ချစ်ခြင်းတရား

ဇီဇီOctober 10, 20141min34956

အဖိုး ပြောတာလေး သွား အမှတ်ရတယ်။

ကျနော် တို့ အမျိုးက ချစ်ခြင်း မုန်းခြင်း ပြသနာတွေ သိပ်များတာ။

ငယ်တုန်းကတည်းက ဘယ်သူမေးမေး ဖြေရတာ…

မဖြေမချင်း ကလေးတွေကို ဇွတ်မေးကြတာရယ်။

“ဘယ်သူ နဲ့ ဘယ်သူ မှာ ဘယ်သူ့ ပိုချစ်တုန်း” ဆိုတာမျိုးး…

ပြီးရင် …

“နင် က ငါ့ ကို အကြီးမ လောက် မချစ်ပါဘူး၊ သိပါတယ်” ဆိုတာ တသွယ်…

နောက်လာသေးတယ်…

“သူ့ ကြီးကြီးကို ကြည့်ရင် ချစ်စနိုး၊ ဒီ အဒေါ်ကတော့ချဉ်ဖတ်မှန်း သိပါတယ်” တို့ အဲလိုမျိုး အချစ်ရေး ပြသနာတွေကို ငယ်ကတည်းက ရင်ဆိုင်ခဲ့ရတာပေါ့။

 

ကိုယ့် မေးလို့ကတော့ မေးတဲ့ သူ အချစ်ဆုံးလို့ပဲ ဖြေတယ်။

မျက်နှာနာရတဲ့ လူ ၂ ယောက် မေးရင် ရီနေတယ်။

ရီနေလို့မရရင် ၂ ယောက်လုံးလို့ ဖြေတယ်။

၂ ယောက်လုံး လို့ ဖြေလို့ မရရင် ပိုချစ်စေချင်ရင် စားချင်တာ လိုက်ကျွေးလို့ ပြောတယ်။

ဂလိုပဲ ကြံရဖန်ရ ချောင်ချိရေးလုပ်ရတာ။

သူ တို့ တင် ပြိုင်တာမဟုတ်။ အားရင် အားသလို တစ်ယောက်ချင်းခေါ် ဘယ် မောင်ကို ပိုချစ်တုန်း မေးး၊ ဘယ် အမ ပိုချစ်တုန်းမေးး

ပြီးရင် သူတို့ဟာ သူတို့ ရီကြ ပြောကြ၊ ကိုယ်တွေမှာ အဖျော်ဖြေခံ သတ္တဝါတွေကို ဖြစ်လို့။

ကိုယ့် မောင်တွေကတော့ ယောင်္ကျားလေးတွေဆိုတော့ ဒီ အမေတွေ အဒေါ်တွေ အပိုတွေကို ဖြေရခက်၊ ငြင်းရခက် အင်မတန်ချောက်ကျဖူးကြတယ်။

“ဘယ်သူ့မှ မချစ်ဖူး” ပြောမိလို့ စိတ်ကောက်ခံရ၊ ငိုကြလို့ ပြန်ချော့ကြနဲ့ အင်မတန် ဇာတ်ရှုပ်ကြတယ်။

ဪ၊ ချစ်ခြင်း ပြသနာ!!

 

ဒီ ဗီဇ နှယ် ကိုယ့်မှာ ပါလာတာ။

အရင်ကတော့ မသိသာပါဘူးး

ဟိ။  :mrgreenn:

ပိုက်ဆံ အတွက်၊ ကိုယ့် ဘဝ အာမခံချက် အတွက် အတော်လုပ်နေရတဲ့ နှစ်တွေမှာ ဆို သူတို့ ဂျီကျသမျှကို အင်မတန် စိတ်ဆိုးခဲ့ဖူးတာ။

စိတ်ထဲမလဲ ငါ့ အ ဒေါ် တွေ အ တော် အား နေ ကြ သ လား ပေါ့။

စဉ်းစားကြည့်!!

မွေးမေလေ့ ဗိုက်ခွဲမယ် ဆိုလို့ ဖုန်းထဲ ငိုမိတာကို ဟိုဘက်က အဒေါ်တွေက ငိုသတဲ့။

ဘာလို့ ငိုတုန်းဆို သူတို့ နဲ့ အတူနေချိန်သာ ပိုများတာ ကိုယ်က ကိုယ့် မွေးမေလေ့ ကို ပိုချစ်တာ မြင်ရလို့ပါတဲ့။

ဂစ်ဂစ်။

ဟုတ်တယ်လေ။ ဒီ လူ မွေးနေ့ဖုန်းဆက်ပြီး ဒီ လူ့ မွေးနေ့ မေ့လို့ကတော့ တစ်လ ကိုးသီတင်း ပြန်ချော့မပြီးဗျားး

စိတ်ပြေရင်တောင် သတိရတိုင်း တတိတိ ရိ တတ်သေးတာ။

လက်ဆောင် ဆိုလည်း အရောင်တောင် ကွဲလို့ မရ။

အရောင် တူ ပြန်လည်း ဘယ် သူ ကြိုက်တဲ့ အရောင် ဦးစားပေးတယ် လို့ ပိကျိပိကျိ ပြောကြသေးတာ။

ဒီ ဘက် က အခက် အခဲတွေကို မသိ ကဂျီကဂျောင်ကျတယ် လို့ လည်း မမြင်ရက်ဘူးး၊ ကိုယ် အလို လိုက်ထားတဲ့ အကျင့်တွေကိုးးး

 

အဲဒီလိုတွေ အလေ့အကျင့်နဲ့ ကြီးပြင်းခဲ့လို့လား မသိ။

အင်မတန်ချစ်ခင်တွယ်တာတတ်…

သံယောဇဉ်တွယ်တတ်

စကားနာထိုးတတ်…

ရစ်တတ်…

အပိုင်စီးချင်စိတ်များတတ်…

လိုသလောက်မရရင် ပြသနာရှာတတ်…

အဲ ဒီ မ ဟုတ်တဲ့ အကျင့်တွေ အကုန်ပါလာတယ်။

:b:

 

ဒီ အချက်တော်တော်များများကပဲ ကိုယ့် ကို ကိုယ့် ချစ်ခင်သူတစ်ချို့ နဲ့ ဝေးသွားစေတဲ့ အကြောင်းအရင်းတွေပါပဲ။

သိနေလျက် ပြင်ရခက်တယ်။

:a:

 

သူငယ်ချင်းတွေ ကြားရော၊ အချစ်တော်တွေကြား၊ ချစ်သူတွေကြား ကိုယ်တစ်ယောက်တည်း အဲဒီစိတ်နဲ့ သိပ်ခံစားခဲ့ရဘူးတာမို့…

အချစ်ခြင်းညီတဲ့ အပေါင်းအသင်း တော်တော်များများ ခုထိ လက်တွဲမဖြုတ် ကျန်ခဲ့တာလေးကိုပဲ ကျေးဇူးတင်မိတယ်။

 

ချစ်ရင် ချစ်သလို မကွယ်မဝှက် ပြောတတ်တာမို့ (အချစ်ဦး ကိုက လွဲရင်)

သူများတွေ ထင်ချင်ရာထင် ပြောချင်ရာပြောခံရတာလည်း ခုထိ အမှတ်သည်းခြေမရှိခဲ့ဘူးး

:chee:

 

လူမှု ဆက်ဆံရေးမှာ….

လူ ၂ ယောက် ကြားမှာ ချစ်ခင်ယုံကြည်မှု အမှတ် ၁၀ဝ ရှိတယ် ထားပါစို့။

ကျနော် စတင် ရင်းနှီးတဲ့ သူတိုင်းကို အမှတ် ၁၀ဝ စပေးပြီး မှ ချစ်ခင်မိတာမျိုးပါ။

 

လျော့တာ တိုးတာ ဖြစ်စေတဲ့ အဖြစ်အပျက်တွေ အပြီးမှာ…

ကိုယ်နဲ့ ရင်ဘတ်ချင်း တူတယ်လို့ သတ်မှတ်လို့ရတဲ့ အပေါင်းအသင်းတွေပဲ ကျန်ပါတယ်။

 

ချစ်ခင်မှုနဲ့ အတူ ယုံကြည်မှုပါ တွဲပြီး အမှတ်တိုးပေးထားတာမျိုးမှာ..

ချစ်ခင်ပြီးတဲ့ မိတ်ဆွေကို ဖြတ်တောက်ဖို့ ဆိုတာ ဘယ်တုန်းကမှ မစဉ်းစားခဲ့တာမို့..

ကိုယ်တိုင်က အမှတ် ၁၀ဝ လုံး လျှော့ဖို့ ဖြစ်လာတဲ့ ကိစ္စ တွေမှာ အတော် ရင်နာရပါတယ်။

😥

ဘာရယ်မဟုတ်ပါဘူးး

စိတ်ထဲက ခံစားချက် တစ်ချို့ တစ်ဝက် ချရေးလိုက်တာ။

 

ဪ။ အဖိုး ပြောဖူးတာလေး ပြောဖို့ မေ့နေတယ်။

“နင်တို့ဟာလေ၊ ထမင်းစားဖို့ မပူရတိုင်း ချစ်ခြင်း မုန်းခြင်း ပြသနာ သိပ်များတာပဲ,

တခြားလူ စီ က ဒီ အချစ်လောက်ရဖို့ တွေးနေတဲ့ ဟာတွေ” တဲ့။

 

ဟုတ်မှာပါ!!!!

ကိုယ် အခု ထမင်းနပ်မှန်နေလို့ ဖြစ်ပါလိမ့်မယ်။

 

:k:

 

 

 

 

56 comments

  • ဂိဂိ.. အချစ်​ဆုံးဖြစ်​ချင်​တဲ့ပြသနာ​လေ.. ငယ်ငယ်​က မဖြစ်​ခဲ့ဖူးဘူး.. ြကြီးမှ အတ္တ​တွေများလာတာရယ်​.. ချစ်​ပါတယ်​ဆိုတဲ့ ချစ်​သူကို​တောင်​ ချစ်​လားလို့ ​မေးရတာ အခါခါ.. ဟိ

    • ကေဇီ

      October 10, 2014 at 9:32 am

      အဟားဟားးး
      အဲဒီတော့ ဘာတဲ့တုန်းး
      ရှုပ်လိုက်တာလို့ အော်မထုတ်ဘူးလားး

      🙂

  • weiwei

    October 10, 2014 at 9:31 am

    အင်း .. ချစ်ခြင်း မုန်းခြင်းဆိုတာ လူသားတိုင်း ကင်းနိုင်မှာ မဟုတ်ပါဘူးလေ ..
    တိုက်ဆိုင်လို့ ခံစားချက်လေး နဲနဲလောက် ပြောပြချင်တယ် .. ဒီတစ်ခါတော့ ဇီဇီနဲ့ သဘောထားချင်း တိုက်ဆိုင်ပါတယ် ..
    အမကတော့ အိမ်မှာ အရမ်းကို အချစ်ခံရတဲ့ကလေးတစ်ယောက်အဖြစ်နဲ့ ကြီးပြင်းခဲ့ရတယ် … ချစ်ခြင်းတွေ အလျှံအပါယ်ရခဲ့သူမို့လို့ ချစ်ခြင်းမေတ္တာအပေါ်မှာ တုန်လှုပ်မှု သိပ်မရှိခဲ့ဘူး … သူငယ်ချင်းတွေကိုလဲ ကိုယ့်အိမ်က မိသားစုဝင်တွေလိုပဲ နွေးထွေးကြင်နာမှုနဲ့ မေတ္တာအပြည့်နဲ့ ဆက်ဆံနိုင်ခဲ့တယ် … ဒါပေမယ့် သူငယ်ချင်းတွေရဲ့ တုန့်ပြန်မှုကမတူဘူး .. သူတို့တွေထဲမှာ မေတ္တာငတ်တဲ့ မိသားစုထဲမှာ ကြီးခဲ့သူတွေလဲရှိတယ် … ပုံမှန်အတိုင်းကောင်းကောင်းဆက်ဆံတဲ့အပေါ်မှာ သူတို့က သာယာသွားပြီး မေတ္တာကို လောဘတက်လာတာမျိုး ခဏခဏ ကြုံခဲ့ရဖူးတယ် …
    ဒီလိုပါပဲ .. တစ်ချို့ကတော့ သူတို့ပေးတဲ့ မေတ္တာနဲနဲလေးကို အများကြီးလို့ ထင်နေတာမျိုးလဲရှိတယ် ..
    ကိုယ့်ဘက်ကတော့ ဘယ်သောအခါမှ မေတ္တာမပျက်ခဲ့ဘူး ..

    ဘယ်လိုသုံးသပ်မိလဲဆိုတော့ .. ချစ်ခြင်းမေတ္တာဆိုတာ အသွားအပြန်ရှိပေမယ့် တူညီမှုတော့ မရှိနိုင်ဘူးဆိုတာပါပဲ … action and reaction are not always the same depending on their background…

    • ကေဇီ

      October 10, 2014 at 9:34 am

      ဟုတ်တယ်။
      ခု ပိုသိလာတာ မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်း၊ ချစ်သူ တွေမှာ ချစ်ခြင်း မတူရင် ကြာရှည် ရှေ့မဆက်နိုင် ဆိုတာပဲ။
      ကျနော် ခံနိုင်ရည်ရှိဖို့ ကြိုးစားရဦးမယ်။
      နားလည်နိုင်ပေမဲ့ ခွင့်မလွှတ်နိုင်တာတွေသိပ်များနေတယ်။

      :b:

      • weiwei

        October 10, 2014 at 9:53 am

        ရေရှည်ခိုင်မြဲဖို့ဆိုရင်တော့ အတ္တမပါမှဖြစ်မယ် .. အဓိကကတော့ မျှော်လင့်ချက်မထားဘူးဆိုရင် ရေရှည်သွားနိုင်ပါတယ် ..
        တစ်စုံတစ်ခုကို မျှော်လင့်ပြီးချစ်ကြလို့ အဲဒီအတိုင်းဖြစ်မလာခဲ့ရင် ပြသနာတက်မှာပဲ .. ပြသနာတက်ခဲ့တဲ့အခါမှာလဲ ခံနိုင်ရည်မရှိတဲ့သူက အရှုံးပဲဖြစ်မှာပဲ ..

        • ကေဇီ

          October 10, 2014 at 9:57 am

          အစစ်ပါ့။
          ကျနော် မဖြုတ်နိုင်သေးတဲ့ ဟာဒီ မျှော်လင့်ချက်ရယ် ဒီ အတ္တပါပဲ။

          ကျေးဇူးတင်ပါတယ် ဝေ။
          :chit:

  • Yae Myae Tha Ninn

    October 10, 2014 at 10:07 am

    အိမ်က ချစ်တာကျတော့ အသံမထွက်ဘူးရယ်… တတွတ်တွတ် မမေးတတ် မပြောတတ်ဘူး… အလုပ်နဲ့ ပဲ ပြကြတယ်… ကျွန်တော်က အဲဒါကို အားမရဆုံးပဲ… အဲကြောင့် မိန်းမကို ဆို နေ့တိုင်း မေးတယ်.. ကိုယ်လဲ နေ့တိုင်း ဖြေတယ်… မွှားမွှား လုပ်တယ်… ဟီး… အပျိုကြီး ရှက်နေပြိလား… 😛

    • ကေဇီ

      October 10, 2014 at 10:58 am

      အွန်။
      လှေးတွေ မွှားတွေ သတ်တာ ရှက်စာလားး
      :k:

      • Yae Myae Tha Ninn

        October 10, 2014 at 11:37 am

        ဟားဟား.. အပျိုကြီး လမ်းလွှဲတယ်ဗျိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး…

  • ဦးကျောက်ခဲ

    October 10, 2014 at 11:13 am

    ချစ်ရတာလည်း မကောင်း ၊ အချစ်ခံရတာလည်း မကောင်း…
    ချစ်ချင်း မုန်းချင်းကင်းသောကိုယ် ဖြစ်ရပါလို၏လို့…
    ဒါပေသည့်… ကျောက်စ် ချစ်ဇနီးကိုတော့ ဘယ်အချိန်မေးမေး အခြစ်ဆုံး… ခွိ ခွိ
    :k:

    • ကေဇီ

      October 10, 2014 at 11:16 am

      ဟွန့်၊
      အချစ်ဆုံးလို့ မပြောလို့ ရမလားး
      ဟိုက လိမ်ဆွဲမှာ။
      ဘိုက်ခေါက်ကို။

      :k:

  • မ " တတ် ပါ့ "

    October 10, 2014 at 11:15 am

    ပုထုဇဉ်သဘာဝမို့ အပြစ်မကင်းတဲ့ မျှော်လင့်ခြင်း နဲ့ ချစ်ခြင်းတွေကြားမှာ ပူလောင်ရဦးမည်…
    တရားနဲ့ဖြေပါ ဇီ…
    သူက ကိုယ်မှ မဟုတ်ပဲလို့…
    စကားမဆက်… အဖိုးပြောတဲ့စကားလေးက မှတ်သားစရာလေးနော်…။
    ကိုယ်လည်းထမင်းနပ်မှန်နေလို့ ထင်ပါတယ်…ဒါပေမယ့် မျှော်လင့်တတ်တဲ့စိတ်တစ်ခုကိုတော့ လျော့ချထားခဲ့တာကြာပါပြီ။

    • ကေဇီ

      October 10, 2014 at 1:12 pm

      ငင်။
      တစ်ရာလောက်နဲ့တော့ မဖြေနိုင်ဘူးးး
      စိတ်ကတော့ လုံးဝမလျှော့နိုင်သေးးး
      ဟိ။
      ထမင်းနပ်မှန်ဖို့ အရေးကြီးပါတယ်လေ။
      ကိုယ်ငတ်ရင် ဘယ်မှ ကပ်စားလို့ ရတာမဟုတ်။
      အမြင်မှန်ရပါပြီ။
      ဟိ
      :k:

  • Crystalline

    October 10, 2014 at 2:14 pm

    လူ​တွေရဲ့ ချစ်​ခြင်​းတရားကို သိပ်​အ​လေးထားမခံစားမိ​ပေမယ်​့.. မ​နေ့ည ​ခွေးလိမာကားကြည်​့ပြီး စိတ်​မ​ကောင်​းဖြစ်​ ငိုရတာ မျက်​လုံး​တောင်​​အောင်​့​နေတယ်​.. သများက ​ခွေးစိတ်​​ပေါက်​​နေလို့ဖြစ်​ရမယ်​ :mrgreenn:

    • ကေဇီ

      October 10, 2014 at 2:20 pm

      ခု ဆို
      ရုပ်ရှင်ကြည့်ပြီး ငိုလိုငို၊ ရင်ထဲ နစ်လို့ နစ်နေ ဖြစ်နေတာ။
      😥
      အရင်က အဲလိုမဟုတ်ဘူးး
      သူများအဲလိုဖြစ်ရင်တောင် ဟား တာ ဆိုတော့။
      အရင်က ထမင်း ၃ နပ်စာ ရှာနေရလို့ နေမှာပါလေ။
      :k:

  • kyeemite

    October 10, 2014 at 3:36 pm

    .ချစ်တယ်..ချစ်တယ်…သူဒါတွေပြောတယ်
    .မခွဲနိုင်ဘူးကွယ်..သူဆိုပြန်သေးတယ်…
    .ဟီး…ဒါကငယ်တုန်းကပါ :k:
    .ခုတော့ ပါးစပ်ကသိပ်မပြောဖြစ်တော့ဘူး…လက်တွေ့ပဲ

    • ကေဇီ

      October 10, 2014 at 3:39 pm

      အမယ်မယ်။
      ဒီ ကဘာ မှာ ယောင်္ကျားများဟာ မယုံရဆုံးးးး
      လက်နက်ကြီး စကားလုံး ပလီပလာ ညာဏ်ဆင်သုံးးး

      ပုလဲကြီး သီချင်း ဆို ပြတာပါ။
      ဟိ။

      :k:

  • pooch

    October 10, 2014 at 4:57 pm

    ရှုပ်ပါတယ် နောက်ဆို ရပင်းနဲ့မချစ်နဲ့ ရရစ်နဲ့ ခြစ် :mrgreenn:

    • ကေဇီ

      October 11, 2014 at 6:10 am

      သဘောင်္သီးးသုပ် ရောင်းးရတော့မားးး
      :mrgreenn:

  • ကေဇီ

    October 10, 2014 at 7:04 pm

    မိတ်ဆွေတုနှင့် မိတ်ဆွေစစ်။
    ——————————
    Author – NyainAyeTun

    အဆွေဟုခေါ်၍ မျက်မှောက်၌သာ အဖော်သဟဲပြုလျက် မျက်ကွယ်၌ ရန်သူလိုဖြစ်သောသူသည် ဟန်ဆောင် မိတ်ဆွေမည်သည်။ အကြင်သူသည် အကြောင်း ကိစ္စပေါ်လတ်သော် အဖော်သဟဲ ပြု၏၊ ထိုသူသည် မိဆွေစစ် မည်၏။

    လောက၌ မိတ်ဆွေစစ်နှင့်ဝေး၍၊ မိတ်ဆွေတုနှင့် ပေါင်းသင်းမိက အကျိုးစီးပွား ပျက်ပြားခြင်းကို မုချ ကြုံရပေအံ့။

    မိတ်ဆွေတု (၄) မျိုး။
    ————————-
    ၁။ “အညဒတ္တုဟရ” မိမိထံမှသာ လာရောက်ယူဆောင်လေ့ရှိသော မိတ်ဆွေတု။
    ၂။ “ဝစီပရမ” နှုတ်ဖြင့်သာ လိုလားယောင်ပြုလုပ်လျက် တစ်စုံတစ်ရာ လက်မပါသော မိတ်ဆွေတု။
    ၃။ “အနုပ္ပိယဘာဏီ” အကြိုက်လိုက်၍ ပြောဆိုတတ်ပြီး ကွယ်ရာတွင် ရန်သူသဖွယ် ပြုတတ်သော မိတ်ဆွေတု။
    ၄။ “အပါယသဟာယ” ပျက်စီးကြောင်း၌သာ အပေါင်းဖော်ဖြစ်သော မိတ်ဆွေတု။

    + ၁။ အညဒတ္တုဟရ မိတ်တုအင်္ဂါ (၄) ပါး။
    ——————————————
    ၁။ ယူသာယူတတ်၏။
    ၂။ နည်းသောဥစ္စာကို ပေးခြင်းဖြင့် များစွာသောဥစ္စာကို အလိုရှိ၏။
    ၃။ မိမိဘေး ကြုံခိုက်သာ မှီခို၍ အမှုကိစ္စ ဆောင်ရွက်ပေးပြီး ဘေးလွတ်သောအခါ ပြန်မကြည့်သတိရမှု မရှိခြင်း။
    ၄။ အကျိုးစီးပွားရလိုသောကြောင့် ချဉ်းကပ်ခြင်း။

    + ၂။ဝစီပရမ မိတ်တုအင်္ဂါ (၄) ပါး။
    ————————————
    ၁။ လွန်ပြီးသော အကြောင်းအရာဖြင့် ချီးမြှောက်ခြင်း။
    ၂။ မဖြစ်သော အကြောင်းအရာဖြင့် ချီးမြှောက်ခြင်း။
    ၃။ အချီးအနှီး လောကွတ်ဖြင့် ချီးမြှောက်ခြင်း။
    ၄။ ဖြစ်ဆဲကိစ္စတို့၌ ပျက်စီးခြင်းကို အကြောင်းပြု၍ ချီးမြှောက်ခြင်း။

    + ၃။ အနုပ္ပိယဘာဏီ မိတ်တုအင်္ဂါ (၄) ပါး။
    ——————————————-
    ၁။ မကောင်းမှု၌ တိုင်ပင်သည်ကိုလည်း ခွင့်ပြုခြင်း။
    ၂။ ကောင်းမှု၌ တိုင်ပင်သည်ကိုလည်း ခွင့်ပြုခြင်း။
    ၃။ မျက်မှောက်၌ ချီးမွမ်းစကားဆိုခြင်း။
    ၄။ မျက်ကွယ်၌ ကဲ့ရဲ့စကားဆိုခြင်း။

    + ၄။ အပါယသဟာယ မိတ်တုအင်္ဂါ (၄) ပါး။
    ——————————————-
    ၁။ သေရည်အရက် သောက်စားခြင်းတို့၌ အပေါင်းဖော်ဖြစ်၏။
    ၂။ အခါမဲ့သွားလာခြင်း၌ အပေါင်းအဖော် ဖြစ်၏။
    ၃။ ပွဲလမ်းသဘင်ပျော်ရွှင်လိုက်စားမှု၌ ပေါင်းဖော်ဖြစ်၏။
    ၄။ လောင်းကစားခြင်း၌ အပေါင်းဖော် ဖြစ်၏။

    မိတ်စစ် မိတ်ကောင်း (၄)မျိုး။
    ——————————-
    ၁။ “ဥပကာရ” ကျေးဇူးပြုတတ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။
    ၂။ “သမာနသုခဒုက္ခ” ချမ်းသာအတူ၊ ဆင်းရဲလည်းအတူဖြစ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။
    ၃။ “အတ္တက္ခာရီ” အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။
    ၄။ “အနုကမ္ပက” အကျိုးစီးပွားကို အစဉ် စောင့်ရှောက်တတ်သည့် စိတ်နှလုံးကောင်း ရှိသည့် မိတ်ဆွေစစ်။

    + ၁။ ဥပကာရ မိတ်ဆွေစစ်အင်္ဂါ (၄) ပါး။
    —————————————–
    ၁။ မူးယစ်နေခြင်းဖြင့် မေ့လျော့နေသော မိတ်ဆွေကို စောင့်ရှောက်တတ်၏။
    ၂။ မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက် တတ်၏။
    ၃။ ကြောက်ရွံ့နေသော မိတ်ဆွေ၏ အားကိုးရာ ဖြစ်၏။
    ၄။ ပြုဖွယ်ကိစ္စဖြစ်ပေါ်လာက အကူအညီ တောင်းခံသည်ထက် နှစ်ဆသော စည်းစိမ် အထောက်အပံ့ကို ပေးတတ်၏။

    + ၂။ သမာနသုခဒုက္ခ မိတ်ဆွေစစ် အင်္ဂါ (၄) ပါး။
    ————————————————-
    ၁။ လျှို့ဝှက်တတ်သောစကားကို ပြောကြား တတ်ခြင်း။
    ၂။ မိတ်ဆွေ၏ လျှို့ဝှက်အပ်သောအမှုကို လုံခြုံအောင် လျှို့ဝှက်ခြင်း။
    ၃။ ဘေးရန်ရှိသောအခါ စွန့်လွတ်၍ မသွားခြင်း။
    ၄။ အရေးကိစ္စကြုံလျှင် မိတ်ဆွေအတွက် အသက်ကိုသော်လည်း စွန့်လွတ်နိုင်ခြင်း။

    + ၃။ အတ္တက္ခာရီ မိတ်ဆွေစစ်အင်္ဂါ (၄) ပါး
    ——————————————-
    ၁။ မကောင်းမှုမှ တားမြစ်တတ်၏။
    ၂။ ကောင်းမှု၌ တိုက်တွန်း နှိုးဆော် တတ်၏။
    ၃။ မကြားဖူးသော အကြားအမြင် ဗဟုသုတ များကို ပြောကြားတတ်သည်။
    ၄။ နတ်ရွာ နိဗ္ဗာန်ရောက်ကြောင်း ကောင်းသော တရားကို ပြောကြားတတ်၏။

    + ၄။ အနုကမ္ပက မိတ်ဆွေစစ်အင်္ဂါ (၄) ပါး။
    ——————————————–
    ၁။ မိတ်ဆွေ၏ ဆုတ်ယုတ်ပျက်စီးခြင်းကို မနှစ်သက်။
    ၂။ မိတ်ဆွေ၏ အကျိုးစီးပွား ဖြစ်ထွန်းကြီးပွားခြင်းကို နှစ်သက်၏။
    ၃။ မိတ်ဆွေအား ကျေးဇူးမဲ့ ကဲ့ရဲ့စကား ပြောကြားသူကို ကန့်ကွက်တားမြစ်တတ်၏။
    ၄။ မိတ်ဆွေအား ချီးမွမ်းစကားပြောကြား သူကို ထောက်ခံတတ်၏။

    Author – NyainAyeTun

    • ကေဇီ

      October 11, 2014 at 6:12 am

      ကိုယ့်အပေါ်ချည်းး မတရားး သလိုလို

      :k:

  • kai

    October 11, 2014 at 8:20 am

    အနောက်နိုင်ငံသားတွေတော့.. အားရင်ချစ်နေကြတာပဲ..
    Love က.. ခဏခဏကြားရတွေ့ရတာ…။

    မြန်မာမှာကျ.. “ချစ်”ဆိုတာကြီးက ပြဿနာလို့ထင်တယ်..။
    ချစ်ခြင်းကို.. ကိလေသာ.. ညစ်နွမ်းတဲ့.. အပြစ်တခုလို.. ပုံဖေါ်ထားတာလည်းရှိတာကိုး…။
    ကိလေသာမှာ.. မိဘ..သားသမီးချစ်.. ၅၂၈လည်း ကိလေသာပဲ..။
    ၁၅၀ဝလည်း.. ကိလေသာပဲ..

    ဆိုတော့…
    ချစ်ခြင်းမတရား.. ဖြစ်ရော..။
    စနစ်ကြောင့်မဟုတ်.. :k:

    • မြစပဲရိုး

      October 11, 2014 at 2:11 pm

      {အနောက်နိုင်ငံသားတွေတော့.. အားရင်ချစ်နေကြတာပဲ..}
      =
      အနောက်နိုင်ငံသားတွေတော့.. အားရင်ကွဲ နေကြတာဘဲ။
      lol:-))

  • ကေဇီ

    October 11, 2014 at 8:43 am

    အနောက်မှာ သွားးနေ မှပဲ
    အနော့ ချစ်ခြင်းးး အပြစ်ကင်းးးးတော့မယ်ထင်!!!!!

    :k:

  • Mr. MarGa

    October 11, 2014 at 8:49 am

    တွေ့ ဆုံ ကြုံ ကွဲ ဖြစ်မြဲ ဓမ္မတာ တဲ့
    ဒါ သဘာဝပဲကို
    ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ခွဲခွာတာတွေလည်း ရှိနိုင်သလို
    မျက်နှာချင်း မဆိုင်ချင်လောက်တဲ့အထိ ဖြစ်ပြီး ခွာပြဲတာတွေလည်း ရှိမှာပဲလေ
    ဆိုတော့ကာ…
    why so serious??? huh? :mrgreenn:

  • ကေဇီ

    October 11, 2014 at 9:11 am

    Take it easy, huh..?
    :k:
    လမ်းးမှာ ပြန်တွေ့ ချိန် ပြုံးးပြ နုတ်ဆက် နိုင်တဲ့ ခြေနေ အတိအကျ မှာ မိတ်ဆွေ အဖြစ်မှ ပြတ်ဆဲခြင်းးး

    :kwi:

    • Mr. MarGa

      October 11, 2014 at 9:25 am

      ပြတ် “စဲ” ခြင်း ဂျီးဒေါ်ရဲ့

      ပြတ်ဆဲခြင်း မဟုတ်ဘူး

  • ကေဇီ

    October 11, 2014 at 9:29 am

    မဆဲနိုင် လို့ ပြတ်

    :kwi:

    • Mr. MarGa

      October 11, 2014 at 9:35 am

      ဆဲမနာ ဆိုမနာ အဆင့် မဟုတ်ဟု မှတ်ယူလိုက် :mrgreenn:

  • မဟာရာဇာ အံစာတုံး

    October 11, 2014 at 12:33 pm

    နှစ်ယောက်စလုံး ကလည်း ချစ်တယ်
    နှစ်ယောက်စလုံး ကိုလည်း ချစ်တယ် ..
    ငါ့ကို ငါပဲ သတ်သေလိုက်ချင်တယ် …
    ပို့စ်ဖတ်ရင်း .. ဒီသီချင်း သတိရသွားလို့ …

  • CharTooLan

    October 11, 2014 at 2:12 pm

    ချစ်တာတော့ကောင်းဘာဒယ် ဒါပေမယ့်.. ဘယ်လိုလယ်ဗယ်(၅၂၈~၁၅၀၀)မှာပဲဖစ်ဖစ် အစွန်းရောက်အချစ်ဆိုရင်တော့ တအားအရုပ်ဆိုးဘာဒယ်
    မုန်းစရာ ရွံစရာ နာကျည်းစရာတွေတောင်ဖစ်လာဘာဒယ်

  • ခင် ခ

    October 11, 2014 at 2:27 pm

    ဪ အချစ် အချစ်
    ပြောဖြစ်ခဲ့ပြီး
    ငြိမိသံဃောဇဉ်
    အဆုံးရယ်မမြင်
    လောကဓမ္မတာပင်။

  • မြစပဲရိုး

    October 11, 2014 at 2:29 pm

    ကျုပ် ချစ် တူမလေး Post မှာ ရေးချင်တာတွေ များနေပါရောလား။
    ဇီဇီ ကို အရီး ချစ်တာ အကြောင်းမဲ့ မဟုတ်။
    အကြောင်းရှိလို့ အကျိုးပေါ်ပြီး ချစ်တာ။
    ဒီလောက် ရွာ ကို အကျိုးပြု နေမှတော့ ချစ်ဖို့ကိုကောင်းနေရောလေ။

    အမှန် ကတော့ ချစ်တာ ထက် သံယောဇဉ် ဆိုတာက လူနှစ်ယောက် ကို ပိုမြဲ စေတာပါ။
    သံယောဇဉ် ဆိုတာက အတူတူ နေတာကြာလာချိန် စိတ်တူသဘောတူ ဖြစ်လာပြီး တွယ်သွားတာ လို့ ထင်တာဘဲ။
    စိတ်မတူရင်၊ မညှိနိုင်ရင် ခဏနေပြီး အကြောင်းလဲ သိရော ကွဲ ရောလေ။
    ချစ်ခြင်း ဆိုတာက လူတွေ ကို ခဏတာ ဖျားယောင်းပြီး သာယာမှုပေးရုံ ပါဘဲ။
    တကယ်တော့ ချစ်ခြင်း ဆိုတာမှာ တစ်ခြား စကားလုံး တွေ အားမဖြည့် ဘဲ မခိုင်မြဲပါဘူး။

    အဖိုး ပြောတဲ့ အတိုင်းဘဲ ဗိုက်ဆာရင် အချစ်ဆိုတာ ပျောက်ပါတယ်။
    သံယောဇဉ် နဲ့ ညှာတာ စာနာစိတ် ဆိုတာ ရှိနေခဲ့ရင် ဗိုက်ဆာလဲ လက်တွဲခိုင်နေဆဲဘဲ။
    (အထင်)
    lol:-)) :)) :)) :))

    • kai

      October 11, 2014 at 2:36 pm

      ဒီနေရာမှာ မြန်မာတွေစကားလုံးတော်တော်ကြွယ်တယ်ဆိုရမလားပဲ..
      ချစ်၊
      မေတ္တာ၊
      ကြိုက်၊
      မြတ်နိုး၊
      သံယောဇဉ်
      ၅၂၈
      ၁၅၀၀

      ကျန်သေးလားမသိ… ။ :k:

      • မြစပဲရိုး

        October 11, 2014 at 2:41 pm

        တို့ သူကြီး များ စကားလုံး ကြွယ် တော့ လဲ ကြွယ် လို့။
        မကြွယ်တော့ လဲ မကြွယ်လို့။
        ကျန်သေး တော့။
        သမုဒယ
        ခင်မင်
        သစ္စာ
        စဉ်းစားဦး မယ်။ lol:-))

        • Mr. MarGa

          October 11, 2014 at 2:45 pm

          တွယ်တာ
          ဖူးစာဆုံ
          နှစ်သက်

          ကျန်ဦးမယ်
          :mrgreenn:

      • မြစပဲရိုး

        October 11, 2014 at 2:48 pm

        ဒီမယ် ကြည့် သူကြီး
        English meaning မှာလဲ Love ဆိုတာလဲ သူချည်းဘဲ မဟုတ်။

        Love
        From Wikipedia, the free encyclopedia

        Love is a variety of different feelings, states, and attitudes that ranges from interpersonal affection (“I love my mother”) to pleasure (“I loved that meal”).
        It can refer to an emotion of a strong attraction and personal attachment.
        It can also be a virtue representing human kindness, compassion, and affection—”the unselfish loyal and benevolent concern for the good of another”.
        It may also describe compassionate and affectionate actions towards other humans, one’s self or animals.[3]

        Ancient Greeks identified four forms of love:
        kinship or familiarity (in Greek, storge),
        friendship (philia),
        sexual and/or romantic desire (eros), and
        self-emptying or divine love (agape).

        Modern authors have distinguished further varieties of romantic love.
        Non-Western traditions have also distinguished variants or symbioses of these states.
        This diversity of uses and meanings combined with the complexity of the feelings involved makes love unusually difficult to consistently define, compared to other emotional states.

        • kai

          October 11, 2014 at 2:53 pm

          ဂျပန်စကားမှာလည်း.. အိုက်(ai) က… ချစ်တာဆိုပေမယ့်… စုံတွဲတွေ..
          ai ထက်စာရင်.. စုကိ(suki) အသုံးပြုကြတယ်…

    • weiwei

      October 11, 2014 at 3:00 pm

      တစ်ချို့အချစ်ကတော့ လက်တွဲနေမှမဟုတ်ပဲ တစ်သက်လုံးချစ်နေနိုင်တာမျိုးလဲရှိပါတယ် ..
      အကြောင်းအမျိုးမျိုးကြောင့် လက်မတွဲနိုင် အတူမနေနိုင်ပေမယ့် အဝေးကနေပဲ သတိရနေ၊ ချစ်နေလို့ရတယ် ..

      မယုံမရှိနဲ့ ကိုယ်တွေ့ ..

      • မြစပဲရိုး

        October 12, 2014 at 10:49 pm

        ယုံဘူး ဝေ။
        ချ ရေးပြပါ။
        သများလဲ ဝင် အားဖြည့်ချင်လို့။
        အပျော်ပေါ့။ :))

    • မ " တတ် ပါ့ "

      October 13, 2014 at 12:12 pm

      အရီးတော်ချက်…

  • ကေဇီ

    October 11, 2014 at 2:55 pm

    ပြောချင်တာတွေ အများးကြီးး မြင်ရလားး အရီးးး
    မျိုသိပ်လိုက်တာမို့ ကွင်းးဆက်ပြတ်သွားး တယ်
    အနည်းးဆုံးး ကျနော်ပြောချင်တာ
    ဝေ ရယ် အရီးးရယ် နားးလည်တာ ကျေးးကျေးးပါ
    :chit:
    I love u..

  • surmi

    October 11, 2014 at 3:00 pm

    မချစ်တတ်သော သူဖြစ်ချင်ပါ၏

    သို့သော် ………
    .
    .
    သားသမီးတွေချစ်ရတာကိုက အတော်ပူလောင်သား :mrgreenn:

  • ကေဇီ

    October 11, 2014 at 3:05 pm

    ဝေ ပြော တာ ထောက်ခံတယ်
    ကိုယ်တွေ့ ပဲ

    :a:

  • ကေဇီ

    October 11, 2014 at 3:07 pm

    ဆာဆာ
    မီးး ဆိုတော့ လည်း လောင်တာပေါ့
    ပြာအုံးးနေတာတောင် ပူသေးးတာ ပဲ

    :mrgreenn:

  • ကေဇီ

    October 11, 2014 at 3:09 pm

    အံစာ
    ချာချာ
    ခခ
    ကျေးးကျေးးပါ
    🙂

  • မွသဲ ( 17082011 )

    October 11, 2014 at 8:37 pm

    အင်းချွိပြောတဲ့ဒုတ်ခတွေခံစားဖူးလို့ကြောက်တယ်။ တန်းတူဖြစ်အောင်ကျိုးစားရင်း တန်းတူမဖြစ်နိုင်တဲ့အခါမတော့ တက်လိုက်တဲ့ပြသနာ အခုတော့ သေခန်းပါပြတ်ပါကောလား။ 😥 အချစ်နဲ့ပါတ်သက်လို့ကတော့ သိပ်အများကြီးပြောဇာတော့မရှိဘူးရယ် :mrgreen:အချစ်ဆိုတာထက် နားလည်မှု့နဲ့သံယောဇဉ်ကိုပိုလိုချင်မိတယ်

  • ကေဇီ

    October 11, 2014 at 9:32 pm

    တစ်ယောက်နဲ့ တစ်ယောက် အကောင်းဆုံးမိတ်ဆွေ ဖြစ်ဖို့ သိပ်အရေးကြီးပါတယ်။ ကလျာဏမိတ်ဆွေတွေ ဖြစ်ဖို့ အရေးကြီးပါတယ်။ တကယ်တော့ သူ့ဘဝနဲ့သူ ကိုယ့်ဘဝနဲ့ကိုယ်ပါ။ ဘဝနှစ်ခုကို တစ်ခုဖြစ်အောင် ပေါင်းလို့ မရပါဘူး။ ရတယ်လို့ ယုံရင် လုပ်ကြည့်လိုက်ပါ။ မကြာခင် တစ်ယောက်ကို တစ်ယောက် နဖားကြိုး ထိုးလိမ့်မယ်။
    “နင်က ငါ့အကြိုက်အတိုင်း နေ၊ ငါက နင့်အကြိုက်အတိုင်း နေမယ်။ အဲဒါဆို နင်လည်း လုပ်ချင်တာ လုပ်လို့ မရတော့ဘူး။ ငါလည်း လုပ်ချင်တာ လုပ်လို့ မရတော့ဘူး။ နင်မရှိရင် ငါ နေလို့မဖြစ်ဘူး။ ငါ မရှိရင် နင် နေလို့ မဖြစ်ဘူး။” အဲဒီလို ဘယ်သူမှ မလွတ်လပ်အောင် နေတဲ့ နေနည်းကို စီစဉ်ထားကြတယ်။
    တကယ်တော့လည်း ဘယ်သူ့အကြိုက်မှ ဘယ်သူ မနေနိုင်ပါဘူး။ သူများအကြိုက်နေတယ် ဆိုတာ ပါးစပ်ပြောပါ။ တစ်ယောက်အကြိုက် တစ်ယောက်မလိုက်နိုင်လို့ ပြဿနာတွေများ၊ စကားတွေများ၊ တစ်ယောက်ကိုတစ်ယောက် မကျေမနပ်တွေ ဖြစ်နေကြတာ။ မဖြစ်နိုင်တာကြီးကို မျှော်လင့်နေတာ။ စိတ်ကူးယဉ်နေတာ။ အမှန်ကို အမှန်အတိုင်း အရှိကို အရှိအတိုင်း ပြောရရင် – ရာနှုန်းပြည့် တစ်ယောက်အကြိုက် တစ်ယောက် မလိုက်နိုင်ပါဘူး။ တခါတလေ နည်းနည်းလောက်တော့ အလိုလိုက်တာ ရှိမယ်။
    အဲဒီတော့…..စိတ်ဆင်းရဲအောင် တမင်တကာ မလုပ်ဘူး။ တတ်နိုင်တာကို တတ်နိုင်သလောက် လုပ်ပေးမယ်။ ဒါပေမဲ့ လွတ်လပ်မှု အများဆုံးရှိအောင် နေမယ်။ ဘယ်သူမှ ကိုယ့်အကြိုက်အတိုင်း နေရမယ်လို့ မမျှော်လင့်ဘူး။ မတောင်းဆိုဘူး။ ကိုယ့်ဘဝသံသရာခရီးကို ကိုယ် သွားနေတာ။ အကြောင်းရှိလို့ ဒီဘဝမှာ လာပြီး ဆုံမိကြတယ်။ တစ်ယောက်ရဲ့ အကောင်းဆုံးစိတ်ထားတွေ အရည်အချင်းတွေ ထွက်ပေါ်လာအောင် တစ်ယောက် အကူအညီပေးမယ်။ တစ်ယောက်ကို တစ်ယောက် မပိုင်ဘူး။ အနိုင်ယူရမယ့်သူတွေ မဟုတ်ဘူး။ သူ့စိတ်ကူးနဲ့ သူ့ဘဝကို သူ ကျေနပ်အောင်နေ၊ ကိုယ့်စိတ်ကူးနဲ့ ကိုယ့်ဘဝကို ကိုယ်ကျေနပ်အောင်နေမယ်။ တစ်ယောက်ကို တစ်ယောက် အရိုးသားဆုံး ဆက်ဆံမယ်။ မလှည့်စားဘူး။ ဒါဆို တော်လောက်ပါပြီ။ သိပ်ကျေနပ်စရာ ကောင်းပြီ။
    (ဆရာတော် ဦးဇောတိက)
    :a:

    • မ " တတ် ပါ့ "

      October 13, 2014 at 12:08 pm

      ဟီး..ကောင်းလှချည်လားလို့ ဖတ်နေတာ..အောက်က ကွင်းလေးထဲကတွေ့သွားတယ်…။
      ထပ်လာကြည့်တာနော်။

      • ကေဇီ

        October 13, 2014 at 12:12 pm

        ကိုယ့်ကို ကြည့်ပြောသလား မှတ်ရ။

        😥

        • မ " တတ် ပါ့ "

          October 13, 2014 at 12:23 pm

          ဟုတ်တယ်နော်…မတတ်ပါ့ကိုလည်း ပြောနေသလိုပဲ..အတူတူပဲ …
          မဇီ ဆရာတော်ပြောသလို နေနော်။
          နေတတ်ရင် ကျေနပ်စရာလို့မှတ်ပေါ့။

        • ကေဇီ

          October 13, 2014 at 12:26 pm

          နေတတ်ဖို့က အချိန်ယူရပြန်ရော။
          ကိစ္စ တစ်ခု တိုင်း တစ်ခု တိုင်း
          နေတတ်အောင် အချိန်ယူရင်းနဲ့ သက်တမ်း ကုန်တော့မယ်ထင်ရဲ့ကွယ်။

          :k:

    • kai

      October 13, 2014 at 12:17 pm

      လက်ထပ်တယ်ဆိုတာက.. ကာမပိုင်(အပြန်အလှန်)ဆိုတာကို စာချုပ်နဲ့သဘောတူညီမျှမှု တခုထားတာပဲ..
      မူလအခြေခံကတော့.. ကိုယ့်ကာမ.. ကိုယ်သာပိုင်…။
      ဒါကြောင့်.. ယူအက်စ်မှာ.. အိမ်ထောင်ဖက်ကို သဘောမတူ.. အတင်းအကြပ်ကာမဆက်ဆံရင်လည်း.. မုဒိန်းမှုမြောက်သလို… အိမ်ထောင်ဖက်က.. အပြင်မှာကဲတာကို.. ပါတနာကမသိရင်..(သို့) သဘောတူရင်.. ဘာမှမဖြစ်.. ။
      သိရင်..သဘောမတူရင် . စာချုပ်သဘောတူညီမှုကို ဖေါက်ဖျက်တယ်ဆိုတာနဲ့.. တရားစွဲလို့ရ… :k:

      • ကေဇီ

        October 13, 2014 at 12:24 pm

        ငင်?
        ဒမှာ မိတ်ဆွေ ကိစ္စ ပြောနေတာကို ဘယ်ရောက်သွားတာလဲ။
        ဟိ။
        လာလာ မြှောက်ပေးနေသလို ပဲ။
        အဟေးဟေးးး
        :mrgreen:

        ကျနော်တို့နိုင်ငံမှာရော တရားစွဲလို့ ရလားးမသိ။
        တရားစွဲရင်ရော ဘယ်သူ့ကို စွဲရလဲ။
        ကိုယ့်လူကို စွဲရလားးး
        သာဒ် ပါစင် ကို စွဲရတာလား မသိ။

        ခါတလေ စာချုပ်နဲ့ စိတ်ဓာတ်ကို ဘယ် အရာ ကို ယုံရမယ် မသိဘူးး
        ဘယ်အရာကမှ စိတ်မချရဘူးလို့ ပဲ ထင်နေ။
        :mrgreenn:
        အသက်ကြီး directly propotional to အဆိုးမြင်ဖြစ်လာ

  • ဦးကြောင်ကြီး

    October 12, 2014 at 2:19 am

    ခြစ်ခြင်းတယား
    ခြားခြင်းတရစ်
    နွားမြင်းဖြစ်..
    ဝါးထင်းအသစ်
    သွားရှင်းပစ်
    ကျားတင်းစပျစ်
    ခါးရင်းကျစ်..။

Leave a Reply