောက်ကစလို့ မနက်အရုဏ်တက်ချိန်အမှီ မဟာမြတ်မုနိကိုယ်တော်ကို အရုဏ်ဆွမ်းကပ်ဘို့အတွက် ဆွမ်းဆိုင်းထမ်းတွေ ၊၊သစ်သီးစုံပါဝင်တဲ့ဆိုင်းထမ်းတွေ ၊ရေကြည်တောဆိုင်းထမ်းတွေကို ဝတ်ဖြူစင်ကြယ်နဲ့လူငယ်များကထမ်းလို့ ၊
    လူကြီးတွေကလည်းဝတ်ဖြူစင်ကြယ်တွေနဲ့ မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုဖွင့်ဆိုထားတဲ့တရားများကိုကြူးရင့်လို့ နောက်က ဗုံတောင်ဝိုင်းကလည်း ” ပလုတ်တုတ်တုတ် ပလုတ်တုတ်တုတ် တုတ်တုတ် ……..ဒူ ဟူ ဟူ ….”ဆိုတဲ့ ဗုံတောင်တီးလုံးကိုခေါက်လို့ မဟာမြတ်မုနိဘုရားရှိရာတောင်ဘက်အရပ်ကိုသွားနေကြတဲ့ ရေကြည်တော်ဝတ်အသင်းပေါင်းများစွာကို မြင်ရတာ ဗုံတောင်တီးသံလေးတွေ ဘုရားစာရွတ်ဖတ်သံတွေကိုကြားရတာသာယာလှတဲ့မနက်ခင်းမှာ စိတ်ကြည်နူးစရာပါ။
    နံနက်ခင်းလေးစပြီဆိုတာနဲ့အိမ်ပါတ်ဝန်းကျင်အသီးသီးကလူကြီးသူမတွေရဲ့ဘုရားရှိခိုးသံ မေတ္တာပို့သံ အမျှပေးကြေးစည်သံလေးတွေဝေစည်လို့လာလို်က်တာ
    ကြားရသူအဖို့ ကြည်လင်သောစိတ်နဲ့နေ့သစ်ကိုစလိုက်ရတဲ့အတွက် တစ်နေကုန်လန်းဆန်းလို့လာပါတယ်။
    အဲဒါက ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာကအဖြစ်အပျက်လေးပါ။
    အခုများမှာတော့ မနက်ဘုန်းကြီးကျောင်းက အုံးမောင်းမခေါက်သေးဘူး ရပ်ကွက် ထိပ်က ဇရပ်မှာဖွင့်ထားတဲ့ အလှူခံစခန်းမှာဘယ်အချိန်ကတည်းကရောက်နေမှန်းမသိတဲ့ “ကိုမိုက်ခဲ”က
    “ဟဲလို တက်စတင်း တက်စတင်း “နဲ့ နံနက်ခင်းကိုဖွင့်လှစ်လိုက်ပါတယ်။
    ခဏနေရင် ကြုံရာဘုရားသီချင်းတပုဒ်ကိုအသံကုန်တင်လို့ဖွင့်နေရင်းက နေပြီး အက်ကိုးအပြည့်ထည့်ထားတဲ့ အသံချဲ့စက်ကိုသုံးလို့ “ဟိုလူမမလာသေးဘူးလား ဒီလူမလာသေးဘူးလား “နဲ့ခေါ်ရင်း “ကိုမိုက်ခဲ “က ရောက်တတ်ရာရာတရားတွေဟောပါတော့တယ်။
    အဲဒီအသံတွေလည်းကြားရရော စိတ်ထဲမှကြည်လင်တာတွေပျောက်ကုန်ပါတယ်။
    သူ့အသံကြားနေရတာနဲ့ အရင်ကနားဆင်ခဲ့ရတဲ့ အုန်းမောင်းသံလဲပျောက်၊နောင်-ဒိုင်းသံဘယ်ရောက်မှန်းမသိ၊
    ရေကင်းသံဝေးလာဝေး စိတ်တိုတာနဲ့ အိမ်ဘေးက အမျှဝေပေးသံလဲမကြားမိလိုက်တော့ပါဘူး။
    ဒါတင်မကသေးပါဘူး “ကိုမိုက်ခဲ “တို့အဖွဲ့ တစ်နေ့လုံးတင်မကဘူး နေရောင်ပျောက်လို့ညအမှောင်ရောက်တဲ့အထိကို တလှည့်စီတရားတွေဟောကြပါတော့တယ်။
    နောက်ဝါတွင်းကာလတိုင်းမှာ အနီးဖိတ်နေ့ ညနေခင်းလေးတွေဆိုရင် ရပ်မိရပ်ဖလူကြီးတွေက ကြီးကြပ်လို့ အရပ်ထဲကကလေးများကလည်း ဆွမ်းဆံတောင်းကလေးတွေနဲ့ ကိုယ့်နီးစပ်ရာ ရပ်ကွက်တွေလမ်းတွေကိုသွားပြီးတော့ဥပုဒ်နေ့ရောက်ရင် ဥပုဒ်ဇရပ်မှာဘုရားကျောင်းကန်မှာ ပုံမှန်ကျင်းပမယ့်တရားပွဲမှာကြွရောက်လို့တရားပေးမယ့်ဆရာတော်ကို လှူဘို့ ဆွမ်းဆံစိမ်းတို့ သစ်သီးဝလံတို့ ပိုက်ဆံတို့ကို အလှူခံထွက်ကြပါတယ်။
    စေတနာဖြစ်ကုသိုလ်ယူတာပါ။
    အစကတော့ အလှူခံလာမှန်းသိအောင် ရှေ့ ကနေ ကြေးစည်ကိုရိုက်လို့ တစ်ယောက်က ဗျို့ ဟစ်ပါတယ်။
    နောက်တစ်ဆင့်တက်လာတော့ ဆွမ်းခံတန်းရဲ့နောက်ဆုံးမှ ဗုံတောင် အရှည်တစ်လုံးရယ် မောင်းရယ် ပါတဲ့ ဗုံတောင်ဝိုင်းလေး ထည့်လာပါတယ်၊
    ဟော နောက်ပိုတိုးလာတော့ အရပ်ထဲက ဖိုးဆိုချင် ဖိုးတီးချင်တို့က ဗုံ ကြေးနောင် ပုလွေဝါးလက်ခုပ်စတာလေးတွေနဲ့တီးဝိုင်းအသေးလေးတွေနဲ့ဆွမ်းဆံခံရင်းလက်စွမ်းပြကြပါတော့တယ်။
    မန္တလေး မြို့မှာဒီလို အလှူခံအဖွဲ့ထွက်ကြတဲ့အထဲမှ မန်းလေး ဟေမဇလရပ်ကွက်က ထွက်လာတဲ့ မန်းဟေမာဗျောအဖွဲ့လေးက တစ်ချိန်က(1980)ပါတ်ဝန်းကျင်လောက်မှာတော်တော်လေးကို နာမယ်ကြီးလို့လူကြိုက်များခဲ့ဘူးပါတယ်။
    နာမယ်ကြီးဆိုကောင်းလဲကောင်းတာကိုး။
    အရင်ကဗျောအဖွဲ့တွေထက်သာတာက ဗျောတို့ ဗုံတို တို့တီးတဲ့သူတွေအများကြီးက လမ်းမအပြည့်ဖြန့်လို့လမ်းလျှောက်ရင်းတီးကြမူတ်ကြတာကိုး။
    သူတို့အဖွဲ့သွားလေရာကိုလူတွေက လိုက်လို့နားထောင်သလို အလှူငွေတွေထည့်ပြီး ကို်ယ်နှစ်သက်ရာသီချင်းတွေကိုဆိုခိုင်းကြတာလဲရှိပါတယ်။
    ဒါပေမယ့်လည်းအဲဒီအချိန်က သူတို့အဖွဲ့ဆိုတာ ညရှစ်နာရီလောက်ဆို ဝိုင်းသိမ်းတာများပါတယ်။
    အဲဒီ မန်းဟေမာဗျောအဖွဲ့အောင်မြင်တော့ မန်းလေးမှာလဲ အလှူခံအဖွဲ့တွေအများကြီးပေါ်လာပါတယ်။
    နောက်ပိုင်းမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့အပြိုင်အဆိုင်လုပ်လာကြရင်း တူရိယာပစ္စည်း တွေစုံသထက်စုံအောင်လေမူတ်တွေဘာတွေနဲ့ကို စုံနေအောင်လုပ်လာကြသလို
    တစ်ချို့ကလည်းခေတ်ပေါ်အော်ဂင်ဆိုတာနဲ့ သီချင်းတွေကို တီးကြဆိုကြနဲ့မြိုင်နေပါတယ်။
    အဲပိုပြီးခေတ်မှီတဲ့အဖွဲ့တွေကတော့လျှပ်စစ်ဂစ်တာတွေနဲ့အော်ဂင်တွေနဲ့ခေတ်ပေါ်သီချင်းကို တီးကြပါတယ်။
    တူညီတာတစ်ခုကတော့အားလုံးသောအဖွဲ့တွေက တီးဝိုင်းပစ္စည်း တွေနဲ့အသံချဲ့စက် မီးစက်တွေကို ဆိုက်ကားနဲ့တင်လူတွေကလမ်းလျှောက်ပေါ့။
    ဒီလိုနဲ့နှစ်ပေါင်းများစွာဖြတ်သန်းလာလိုက်ကြတာ အခု2000ပြည့်နှစ်အလွန်မှာ တီးဝိုင်းမလိုတော့ပါဘူး။
    တီဗွီတစ်လုံးနဲ့ကာရာအိုကေစက်တစ်လုံးတင်လို့ အလုပ်တွေဖြစ်ကုန်ကြပါတယ်။
    အရင်က ဒီလိုအဖွဲ့မျုးိမှာ နည်းနည်းပါးပါးလောက်ဘဲဆိုတတ်သူဆိုရင် တက်မလာခဲ့နဲ့ပါဘဲ။တော်ရုံတန်ရုံလူကလဲမဆိုရဲပါဘူး။
    အခုကာရာအိုကေခေတ်မှာတော့လူတိုင်း မိုက်ကိုင်လို့ဆိုရဲအော်ရဲတဲ့ခေတ်ရောက်လာတယ်ဆိုတော့ အသံကောင်းကောင်းမကောင်းကောင်း
    စီးဝါးကိုက်ကိုက် မကိုက်ကိုက်ဝင်ဟဲကြတာတော့ပါဘဲ။
    နောက်အသံထွက်စနစ်က ဟိုအရင်တုံးက လူကို်ယ်တိုင် ူဆိုသံတီးသံသက်သက်ကိုဘဲနားဆင်ကြရပါတယ်။
    နောက်တော့အော်လံခေါ်ခေါ် လော်ကြီးဘဲခေါ်ခေါ် ကြိုက်သလိုခေါ်တဲ့( လော်စပီကာ)ခေတ်ရောက်လာတော့ အသံနည်းနည်းပိုကျယ်လာပါတယ်။
    နောက် မြန်မာပြည်ဖြစ်အမ်ပလီဖိုင်ယာ အရပ်အခေါ်ကျောက်စက်တွေခေတ်ရောက်တော့ အရင်ထက်ပိုကျယ် အသံထွက်ပိုကောင်းအောင်ဖန်တီးလို့လာကြပါတယ်။
    အခုခေတ်မှာတော့ အသံထွက်သိပ်ကောင်းတဲ့စပီကာ အကြီးကြီးတွေ အသံကိုလိုသလိုချိန်ချင်သလိုချိန်လို့ရတဲ့ အမ်ပလီဖိုင်ယာတွေ လှိုဏ်ဂူထဲဝင်အော်နေတယ်ထင်ရလောက်အောင်ကို ကောင်းတဲ့အက်ကိုး အသံထပ်စနစ်တွေနဲ့ဆိုတော့ စိတ်တိုင်းကျကို ကဲကြသဲကြပါတော့တယ်။
    တစ်ချို့အဖွဲ့များကလဲ အက်ကိုးအသုံးကောင်းတော့လူသံတောင်ပျောက်နေပါတယ်။
    တစ်ချို့အဖွဲ့ကတော့ အရပ်ထဲကဝါသနာရှင်တွေသက်သက် တစ်ချို့ကြတော့လည်း တကယ်ဆိုတတ်သူများကို အခကြေးငွေပေးလို့ဆိုခိုင်းပါတယ်။
    (ကြားဖြတ်ပြောရရင် အခုလက်ရှိနာမယ်ကြီး အာဇာနည် တောင်ဒီလိုနေရာက တက်လာပါသတဲ့ ကြားဘူးတာပြောတာနော်)။
    ဒါတွေက ဘယ်လိုဘဲပြောပြော ရပ်ကွက်အတွက် ဓမ္မာာရုံအတွက် ဘုရားအတွက်လုပ်ပေးတယ်ဆိုတော့ ရတာကိုသာ တကယ်လှူဒါန်းတယ်ဆိုရင် မွန်မြတ်သောအလုပ်ပါ။
    ဆိုးလာတာကတော့ အရင် က ဥပုဒ်နေ့တစ်ရက်သာထွက်အလှူခံပေမယ့်အခုတော့ အဖိတ်နေ့ကစပြီး အလှူခံထွက်ပါတော့တယ်။
    တစ်ခါတစ်လေ အိမ်ထဲမှာဖုန်းပြောလို့မရ အလုပ်လုပ်လို့မရလောက်အောင်ကို အသံကို အကျယ်ဆုံး အမြင့်ဆုံးနုှန်းနဲ့တင်လို့ နားမခံသာလောက်အောင်ဆိုတော့တာပါဘဲ။
    အရင်ကဆို ညရှစ်နာရီလောက်ဆိုတီးဝို်င်းတွေသိမ်းပါတယ်။အခုခေတ်မှာတော့ ကိုးနာရီဆယ်နာရီ တီဗွီအစီအစဉ်ပြီးချိန်လောက်ကို အချိန်ကိုက်ပြီးဆိုကြတီးကြပါတယ်။
    တစ်ခါတစ်လေ အိပ်ပျော်ခါစ ဆယ့်တစ်နာရီကျော်ကျော်လောက် မှာ ဆူဆူညံညံအသံကြားလို့ထကြည့်လိုက်ပါတယ်။
    အလှူခံအဖွဲ့ကဆိုလို့တီးလို့ကောင်းတုန်းဖြစ်နေပါတယ်။တစ်ချို့သောဝါသနာရှင်များကလဲ ကို်ယ်ကတော့ မဆိုတတ်ဘူးဒီတော့ ကိုယ်ကြိုက်တဲ့သီချင်းလေးနားဆင်ချင်တယ်ဆိုရင်
    အလှူခံအဖွဲ့ကို အလှူငွေထည့်လို့ ဆိုခိုင်းတတ်ကြပါတယ်။
    ဒီတော့ အလှူခံအဖွဲ့ရောက်လာတဲ့အချိန်မှာ ခါတိုင်းလို့ သီချင်းဆိုခိုင်းနေကြလူက အလှူငွေမထည့်သေးဘူး မဆိုခိုင်းသေးဘူးဆိုရင် မထည့်မချင်း
    လှူနေကြလူနာမယ်တပ်အော်တတ်ကြပါတယ်။
    အိပ်တဲ့သူကအိပ်နေပြီ ကို်ယ့်အသံကြောင့်အနှောင့်အယှက်ဖြစ်သွားမလားဆိုတဲ့ အတွေးမျုးိလည်းသူတို့မှာမရှိတဲ့အတိုင်းပါဘဲ။
    အလှူခံတဲ့သူက သီချင်းတွေဆို အလှူခံနေကြတုန်းပါ။
    ဒါက ဝါတွင်းကာလတိုင်းကြုံရတာတင်မကဘူး အခုခေတ်မှာတော့ ဥပုဒ်နေ့တိုင်းအလှူခံထွက်လို့ တစ်ပါတ်မှာတစ်ရက်သေချာပေါက်
    ကြုံနေရတဲ့ ဒုက္ခတစ်ခုဖြစ်လို့နေပါပြီ။
    တစ်ရက်လမ်းမှာဆိုင်ကယ်စီးလာရင်း နောက်ကနေ အရေးပေါ်လူနာတင်ကားအချက်ပေးသံကြားလို့ ဆိုင်ကယ်ကို လမ်းဘေးချပေးလိုက်ပါတယ်။
    အဲဒီအသံပေးနေတဲ့ယာဉ်ကျော်သွားမှကြည့်လိုက်တော့ ဦးထုပ်မဆောင်းဘဲ မိုင်ကုန်စီးသွားတဲ့ဆိုင်ကယ်တစ်စီးဖြစ်နေတာကိုတွေ့ရပါတယ်။
    ဒီကားတွေဆိုင်ကယ်တွေမှာတပ်တဲ့ဟွန်းတွေက ဟိုအရင်ကတော့ ပုံမှန်အသံဘဲထွက်တဲ့ သိပ်မကျယ်တဲ့ ဟွန်းတွေကိုသာတပ်တာများပါတယ်။
    အခုနောက်ပိုင်းမှာ အဝေးပြေးကားတွေက အဲယားဟွန်းလို့ခေါ်တဲ့ အသံအရှည်ကြီး အသံပေါင်းစုံပါတဲ့ ဟွန်းတွေကိုစသုံးပါတယ်။
    နောက်ပိုင်းမှာ တရုပ်ပြည်ကလာတဲ့ဟွန်းတွေက အသံပေါင်းစုံ ထွက်တဲ့ဟွန်းတွေကို မြန်မာပြည်ထဲကို ရောက်လာတဲ့အခါမှာတော့ နားတွေဘဝပျက်ကုန်ပါတော့တယ်။
    တစ်ချို့ဟွန်းတွေက သွေးပျက်စရာကောင်းတဲ့ရီသံတွေပါတဲ့ဟွန်းတွေ၊မီးသတ်ကားအော်သံလိုပါတဲ့ဟွန်းတွေ၊တိရိစာ္ဆန်အော်သံတွေပါတဲ့ဟွန်းတွေ၊အရေးပေါ်ကားသံထွက်တဲ့ဟွန်းတွေ
    လို ကျက်သရေမရှိတဲအသံရော သာယာနာပျော်ဘွယ်ကောင်းတဲ့အသံတွေရောအားလုံးဟွန်းသံတွေဖြစ်ကုန်ပါတယ်။
    အဝေးပြေးကားတွေကလဲ ဆိုင်ကယ်စီးတဲ့စက်ဘီးစီးတဲ့လူအနားကပ်လို့ လန့်ဖြန့်သွားအောင် ဟွန်းကို အသားကုန်နှိပ်ပါတယ်။
    ဘတ်စကားတွေ ဟိုင်းလတ်ကားတွေကလဲ အဲယားဟွန်းတွေနဲ့နှိပ်စက်ပါတယ်။
    ဆိုင်ကယ်သမားများကလဲ အသံပေါင်းစုံထွက်တဲ့ဟွန်းသံတွေနဲ့ ဒုက္ခတွေပေးပါတယ်။
    ဒါတွေကနေ့စဉ်နဲ့အမျှ မကြုံချင်ဘူးဆိုလဲ ရှောင်လွှဲလို့မရတဲ့ဒုက္ခတွေဖြစ်ပါတယ်။
    အရင်ကျောင်းသားဘဝတုံးက ရူပဗေဒဘာသာရပ်မှာသင်ခဲ့ရတာကတော့ ဒက်စီဘယ်တုန်းရဲ့ကြိမ်နှုန်းကိုလိုက်လို့ ဘယ်အသံကတော့သာယာသံ ဘယ်အသံကတော့ဆူညံသံလို့
    ခွဲခြားပေးပါတယ်။တကယ်တမ်းပြောရရင်တော့ စိတ်ကိုကြည်နူးစေတဲ့သာယာသံဖြစ်တယ် စိတ်ကိုအနှောင့်အယှက်ဖြစ်စေတဲ့ဆူညံသံဖြစ်တယ်ဆိုတာကတော့ အခြေအနေနဲ့အချိန်အခါပေါ်မှာမူတယ်မယ်ထင်ပါတယ်။
    မနက်မိုးလင်းကစလို့ တစ်နေကုန်မရပ်မနားဖွင့်ထားတတ်တဲ့အသံချဲ့စက်ထွက်လာတတ်တဲ့ လှူဒါန်းဘို့တိုက်တွန်းတဲ့အသံဘဲဖြစ်ဖြစ်၊တရားတွေဟောနေတဲ့အသံဘဲဖြစ်ဖြစ်၊
    ဘုရားသီချင်းဘဲဖြစ်ဖြစ် ကြာလာရင် နားထောင်ရတဲ့သူအဖို့ စိတ်ပျက်စရာကောင်းတဲ့ဆူညံသံပါဘဲ။
    တရားခွေဘဲဖြစ်ဖြစ် သီချင်းဘဲဖြစ်ဖြစ် ကိုယ့်အိမ်ထဲကို ဖွင့်တာမှန်ပေမယ့်လည်း ဘေးအိမ်တွေမှ အားမနာခုနှစ်အိမ်ကြားရှစ်အိမ်ကြား အကျယ်ကြီးဖွင့်ထားရင်လဲ ဆူညံသံပါဘဲ။
    လူများအိပ်ချိန်ဖြစ်တဲ့ ညအချိန်မတော် အကျယ်ကြီးဖွင့်ထားတဲ့တရားသံသီချင်းသံကလဲဆူညံသံပါဘဲ။
    အဲသမီးချောလေးများရှိတဲ့ အိမ်ရှေ့မှာအရပ်ထဲက ကောင်လေးတွေက ဂစ်တာတီးပြီးသီချင်းလာဆိုတယ်ဆိုရင်လဲ သမီးရှင်များအဖို့တော့ဆူညံသံပါဘဲ။
    ဒီလိုအသံနဲ့နှောင့်ယှက်ကြတာကို ပလေးဘွိုင်သန်းနိုင်ကတော့ ” ပုန်းဆက်လိုက်ရမလား ပုန်းဆက်လိုက်ရမလား “ဆိုပြီး မပွင့်တပွင့်နဲ့ခြိမ်းခြောက်ခဲ့ဘူးမဲ့
    ထူးအယ်လင်းကတော့ “ဖုန်းဆက်လိုက်ရမလား ဖုန်းဆက်လိုက်ရမလား”ဆိုပြီး အသံကုန်ဟစ်လို့မောင်းထုတ်ခဲ့ဘူးပါတယ်။
    “ငါ့သမီးစာကျက်နေတယ် “ဆိုတဲ့သီချင်းလေးမှာပါ။
    ဟိုအရင်ရှေးခေတ်တုန်းကတော့ အလိုက်မသိဆူညံတဲ့ ငနဲတစ်ကောင်ကို တေးရေး ဆရာမြို့မငြိမ်းနဲ့ အဆိုတော်ဝင်းဦးတို့က ” ဘင်ဂျိုသံ”ဆိုတဲ့သီချင်းလေးထဲမှာ ဒီလိုတိုင်ပင်ခဲ့ကြဘူးပါတယ်။
    (နားညည်းတော်မူတယ်မင်း နားညည်းတော်မူတယ်မောင်မင်း ငါသာရှင်ဘုရင်ဖြစ်ခဲ့လို့ရှိရင် အပြစ်ကြီးကြီးပေးမယ်
    ဘယ်လိုလုပ်ချင်တယ်ဆို ဒီလိုလုပ်ချင်တယ်
    အပျိုတော်တွေလာကြ လက်မလွတ်စေနဲ့ကွယ် ဘယ့်နှယ့်ဝို်င်းမယ် ဒီနှယ့်ဝိုင်းမယ် ဖိုးတီးချင်နော် ဖိုးဆိုချင်နော် သေရှာပေတော့ကွယ်
    ဖမ်းပြီး ကလိုးထိ ဖမ်းပြီး ကလိထိုး အလယ်လယ် အောင်မလေးယားပါတယ်)တဲ့။
    ကဲခင်ဗျားတို့ရော အလကားနေရင်းလာပြီး ဆူညံနေတဲ့သူတွေကို အခုခေတ်ကလူတွေလိုဖုန်းဘဲဆက်လိုက်မလား ? ဖမ်းပြီးကလိထိုးချင်လား ?
    ပြောစမ်းပါအုံးဗျာ………………………………………………………………………………..
    ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
    In: ဆောင်းပါး Posted By: ကိုပေါက် မန္တလေး Date: Aug 26, 2010

    • ဇီဇီ ခင်ဇော် (15102012)

      September 14, 2014 at 2:49 pm

      Good Article, also..
      :s:

Leave a Reply