ကူးစက်ရောဂါဆန်း NDM-1

Zaw WonnaAugust 16, 20101min1132

အိန္ဒိယမှ New Delhi metallo-beta-lactamase (NDM-1) ဆိုသည့် ရောဂါပိုးသစ် တစ်မျိုးသည် ကမ္ဘာနှင့်အဝှမ်း ကူးစက်ပျံ့နှံ့ပြီး လူသေပျောက်မှု များသော ကူးစက်ရောဂါ ဖြစ်လာနိုင်ကြောင်း မီဒီယာများတွင် ဖော်ပြကြသည်။ ၎င်း ရောဂါပိုးသည် စွမ်းအား အထက်ဆုံး ဖြစ်သည့် Carbapenem အပါအဝင် ပဋိဇီဝဆေးများ အားလုံးကို ခုခံနိုင်စွမ်းရှိကြောင်းသိရသည်။ NDM-1 ရောဂါပိုးကြောင့် ပထမဆုံး သေဆုံးသူမှာ ဘယ်လ်ဂျီယမ် နိုင်ငံသား တစ်ဦး ဖြစ်သည်။ ထို့ပြင် အိန္ဒိယ သို့မဟုတ် ပါကစ္စတန် နိုင်ငံတို့မှ ပြန်လာသော အင်္ဂလန်နိုင်ငံသား ၃ရ ယောက်တို့တွင်လည်း ထိုရောဂါပိုးကို တွေ့ရှိရသည်။ အိန္ဒိယတွင် ဆေးဝါးကုသမှု သွားရောက်ခံယူ ခဲ့ကြသော ဩစတြေးလျ နိုင်ငံသား ၃ ဦးတွင်လည်း အဆိုပါ ရောဂါ ကူးစက် ခံရကြောင်း တွေ့ရှိရသည်။

2 comments

  • kai

    August 16, 2010 at 10:05 pm

    တပြိုင်ထဲ ၂မျိုးခံစားရတယ်။
    ပထမတခုက တကယ်ကို သဘာဝအတိုင်းဖြစ်နေတာ။
    ဒုတိယတခုက တမင်တကာကို ရောဂါပိုးမွေးမြူပြီး လူတွေကူးစက်တော့မှ ကာကွယ်ဆေးထုတ်ပြီး ပြန်ရောင်းဖို့လုပ်တာ။
    H1N1 ဝက်တုပ်ကွေးတုံးကလည်း ဒီလိုပဲခံစားမိတယ်။ ကမ်ဘာလုံးအတိုင်းအတာနဲ့ဆိုတော့ ဆေးထုတ်တဲ့ကုမ်ပဏီတွေ ဘီလီယံချီပြီး ရသွားတာကို မြင်ရလို့ပါ။
    အသက်မွေးဝမ်းကြောင်းမှုတွေ မစင်ကြယ်နိုင်ကြတော့ဘူးလား…လို့..။

  • zawana

    August 17, 2010 at 4:28 am

    ဟုတ်တယ်ဗျ။ ကိုခိုင်ပြောတာ ဖြစ်နိုင်တယ်။ ခင်ဗျားပြောမှ ကျနော်လည်း စဉ်းစားမိတယ်။
    စီးပွားရေးသမားတွေက ဆေးဝါးလုပ်ငန်းကို ဈေးတွက်တွက်ပြီး လုပ်နေကြမယ်ဆိုရင် ရင်လေးစရာပဲ။

Leave a Reply