တစ်ချိန်က မောမော

ဇီဇီOctober 15, 20141min19641

ဒီနေ့ အရင် ဓာတ်ပုံတွေ မွှေရင်းနဲ့ သများ အချစ်ဟောင်းကြီး ဓာတ်ပုံ ၂ပုံ သွားတွေ့တယ်။

ဒီမှာ ဓာတ်ပုံကြည့်လိုက်။

ကြာပြီ ဆိုတော့ ဝါးတားတားဖြစ်နေပြီ။

 

မောမော
မောမော

 

 

 

 

 

 

 

 

 

 

မောမော
မောမော

 

 

 

 

 

 

 

 

 

 
သများ ၉ တန်း မှာ မွေးမေလေ့ ရဲ့ ကြောင်မ ကြီးက မွေးတာ။
၃ ကောင်။ သူ အသေးဆုံးပဲ။
ကျန်တဲ့ကောင်တွေ ဘယ်လောက် ဝ မယ် ဆိုတာ စဉ်းစားသာကြည့်!!!

 

အကြီးဆုံးက တုန်တုန် …
ဆီ ကို ဒီတိုင်းလျက်တတ်လို့ ခန္ဓာကိုယ်က အဆီတွေနဲ့ ပြေးရင် ဘိုက်က တရွတ်တိုက်မတတ် တုန်နေလို့ တုန်တုန်လို့ ခေါ်တာ။  :mrgreenn:
အလတ်ကောင်က အမ လေးး၊ နံမည်ဘယ်လိုခေါ်မှန်းတောင် မမှတ်မိတော့။
သများက ကြောင် အမ ချစ်ခဲလို့။ ခွိ။  :mrgreenn:
သူ က အငယ်ဆုံး အသေးဆုံးမို့ စမော ရဲ့ အတိုကောက် မောမော လို့ ခေါ်တာ။  :mrgreenn:

တုန်တုန်က ချွဲတတ်သလောက် သူက ဖာသိဖာသာ လွတ်ရာလွတ်ကြောင်း နေတာ။
သများက ကိုးတန်း မန်းလေးမှာ ကျောင်းတက်ရတာကိုးးး
ပြန်လာတော့မှ သူတို့ကို တွေ့ရတာ။

သူတို့ မွေးပြီး ပြန်လာတဲ့ အချိန် အိမ်ရောက်တော့ ခပ်စိမ်းစိမ်းနေတတ်တဲ့ သူက သများ အပေါ် လာထိုင်တယ်လေ။
ကျန်တဲ့သူတွေက အံ့ဩရော။
ခါတိုင်း ထမင်းစားချိန်မှ ပြန်လာတဲ့ သူက။

အစားက ချေးများသေးးး၊ ပန်းကန် သီးသန့်မှ စား တာ။။
သူ့ပန်းကန် လာလုရင် ပြိုင်ကိုက်မနေဘူးး…
တော်ရာထွက်သွားတာ။
ကျွေးတိုင်း မစားပဲ အိမ်ခေါင် ရေတံလျှောက်ပေါ်တက်အိပ်နေတတ်လို့ သူ့ကို ချစ်တဲ့သူမရှိဘူးးး။
သများ ပြန်တဲ့ အခေါက်တွေမှာ မောမောရေ မောမောရေ ဆိုရင် အသံမပေးပဲ ဆင်းဆင်းလာပြီးမှ ထမင်းစားတာ။
အရမ်း အိန်ဒရေကြီး တဲ့သူမို့ ချစ်ရတာရယ်။

:chit:

 

 
၂ နှစ်လောက်ပဲ အိမ်မှာ နေလိုက်ရတယ်။
အိမ်နောက်က ခွေးကိုက်လို့ သေသွားတာရယ်။

😥
အဲဒီတုန်းကများ ဒေါသစိတ် ငယ်ထိပ်တက်ပြီး အဲဒီ ခွေးကို အဆိပ်တုံး ပစ်တာလေ။

👿
မအောင်မြင်ဘူးး….
ခု ဓာတ်ပုံတွေ့သလောက်လေးး အလွမ်းပြေတင်လိုက်တယ်။

41 comments

  • Wow

    October 15, 2014 at 9:55 am

    ချစ်စယာကြီးးးး
    နာလဲငယ်တုံးက ကြောင်တစ်ကောင်ရှိတယ်… နာခေါ်ရင် ကြားရာအရပ်ကပြေးလာ၊ အိပ်နေတောင် ညောင် လို့ထထူးတယ်။ သူမကြည်တဲ့လူဆို ခေါ်ရင် ပေစောင်စောင်ကျိပီး မသိသလိုချာကနဲလှည့်သွားရော.. အိမ်မှာက ကြောင်ဆေးပင်တွေပေါတော့ စားပီး သက်တန်းစေ့ကိုနေသွားတယ်…
    ဒါပေမဲ့ ကြောင်လူပျိုကြီး သေတဲ့ထိ.. အာဟိ ကြောင်မတွေ့ရဲ့သားနဲ့ ဘာမှ မဘာတတ်လို့ ဘေးကကျိနေတဲ့သူတွေ အားမလိုအားမရဖြစ်ကျတာ :mrgreen:

    • ကေဇီ

      October 15, 2014 at 11:08 am

      အိမ်က ကြောင်တွေက ကြောင်ရိုသေပင် အရမ်းစားရတယ်။
      နာ့ မယ် ရောက်ရာ အရပ် ခြုံတိုးရတာ။
      အပင်နှုတ်ဖို့ ပြောပါတယ်။
      အတိုးကောင်းလို့ ဖြစ်တဲ့ အလွဲတွေ အများကြီးရယ်။
      :k:

      နိကြောင်ကလည်း အိမ်သာရေရှင်မို့နေမှာ။
      အမ တွေ့လိုက်တာနဲ့ ဘာတတ်တဲ့ ကြောင်တော့ ဒီရွာရောက်မှ တွေ့ဖူးတာပဲ။

      :mrgreen:

      • Wow

        October 15, 2014 at 11:20 am

        ဟို ပိုးမင်းသားကားထဲကလို ဝိဉာဏ်နှုတ်သိုင်းကျင့်ထားတော့ အဖိုဓာတ်ကို ချုပ်တီးထားရတာထင်ပါ့… အိမ်ကကြောင်ကို ပေါဒါ :hee:

      • Wow

        October 15, 2014 at 11:22 am

        ဒါနဲ့ ခြုံတိုးအလွဲများ လုပ်ပါအူး တစ်ဗုတ်လောက် :mrgreen:

  • kyeemite

    October 15, 2014 at 10:28 am

    .ကျုပ်ကတော့တစ်မျိုး…ကြောင်ဆိုကြည့်ကိုမရ ခွေးကိုမှချစ်လို့ရသေးတယ်
    .လူကြောင်ဆို ပိုအမြင်ကပ် :k:
    .

    • ကေဇီ

      October 15, 2014 at 11:09 am

      သများက ခွေး သိပ်မချစ်။
      ကြောင် ကိုပဲချစ်။
      လူကြောင်ကလွဲရင်

      :mrgreenn:

  • Yae Myae Tha Ninn

    October 15, 2014 at 10:57 am

    ကျွန်တော်ဆို ကြောင်ပုံကို ဓာတ်ပုံမရိုက်တာ… ဘာဓာတ်လဲ မသိဘူး… ကျွန်တော်လှလို့ ဆိုပြိး ရိုက်လိုက်ရင် မကြာဘူး.. အဲကြောင်သေတာပဲ… 🙂

    • ကေဇီ

      October 15, 2014 at 11:12 am

      ငင်?
      လူပုံရိုက်လို့ ရလို့ တော်သေးတာပေါ့။

      :k:

  • Yae Myae Tha Ninn

    October 15, 2014 at 11:23 am

    ဟုတ်တယ်… လူပုံရိုက်လဲ သေရင် အေးဆေးပဲ… ဂလဲ့စား လိုက်ချေပစ်မှာ… 😀

  • ဗုံဗုံ

    October 15, 2014 at 11:25 am

    မီးက ​သေး​သေး​လေး​တွေဆို ​သေ​အောင်​​ကြောက်​တာ
    အကြီးကြီး​တွေကို ကိုင်​ရဲတယ်​
    လူဆိုလည်​း အဲ့လိုဘဲ…. 😛 😛

    • ကေဇီ

      October 15, 2014 at 11:31 am

      ငင်??
      မီး ကြောက်တာ တညိုးပဲ နော်!!

      :mrgreenn:

    • အလင်းဆက်

      October 15, 2014 at 1:42 pm

      နာ ဂ ဓေါ့ အကြီးဇားထဲ ပါတယ်ဟ
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      သဘောထားကြီးတာတို့
      တခါတရံ ဒေါသကြီးတာတို့
      တခါတရံ မာနကြီးတာတို့
      ဘာတို့

      :k:

  • pooch

    October 15, 2014 at 12:55 pm

    ကြောင်ထက် ခွေးကို ပိုချစ်တယ် မွေးထားတာကလည်းအယ်လ်ဇေးရှင်းတွေ
    ခုတော့ နောက်ဆုံးမျိုးဆက်တကောင်ပဲကျန်တယ် ချင်းခွေးရှာနေတာ လိုချင်လို့
    ကြောင်မွှေးက ပန်းနာဖြစ်တယ်လေ ငယ်ငယ်က ခဏခဏရင်ကျပ်တတ်လို့ ကြောင်ဆို အဝေးကြီးထဲက ရှောင်တယ်။
    လူကြောင်ဆိုရင်တော့ သူ့ထက်သာအောင် ကိုယ်က ကြောင်ပြလိုက်တာ အဲ့လူ သွက်သွက်ခါရောပဲ :mrgreenn:

    • ကေဇီ

      October 15, 2014 at 1:01 pm

      ဟိ။
      ဒီမရောက်ခင်ထိ သူတို့နဲ့ အတူအိပ် အတူစား တာ ကိုယ်ကတော့ဘာမှ မဖြစ်။

      :mrgreenn:

  • Mr. MarGa

    October 15, 2014 at 1:28 pm

    ကြောင်ချစ်တယ်
    စိတ်ပေါက်လာလို့ လုပ်ချင်ရာလုပ်ရင် ငြိမ်ခံနေတတ်လို့
    ပျင်းရင် ကြောင်တွေကို ပိတ်ပိတ်ကန်နေကျ :mrgreenn:

    • ကေဇီ

      October 15, 2014 at 1:45 pm

      ကြောင်ကုတ်ခံရပါစေ။

      :mrgreenn:

  • manawphyulay

    October 15, 2014 at 1:42 pm

    ဦးကြောင်ကို ချစ်တဲ့သူတွေ များသားနော်…
    ချစ်လွန်းလို့ မွေးတောင်ထားကြသေးတယ်… :mrgreen:

    • ကေဇီ

      October 15, 2014 at 1:46 pm

      ဒီ ရွာက ကြောင်ကြောင့် ကိုလည်း တစ်ခါတစ်ရံ ချစ်တာပါပဲလေ။
      :kwi:

  • အလင်းဆက်

    October 15, 2014 at 1:50 pm

    .ကြားဖူးတာ (ပြီးတော့ ကိုယ်လက်ခံတာ)တခု ဝင်ပြောခဲ့ပါဦးမယ်

    ကြောင်တွေက သူတို့ကိုယ်သူတို့ သခင် လို့ ထင်မှတ်တယ်တဲ့

    ခွေးတွေကတော့ သူတို့ကိုယ်သူတို့ ကျွန်တွေလို့ သတ်မှတ်ပြီး ကျွန်လိုနေတယ်တဲ့။

    အစစ်ပဲ။

    ကျနော် တွေ ့ဖူးသမျှ ကြောင်တွေဟာ ခွေးတွေလောက် အသုံးမဝင်ဘူး။

    ကြောင်တွေကို ကျွန်တော်မချစ်ဘူး။

    ကိုယ်တိုင်က သခင် ဖြစ်ချင်သူမို့ ခွေးတွေကို ချစ်တယ်။

    ကျနော့်အချစ်က အသုံးဝင်မှုကို ကြည့်ပြီး ချစ်တာလားလို့တော့ မသတ်မှတ်ကြေး

    :kwi:

    • ကေဇီ

      October 15, 2014 at 1:53 pm

      နောက်ဆုံး တစ်ကြောင်းက ပိတ်လိုက်လို့ တော့ မပြောတော့ပါဘူးးး
      :kwi:

      သတ္တဝါတွေက သူ့ သဘာဝနဲ့ သူပဲဟာ။
      ချစ်ချင်တဲ့ဟာကို ချစ်
      မချစ်ချင်တဲ့ဟာကို မချစ်ဘူးးးး
      ဘာကြောင့်မှ မဟုတ်ဘူးးး
      :k:

    • မြစပဲရိုး

      October 15, 2014 at 5:42 pm

      ဒီမှာတော့ ကြောင် တွေ မွေးရတာ ဒီလောက် အလုပ်မရှုပ်ဘူး ဆက်ဆက် ရဲ့။
      ကြောင် အတွက် ကြောင် အဝင်အထွက် တံခါး တပ်ထားပေးရုံဘဲ။
      ခွေး မွေးရင်တော့ ကြည့်ရတာ အတော်မချောင်ဘူး။
      သူတို့ ကို အပြင်ခေါ်ပြီး မနက်တစ်ခါ ညနေတစ်ခါ လမ်းလျှောက်ရတယ် တဲ့။
      ဆောင်းတွင်း ချမ်းချမ်း မှာလဲ ခွေး ကျောင်း ထွက်ပေးရသူ တွေ ကို ကြည့်ပြီး အတော်မသက်သာတာလို့ တွေး မိနေတာ။
      အိမ်ပြင်မှာလဲ မထားကြဘူး။ အိမ်ထဲ ထည့်ထားတာ။
      ဒီမှာ ခွေးမွေးတာ အိမ်စောင့်ဖို့ ထက် ချစ်လို့ ကို မွေးကြတာထင်ရဲ့။ :))

      • အလင်းဆက်

        October 15, 2014 at 5:48 pm

        ကြောင်တွေမွေးရင် ကြောင်ချေးနံ့ နံတာ မခံနိုင်ဘူး ။
        ကြောင်ရဲ့ အမွှေးတွေ ကျွတ်ပြီး လူကို ကပ်တာကို မကြိုက်ဘူး ။
        ပြီးတော့… အစးဆို အကောင်းမှ ကြိုက်တတ်တဲ့ ကြောင်တွေကို မချစ်ဘူး ။
        ပြီးတော့… ည ည ကြွက်ခုတ်ရင်… အိုးတွေ ခွက်တွေပေါ် ခုန်တက် ပြေးလွှားလို့..
        ကြောင်တွေကြောင့် အိပ်ရေးပျက်ရတာ မကြိုက်ဘူး ။

        ——–

        ကျနော်တော့ ခွေးဆို..လမ်းဘေးက ခွေးလေးတွေတောင် ချစ်လို့ရတယ်။
        အစာလေးများ ကျွေးရင်..အမြီးလေးနန့်လာတာ ကိုက…. သနားစရာ..
        သူတို့ကို အစာကျွေးဖူးသူဆို…သေချာမှတ်ထားပြီး..
        ကြိုဖို့…ပို့ဖို့… အိမ်စောင့်ပေးဖို့…
        အဲဒါလေးတွေ သိတတ်တာကို ချစ်တယ်။
        သေချာ ကျကျနန မွေးရတဲ့ အလှခွေးတွေကိုတော့…ချစ်ရုံပဲ ချစ်တယ်။ မမွှေးချင် ။

        😆

        • မြစပဲရိုး

          October 15, 2014 at 5:57 pm

          အရီး ငယ်တုန်းက အိမ် နောက်ဘက် မှာ ခွေးလေး တွေ မွေး တာ ငါးကောင် အားလုံး အမဲ ရောင် တွေ ဘဲ။
          ဝဝ လုံးလုံး လေးတွေ။ ချစ်စရာ။
          သူတို့ မွေးပြီး မိုးတွေ ရွာလိုက်တာ။ ချမ်းကျလို့ အော်နေတာ နဲ့ အဲဒီ ဟာလေး တွေ ကို တစ်ကောင်ချင်း သယ်ပြီး မီးဖိုခန်းထဲ ထည့်ထားလိုက်တယ်။
          သူတို့ အမေကြီး ကလဲ ကြည့်ပြီး နေတာ။
          သူတို့ တွေ ကို ကူ မှန်းသိလို့ ထင်ရဲ့။
          နောက်ဆုံး ခွေး အမေကြီး ကိုပါ ခေါ်ထည့်ထားတာ။
          မီးဖိုခန်း ထဲ ခွေး နံ့ နံ နေရော။
          မနက် ကျမှ သူတို့ အတွက် အမိုးအကာလေး ဆောက်ပေးရတယ်။ :))

        • အလင်းဆက်

          October 15, 2014 at 6:07 pm

          ကျနော်တော့ လက်ရှိ အိမ်မှာခွေးတစ်ကောင်…
          အောင်နက် တဲ့..။ မည်းပြီး နက်မှောင်နေတာပဲ.. ။
          ချစ်စရာအရမ်းကောင်းတယ် ။
          အိမ်သားတွေကို မြင်လိုက်တာနဲ့ အမြီးကိုလှုပ်တာ..အားရပါးရ…
          ယမ်းခါနေတာပဲ… ။
          ပြီးတော့.. သူ့ကို အားတာနဲ့ ထိုင်စတာ..
          အိမ်သားတွေ အပြင်သွားရင်လည်း..သူက…တမျှော်တခေါ် လိုက်လာပြီး…ပို့တတ်သေးတာ… ။

          ကျနော်က..သူအပါအဝင် ဘေးအိမ်က ခွေးတွေကိုပါ..ကြုံရင် ကြုံသလို….
          ထမင်းတွေ ဟင်းတွေ နယ်ဖတ်ကျွေးတတ်တယ်။
          သဲထဲ ဖုန်ထဲ ချကျွေးတာ မဟုတ်ဘူး ။
          ကျကျနန ခင်းပြီး…လူကိုကျွေးသလို ကျွေးတာ.. ။
          သူတို့က..ဆာရင်… ဆာတဲ့အကြောင်း ပြောလို့ မရပဲ…လူတွေစားတာလေးကို ထိုင်မျှော်နေရင်…
          ကျနော့်မှာ… နေမထိထိုင်မသာ…
          သူတို့ကို ချကျွေးနေရချိန်ဆို…အလှူကြီးပေးနေရတာမျိုး…. ပီတဖြစ်တယ်.. ။

          ——

          ငယ်ငယ်က..ခွေးတွေကို ကြောက်တယ်.. ။
          ကိုက်မျာကြောက်တာ..။
          ဒါကြောင့်..ခွေးမြင်တာနဲ့..ခဲနဲ့ပေါက်…ထွက်ပြေး..
          တခါသားတော့… ဘက်ထရီအိုးညှပ်တဲ့ သံကလစ်ကြိီးနဲ့…ခွေးတကောင်ရဲ့ နားရွက်ကို ညှ့ပ်ထည့်လိုက်ဖူးတယ်။
          ငယ်ငယ်ကပါ… ။
          အဲဒါကို အမေသိတော့.. ခွေးကို နားရွက်အသားပဲ့အောင် လုပ်ရပါ့မလားဆိုပြီး…
          အိမ်ရှေ့သစ်ပင်မှာ ကြိုးနဲ့ တုတ်ပြီး နေပူထဲ ဒဏ်ပေးခံရဖူးတယ်။

          အခုတော့..ခွေးလေးတွေက်ို…ချစ်သွားတယ် ။

          😆

        • ကေဇီ

          October 15, 2014 at 6:15 pm

          ဟင့်။
          မမဂျီးက ခွေး ကိုက် ခံ ရတာ ၂ ခါ။
          ခွေးကို သိပ်ကြောက်သွားတာ။ အကိုက်ခံရမှာကို ကြောက်တာမျိုးး
          မချစ်တော့တာ။
          ကိုယ့်နိုင်ငံမှာ လမ်းလျှောက်ရတာကို တခြားမကြောက်ဘူးးး
          အဲဒီ ခွေးကို ကြောက်တယ်။

          :a:

      • ကေဇီ

        October 15, 2014 at 6:03 pm

        အဟုတ်ပဲ။
        ဒီမှာက ကြောင်မွေးရလွယ်တယ်။
        လည်ပတ်ပတ်ပေးလိုက်ရုံပဲ။
        ဟိ။
        ခွေးလေခွေးလွင့်မရှိတော့ သွားချင်ရာသွား အကြမ်းပတမ်းးး မွေးလို့ရ။
        ခွေးမွေးတာက ခွေးကျောင်းထွက်အခန့်မသင့်လို့ အင်အင်းပါပြီး မကျုံးနိုင်ရင် ဒဏ်ရိုက်တယ်။

        :k:

  • မြစပဲရိုး

    October 15, 2014 at 5:37 pm

    အရီး မှာလဲ ကြောင် တွေ ရှိပါ့။
    မူလ လက်ဟောင်း ကြောင်သား လေး နှစ်ကောင် က အထီး ချည်းဘဲ။
    အဝါရောင် နဲ့ မီးခိုး ရောင်။
    အဝါရောင် က ထုံးစံအတိုင်း ရွှေဝါ ဖြစ်ရော။
    အရီးအချစ်တော် ပေါ့။
    ဝဝတုတ်တုတ် မျက်နှာပြဲ လေး။
    နောက် ဒင်းက ကြီးလာတော့ ကြောင်စုံး ဖြစ် နေပါရော။
    အိမ်မှာ မွေးလာတဲ့ ကြောင်ပေါက်လေး တွေ ကို ကိုက်လိုက်တာ။ သေကုန်တာ။
    မပြောချင်တော့ဘူး။
    နောက်တော့ စပ်စုမလေး ဆိုတဲ့ အဖြူ အဝါအမဲ ကြား ကြောင်မလေး ကို ချစ်လို့ မဝသေး။
    ပျောက်သွားပါရော။
    စိတ်မကောင်းဖြစ်လိုက်ရတာ။
    အဲဒီနောက်ပိုင်း ဘာကြောင် မှ မမွေးတော့ဘူး။

    • ကေဇီ

      October 15, 2014 at 6:05 pm

      အဲဒါပဲ အရီးရေ…..
      ခွဲခွါခြင်းဝေဒနာတွေ
      သေကွဲ ရှင်ကွဲတွေ မခံစားနိုင်လို့ အပိုသံယောဇဉ်တွေ ဖြတ်ထားရတာ။

      အမှန်က သူက ခွေးချစ် ကိုယ်က ကြောင်ချစ်မို့ ဘာမှ မမွေးတာကောင်းတယ် ဆိုပြီးးးးး

      :kwi:

  • weiwei

    October 15, 2014 at 9:49 pm

    ခွေးဖြစ်ဖြစ် ကြောင်ဖြစ်ဖြစ် ဘာအကောင်ပဲဖြစ်ဖြစ် အကုန်ချစ်တယ် ..
    ငယ်ငယ်တုန်းကတော့ ကြောင်ကို ပိုချစ်တယ် ..
    အခုတော့ ခွေးကို ပိုချစ်တယ် ..
    အခုလောလောဆယ်မှာတော့ ကြောင်မမွေးထားဘူး .. ခွေးသားလေးတစ်ကောင်ပဲရှိတယ် …

    • ကေဇီ

      October 16, 2014 at 11:14 am

      အဲ့ ခွေး သားသား လေး ဓာတ်ပုံ ကြည့်ချင်တာ။
      ဟိ
      :mrgreenn:

  • ဆုမြတ်မိုး

    October 16, 2014 at 7:41 am

    ချစ်စရာကြီးးးး ကြောင်တစ်ကောင်လောက်မွေးချင်တာ ကိုယ်တောင်နေစရာမရှိလို့သူများအိမ်ကပ်နေရတဲ့ဘဝမှာ သူတပါးကိုဒုက္ခမပေးနဲ့လို့အိမ်ကမှာထားလို့ မနည်းစိတ်လျော့ထားရတာ..:P

    • ကေဇီ

      October 16, 2014 at 11:13 am

      အိမ် ပိုင် ဆိုရင်လည်း ကိုယ့် အိမ် အလှပျက်မှာနဲ့ မမွေးဖြစ်ပါဘူးလေ။
      ဟိဟိ

      :k:

  • ဦးကြောင်ကြီး

    October 16, 2014 at 11:27 am

    တချိန်က
    နှိမ်ကြ
    စိန်မြ
    လိမ်ပြ
    တိမ်ထ
    ဇိမ်ပွ
    ကျိမ်ရ
    မြိန်စွ..

  • ဦးကျောက်ခဲ

    October 16, 2014 at 12:00 pm

    ကျောက်စ်လည်း ကြောင် အားဂျီးခြစ်တာ… ခွိ
    ညစ်ပတ် အနံ့ထွက်နေမှာစိုးလို့ ရေချိုးပေးတယ်…
    စတိုင်ကျအောင်လို့ နှုတ်ခမ်းမွှေးတွေ ညှပ်ပေးတယ်…
    အပြင်ထွက်ရင် ခြေဖဝါးတွေနာမှာစိုးလို့ ခြေအိပ်စွပ်ပေးတယ်…
    မေတ္တာက အသွားအပြန်မရှိပါဘူး … ကြောင်တွေက ကျောက်စ်မြင်ရင် ပြေးရော…
    :k:

    • ကေဇီ

      October 16, 2014 at 1:10 pm

      ဟယ်။
      လူဇိုးကြီးးး
      နာ့ ကြောင်တွေ သူလာရင် ဖွက်ထားမှ

      :k:

  • မွသဲ ( 17082011 )

    October 16, 2014 at 3:17 pm

    ယောက်ခမွလဲကြောင်ဆို တုန်နေအောင်ချစ်တာ ခုတော့ တိုက်ခန်းနဲ့မို့ မွေးမြတော့ဘူး :mrgreen: တခါတည်း ၁၃ ကောင်ထိမွေးဖူးတယ်။ ပြောရင်းလွမ်းတာ

    • ကေဇီ

      October 16, 2014 at 3:25 pm

      ဟုတ်တယ်။
      သွင်ပြင်က သူတို့က ချစ် ဖို့ပိုကောင်းလို့။
      အိမ်မှာ ၁၆ ကောင်ထိပွါးဖူးတယ်။
      ခြေချစရာနေရာမရှိဘူးးး
      အဲဒီအကောင်တွေ ပြတ်မှ မောမောတို့မွေးတော့ ပိုချစ်ရတာ။

      :chit:

  • Kaung Kin Pyar

    October 17, 2014 at 2:56 pm

    အပျိုကြီးတော်တော်များများ ကြောင်ချစ်ကြတယ်..တဲ့…။ ကြားဖူးတာပဲ…။ (ရန်စ ထှာ)
    :k:
    အာ့ကြောင့် ကောင်းကင်ပြာတော့…ခွေးတွေကိုကြောင်ထက် ပိုချစ်တယ်…။
    ဒါပေမယ့်…ဟိုတစ်လောက အိမ်မှာ ဘယ်ကမှန်းမသိတဲ့ကြောင်တစ်ကောင် ရောက်လာပြီး ပွတ်သီးပွတ်သပ်လုပ်တော့လဲ..ဟိုဟိုဒီဒီချကျွေးနဲ့..သူ့စားအိမ်သောက်အိမ်ဖြစ်သွားတော့တာပဲ….
    သူကလေးမွေးတော့..အိမ်မှာရယ်…
    တခြားကြောင်တွေများ သိုသိုသိပ်သိပ်…၊ သူကတော့ မွေးခါနီး လူလိုက်ရှာလို့ သူ့နားနေပြီး သူ့လက်ကို ကိုင်ပေးရသေး…
    မွေးတော့ မတန်ဘူး..တစ်ကောင်ထဲ..
    နာမည်ပေးထားတာ…သူ့ကို…အာပေတူးတဲ့..
    ဟိုတစ်နေ့ကပဲ…လူကြီးချင်း အရင်..စကားပြောမယ်ဆိုပြီး…သားရှင်ဘက်က လာပြောနေတယ်…
    သူရို့ကြောင်ကဖြင့်..မိုးမိထားတဲ့ ကြွက်စုတ်ဒီဇိုင်းမို့ ငြင်းပစ်ရသေးးးး

    • မမချွိ

      October 19, 2014 at 4:27 pm

      “”ဟိုတစ်နေ့ကပဲ…လူကြီးချင်း အရင်..စကားပြောမယ်ဆိုပြီး…သားရှင်ဘက်က လာပြောနေတယ်…
      သူရို့ကြောင်ကဖြင့်..မိုးမိထားတဲ့ ကြွက်စုတ်ဒီဇိုင်းမို့ ငြင်းပစ်ရသေးးးး””

      Haaaaahaaaaahaaaaaa…!
      :mrgreen:

  • တောင်ပေါ်သား

    October 17, 2014 at 4:56 pm

    ငယ်ငယ်က ကြောင်မွေးဘူးတယ် ၊ မီမီ တဲ့ ၊
    ဘယ်ကကောင်နဲ့ ဖြစ်လာတယ်မသိ ၊ မွေးရော ၊
    နှစ်ကောင် ၊ သူက ငယ်သေးလို့လားမသိ ၊ ကလေးမထိန်း ၊
    ကျနော်တို့ အလုပ်ရှုပ် ၊ သူက သူ့ဟာမဟုတ်သလို ၊
    တစ်လလောက်မှာ ကားတိုက်သေတော့ ကျနော်က ကျောင်း နဲ့ ကြောင်ကြား ဗျာများ ၊
    အဖြူလေးက သက်ဆိုးမရှည် ၊
    မဲတူ လို့ခေါ်တဲ့ ကောင်လေးက ၁ဝ နှစ်နီးနီးနေသွားတာ ၊ သူသေတော့ အမေ့မှာ ငိုမဆုံး ၊
    အမေ့ကုတင်ကို ဦးတိုက်ပြီး သေရှာတာကိုး ၊ နောက်တော့ ခွေးတစ်ကောင် မွေးတယ် ၊ မက်ဒေါနား တဲ့ ၊
    ဗမာခွေးပေမယ့် လိမ္မာသိတတ်ချက်က ကမ်းကုန် ၊ သ / မဆိုင် ဆန်သွားထုတ်ရင် စာအုပ်ကိုကိုက်ပြီး သူက ရှေ့က ၊
    မီးသွေးဝယ်ရင် မီးသွေးအိတ်ကိုက်ပြီး အိမ်ပြန်တာ ၊ ဗိုင်းကောင်းကျောက်ဖိလေး ၊ 🙂
    အသက်ကြီးမှ အိမ်ထောင်ပြုရှာတာ ၊ အဲသမှာ ကလေးတွေမထိန်းတတ် ၊ ကလေးတွေ အကုန်သေပြီးတော့ သူလည်း
    ရင်ကွဲနာထင်ပါရဲ့ ၊ သေရှာရော ၊ အဲ့နောက်ပိုင်း ဘာမှမမွေးတော့ဘူး ၊

    • မမချွိ

      October 17, 2014 at 6:47 pm

      ခါတလေများ ကိုယ် က တစ်နေရာ ပြောင်းရလို့ ကြောင်လေးတွေ သယ်လို့ မရလို ထားခဲ့ရပြီများဆို
      ဒီ လို ဖြေရတယ်။
      ဪ သေကွဲထက်စာရင် ရှင်ကွဲခွဲရတာ တော်ပါသေးလားလို့။
      ချစ်တဲ့ သူ အချင်းချင်းမှာလည်း ရှင်ကွဲက အများကြီးတော်ပါသေးတယ် အကိုကြီးရယ်။
      အနည်းဆုံး ဒီ လောက တစ်နေရာ မှာ သူ အသက်ရှင်ရက် ရှိနေတယ် ဆိုတဲ့ အသိ နဲ့ နေလို့ ရတာပေါ့။
      :a:

Leave a Reply