ရ ရက် သားသမီးဗေဒင် – ဦးအောင်ပိုင် (နယူးယောက်)

kaiSeptember 14, 20141min68139

ရ ရက် သားသမီးဗေဒင်
၂၀၁၄ ခုနှစ် ၊ စက်တင်ဘာလ ၂ဝ ရက်မှ အောက်တိုဘာလ ၂ဝ အတွင်း

Untitled-1၁။ တနင်္ဂနွေနေ့ဖွား
အလုပ်တိုးချဲ့ရန်မသင့်သော လ ဖြစ်သည်။  အလုပ်မကောင်းသည့်ကြားမှ ငွေထွက်ကိန်း အလွန်များနေမည် ။
ချစ်သူနှင့် သဘောမတိုက်ဆိုင်ပါ။
မိတ်ဆွေကောင်း ရှိသော်လည်း အကူအညီမရနိုင်ပါ။
လင်ယောကျာ်းအတွက် အကျိုးထူးရရှိမည်။
သားသမီးသောက ရှိနေသည်။

ယတြာ။ မြတ်စွာဘုရားထံ ဇီးသီးကပ်လှူ၍ ဆုတောင်းပါ။
—–
၂။ တနလာင်္နေ့ဖွား
အလုပ်၌ ရန်ပေါ်ခြင်းကို သတိထားပါ။
နေအိမ်အတွက် သောက ရှိနေမည်။
ငွေကြေး ရှာဖွေ၌ ရလွယ်မည်။
အချစ်ရေး သာယာမည်။
ဇနီးကျန်းမာရေး  သတိထားပါ။
လင်ယောကျာ်းကြောင့် အကျိုးထူးခံစားရမည်။
သားသမီးကျန်းမာရေး သတိထားပါ။

ယတြာ။ ဘုရား၌ နာနတ်သီး ၆ စိပ် လှူပါ။
—–

၃။ အင်္ဂ ါနေ့ဖွား
ရွှေဝင်မည်။  သားသမီးအတွက် စိတ်ချမ်းသာမည်။
အလုပ်ကိစ္စအတွက် သောကများနေမည်။
ပညာရေး ကိစ္စများ ရလဒ်မကောင်းပါ။
မိန်းမယူရန်ကိစ္စအတွက် နှစ်ကြိမ်(သို့မဟုတ်)နှစ်မျိုး  ပြဿနာတွေ့မည်။
လက်စွပ် ဝင်မည်။

ယတြာ။ ရေလှူပါ ။ ရေဒါနပြုပါ ။
——

၄။ ဗုဒ္ဓဟူးနေ့ဖွား
သားသမီးအတွက် ဝမ်းသာရမည်။ အလှူပေးရကိန်း ရှိသည်။ အောင်မြင်မည်။
ကောင်းသောခရီး၊ မြတ်သောခရီး သွားရကိန်းကြုံမည်။
အလုပ်အတွက် အိမ်အတွက် အထူးစိတ်ညစ်ရမည်။
ပညာရေး အားနည်းသောလ ဖြစ်သည်။
လင်ယောကျာ်းနှင့် ပြဿနာဖြစ်၍ လင်ဆင်းသွားတတ်သည်။
မိန်းမအကျိုး ခံစားရမည်။

ယတြာ။ ဘုရား၌ သရက်သိးစိမ်း ကပ်လှူဆုတောင်းပါ။
——

၅။ ကြာသပတေးနေ့ဖွား
ဇနီးသည်ကြောင့် စိတ်ချမ်းသာရမည်။
ခရီးထွက်ရကိန်း ရှိသည်။
အကျိုးရှိသော ခရီးဖြစ်သည်။
မြေထွက်ကိန်း ရှိသည်။
လင်ယောကျာ်းကျန်းမာရေး ညံ့မည်။ ရွှေလက်ကောက် ဝင်မည်။

ယတြာ။ မွေးနေ့တွင် ရေသက်စေ့ ကပ်လှူ၍ ရေဒါနပြုပေးပါ။
——

၆။ သောကြာနေ့ဖွား
ရွှေလက်ပတ်နာရီ ဝင်မည်။
သားသမီး အကျိုးပြုမည်။ လင်ယောကျာ်းကြောင့် အကျိုးထူးရရှိနေသော်လည်း ပြဿနာဖြစ်နေမည်။
လာဘ်ရသောခရီးထွက်မည်။
ဇနီးကြောင့် လာဘ်ဝင်ကိန်း ကြုံမည် ။

ယတြာ။  ဘုရား၌ ဇီးသီးကပ်လှူ၍ ဖိနပ်ဟောင်းများစွန့်ပစ်ပါ။
——

၇။ စနေနေ့ဖွား
ငွေအထွက်များသောလ ဖြစ်သည်။
အကျိုးရှိသောလင် ဖြစ်သော်လည်း စိတ်တိုင်းမကျ ပြဿနာဖြစ်မေည်။ အလုပ် ပုံမှန်ပင် အကျိုးမရှိသော်လည်း မစွန့်ခွါနိုင်ဖြစ်မည်။
မိမိကျန်းမာရေးကို ဂရုစိုက်ပါ။ တရှောင်ရှောင် ဖြစ်နေတတ်သည်။
ဇနီးမယားက အကျိုးရှိသောကိစ္စ နှစ်ကြိမ်၊နှစ်မျိုး ပြုပေးလိမ့်မည်။

ယတြာ။ သစ္စာပန်း ဘုရား၌လှူ၍ လိုရာဆု တောင်းပါ။
——

ဆရာ ဦးအောင်ပိုင်
(နယူးယော့)

————————————————————————–

ဗေဒင်သုတ
ဘေးရန်ကင်းဝေး အဆောင်ဓါတ်ယတြာ

မိမိ၌ အပြစ်တစုံတရာမရှိဘဲ ပုလိပ်(Police)က အမှုရှာ ၊ အမှုဆင်ဖမ်းဆီးခြင်း ၊ Ticket ပေးခံရခြင်းမှ လွတ်ကင်းချမ်းသာစေသော ယတြာဖြစ်သည်။
မိမိ၌ အပြစ် အမှန် မရှိသူဖြစ်ရပါမည်။ အပြစ်ရှိသူဖြစ်လျှင် မလွတ်ပါ။
ဤ ယတြာဓါတ်သည် မည်သူမဆို နိုင်ငံမရွေး လုပ်ဆောင်နိုင်ပါသည်။
ပြုလုပ်ရန် နည်းမှာ အလွန်လွယ်ကူသဖြင့်  မိတ်ဆွေများကိုလည်း လက်ဆင့်ကမ်းပေးလိုက်ပါ။

ပြုလုပ်နည်း။ ။ ပုလင်းသေးသေး တစ်လုံး လိအပ်ပါသည်။ ရေမွှေးပုလင်းကဲ့သို့ ပုလင်းလွတ်တလုံးကို စက္ကူနှင့် ထုပ်၍ ကားအတွင်း၌ ဆောင်ထား၊ဆွဲထားရန်ဖြစ်ပါသည်။

မိမိမွေးနေ့ နံနက် ၉ နာရီခွဲအချိန်တွင် စတင်၍ အဆောင်ပြုထားပါ။ အမြိတ္တစုတ် ရက်ရာဇာကြုံသော ရက်ကောင်းဖြစ်လျှင် ပို၍ စွမ်းပါသည်။
(မိမိဘက်က အပြစ်ရှိ၍ အဖမ်းခံရလျှင် အသစ်ပုလင်းဖြင့် လဲလှယ်လိုက်ပါ။)

ကံကောင်းကြပါစေ။

ဆရာ ဦးအောင်ပိုင်
(နယူးယော့)

 

မှတ်ချက်။  ။ အောက်တိုဘာလထုတ် မြန်မာ့ဂဇက်တွင်ပုံနှိပ်ဖေါ်ပြထားသည်။

39 comments

  • ဇီဇီ ခင်ဇော် (15102012)

    September 14, 2014 at 4:29 pm

    ရွှေဝင်မည် – မှန် ( ငွေထွက်ပြီးမှ ဝင်တယ်။ ငင့်)
    သားသမီးအတွက် စိတ်ချမ်းသာမည်။- မှန် (ခိခိ)
    အလုပ်ကိစ္စအတွက် သောကများနေမည် – မှန်သေးတယ်။
    ပညာရေး ကိစ္စများ ရလဒ်မကောင်းပါ။ – ဘာကျောင်းမှ မတက်ထားတော့ မပူ
    မိန်းမယူရန်ကိစ္စအတွက် နှစ်ကြိမ်(သို့မဟုတ်)နှစ်မျိုး ပြဿနာတွေ့မည်။ – ငင်။ သများ ပတနာများနေတာ ဒါကြောင့်မြန်းလားးး :mrgreenn:
    လက်စွပ် ဝင်မည်။- မှန်တာပဲ။ ငိငိ။

    :k:

    • Ko chogyi

      September 16, 2014 at 2:55 am

      အော်ဒီကလေးမ မွေးလတင်တူတာမဟုတ်
      မွေးတဲ့နေ့ပါလာတူနေသေး
      အစားပုတ်တာတော့မတူ
      ဒို့ကအစားမပုတ်
      .
      .
      .
      .
      .
      .
      .
      .
      .
      အကြိုက်တွေ့မှ စိတ်ကြိုက်ဆွဲတာ

      • ဇီဇီ ခင်ဇော် (15102012)

        September 16, 2014 at 8:18 am

        သများလည်း အစားမပုတ်ပါဘူးးး
        နာမည်ဖျက်တာ။

        အများကြီး နဲ့ ခန ခန စားတာလေးဟာကို..

        :a:

  • Iris

    September 14, 2014 at 5:00 pm

    ဘုရားမှာ သရက်​သီးစိမ်​းကပ်​လှူဆု​တောင်​းပါဆို​တော့။ ဒီအတိုင်​းကြီးလားဟင်​။ ငံပြာရည်​.ငရုပ်​သီးမှုန်​့ ပုစွန်​​ခြောက်​မှုန်​့နဲ့နယ်​ပြီးကပ်​ရ​ကောင်​းမလား။
    ယတယာ အညွန်​းကမိုက်​မှမိုက်​… မိမိ၌ အပြစ် အမှန် မရှိသူဖြစ်ရပါမည်။ အပြစ်ရှိသူဖြစ်လျှင် မလွတ်ပါ။
    တကယ်​​တော့..
    အပစ်​ရှိလည်​း ငိုပြနိုင်​လျှင်​လွတ်​ပါသည်​။ မင်​​သေ​သေနဲ့ဘာမှမသိတဲ့ပုံစံဖမ်​း။ ရုံးမှာအမြဲခံရ​ပေါင်​းများပြီး ကိုယ်​ကပဲလူဆိုးဖြစ်​​နေတယ်​။

  • Crystalline

    September 14, 2014 at 5:19 pm

    အလုပ်မကောင်းတဲ့ကြားက ငွေထွက်ကိန်းများနေမတဲ့ … အဟွန့်.. ပိုက်ဆံတောင်းတဲ့ဖုန်းလာတာ ၃မိနစ်တောင်မရှိသေး …
    အခု ဇီးသီးဝယ်ခိုင်းပြန်ဘီ.. :((

    • ဦးကြောင်ကြီး

      September 15, 2014 at 9:05 am

      ခွစ်လေးကိုစာခြင်တဲ

  • JackSkellington

    September 14, 2014 at 5:47 pm

    အလုပ်၌ ရန်ပေါ်ခြင်းကို သတိထားပါ။
    အလုပ်မှာက စဝင်ကထဲက လူတကာနဲ့ ရန်ပတ်ဖြစ်ထားတာ ဆိုတော့ ဒီလောက်နဲ့တော့ မမုှသေးဘူး။

    နေအိမ်အတွက် သောက ရှိနေမည်။
    ဒါလဲ မှားတာပဲ။

    ငွေကြေး ရှာဖွေ၌ ရလွယ်မည်။
    ပုံမှန်ဝင်တဲ့ လစာ ပဲ ရှိတာပါဗျာ း(

    အချစ်ရေး သာယာမည်။
    မနက်ကတင် ရန်ဖြစ်ရမလိုလို ဖြစ်လိုက်သေး။

    ဇနီးကျန်းမာရေး သတိထားပါ။
    မိန်းမ မယူရသေးတော့ ဒါတော့ မသိ။

    လင်ယောကျာ်းကြောင့် အကျိုးထူးခံစားရမည်။
    သားသမီးကျန်းမာရေး သတိထားပါ။
    ဒီ၂ချက်လဲ မဆိုင်ဘူး။ 😛

  • kai

    September 14, 2014 at 5:58 pm

    ဟေ့..
    မဖြစ်ဖူးလား.. ==== ဖြစ်မှာ..
    ဖြစ်ပြီးပြီးလား… == မပြောလား..။

    ယတြာ…
    အိမ်ရှေ့ ဆီးပင်…
    မရှိရင်.. စိုက်ပါ။
    စိုက်ထားရင်.. နှုတ်ပါ။ :k:

  • ခင် ခ

    September 14, 2014 at 7:04 pm

    တစ်လတစ်ခါ တင်ပေးမှာလားဟင်

  • surmi

    September 14, 2014 at 7:52 pm

    သဂျီးခင်ဗျ
    တားရော့ ဗေဒင်လေးများရော တင်ပေးရမလားခင်ဗျ 🙂

    .
    .
    .
    .
    နောက်တာ
    မဟုတ် အတည် :mrgreen:

    • မြစာကလေး (23122011)

      September 14, 2014 at 7:57 pm

      တင်ပါ ကဆာမိ
      သများ အရင် ကာဒ် ဆွဲ ပေးရမား။ 😉

      • surmi

        September 14, 2014 at 8:14 pm

        ဆာမိ နောက်ထပ် အလုပ်တစ်ခုထပ်ရတော့မယ်ထင်တယ် ဟဲဟဲ

        ခက်တာက ကျနော်တို့က ကဒ်တွေ ကွန်မန့်ထဲထည့်မရ 🙁

  • ဝင့်ပြုံးမြင့်

    September 15, 2014 at 1:41 am

    သဂျီး ဦးနှောက်ပျက်နေသည်။

    • kai

      September 15, 2014 at 4:50 am

      ပထမအချက်။ ။
      အခုတင်ထားတဲ့ ဗေဒင်တွေက.. စက်တင်ဘာ ၂ဝကနေ.. အောက်တိုဘာ၂ဝအတွင်းသာပါနော..။။
      သတင်းစာထဲပုံနှိပ်ဖေါ်ပြနေတာ.. နှစ်ပေါက်နေပြီ..။ လူတွေကမှန်တယ်ပြောတာပဲ..။ :k:

      ဒုတိယအချက်။ ။
      ဗေဒင်ဆိုတာ.. နက္ခတ်ဆိုတာ..လက္ခဏာဆိုတာ ဖြစ်ပြီးတာတွေကနေ.. အခြေခံယူတွက်ချက်.. ဖြစ်လတ္တံပြောဟောရသမို့.. ပညာရပ်တခုသာရယ်ပါ..။
      ပညာရပ်တို့တွင်.. အပြစ်မရှိစကောင်း..
      ပညာရှင်(ဆိုသူ) များတွင်သာ…..။ :i:

      • alinsett

        September 15, 2014 at 6:30 am

        ရွှေရောင် လက်ပတ်နာရီဝင် ရင် ဝင်
        မဝင်ရင် သဂျီး ပို့ပေးမားးးး

        ခရီးကောင်းလေး ထွက်ရရင်ရ
        မထွက်ရရင်
        သဂျီး
        us ကို အလည်ဖြစ်ဖြစ် အလုပ်အကိုင်နဲ့ဖြစ်ဖြစ် ခေါ်မားးး

        :mrgreen:

  • မွသဲ ( 17082011 )

    September 15, 2014 at 6:51 am

    ဟင့်တူ့ဟာကမကောငါးတာခပ်များများ အာ့ဆိုမှန်ဘူး :mrgreen:

  • alinsett

    September 15, 2014 at 9:39 am

    သဂျီး
    ဗေဒင်သုတမှာ ပုလင်းတစ်လုံး လိအပ်သည် ဖြစ်နေတယ်။
    _ ု လေး ကျန်ခဲ့တယ်

    ဆောတီးဆောတီး

    :mrgreen:

    • kai

      September 15, 2014 at 12:12 pm

      နောက်ဆိုသတ်ပုံတွေမှားရင်.. ကိုရင့်တာဝန်… :k:

  • Novy

    September 15, 2014 at 12:05 pm

    အမလေးတော် …
    ယောက်ျားပဲပြေးချော့ရမလား သရက်သီးစိမ်းပဲပြေးဝယ်ရတော့မလား

    မိန်းမအကျိုးခံစားရမယ်ဆိုတော့ ယောက်ျားကို ကွာပြီး မိန်းမတစ်ယောက်ပြေးယူအုံးမှ

  • Yae Myae Tha Ninn

    September 15, 2014 at 12:10 pm

    ၁။ တနင်္ဂနွေနေ့ဖွား
    အလုပ်တိုးချဲ့ရန်မသင့်သော လ ဖြစ်သည်။ အလုပ်မကောင်းသည့်ကြားမှ ငွေထွက်ကိန်း အလွန်များနေမည် ။

    တဂျီးဘယ်လို လုပ်ရင် ကောင်းမလဲ… 😛

    • kai

      September 15, 2014 at 12:49 pm

      ယတြာချေလေ…။ ချေစရာမရှိရင်.. စက္ကူကိုချေ…။

      • Yae Myae Tha Ninn

        September 15, 2014 at 1:43 pm

        ဟုတ်တဂျီး.. အဓိကကတော့ ချေမပြီးဖို့ဘဲ… 😛

  • pooch

    September 15, 2014 at 1:01 pm

    သစ္စာပန်းကခုရာသီတော့ ဝယ်လို့ရနေသေးတယ်
    ဆုတောင်းဆိုတော့ တောင်းရင် ပြည့်မှာကျနေတာပဲ ;'(

    • kai

      September 15, 2014 at 1:27 pm

      ဆုတောင်းပါလို့လားတော့မသိ.. သတင်းစာယူပြီး.. လှန်ရင်.. ခရစ်ယန်ရော..မွတ်စလင်ရော.. အဲဒီစာမျက်နှာက.. အရင်..။
      သူတို့မို့.. မယုံဖူးမှတ်နေတာ…။
      အံ့ဖွယ်သုတ..။ :k:

  • မြေထွက်မယ် တဲ့ ထွက်စရာမြေမ ရှိ အေးေ ဆး

    ရေ သက် စေ့ လှူ ပါ တယ် ဘယ်သူ့ ကို ရေ သက်စေ့ တိုက်ရင်ကောင်းမလဲ မသိ ဘူး

    • kai

      September 15, 2014 at 4:07 pm

      ဟိုအရေဆိုရင်တော့.. သက်စေ့ခွက်ချရမယ်ဆို.. လူ.. တော်တော်များများရှိမယ်ထင်..။ :k:

  • kyeemite

    September 15, 2014 at 1:58 pm

    .၆။ သောကြာနေ့ဖွား
    ရွှေလက်ပတ်နာရီ ဝင်မည်။
    သားသမီး အကျိုးပြုမည်။ လင်ယောကျာ်းကြောင့် အကျိုးထူးရရှိနေသော်လည်း ပြဿနာဖြစ်နေမည်။
    လာဘ်ရသောခရီးထွက်မည်။
    ဇနီးကြောင့် လာဘ်ဝင်ကိန်း ကြုံမည် ။

    ယတြာ။ ဘုရား၌ ဇီးသီးကပ်လှူ၍ ဖိနပ်ဟောင်းများစွန့်ပစ်ပါ။
    ——အင်း..စက်တင်ဘာ ၁၅ ပဲရှိသေး နာရီကြိုဝင်သဗျ…ရွှေနာရီတော့မဟုတ်…SWISS နာရီစစ်စစ်
    (ညီတော်မောင် SWISS ကပြန်ရောက်လို့လက်ဆောင်ဝယ်လာတာ.ခိခိ) :i:
    ကျန်တာတွေတော့စောင့်ကျိပါအုံးမည်။ :k:

  • Myo Thant

    September 15, 2014 at 2:16 pm

    ( ၁။ တနင်္ဂနွေနေ့ဖွား
    အလုပ်တိုးချဲ့ရန်မသင့်သော လ ဖြစ်သည်။ အလုပ်မကောင်းသည့်ကြားမှ ငွေထွက်ကိန်း အလွန်များနေမည် ။
    ချစ်သူနှင့် သဘောမတိုက်ဆိုင်ပါ။
    မိတ်ဆွေကောင်း ရှိသော်လည်း အကူအညီမရနိုင်ပါ။
    လင်ယောကျာ်းအတွက် အကျိုးထူးရရှိမည်။
    သားသမီးသောက ရှိနေသည်။

    ယတြာ။ မြတ်စွာဘုရားထံ ဇီးသီးကပ်လှူ၍ ဆုတောင်းပါ။ )

    ရှိတဲ့အလုပ်လေး မပြုတ်အောင် ငြိမ်ငြိမ်နေ နေပါတယ် ၊
    ငွေထွက်များတာကတော့ မပြောနဲ့တော့ဗျာ ၊
    ချစ်သူမရှိတော့ မတိုက်ဆိုင်စရာမရှိ ၊
    အကူအညီမရဘူးဆိုတာကြီးကတော့ ဆိုးသဗျာ ၊
    ယောင်္ကျား အဲ အဲလေ မိန်းမ မရှိတော့ အကျိုးထူး မရပြန်ဘူးပေါ့နော် ၊ ဆိုးပြန်ပြီ
    သားသမီးသောက တဲ့ ၊ ဘုရား ဘုရား
    မကောင်းတာတွေ များလှချည်လာ း ၊
    ရုံးအပြန် လှည်းတန်းဈေးမှာ ဇီးသီးရှာဦးမှပါ ၊
    အိမ်က ဘုရား ကျနော့်ကို မှတ်မိပါစေ ၊ 🙂

    • Myo Thant

      September 15, 2014 at 4:02 pm

      ဪ ဂလိုလား

      ကျေး ကျေး ကိုပေါက်

      စွန်ပလွန် မရရင်တော့ အလွယ်က စပါယ်ပါပဲလေ ၊ 🙂

      • kai

        September 15, 2014 at 4:05 pm

        အသိမမှားရင်.. အသီးဖြစ်ရမှာဗျ..။

        • Myo Thant

          September 15, 2014 at 4:14 pm

          အဲ အသီးပဲ တဲ့

          ကဲ ကဲ ဇီးသီးပဲ ရအောင် ရှာမဗျာ ၊ 🙂

  • Mr. MarGa

    September 15, 2014 at 6:54 pm

    အကျိုးရှိသောလင် ဖြစ်သော်လည်း စိတ်တိုင်းမကျ ပြဿနာဖြစ်မေည်။

    ငင်… ဘယ်လင်က အကျိုးရှိတာတုန်းးးး

    ငွေအထွက်များသောလ ဖြစ်သည်။

    ထွက်မှာပေါ့ လတိုင်းထွက်နေတာ (သုံးတာကတစ်မျိုး ဖြုန်းတာကတစ်ဖုံ)

    မိမိကျန်းမာရေးကို ဂရုစိုက်ပါ။ တရှောင်ရှောင် ဖြစ်နေတတ်သည်။

    အင်းး ခုထိ ကောင်းကောင်းမမာသေး

  • ဦးဦးပါလေရာ

    September 16, 2014 at 6:16 am

    .ဗေဒင်ကိုတော့ ယုံပါတယ်…
    .ဒီ ဟောစာတမ်းလဲ တော်တော်တိုက်ဆိုင်ပါတယ်…
    .ဒါပေမယ့်
    .ကျုပ်ရဲ့ပြသနာက
    .ယတြာ ကို မယုံရေးချ မယုံ …..

  • မွသဲ ( 17082011 )

    September 16, 2014 at 8:43 am

    ဒဂျီးဗေဒင်တွေဘာတွေယုံနေဒယ်ဆိုဒေါ့ တထုထုတော့တထုထုပဲ။ ဒါဒဂျီးကောဟုတ်ကဲ့လား

    • kai

      September 16, 2014 at 2:16 pm

      ကျုပ်က.. ဗေဒင်၊ နက္ခတ်..။ လက္ခဏာတွေယုံသပေါ့..
      ယုံပုံယုံနည်းလေးတောင်.. ရေးဖူးသေးတယ်မှတ်တယ်..။

      ဥပမာပေါ့လေ..
      ဒီလမ်းက.. ဒီနေ့..ဒီအချိန်.. ဒီလိုသွားရင်.. ဒီနေရာမယ်.. ကားမတော်တဆဖြစ်တယ်ဆိုပါစို့..။
      ဒါကို.. တကြိမ်.. ၂ကြိမ်.. ၃ကြိမ်.. ၁ဝကြိမ်..အကြိမ်၁၀ဝ .. အချိန် ၂၀၀.. အကြိမ်၁၀၀ဝ မှတ်တမ်းတင်..
      ဒါတွေက(ဗေဒင်ကျမ်း။ ဝေဒကျမ်း.. နဲ့သဘောတူ)

      နောက်လာလတံ..သွားလတံ့သူကို.. ဒီနေ့..ဒီအချိန်.. ဒီနေရာကနေ.. ဒီလိုသွားရင်.. ကားမတော်တဆဖြစ်မယ်ပြောတာဟာ.. ဗေဒင်၊ နက္ခတ်..။ လက္ခဏာ သဘောပါပဲ..။
      ပြောသူဟာ.. ရှေ့ကဖြစ်စဉ်ကျမ်းတွေဖတ်ပြီးဟောတာကို.. ဗေဒင်ဆြာခေါ်မယ်ပေါ့..။

      ယတြာကတော့..
      ဒီနေ့.. ဒီအချိန်… ဒီလိုသွားတဲ့သူ.. ဒါလေးလုပ်လိုက်ရင်.. ဒါမဖြစ်(နိုင်)ဆိုတာကိုပြောတာပါ…။

      အဲလို..။ :k:

  • manawphyulay

    September 16, 2014 at 1:25 pm

    ဗေဒင်က အိမ်ထောင်သည် သီးသန့်ဟောလား တဂျီး
    လူလွတ်တွေအတွက် အေဟောကော စာစောင်မှာ မထည့်ဘူးလား တဂျီး…

    • kai

      September 16, 2014 at 2:10 pm

      လိုချင်တာယူ.. မလိုတာပယ်လော့…။
      ဥပါဒါန်ကြောင့် ဥပါဒ်မရောက်ကြစေလင့်….။

  • naywoon ni

    September 17, 2014 at 12:48 am

    လင်​​ယောက်​ျားအကျိုး အထူးခံစားရမည်​ ဆို​လော့ ဟင်​့ သများ လင်​ယူရမှာလားလို့ ဆြာမ ဝင်​့ပြုံးမြင်​့ ​ပြောသလိုပဲ ………

Leave a Reply