အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၂ ( Arrival USA ) ။

Foreign ResidentSeptember 15, 20147min1257

အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား

ပေါ်တာ တောလား – ၂ ( Arrival USA ) ။

 

ဝ၃ – ဝ၅ – ၂၀၁၄ ။

 

2 ခေတ္တ နှုတ်ဆက်ခဲ့ပါတယ် ဆစ်ဒနီ ရယ် ၊ လွမ်းနေမယ် သိလား ။

2 ခေတ္တ နှုတ်ဆက်ခဲ့ပါတယ် ဆစ်ဒနီ ရယ် ၊ လွမ်းနေမယ် သိလား ။
2 ခေတ္တ နှုတ်ဆက်ခဲ့ပါတယ် ဆစ်ဒနီ ရယ် ၊ လွမ်းနေမယ် သိလား ။

 

 

ရွာသူားများ မင်္ဂလာပါဗျာ ။

 

အဘတို့ ဆစ်ဒနီ Kingsford Smith လေဆိပ်ကနေ ၊

Virgin Australia လေကြောင်း ခရီးစဉ် အမှတ် VA 001 ၊

ဘိုရင်း 777-300 ER လေယာဉ် ကြီး နှင့် ၊

၂၀၁၄ မေလ ၃ ရက်နေ့ နေ့လည် ၁ နာရီ ၄ဝ မိနစ် မှာ စထွက်ခဲ့တာ ၊

( လေယာဉ်ပေါ်မှာ လေယာဉ်မောင်းချိန် ၁၃ နာရီ ၄၅ မိနစ်တောင် ၊

အမုန်း ဖင်တွေ ပူကြိမ်းလာတဲ့အထိအောင် စီးလာလိုက်တာ )

အမေရိက နိုင်ငံ Los Angeles လေဆိပ် ( သူဂျီးတို့နေတဲ့ ရွာပေါ့လေ ) ကို ၊

၂၀၁၄ မေလ ၃ ရက်နေ့ မနက် ၁ဝ နာရီ ၂၅ မိနစ် မှာ ရောက်ပါတယ် ။

 

အ ဟွန်း ဟွန်း ဟွန်း ၊ ဆစ်ဒနီ ကနေ ၃ ရက်နေ့ နေ့လည် ထွက်လိုက်တာ ၊

အမေရိက ကို ၃ ရက်နေ့ မနက် မှာလာရောက်နေတယ် ။

( ဟဲ ဟဲ တစ်ရက် စာ အသက်ငယ်သွားတယ် )

 

တကယ်က ၁၈ဝ ဒီဂရီ လောင်ဂျီတွဒ် မျဉ်း International Date Line ကို ၊

အနောက်ဖက် ကနေ အရှေ့ဖက် ကို ဖြတ်လိုက်တဲ့အတွက် တစ်ရက် လျော့သွားတာပါ ။

 

2 အဘ ရဲ့ ဆစ်ဒနီ နယူးရောက် သွား E Ticket ။

2 အဘ ရဲ့ ဆစ်ဒနီ နယူးရောက် သွား E Ticket ။
2 အဘ ရဲ့ ဆစ်ဒနီ နယူးရောက် သွား E Ticket ။

 

 

လော့စ်အန်ဂျလိစ် လေဆိပ်ထဲမှာ ဘာတစ်ခုမှ လျှောက် မကြည့်အားပါဘူးကွယ် ။

နောက် Connecting Flight က ၁၂ နာရီ ၅၅ မိနစ် မှာ ထွက်မှာလေ ။

ရုတ်တရက် ကြည့်လိုက်ရင် ၁ဝ နာရီ ၂၅ ကနေ ၁၂ နာရီ ၅၅ ထိ ၊

၂ နာရီ ခွဲတောင် အချိန်ရနေတာဘဲ ထင်ရပေမယ့် ၊

ရိုးရိုး Transit မဟုတ်ဘူးလေ ။

 

၁ ။

လော့စ်အန်ဂျလိစ် ဟာ အဘတို့အတွက် Entry Point For USA ဖြစ်တဲ့အတွက် ၊

အဘတို့ American Immigration ( လူဝင်မှု ) ကို ဖြတ်ရမှာလေ ၊

Immigration ကောင်တာ တွေက တန်းစီနေတဲ့သူတွေက အရှည်ကြီး နှင့် ၊

Immigration က အဘတို့ကို ဓါတ်ပုံရိုက် ၊ Finger Print ကလဲ ယူဦးမှာ ။

တစ်ခါတစ်လေ အဆင်မပြေလို့ Immigration က ရစ်နေရင် အကြာကြီးစောင့်ရမှာလေ ။

 

၂ ။

အခု အဘတို့ စီးလာတဲ့ ဆစ်ဒနီ – လော့စ်အန်ဂျလိစ် က နိုင်ငံခြား Flight ဖြစ်ပြီး ၊

အဘတို့ နောက်ထပ် စီးမယ့် လော့စ်အန်ဂျလိစ် – နယူးရောက် က ပြည်တွင်း Flight လေ ၊

အဲဒီတော့ အဘတို့အခု ရောက်နေတဲ့ နိုင်ငံတကာ လေဆိပ် ကနေ ၊

ပြည်တွင်း လေဆိပ် ကို ၊ ထပ်သွားရဦးမှာ ၊ လေဆိပ် မတူဘူး ရယ် ။

 

၃ ။

အဘတို့ ဆစ်ဒနီ ကနေ သယ်လာတဲ့ Baggage တွေကိုလည်း ၊

လော့စ်အန်ဂျလိစ် နိုင်ငံတကာ လေဆိပ် ကနေ ပြန်ထုတ်ပြီး ၊

လော့စ်အန်ဂျလိစ် Custom ကို ဖြတ်ပြီး အပြင်ကို ထွက်ရဦးမယ်လေ ။

ပြီးတော့မှ လော့စ်အန်ဂျလိစ် ပြည်တွင်း လေဆိပ် မှာ ထပ် Check in လုပ်ရဦးမှာ ။

 

၄ ။

လော့စ်အန်ဂျလိစ် ပြည်တွင်း လေဆိပ် မှာ Security Check In လဲ ပြန်ဝင်ရဦးမှာ ။

 

အဲဒီတော့ကာ ၊ Schedule က အရမ်း Tight ဖြစ်ပြီး အချိန် သိပ်မလောက်ပါဘူးကွယ် ။

 

အဲသဟာနှင့် ၊ Los Angeles လေဆိပ်မှာ လေယာဉ် ရပ်ရပ်ချင်း အမြန်ထွက်ခဲ့ပါတယ် ။

Passenger Tube ကြီးကနေ အထွက်မှာတော့ ၊ Virgin က လေယာဉ်မယ်လေး တစ်ယောက် ၊

အနီရောင်တောက်တောက် စာရွက်တွေ ကိုင်ထားတာကိုတွေ့ရပါတယ် ။

သွား စပ်စုလိုက်တော့ Immigration Counter ကို Express အမြန်ဖြတ်လို့ရတဲ့ စာရွက်တွေပါ ။

အဲသဟာနှင့် အတော်ဘဲဆိုပြီး အဘတို့ လင်မယား အတွက်တောင်းလိုက်ပါတယ် ။

အဘတို့ ရဲ့ Connecting Flight အချိန်ကို တောင်းကြည့်ပြီး ၊ ပေးလိုက်ပါတယ် ။

 

အဲဒီ Express စာရွက် ပါတဲ့ အတွက် ၊ သူများတွေလို အရှည်ကြီး တန်းစီစရာ မလိုဘဲ ၊

လူနည်းနည်းဘဲ ရှိတဲ့ Express Immigration Counter ကနေ ဝင်ခွင့်ရပါတယ် ။

( အဲဒီ Express Immigration Counter က သိပ်လည်း မရစ်ဘူး ၊

ပိုပြီးလဲ မြန်မြန်စစ်ပေးတယ်လို့ ထင်တာဘဲ )

 

အ ဟင့် ၊ ကံဆိုးတာကတော့ ၊

အဘတို့ကိုစစ်တဲ့ Immigration Officer က အမေရိကန် တရုတ် အဖိုးကြီးရယ် ။

အဘ မိန်းမ စစ်တယ် OK, pass ၊ အဘ ကို ဆက်စစ်တယ် ။

အဲဒီမှာ အဘ လဲ Immigration Officer တရုတ် အဖိုးကြီး ကို ၊

ရစ်နေမှာစိုးလို့ ဆိုပြီး ၊ စကားရော ဖောရော လုပ်လိုက်မိတာလေ ။

အဲဒီ တရုတ် အဖိုးကြီး က ( တရုတ် အချင်းချင်း ဆိုတော့ ) ၊

နင်က တရုတ် ဘာလူမျိုး လဲ ၊ ဘယ်က လာသလဲ နှင့်မေးနေလိုက်တာ ၊

ကိုယ့်မလဲ သွားဖေါမိပြီးမှ ၊ ကိုယ့်ဖာသာကိုယ်လဲ တရုတ် ဘာလူမျိုးမှန်း ၊

( ဟော့ကျန့် ၊ ကန်တိုနိစ် ) မသိတော့တာနှင့် ။

ငယ်ငယ်တုန်းက အဖွား သင်ပေးထားတဲ့ ၊ တရုတ် ၁ ၂ ၃ ၄ ၊

ကျေး နုံ စမ်း စီ ဂေါ် လတ် ကျိ ပွေ့ ကောက် ကျတ် ဘဲ ရွတ်ပြလိုက်ရတယ် ။

အဲဒါကို တရုတ် အဖိုးကြီး ကလဲ သဘောတွေ ကျနေတာပေါ့ ။

 

ဘေးက အဘ မိန်းမ ကတော့ ၊ အချိန်နဲနေလို့ စိတ်ပူနေပြီ ။

ဒါတောင် တရုတ် အဖိုးကြီး က ဆစ်ဒနီ က တရုတ်တွေအကြောင်း မေးနေသေး ။

စကား အမြန်ဖြတ်ပြီး ထွက်လာရတယ် ။

 

သင်ခန်းစာ တစ်ခုတော့ ရလိုက်တာပေါ့လေ ။

အကြမ်းဖျင်းအားဖြင့် အဖိုးကြီးတွေ က နဂိုကတည်းက သဘောကောင်းပြီးသားလေ ။

နောက်ဆို အချိန် သိပ်မရှိရင် ၊ အဖိုးကြီးတွေ ကို သွား မဖေါဖို့ပေါ့ ။

 

အဲဒီ Immigration Counter ဖြတ်ပြီးတာနှင့် ၊ အောက်ထပ် Baggage Claim Area က ၊

Conveyor Belt ပေါ်က ကိုယ့် Baggage ကို စောင့်ရသေးတယ် ။

 

Baggage ရတာနှင့် US Custom Counter ကို ထပ်ဖြတ်ရသေးတယ် ။

တော်သေးတယ် US Custom က ၊ X Ray နှင့်ဘဲ ဖြတ်စစ်ပြီး ၊ အိတ်ကို ဖွင့်မကြည့်လို့ ။

ဒါတောင် ၊ ဒေါ်လှတွေ အများကြီး ပါလာသလား မေးနေသေးတယ် ။

( တစ်ဦးကို ဒေါ်လှ တစ်သောင်း ထက်ကျော်ပြီး ပါလာရင် ဇတ်လမ်း ရှုပ်မယ်လေ )

 

အဲဒီ US Custom Counter ကို ဖြတ်ပြီးမှဘဲ ၊ လေဆိပ် အထွက်ပေါက်နားမှာ ၊

Connecting Flight အတွက် ( Check In Again ) Baggage Drop Point မှာ ၊

ကိုယ့် Connecting Flight ရဲ့ Air Ticket ရယ် ၊ ကိုယ့် Baggage ပေါ်က Airline Tag ရယ်ကို ၊

စစ်ဆေးပြီး Baggage ကို ( Check In Again ) လက်ခံလိုက်ပါတယ် ။

 

အဲသဟာ ပြီးတဲ့နောက် ၊ ပြည်တွင်း လေဆိပ် ကို ၊ အမြန် ရှာပြီး ၊ အမြန် ပြေးရပါတော့တယ် ။

လေဆိပ် တစ်ခု နှင့် တစ်ခု ပြေးဆွဲနေတဲ့ Shuttle Bus တွေ ရှိပေမယ့် ၊

အမြန် လမ်းလျှောက် / ပြေးသွားတာက ပိုမြန်မယ် ဆိုလို့ ၊

အပြေးတစ်ပိုင်း နှင့်ဘဲ ပြည်တွင်း လေဆိပ် ကို သွားခဲ့ရပါတယ် ။

 

ဟိုဘက်ခြမ်း ၊ လော့စ်အန်ဂျလိစ် ပြည်တွင်း လေဆိပ်မှာလဲ ၊

Security Check Point မှာ လူတန်းကြီးက အရှည်ကြီးရယ် ။

 

အစစ အရာရာ အဆင်ပြေ ချောမောနေတာတောင်မှ ၊

ကိစ္စ အားလုံးပြီးလို့ ၊ လေယာဉ် နားရောက်တော့ ၊

လေယာဉ် က Boarding လက်ခံနေပြီလေ ။

ပြောရမယ်ဆိုရင်တော့ ကွက်တိ မှီယုံလေးရယ်ပါ ။

 

Immigration ၊ Custom ၊ Security Check တစ်ခုခုမှာသာ အဆင်မပြေ Delay ဖြစ်တာ ၊

နိုင်ဂျံဂါး ကို လေယာဉ်စီးနေမကျလို့ ယောင်ဝါးဝါး လမ်းမှားသွားတာ ၊ တစ်ခုခုသာ ဖြစ်လို့ကတော့ ၊

နောက်ဆက်စီးရမယ့် Connecting Flight လွတ်ပြီဘဲ ။

 

2 အဘတို့ရဲ့ Tour Guide ဖြစ်လာမယ့် Dan ( Daniel ရဲ့ အတိုကောက် ) ။

2 အဘတို့ရဲ့ Tour Guide ဖြစ်လာမယ့် Dan ( Daniel  ရဲ့ အတိုကောက် ) ။
2 အဘတို့ရဲ့ Tour Guide ဖြစ်လာမယ့် Dan ( Daniel ရဲ့ အတိုကောက် ) ။

 

 

၃ ရက်နေ့ နေ့လည် ၁၂ နာရီ ၅၅ မိနစ် မှာ လော့စ်အန်ဂျလိစ် ကနေ ထွက်လာပြီး ၊

ည ၉ နာရီ ၂ဝ မိနစ် မှာမှ နယူးရောက် Newark လေဆိပ်ကို ရောက်ပါတယ် ။

( လေယာဉ် မောင်းချိန် ၅ နာရီ ၂၅ မိနစ် လောက် ရှိတယ် )

 

နယူးရောက် Newark လေဆိပ် ရဲ့ ပြည်တွင်း ဖက်အခြမ်း ဖြစ်လို့ရယ် ၊

ႍညပိုင်း လည်း ဖြစ်လို့ ထင်ပါတယ် ၊ လေဆိပ်မှာ လူသိပ် မရှုပ်ပါဘူး ။

 

ပြောရမယ် ဆိုရင် ၊ အဘ တွေ့ခဲ့ရသလောက် ၊ အမေရိကန် လေဆိပ် တွေဟာ ၊

သန့်ရှင်း သပ်ရပ်မှု ကော ၊ တောက်ပြောင် ခမ်းနားမှုကောမှာပါ ၊

Sydney တို့ Singapore တို့က လေဆိပ် တွေကို မမှီဘူးလို့ ထင်မိတယ် ( အထင် ) ။

 

လေဆိပ်မှာ အဘတို့ရဲ့ Tour Guide ဖြစ်လာမယ့် Dan ( Daniel ရဲ့ အတိုကောက် ) က

Nexus Holiday ဆိုတဲ့ ဆိုင်းဘုတ်လေး ကိုင်ပြီး လာစောင့်နေပါတယ် ။

 

2 လူသူ ကင်းရှင်းနေတဲ့ နယူးရောက် Newark လေဆိပ် ။

2 လူသူ ကင်းရှင်းနေတဲ့ နယူးရောက် Newark လေဆိပ် ။
2 လူသူ ကင်းရှင်းနေတဲ့ နယူးရောက် Newark လေဆိပ် ။

 

 

2 အဟင့် ၊ လက်တွန်းလှည်း ငှားခက ၅ ဒေါ်လှတဲ့ ၊ ဈေးကြီးတယ်ကွယ် ။

2 အဟင့် ၊ လက်တွန်းလှည်း ငှားခက ၅ ဒေါ်လှတဲ့ ၊ ဈေးကြီးတယ်ကွယ် ။
2 အဟင့် ၊ လက်တွန်းလှည်း ငှားခက ၅ ဒေါ်လှတဲ့ ၊ ဈေးကြီးတယ်ကွယ် ။

 

 

Nexus နှင့် လိုက်မယ် အဖွဲ့သားတွေ နှင့် Baggage တွေ စုံတဲ့အခါ ၊

ဒီည အဘတို့တည်းမယ့် Holiday Inn Clark Newark Hotel ကို ထွက်လာခဲ့ပါတယ် ။

 

ထူးခြားတာ တစ်ခုကတော့ အဘတို့ရဲ့ Guide ၊ Dan က အဖြူ Caucasian ဖြစ်ပေမယ့် ၊

ကား Driver ( တရုတ်ကြီး နှင့် ) တရုတ်လိုဘဲ မွတ်နေအောင် ပြောပါတယ် ။

 

တော်သေးပြီ ။

 

အဘ ဖေါ ( F R ) ။

 

 

2 အဘတို့တည်းမယ့် Holiday Inn Clark Newark Hotel နှင့် ခရီးစဉ် တလျှောက် စီးရမယ့် Bus ။

2 အဘတို့တည်းမယ့် Holiday Inn Clark Newark Hotel နှင့် ခရီးစဉ် တလျှောက် စီးရမယ့် Bus ။
2 အဘတို့တည်းမယ့် Holiday Inn Clark Newark Hotel နှင့် ခရီးစဉ် တလျှောက် စီးရမယ့် Bus ။

7 comments

  • ဇီဇီ ခင်ဇော် (15102012)

    September 15, 2014 at 6:09 am

    လိုက်လာခဲ့တယ် အဘရေ
    တွန်းးလှည်းးကဈေးးကြီးးချက်
    :k:

  • kai

    September 15, 2014 at 6:53 am

    LAX ကစိနတိုင်းသားတွေအဝင်များသမို့.. ငွေအရမ်းသုံးတဲ့စိနသားတွေအတွက်..ရှယ်.. ရိပ်နည်းတွေနဲ့.. ထားတာပေါ့..။ ဗီဇာတွေလည်း..ခုနှစ်ပိုင်းတွေဆို.. ပေါပေါပဲပဲ…ပေးသဗျ…။
    အဖြူတွေ စိနစကားမွှတ်နေတာတွေ တော်တော်များသဗျ..။
    LAX က.. သန့်ရှင်းသပ်ရပ်မှုမှာ.. အာရှမြို့ကြီးလေဆိပ်တွေကိုမမှီတာသေချာပါတယ်..။ ညစ်တောင်ပါတ်သေး..။

    အင်း..
    လေဆိပ်ရောက်ပြီး.. ဖုံးလေးတောင်ဆက်မသွား..။
    ဆိုတော့… အယ်လ်အေရဲ့..
    ဒစ်စနေလန်းဒ်၊ ယူနီဗာဆယ်စတီရီယို၊ ဟောလိဝုဒ်၊ မက်ဂျစ်မောင်တိန်၊ လောင်းဘိချ်ပို့တ်၊ စင်တာမော်နီကာဘိချ်၊ မာလိဘူဘိချ်၊ မိုဟောလင်န်းဒရိုက်ဗ်နဲ့.. ပစိဖိတ်ဟိုက်ဝေးတွေကျော်သွားတဲ့.. တိုး..အစီအစဉ်ကို အံ့ဩမိ…။ :k:

  • ဦးကြောင်ကြီး

    September 15, 2014 at 8:57 am

    Newark လေဆိပ်က Port Authority of New York and New Jersey လက်အောက်မှာ ရှိပြီး နေရာကတော့ New Jersey ပြည်နယ်ထဲမှာ တည်ရှိပါတယ်ခင်များ..။ အင်တာနေရှင်နယ် ဖလိုက်ဆိုလျင် JFK မှာ အဆင်းများပြီး LaGuradia လေဆိပ်ကတော့ domestic ဖလိုက်များ ဆင်းပါတယ်။ Newark Liberty လေဆိပ်ကတော့ နှစ်မျိုးစလုံး သုံးပါတယ်။ ခရီးအကွာအဝေးနှင့်ဆို နယူးဝက်က်လေဆိပ်သည် နယူးယောက်စီးတီး ဧရိယာအတွင်းမှဆိုလျင် အဝေးဆုံးဖြစ်မည်။ မြန်တျန့်များ အနေများသော Queens အရပ်မှဆိုလျင် လက်ဂွားဒီယားလေဆိပ်သည် ခဲတပစ် အကွာအဝေးသာရှိပြီး (နောက်ထှာ) ဗွတ်စကားစီးသွားလျင်ကို ရပါသည်။ တက္ကစီ ငှားလျင်လဲ ၁ဝဒေါ်လာ ဝန်းကျင်သာ ကုန်ပါသည်။ ဂျေအက်ဖ်ကေ လေဆိပ်ကတော့ ရထား၊ ကားရှိပေမည့် တနာရီလောက် သွားရပါသည်။ တက္ကစီ ငှားလျင်လဲ သုံးလေးဆယ် ကုန်ပါမည်။

  • ခင် ခ

    September 15, 2014 at 10:30 am

    တွန်းလှည်းဌားခ ကလည်း ဈေးကြီးလိုက်တာနော်။

    ” Immigration ၊ Custom ၊ Security Check တစ်ခုခုမှာသာ အဆင်မပြေ Delay ဖြစ်တာ ၊
    နိုင်ဂျံဂါး ကို လေယာဉ်စီးနေမကျလို့ ယောင်ဝါးဝါး လမ်းမှားသွားတာ ၊ တစ်ခုခုသာ ဖြစ်လို့ကတော့ ၊
    နောက်ဆက်စီးရမယ့် Connecting Flight လွတ်ပြီဘဲ ။”

    ဒီအချက်ကိုတော့ မှတ်သွားပြီဗျ၊ နောက်ခရီးသွားရင် သတိထားစရာပေါ့လေ။

  • kyeemite

    September 15, 2014 at 1:10 pm

    အင်း..ကိုရင်ဖေါနဲ့အတူ အမေရိကနဲ့ ကနေဒါကိုလျှောက်လယ်ရအုံးတော့မှာပေါ့..သင့်ခရုပါဗျာ

  • Yae Myae Tha Ninn

    September 15, 2014 at 2:26 pm

    အဲလိုမန့်ဖို့ ဘယ်နိုင်ငံခြားမှ ရောက်ဖူးဘူးဗျာ… ရေခြားမြေခြားဆိုလို့.. သန်လျင်ပဲရောက်ဖူးတယ်… ၃ နှစ် နေ့ချင်းပြန်ရယ်… 😛
    ပို့စ်တွေ ပြန်လာတင်လို့ ကျေးဇူးပါ.. အဘဖောရေ… ရှဲ့ရှဲ့… 🙂

  • sorrow

    September 15, 2014 at 2:46 pm

    ဘဖောရေ…ဒီလောက်လေယာဉ်တွေစီးနေတာ ..အဲလိုင်းမန်ဘာကဒ်လုပ်ထားလားခင်ဗျ …မလုပ်ထားရင် လုပ်ထားဖို့အကြံပေးလိုပါတယ်ဗျ..Mileage ထည့်ခွင့်ရမယ့်. ( Kris Flyer တို့ ..Star alliance တို့) လိုမျိုး…အခွင့်အရေးတွေမနည်းမနောရမှာနော့်…အားကျလိုက်တာဗျာ…

Leave a Reply