မတူသော မျှော်လင့်မှု

ခင္ခSeptember 15, 20141min653

မိုးစက်တို့ မစဲဘဲ
တသဲသဲနဲ့ကျလေသည်
လူသူကင်းမဲ့ လမ်းမဘေးဝယ်
ဗန်ဒါပင်အောက် မိုးခိုသူတစ်ယောက်
အမြင်ပုံစံဆင်းရဲဟန်ဖြင့်
စိုးရိမ်အတွေးမျက်နှာပေးနဲ့
မိုးလေးတိတ်ဖို့မျှော်လင့်တယ်။

စပါးစိုက်ခင်း လယ်တောတခွင်ကို
ရေအားနည်းစဉ်ရွာပါ့မိုးအစဉ်
ကောင်းကင်ရယ်လင်း တိတ်ဟန်ပြုတော့
စိုးရိမ်အတွေးမျက်နှာပေးနဲ့
မိုးကြီးဆက်ရွာနေဖို့မျှော်လင့်တယ်။

မတူကွဲပြား မျှော်လင့်ချက်များ
ကျင်လည်ဘဝ မတူကြတော့
သူတို့ဆန္ဒပြည့်ဝပေးဖို့
မိုးနတ်မင်းလည်း စိတ်ရှုပ်မယ်။

ခင်ခ

3 comments

  • kai

    September 15, 2014 at 4:38 am

    လူသားစွမ်းအားတခုပြောမလို့ပါ…။
    ယူအက်စ်ရဲ့.. အလစကားပြည်နယ်..တောထဲမယ်.. ဖယ်ဒရယ်ကနေ.. ပရောဂျက်ကြီးတခုခိုးလုပ်နေတာကြာလှပေါ့.. HAARP တဲ့..။
    ဥတုရာသီဆိုတာ.. လူတွေမှာ… ဖြစ်ချင်တာဖြစ်တာပဲဆိုတဲ့.. မိုးနတ်မင်း.. နေနတ်မင်.း.. ဘာကောင်ညာကောင်ကြီးတွေလွှဲချ..စိတ်လျှော့တတ်တဲ့သဘာဝရှိတာမို့.. အဲဒါကိုလက်နက်အဖြစ်သုံးရင်.. ပွဲပြတ်ဆိုတဲ့သဘော..အခြေခံပုံရပါတယ်..။

    ဆိုတော့…
    အောက်မှာ.. ပရော့ဂျက်..။
    မိုးနတ်မင်းလည်း.. လူတွေကြိုးဆွဲရာကရတော့မယ်ပေါ့ဗျ..။
    ရုပ်သေးမိုးနတ်မင်း.. :k:
    =============
    Weather Warfare: Beware the US Military’s Experiments with …
    http://www.globalresearch.ca/weather-warfare…the-us…experiments…/7561
    Jun 29, 2014 – Weather Warfare: Beware the US Military’s Experiments with Climatic … Established in 1992, HAARP, based in Gokona, Alaska, is an array of …
    HAARP: Secret Weapon Used For Weather Modification …
    http://www.globalresearch.ca/haarp-secret-weapon-used…weather…/20407
    Jul 23, 2013 – HAARP: Secret Weapon Used For Weather Modification, Electromagnetic Warfare … of Ottawa and Alaska’s Dr. Nick Begich (son of a US Congressman) present … United States defence chiefs said that if the project had been …

    • ခင် ခ

      September 15, 2014 at 8:07 am

      ခေတ်ပညာရပ်တွေတိုးတက်မှုရဲ့ အလွန်မှာဟိုတုန်းက မဖြစ်နိုင်ဘူးထင်တာတွေ ဖြစ်ဖြစ်လာနေတယ် သဂျီးရေ။

  • aye.kk

    September 16, 2014 at 10:30 am

    အ​ကောင်​းစွမ်​းအား​တွေထွက်​လာဖို့
    အတွက်​စိတစွမ်​းအား​တွေလိုအပ်​ပါတယ်​
    စိတ်​စွမ်​းအားမြင်​့မားရင်​​မျှော်​လင်​့ချက်​​တွေ
    ရှင်​သန်​ဖြစ်​တည်​လာမှာအမှနိ
    ဧကန်​မလွဲပါ

Leave a Reply