မေတ္တာဟူသည်

မေတ္တာကိုထုစစ်
အနုအရင့်များတဲ့ စိတ်ရောင်စုံ
ရင်မှာတော့ အကြင်နာတရား
မာနမင်းသားတော့ မဟုတ်ပါလေ . . . . ..

မျိုးစေ့ကယ်မှန် ရှင်သန်စေဖို့
ပျိုးလို့ရယ် မေမမောပါဘူး
နောင်လာမယ့် အနာဂတ်မှာ ရိပ်ခိုဖို့ရာ
ခရောင်းလမ်းလည်း လျှောက်မြဲပါ . . . . . .

အတ္တလည်းရင်မှာမထား
စေသနာအရင်းခံလေးမို့
ပျိုမေတ္တာအဖြူ ရောင်လမ်းမှာ
သူတို့လေးများ ပျော်ပါးဖို့ပါ . . . . . . .

မေတ္တာသည်သာ အမြတ်ဆုံးမို့
နွေလည် မိုး ဆောင်း ပြောင်းလဲပါစေ
မုဒိတာတစ်မိုးအောက်မှာ
ပျိုးခဲ့သည့် အကြင်နာပန်း . . . . . . .

အစဉ်လန်းမယ်ဆိုရင်လေ
သင်ကြားပေးခဲ့ အချိန်တွေမှာ
ငါလေနစ်မျောရင်း မွန်မြတ်ဆုံးသော
ဆရာ တစ်ယောက်ဖြစ်ပါစေသား . . . . . .

ကာရံ {7.4.2014}

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..