“မိုးနေ့ “

“မိုးနေ့ “

 

1အုံ့မိူင်း
1အုံ့မိူင်း

အိုု……………..

မိုးရယ်မှောင်

လွမ်းလေအောင်

သူပြုစားတယ်

ရက်စက်လေအား။

 

တိမ်တွေပြို

ငိုနေသလိုပါလား။

မိုးစက်စွေ

ရွာနေပုံက

လွမ်းစေရော့သလား

 

ရွှဲရွှဲရယ်စို

မိုးခိုတဲ့ငှက်ငယ်လေး

သူလဲကွယ်  တစ်ကောင်ထဲရယ် မို့

ကိုယ့် လိုပါလား။

   ဟိုးးးးးးးးးးးးးးးးးးးးး

အဝေးကလူ

ဆွေးသူကို

ဖေးကူချော့လာလှဲ့ကွဲ့

ချစ်တဲ့သက်ထား။

မိုးမှောင်တဲ့နေ့
မိုးမှောင်တဲ့နေ့

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

14-9-2014

19 comments

  • ခင် ခ

    September 14, 2014 at 1:34 pm

    ညထဲကနေ ခုမနက်ထိ မိုးရွာနေလို့ ဘယ်မှသွားမရပေမယ့် ရွာရှိနေလို့ရွာရိုးလျှောက်ပြီး ဖတ်မန့်အလုပ်တွေလုပ်နေတော့လည်း အဆင်ပြေသားဗျ
    ကွန်နက်ရှင်ကိုတော့ စိတ်ရှည်အိပ်ခါစောင့်ရတာလလွဲလို့လေ။

  • ဒီနေ့ မနက်ကတည်းက မုးိတွေရွာတော့ လက်ဖက်ရည်ဆိုင်သွားချင်တာ သွားမရ

    တနင်္ဂနွေ ဆိုတော့ ကိုခများ လာမလား လို့ မျှော်နေသေးတယ်ဗျာ

    • ခင် ခ

      September 14, 2014 at 2:10 pm

      ဒီနေ့မိုးအရမ်းရွာလို့ ကလေးလဲကျောင်းမပို့ဖြစ်တော့ မထွက်ဖြစ်ဘူးမို့ပါ

  • မြစာကလေး (23122011)

    September 14, 2014 at 3:45 pm

    ဒီမှာလဲ အခု အဲဒီလို တိမ်တွေ ပြို မလို ဖြစ်နေပေါ့ ကပေါက်ကြီး။
    မိုးစက်တွေ ကိုပါ ရအောင်ရိုက်နိုင်သလား ဗျ။ 🙂

    • ရိုက်လိုတော့ ရတယ် ကိုလတ်ကြီး

      ဒါပေမယ့် မုးိရွာရင် ကင် မ ရာ မထုတ်ဘူး

      မိုးစိုရင်ပျက်မှာစိုးလို့

  • ဇီဇီ ခင်ဇော် (15102012)

    September 14, 2014 at 4:17 pm

    အုံ့မှိုင်းကို ကြိုက်တယ်။

    သဲသဲမဲမဲ ရွာလိုက်မယ်ပဲ ဟန်တွေဆင်~~~

  • JackSkellington

    September 14, 2014 at 9:12 pm

    နေ့လည်ဘက်တွေ ညဘက်တွေ မိုးကြီးလေကြီး ချပါစေ…
    အိပ်ကောင်းလို့… 🙂

  • မလုပ်ပါနဲ့ ကိုယ် ဂျက် ရယ် နေ့ လည်ခင်းတော့ မရွာပါစေနဲ့

    လက်လှူပ်မှ ပါးစပ် လှူပ်ရ သူတွေ ထမင်းငတ်ကုန်ပါမယ်

  • ဦးကြောင်ကြီး

    September 15, 2014 at 9:37 am

    မိုးနေ့
    ချိုးပေ့
    အိုးတွေ့
    ပိုးခွေ့..

  • Ma Ei

    September 15, 2014 at 12:20 pm

    အုံ့မှိုင်း နေပေမယ့် တိမ်တောက်သလိုဘဲ လှနေတယ်…

  • Yae Myae Tha Ninn

    September 15, 2014 at 2:17 pm

    မိုးနေ့ကို မေ့နိုးနိုး နဲ့ တင်လိုက်တာမလား… လေးပေါက်… 🙂

    • မိုးနေ့
      မေးနိုး
      တွေ့နိုးနိုး နဲ့

      ရက်ကြာရှည်

      မမေ့နိုင်ပါသည်

      ယနေ့ တိုင်သာ အတည်

      (အောက်2ကြောင်းက သီချင်းစာသားနော်သူများရေးတာ)

  • sorrow

    September 15, 2014 at 2:28 pm

    ဦးပေါက်ရဲ့မိုးမှောင်တဲ့နေ့ပုံက …ဂဇက်ရဲ့ကောင်းကင်ကိုရည်ညွန်းသလားပဲနော်…အဟိဟိ …တိုက်..တိုက်ဆိုင်လွန်း….( အလွတ်ဝင်ဖွတာ..အဟိဟိ )

  • kyeemite

    September 15, 2014 at 3:28 pm

    .ပြို မှာလေလားမိုးရဲ့….
    .ကဗျာလေးကိုတော်တော်သဘောကျသဗျာ….

Leave a Reply