အကျူ ိးတူ = ???

ဘဲဥSeptember 15, 20141min20610

အော် . . .
မိုးကုတ် . . မိုးကုတ် . . . .
ကမာ္ဘမှာ ပတ္တမြားမြေရယ်လို့ အမည်နာမ ထင်ရှားတဲ့မြို့။
ဒေသခံ တိုင်းရင်းသားတွေရဲ့ ခင်မင်ဖော်ရွေပြီး ပွင့်လင်းဖြူစင်တဲ့ စိတ်ထားတွေ …ချစ်စရာကောင်းတဲ့ ရိုးရာဓလေ့စရိုက်လေးတွေနဲ့… ဘေးပတ်ဝန်းကျင်မှာ စိမ်းစိုလန်းဆန်းနေတဲ့ ကြည်နူး နှစ်သက်ဖွယ်ရာ တောတောင် ရှု့ခင်းတွေ… ပတ်လည်ဝိုင်းနေတဲ့ အေးချမ်းသာယာလှတဲ့ မိုးကုတ်မြို့။
အဲ့ဒီလို သာယာအေးချမ်းလှတဲ့ မိုးကုတ်မြို့နှင့်ပတ်ဝန်းကျင်ဒေသတွေရဲ့ မျက်နှာပြင်ပေါ်ကို ……
သူတော်ကောင်း အယောင်ဆောင်ထားတဲ့ သူခိုးကြီးတွေ ရောက်ရှိလာတဲ့ အချိန်မှာတော့………………? ? ?
……………………………? ? ?
……………………………? ? ?
မိုးကုတ်ဒေသမှာ အဓိက ဘာတွေလုပ်တာလဲ လို့ မေးခဲ့ရင် ကျောက်မျက်ရတနာ (ပတ္တမြား – နီလာ စသည်ဖြင့်) တူးဖော်ထုတ်လုပ်ကြတယ် ဆိုတာမျိုးကို လူတိုင်းသိကြပါတယ်။ ……
အဲ့ဒီလို တူးဖော်ထုတ်လုပ်ကြတဲ့ အပေါ်ယံ အကြောင်းအရာတွေထက် ပိုမိုအရေးကြီးတဲ့ အကြောင်းကိစ္စတွေ အများကြီး ရှိနေ,ဖြစ်ပေါ်နေတယ်ဆိုတာ အလုပ်ခွင်ထဲကို ဝင်ရောက်ပြီး မှ တော်တော်များများ သိခဲ့ရပါတယ် ။
အဆိုတော်လင်းလင်း သီဆိုထားတဲ့ သီချင်းလို မျက်လုံးမှေးမှေး နဲ့ အဖြူရောင်အသားအရေရှိပြီးတော့ ဘာသာစကားလည်း မတူတဲ့ လူမျိုးခြားတွေပေါ့ဗျာ။
ကျနော်တို့ နိုင်ငံကထွက်တဲ့ မြေပေါ် မြေအောက် သယံဇာတတွေကို အကုန်သိမ်းကြုံးလိုချင်နေကြတဲ့ စိဏတိုင်းသား ကျေးဇူးရှင်ပုဂ္ဂိုလ်ကြီးတွေထဲကနေ
အချ ို့ အချ ို့သော
ပုဂ္ဂိုလ်ကြီးတွေရဲ့ လုပ်ရပ်တွေနဲ့ သဘောထားတွေကို လက်လှမ်းမှီသလောက် ပြန်ပြီးတော့ ဖွင့်ချပြပါရစေဗျာ~~~ {ဖွ} တယ်လု့ိလည်း ယူဆနိုင်ပါကြောင်း ။ ။ ။
အလုပ်ခွင်ထဲမှာ နေ့စဉ်နဲ့အမျှ တွေ့မြင် နေရတာကတော့ လူသား ငရဲသားတွေပါပဲ။ လူသား ငရဲသားဆိုလို့ တစ်မျိုးမထင်လိုက်ပါနဲ့ , ဟိုး . . . မြေအောက် ပေပေါင်းထောင်ချီနက်ရှိုင်းလှတဲ့ နေရာတွေမှာ အရှင်လတ်လတ် ငရဲကျသလိုမျိုး လုပ်ကိုင်ကြနေကြရတဲ့ တွင်းဆင်းလုပ်သားတွေပါ။ သူတို့ရရှိတဲ့ လစာငွေနဲ့ မတန်အောင် အဆများစွာ အခိုင်းခံနေကြရတဲ့ဘဝတွေပါ။ တွင်းဆင်းရတယ်ဆိုတဲ့ အလုပ်က ကိုယ့်အသက်ကို ဖက်နဲ့ထုပ်ထားရသလို အလွန် အန္တရာယ်များပါတယ်။ ကြိုတင်တွက်ဆလို့ မရတဲ့ မမြင်နိုင်တဲ့ အန္တရာယ်တွေအများကြီး ကြုံတွေ့နိုင်ပါတယ်။အဲ့လိုအန္တရယ်တွေကြုံတွေ့လာခဲ့ပြီ ဆိုရင် တွင်းလုပ်သားတွေအတွက် အာမခံချက်ဆိုတာ လုံးဝမရှိသလောက်ပါပဲ ။လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးသည် ပထမ (ဘိုလိုပြောရရင် ဆေးဖတီးဖက် ဆိုလား
စိတ်ပုတီးပတ် ဆိုလားပဲ) ဆိုင်းဘုတ်တွေတော့ လူမြင်ကောင်းအောင် ထောင်ထားလိုက်တာ ။ လုပ်ငန်းခွင်တွေထဲမှာ လုပ်ကိုင်နေကြရတဲ့သူတွေ ကိုကြည့်လိုက်တော့ ဘာဆေးဖတီးမှမဖက်နိုင်ပဲ ဖိုက်ဘာဦးထုပ်ခပ်ညံ့ညံ့တောင်မှ နပ်မှန်အောင် ထုတ်ပေးမထားဘူး။ အင်တာနေရှင်နယ် ဆေးဖတီး စတန်းဒတ် (မှန်ရဲ့လားတောင် မသိဘူး ကြားဘူးနားဝနဲ့ ရမ်းတုတ်လိုက်တာ ;D )ဆိုတာကြီးနဲ့ တိုင်းဖို့မပြောနဲ့ တွင်းသားတွေခမျာ အသက်ကို ဉာဏ်စောင့် ဆိုတဲ့အတိုင်း နည်းနည်းပါးပါး လုံခြုံရင် တော်သေးတယ်ဆိုတဲ့ စိတ်ကူးတွေနဲ့
သူတို့ အိမ်မှာရှိတဲ့ ဆိုင်ကယ်စီး ဦးထုပ် အဟောင်းလေးတွေကို ဆောင်းပြီး အလုပ်ခွင်ထဲကိုလာကြရတာ။
အဲ့ဒီမှာ တစ်ခုပြောစရာရှိတာက အဖိုးတန်ကျောက်မျက်ရတနာတွေကို အရင်းအနှီးပေါင်းမြောက်များစွာနဲ့ ရင်းပြီးတော့ လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေအနေနဲ့ တွင်းလုပ်သားတွေ အန္တရာယ်ကင်းရှင်းရေးအတွက် SAFE ဖြစ်တဲ့ မိုင်းတွင်းလုပ်ငန်းသုံးဝတ်စုံတွေကို ဘာလို့ ထုတ်မပေးတာလဲဆိုတာ စဉ်းစားစရာ ဖြစ်နေတယ်။ သက်ဆိုင်ရာ/ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကလည်း သေချာ စိစစ်ကြပ်မတ်တာတွေမလုပ်ဘဲ ဘာ့ကြောင့် လစ်လျူရှူ့ထားသလဲဆိုတာ မေးစရာဖြစ်နေတယ်။ ဒါကတော့ အရှင်လတ်လတ်ငရဲကျသလို လုပ်ကိုင်နေရတဲ့ (အာမခံချက်မရှိ / အကာအကွယ်မဲ့) ဖြစ်နေတဲ့ တွင်းဆင်းလုပ်သားဘဝရဲ့ အကြောင်းအရာတွေထဲက အနည်းငယ်သော အချက်အလက်တွေပါ။
……………………………………
…………………………………………
နောက်ထပ် ငရဲသားတစ်မျိုးကတော့ ဘယ်သူသေသေ ငတေ မာရင် ပြီးရောဆိုတဲ့ စိတ်ဓါတ်ကို မလွှတ်တမ်းကိုင်ဆွဲထားကြတဲ့ အချို့ အချို့ သော ပေါလန်တွေ / တာဝန်ခံတွေ / မန်နေဂျာတွေ / အနီးကပ်ကြီးကြပ်တွေ စတဲ့ လူတွေရဲ့ အကြောင်း သူငယ်ချင်းတို့ သိစေဖို့ (ဖွ) ခွင့်ပြုတော်မူကြပါ (ခွင့်မပြုရင်လည်း { ဖွ } မှာဘဲ)။
ဟုတ်ကဲ့ ကျနော်ဝင်ရောက်လုပ်ကိုင်နေတဲ့ လုပ်ကွက်အကြောင်းကို အရင်ဆုံး အစီရင်ခံ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ကျနော် အဲ့ဒီ ကုမ္ပဏီ မှာ ဘာအလုပ်လုပ်တာလဲဆိုရင် . ကျနော့်အလုပ်က
ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ်နဲ့ တောက်တိုမယ်ရ အကုန်လုပ်ပါတယ်။ အဲဒါကြောင့်လည်း ဟိုစပ်စပ် ဒီစပ်စပ် အကုန်သိရတာပါ။ (ဘုရား . တရား ကိုသာ အောင့်မေ့ပေတော့ ပေါလန်ရေ့)
အရင်ဦးဆုံး ကိုယ့်ရဲ့နိုင်ငံ နဲ့ ကိုယ့်တိုင်းပြည်ကထွက်တဲ့ သယံဇာတတွေကို ချစ်တတ်လာအောင် သင်ပေးခဲ့တဲ့ စိဏတိုင်းသား ကျေးဇူးရှင် ပေါလန် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကို ဦးစွာပထမ ကျေးဇူးတင်ကြောင်း ပြောပါရစေ ။ (တောက်လျှောက်ဖဲ့တော့မှာ ဆိုတော့ အရင်ဆုံး ဖားထားတာ) ။
နိုင်ငံတော်နှင့် အကျိုးတူ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီဆိုပါလား။
ဆိုင်းဘုတ်ကြီး တင်ထားလိုက်များ ပြူးပြဲနေတာပါပဲ။ အပြင်လူတွေရဲ့ စိတ်ထဲမှာ အထင်ကြီးစရာဖြစ်အောင် ပြင်ဆင်ထားလိုက်တာ ……
အတွင်းထဲမှာတော့ လောက်တက် ခြစား ပိုးထိုးနေတဲ့ စိတ်ဓါတ်တွေနဲ့ ထင်တိုင်းကြဲနေကြတာ။ ကျနော်တို့တိုင်းပြည်ရဲ့ တွင်းထွက် အဖိုးတန်ကျောက်မျက် (ပတ္တမြား) သယံဇာတတွေကို အလုအယက်နဲ့ ဝေစုခွဲ ကိုယ်ကြိုးရှာနေလိုက်ကြတာဗျာ … အဲ့ဒီလိုမျိုး မြင်ရ ကြားရတဲ့ အခါမျိုးမှာ ဘယ်တုံးကမှ မဖြစ်ခဲ့ဘူးတဲ့ မခံစားခဲ့ဘူးတဲ့ ခံစားချက်မျိုးတွေဖြစ်လာတာပဲဗျာ ။ ကိုယ့်တိုင်းပြည်က ထွက်တဲ့ တွင်းထွက် ရတနာ(ပတ္တမြား)တွေထဲက အရည်အသွေးကောင်းမွန်လှတဲ့ ကျပ်ငွေ သန်းပေါင်းများစွာ အဖိုးထိုက်တန်လှတဲ့ ပတ္တမြား ကျောက်မျက်တွေ ကို တူးဖော်တွေ့ရှိနေပါလျက်နဲ့ နိုင်ငံတော်ကို မအပ်ဘဲ အသိမပေးဘဲ စာရင်းဖျောက်ထားတဲ့ စိဏတိုင်းသား ဧရာမ သူခိုးကြီးများကြောင့် ကျနော်တို့တိုင်းပြည်ရဲ့
သယံဇာတတွေ အများကြီး ဆုံးရှုံးနေရတယ် နိုင်ငံအတွက် ဘဏ္ဏာငွေတွေ ဆုံးရှုံးနေရတယ် ။ ကျနော့ မျက်မြင်ကိုယ်တွေ့ ထဲကမှ အဖြစ်အပျက်လေးတစ်ခုပါ . . . .
အဲ့ဒါက ကျနော့်ရဲ့ အလုပ်ကိစ္စနဲ့ တွင်းထဲဆင်းရတဲ့ အချိန်ပေါ့ဗျာ . . ကျောက်တွင်းတွေက ကျောက်အရမ်းထွက်နေတဲ့ အချိန်ဆိုရင် တွင်းနံရံတစ်ခုလုံး ကျောက်(ပတ္တမြား)တွေ စီထားသလိုကိုဖြစ်နေတာ။ ရှေ့တည့်တည့်ဖောက်မယ်ဆိုရင် Air Gun ထိုးစရာ နေရာမလွတ်လို့ ဘေးနံရံတွေဘက်က လှိုက်စားဖို့အတွက် ယမ်းခွဲလိုက်တဲ့ အချိန်မှာ ပေါ်ထွက်လာတဲ့ ပတ္တမြားကြီး လှလိုက်တာဗျာ . ကျောက်ရည် /ကျောက်သားအပြစ်ပြောစရာ မရှိလောက်အောင်ကောင်းတာ ကျောက်အရောင်က ရဲညို့နေတဲ့ မီးခဲအရည်မျိုးနဲ့ ကျောက်သားဆိုရင်လည်း ချော ပြောင် နေတဲ့ ဖန်သားမှန်သားလိုမျိုး
သူ့အရွယ်အစားက ကြက်ဥလုံးနီးပါးလောက်ရှိတယ် ခန့်မှန်းတန်ဖိုး ကျပ် သိန်းပေါင်း(သိန်း)နှင့်ချီပြီး ရနိုင်တဲ့ အနေအထားမျိုးပါ။
အဲ့ဒါကျနော့် မျက်မြင်ကိုယ်တွေ့ တွေ့ဖူးခဲ့ ကိုင်တွယ်ဖူးခဲ့တဲ့ ကျောက်ဖြစ်ပါတယ် ။ နောက်တစ်ရက် မှာ လည်း
(၆) ပေါင်တူ အရွယ်အစားလောက်ရှိတဲ့ ကျောက်ကောင်း တစ်ပွင့် ကို ထပ်မံ တူးဖော်တွေ့ရှိတယ် ဆိုတာကို ကြားသိရပါတယ် ။
အဲ့ဒီကျောက်ကိုတော့ မမြင်ဖူးလိုက်ပါဘူး။ အဲ့ဒီလိုကျောက်ကြီး ကျောက်ကောင်းတွေ ကို တူးဖော်ရှိနေပါရက်နဲ့ လစဉ်လတိုင်း ကျောက်မျက်ရုံးကို ပေးပို့တဲ့ စာရင်းတွေ အစီရင်ခံစာတွေမှာတော့ ယခုလ ကျောက်မထွက်ပါ / ကျောက်ထွက်နှုန်းမကောင်းပါ/ ကျောက်ဖျင်း /ကျောက်ညံ့ များသာ ထွက်ရှိပါသည် ဆိုတဲ့စာသားတွေနဲ့ မရိုးရအောင် အစီရင်ခံတင်ပြနေပါတယ်။
ကျောက်မျက်ရုံးကို အပ်တဲ့ ကျောက်ထုပ်တွေထဲမှာလည်း ကျနော့် မျက်မြင်ကိုယ်တွေ့ ဖြစ်တဲ့ ကျောက်ကြီးကျောက်ကောင်းတွေ . ကြားသိထားတဲ့ ကျောက်ကောင်းတွေ လုံးဝ မပါဝင်ပါဘူးဗျာ။ အဲ့ဒီကျောက်တွေ ဘယ်ကိုရောက် သွားလဲဆိုတာတော့ တွေးသာကြည့်ပေတော့ဗျို့ ။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး အများကြီးကျန်ပါသေးတယ် ။ တူးဖော်နေတဲ့ ကျောက်တွင်းတွေကလည်း လုပ်ကိုင်ခွင့်ပြုထားတဲ့ ဧရိယာရဲ့ အပြင်ဘက်ကို ပေပေါင်း ရာချီပြီး ကျော်လွန်ရောက်ရှိနေပါတယ်။ ဘေးဘက်ကပ်လျှက်ရှိတဲ့ အခြားသောလုပ်ကွက် အတွင်းကိုလည်း ကျူးကျော်၍ တူူးဖော်ထားကြောင်းပါ။
အဲ့လို အကြောင်းအရာတွေကို ဌာနဆိုင်ရာမှ အကြီးအကဲတွေ တာဝန်ရှိတဲ့ လူဂျီးမင်းတွေ မသိဘဲတော့ မရှိလောက်ဖူးလို့ ထင်တာပေါ့နော။
နိုင်ငံတော်က ခွင့်ပြုမိန့် ချပေးပြီး လုပ်ကိုင်ခွင့်ပြုထားတဲ့ အကျိုးတူလုပ်ကွက်ဆိုတာက ရရှိလာတဲ့ အကျိုးအမြတ်တွေကို နိုင်ငံတော်မှ တစ်ဝက် ကုမ္ပဏီဘက်မှတစ်ဝက် ခွဲဝေယူတဲ့ အကျိုးတူစနစ်ဖြစ်ပါတယ်။ အခုတော့ နိုင်ငံတော်အတွက် အကျိုးတူမဟုတ်ရပါဘဲ ဘယ်သူတွေနဲ့များ အကျိုးတူနေလဲ မသိ။
ကျန်ပါသေးတယ် အနီးကပ်ကြီးကြပ်ဆိုတဲ့ ပုဂ္ဂိုလ်မြတ်ကြီးတွေအကြောင်း … အကျိုးတူလုပ်ကိုင်ခွင့်ပြုထားတဲ့ လုပ်ကွက်တွေ မှာ ကျောက်ထွက်နှုန်းတွေ လုပ်ငန်းလုပ်ကိုင်နေတာတွေ ကျောက်တွင်းတွေရဲ့ အချက်အလက်တွေကို မှတ်တမ်းပြုစုဖို့ နိုင်ငံတော်ကနေ တာဝန်ချ ခန့်အပ်ထားပေးတဲ့ သတ္တုတွင်းဝန်ကြီးဌာနမှ လူယုံတော်ကြီးတွေပေါ့ဗျာ။အမှန်တကယ် နဲ့ အလုပ်အပေါ်မှာ တာဝန်ကြေအောင်လုပ်ပေးကြတဲ့ လေးစားစရာကောင်းတဲ့ သူတွေလည်းရှိပါတယ်။ အဲ့ဒီလို လူမျိုးတွေကြတော့ ကြာရှည်မမြဲတတ်ဘူး မှန်ကန်ရင် ဘေးရောက်တတ်တယ်ဆိုတဲ့ အဖြစ်တွေက အခုချိန်ထိ ရှိနေတုံးပဲဗျာ ။ တစ်ချို့ အနီးကပ်ကြီးကြပ် ဆိုသူများကတော့ တွင်းထဲကိုမဆင်းရဲလို့တဲ့ … တွင်းအဝနားတောင်မနေရဲဘဲ သူတို့ အခန်းထဲမှာပဲ ကျောက်ထွက်နှုန်းတွေ လေ့လာနေသတဲ့ဗျား ။ နိုင်ငံတော်အတွက် အဲ့ဒီလိုတာဝန်ကျေတာ . တွင်းထဲက ထွက်သမျှ ကျောက်ကြီး ကျောက်ကောင်းတွေကို ဒင်း တစ်ပွင့်မှတောင် မြင်ဖူးတာမဟုတ်ဘူး ။ လကုန်လို့ ရီပို့ ရေးရင် ရမ်းသမ်းရွှီးပစ်လိုက်တာ ။နိုင်ငံ့ ဝန်ထမ်းကောင်း ဆု ပေးဖို့ကောင်းတဲ့ထဲမှာ သူလည်းပါတယ်။ နောက်တစ်ယောက် ကျပြန်တော့ တွင်းထဲမဆင်းပဲနဲ့ တွင်းပေါက်ဝမှာ ဂိုက်ပေးကြမ်းပြီးတော့ ထွက်လာသမျှကျောက်ဗူးတွေကို စပါယ်ရှယ်စစ်တယ်ဆိုပဲ (တွင်းထဲကထွက်တဲ့ ပတ္တမြားတွေထည့်ရန် ပြုလုပ်ထားတဲ့သံဗူး)။ သူလည်းပဲ မကောင်းတဲ့ ကျောက်အညံ့ တွေလောက်ပဲ တွေ့ရတာပါပဲ .
ဘာလို့လဲဆိုရင် ပေါလန်ရဲ့ လူယုံတွေက ကျင်းထဲထိဆင်း အရည်အသွေး ကောင်းတဲ့ကျောက်တွေကို ဖယ်ထုတ်ထားပြီး မကောင်းတဲ့ကျောက်အညှာတွေ အညံ့တွေကိုပဲတင်ပေးလိုက်တာလေ။တစ်ချို့တွေကတော့ တွင်းလည်းဆင်းတယ် ကျောက်ကောင်းတွေ ထွက်မှန်းလည်းသိတယ် ဒါပေမယ့် လချုပ်စာရင်းထဲမှာဖြည့်တော့ ကျောက်မထွက်ပါ တဲ့ ။ ။ အဲ့လို အဲ့လို အဖြစ်တွေကြောင့် နစ်နာရတော့ တိုင်းပြည်ရဲ့ ဘဏ္ဏာငွေ ဆုံးရှုံးရတာတွေက အဖိုးတန် သယံဇာတတွေ ကောင်းစားသွားတဲ့လူတွေက ဟိုးးးးအဝေးက စိဏတိုင်းသားတွေ အန္တရာယ်ကြားထဲမှာ အသက်နဲ့ရင်းပြီးလုပ်နေရတဲ့ လူတွေက ကိုယ့်တိုင်းရင်းသားတွေ။
ပေါလန်တွေကခိုးလိုက် မန်နေဂျာတွေကခိုးလိုက် ကြီးကြပ်တွေကဖြောင်လိုက် အင်ချပ်တွေက ဝိုက်လိုက်နဲ့ သံသရာလည်နေတဲ့ ကျောက်တွင်းလုပ်ငန်း
အကျိုးတူ ဆိုတာကို သဘောပေါက်နားလည်မိတာကတော့
အားလုံးက ဝိုင်းခိုးနေတဲ့ ဝေစားမျှစားအကျိုးတူကြီးပါလား ဆိုတာပါပဲဗျားးးးးးးးး

10 comments

  • kai

    September 15, 2014 at 4:44 am

    BLOOD RUBY..။ သွေးစွန်းပတ္တမြားတွေပေါ့….
    ယူအက်စ်မှာ.. မြန်မာပြည်အတွက်… JADE Act ဆိုတာရှိတယ်..
    ဒါရိုက်ဟစ်.. ပဲ..။

    ===========
    Executive Order — Prohibiting Certain Imports of Burmese Jadeite and Rubies

    EXECUTIVE ORDER

    – – – – – – –

    PROHIBITING CERTAIN IMPORTS OF BURMESE JADEITE AND RUBIES

    By the authority vested in me as President by the Constitution and the laws of the United States of America, including the International Emergency Economic Powers Act (50 U.S.C. 1701 et seq.) (IEEPA), the National Emergencies Act (50 U.S.C. 1601 et seq.), the Tom Lantos Block Burmese JADE (Junta’s Anti-Democratic Efforts) Act of 2008 (Public Law 110-286) (the “JADE Act”), and section 301 of title 3, United States Code, and in order to take additional steps with respect to the national emergency declared in Executive Order 13047 of May 20, 1997, as modified in scope in Executive Order 13448 of October 18, 2007, and Executive Order 13619 of July 11, 2012, and relied upon for additional steps taken in Executive Order 13310 of July 28, 2003, Executive Order 13448 of October 18, 2007, Executive Order 13464 of April 30, 2008, and Executive Order 13619 of July 11, 2012,

    I, BARACK OBAMA, President of the United States of America, hereby order:

    Section 1. (a) The importation into the United States of any jadeite or rubies mined or extracted from Burma and any articles of jewelry containing jadeite or rubies mined or extracted from Burma is hereby prohibited.

    (b) The prohibition in subsection (a) of this section applies except to the extent provided by statutes, or in regulations, orders, directives, or licenses that may be issued pursuant to this order, and notwithstanding any contract entered into or any license or permit granted prior to the effective date of this order.

    Sec. 2. I hereby amend Executive Order 13310 of July 28, 2003, by revoking sections 3 and 8 of that order. The revocation of those provisions of Executive Order 13310 pursuant to this section shall not affect any violation of any rules, regulations, orders, licenses, or other forms of administrative action under that order during the period that those provisions of that order were in effect.

    Sec. 3. (a) Any transaction that evades or avoids, has the purpose of evading or avoiding, causes a violation of, or attempts to violate any of the prohibitions set forth in this order is prohibited.

    (b) Any conspiracy formed to violate any of the prohibitions set forth in this order is prohibited.

    Sec. 4. For the purposes of this order:

    (a) the term “jadeite” means any jadeite classifiable under heading 7103 of the Harmonized Tariff Schedule of the United States (HTS);

    (b) the term “rubies” means any rubies classifiable under heading 7103 of the HTS;

    (c) the term “articles of jewelry containing jadeite or rubies” means:

    (i) any article of jewelry classifiable under heading 7113 of the HTS that contains jadeites or rubies; or

    (ii) any article of jadeite or rubies classifiable under heading 7116 of the HTS;

    (d) the term “person” means an individual or entity;

    (e) the term “entity” means a partnership, association, trust, joint venture, corporation, group, subgroup, or other organization.

    Sec. 5. Nothing in section 1 of this order shall prohibit transactions to the extent such prohibition would conflict with the international obligations of the United States under the Vienna Convention on Diplomatic Relations, the Vienna Convention on Consular Relations, the United Nations Headquarters Agreement, or other legal instruments providing equivalent privileges and immunities.

    Sec. 6. Nothing in section 1 of this order shall prohibit the importation of any jadeite or rubies mined or extracted from Burma or any articles of jewelry containing jadeite or rubies mined or extracted from Burma that were previously exported from the United States, including those that accompanied an individual outside the United States for personal use, if they are reimported to the United States by the same person, without having been advanced in value or improved in condition by any process or other means while outside the United States.

    Sec. 7. The Secretary of the Treasury, in consultation with the Secretary of State, is hereby authorized to take such actions, including the promulgation of rules and regulations, and to employ all powers granted to the President by IEEPA as may be necessary to carry out the purposes of this order. The Secretary of the Treasury may redelegate any of these functions to other officers and agencies of the United States Government consistent with applicable law. All agencies of the United States Government are hereby directed to take all appropriate measures within their authority to carry out the provisions of this order.

    Sec. 8. Pursuant to section 5(i) of the JADE Act, I hereby determine and certify that it is in the national interest of the United States to waive, and hereby waive, the sanctions described in section 5(b) of the JADE Act. Except as authorized or exempt, transactions with persons included on the Department of the Treasury’s List of Specially Designated Nationals and Blocked Persons continue to be prohibited pursuant to IEEPA.

    Sec. 9. This order is not intended to, and does not, create any right or benefit, substantive or procedural, enforceable at law or in equity by any party against the United States, its departments, agencies, or entities, its officers, employees, or agents, or any other person.

    Sec. 10. This order is effective at 12:01 a.m. eastern daylight time on August 7, 2013.

    BARACK OBAMA

  • ဇီဇီ ခင်ဇော် (15102012)

    September 15, 2014 at 6:22 am

    ဒါတွေ ဖြစ်နေတာ
    ဒီလိုတွေ ပါနေတာ ကြာရောပေါ့။
    အကျိုးးတူ တွေ က တစ်ခုတည်းးလည်းးး မဟုတ်…
    သယံဇာတတွေ မျိုးးစုံ ဒီနည်းး နဲ့ ပါနေတာ…
    နှမြောစရာ….

    နည်းပညာ
    ပညာရှင်
    သစ္စာရှိမှု့
    စေတနာ
    အဖက်ဖက် က ချို့တဲ့ သော အစိုးရ နဲ့ အကျိုးးတူ ရတဲ့ သူတွေက အမြတ်ချည်းပဲပေါ့။

    :a:

    ခံရတာ အောက်ခြေ ပြည်သူတွေ…!!
    Let me share..!

  • ခင် ခ

    September 15, 2014 at 8:15 am

    အဲဒီ အကျိုးတူဆိုတာနဲ့ဘဲ တိုင်းပြည်ရဲ့ အဖိုးတန် သဃံဇာတတွေလည်း ပြောင်သလောက်ဖြစ်ပြီး တိုင်းပြည်လဲချွတ်ခြုံကျနေပါပြီလေ။

  • ဦးကြောင်ကြီး

    September 15, 2014 at 9:30 am

    ဒါတောင် ဗပြောင်တို့က တလုပ်ကျီးကို သူရို့ ကျေးဇူးရှင် ဆိုဗဲဗျ…

  • kyeemite

    September 15, 2014 at 11:56 am

    .ပျောက်နေတာကြာပီမစ္စတာဘဲဥ..ပြန်တွေ့ရတာဝမ်းသာပါ၏
    .အခုလိုနစ်နာဆုံးရှုံးနေတာတွေကိုဖေါ်ထုတ်ရေးပြတာ ကောင်းသကွာ
    .ဒါပေမဲ့ တိုင်းပြည်မင်းလုပ်အုပ်ချုပ်နေသူများကတော့ ဘယ်လောက်ပြောပြောကြားမည်မထင် :a:

  • Yae Myae Tha Ninn

    September 15, 2014 at 2:21 pm

    အဟမ်းအဟမ်း… ဦးကြောင်တော့ကီနဲ့ ပြောမယ်…
    အကျိုးတူ
    အတိုးမယူတဲ့
    ဖိုးဖြူ
    တကယ်တော့ သူတို့ လူဆိုး( ကာရန်လိုက်ပေမယ့် အဓိပ္ပာယ်ကောက်လွဲမည်စိုးသဖြင့် အတည့်တိုင်းပြန်လိုက်သည် )… ခွိခွိ…

  • alinsett

    September 15, 2014 at 4:33 pm

    ပတ္တမြားလား..
    ပတ္တနည်းလေးတစ်လုံးပဲ..ပိုင်တယ်.။
    အဟိ..။

    နေပါဦး
    ဒီပိုစ့်ကို သေချာဖတ်ပြီး..ပြန်လာပါဦးမယ်.. ။

  • alinsett

    September 16, 2014 at 6:32 am

    အဟမ်း။

    ကျနော်ကိုယ်တိုင် ထိေတွေ ့ဆက်ဆံဖူးတဲ့ မိုးကုတ်မြို့က တွင်းပိုင် လုပ်ငန်းရှင်တစ်ယောက်ဆိုရင်
    အခြေခံတွင်း လုပ်သားတွေကို
    အန္တရာယ်ကင်းအောင် ကာကွယ်ပေးဖို့မပြောနဲ့
    သူ ့စိတ်မကျေနပ်ရင် လက်သီးနဲ့ တခွပ်ခွပ်ထိုးပြီး အပြစ်ပေးအုပ်ချုပ်တာဗျ။

    အဲ့ဒီ ပုဂိ္ဂုလ်ဟာ မိုးကုတ်မြို့မှာ သာမန်ပုဂိ္ဂုလ်တော့လည်း မဟုတ်ဘူး။
    နာမည်ကောင်းနဲ့ကျော်တဲ့ ဦးယောဆက်တို့
    နာမည်ဆိုးနဲ့ ကျော်တဲ့ ဦးအောင်သိန်းတို့ လို
    ကျောက်မျက်တူးဖော်ရေးမှာ နာမည်ထွက်တဲ့ ဘုရင်ငယ်တစ်ဆူ။

    ကြီးနိုင်ငယ်ညှင်း
    နိုင်ရာ ဖိဟောက်
    ခေါင်းပုံဖြတ်စား လုပ်နေတာ သူတို့ပဲလားဆိုတော့ . . .
    ဟုတ်သေးဘူး။

    ကျနော် ဆက်ဆံရသမျှ ကျောက်မျက်တူးဖော်ရေးကစပြီး
    ကျောက်မျက် ရောင်းဝယ်ရေးလုပ်ငန်းအပါ
    ကုန်ကုန်ပြောရရင် ကျောက်မျက် ပွဲစားအဆုံး
    လည်သလိုပတ်သလို ခေါင်းပုံဖြတ်ကြတာ
    ရရင်ရသလို ကိုယ့်အိတ်ထဲ မြိုးမြိုးမြတ်မြတ်ဝင်ဖို့ပဲ ကြည့်တာဗျ
    (မှန်မှန်ကန်ကန်လုပ်စားသူရှိတော့ရှိမယ်ပေါ့)

    အရင်းစစ်ကြည့်ရင်
    လောဘဗျ။
    ကမ႓ာမြေရဲ့ လက်ဆောင်မွန်အဖြစ် မြေကြီးထဲက ကျောက်မျက်ကလေးပြိုးပြိုးပြက်ပြက် ရှာတွေ ့ပြီဆိုတာနဲ့
    သက်ဆိုင်ရာ ဝန်းကျင်မှာ လောဘတွေ ပေါက်ဖွားပြီး
    မတရား ယူချင်ကြတော့တာ။
    တကယ်လည်း မက်လောက်စရာ ရှားပါးသယံဇာတဖြစ်လာပြီကိုး။

    မိုးကုတ်ပတ္တမြားဟာ ကမ႓ာမှာ ထိပ်ဆုံးရောက်နေပြီး နီလာတို့ ပြောင်ဂေါင်းစိမ်းတို့ကလည်း လိုချင်သူများနေတာဆိုတော့. . .

    ကျောက်တစ်ပွင့်ကို လေးငါးထောင်နဲ့ ရောင်စားတဲ့အဆင့် ပွဲစားကအစ
    ကိုယ့်အိတ်ထဲ နင့်ခနဲ ထည့်လို့ရဖို့ လောဘဇောတွေနဲ့ဗျ။

    တွင်းပိုငကြီးတွေအနေနဲ့
    တွင်းလုပ်သားတွေကို
    ကြမ်းရှမာကြောစွာ ဆက်ဆံပြီး ခွေးလိုဝက်လိုထားနေတာက
    သူတို့ပြေနေကျစကားကတော့
    ဒီအလုပ်သမားတွေကို ဒီလိုဆက်ဆံမှ ရတာတဲ့။
    လက်လန်တယ်။

    မိုးကုတ်မှာ အနိမ့်စား ကျောက်တူးဝန်ထမ်းလုပ်တဲ့လူတွေရဲ့ ဘဝ တကယ်သနားဖို့ကောင်းပါတယ်။
    ဖြစ်နိုင်ရင် ရုန်းထွက်ပြီး
    ကျောက်ကို ပွဲစားတွေလို အပေါ်ယံတူးပြီး
    မြူးကြ ထူးကြစေချင်တယ်။

    —–

    သက်ဆိုင်ရာကို မလှိမ့်တစ်ပတ်လုပ်ပြီး
    တွင်းပိုင်တို့ အိတ်ထဲ သိပ်ထည့်တဲ့ကိစ္စတော့ သိပ် ခံစားချက်မရှိပါဘူး။
    တွင်းပိုင်တွေ အနေနဲ့ကျတော့လည်း
    လုပ်ကွက်တစ်ခု ရဖို့အရေး
    သက်ဆိုင်ရာကို ပေးရတာ နင့်နေတာကိုး။

    :kwi:

    အကျိုးတူ သလားလို့မေးရင်
    ရောင်းသူ ဝယ်သူ
    အလုပ်ရှင် အလုပ်သမား
    တွင်းပိုင် အစိုးရ
    မြန်မာ့သယံဇာတ တန်ဖိုးအစဉ်အလာ
    ဘာဆိုဘာမှ
    ဘယ်နေရာမှာမှ အကျိုးမတူဘူး။

    ကျနော့်အမြင်
    အဲ့ဒီ ပတ္တမြားမြေဟာ
    တဖြည်းဖြည်းနဲ့
    မတရားမြေဖြစ်လာနေတယ်။

  • weiwei

    October 10, 2014 at 7:27 pm

    အခုမှ စကာတင်ထဲတွေ့လို့ ဖတ်မိတယ် ..
    မိုးကုတ်ကို သွားလည်ခဲ့တာ ရက်ပိုင်းပဲရှိသေးတာမို့လို့ တစ်မျိုးပဲခံစားရတယ် ..
    ပတ္တမြားမြေက ဒီအတိုင်းတော့ လှနေပါတယ် ..

Leave a Reply