” တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် “

ခင္ခSeptember 15, 20141min915

” တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် “

 

စင်္ကာပူမြို့နဲ့ ရန်ကုန်မြို့ကို တူအောင်လုပ်မယ်ဆိုလို့ ဒီလိုတူတာလေးတစ်ခုကို ပြောမလို့ပါ။

သတင်းဆောင်းပါးတစ်ခုဖတ်လိုက်ရတယ် စိုက်ပျိုးမြေမရိသော စင်္ကာပူနိုင်ငံ၏အစားအစာပြဿနာကိုဖြေရှင်း နိုင်ရန် ရေပေါ်အထပ်မြင့်စိုက်ခင်းများကို စပိန်နည်းပညာဖြင့်တည်ဆောက်စိုက်ပျိုးကာ မိမိနိုင်ငံအတွက် လိုအပ်သော အစားအစာကို နိုင်ငံတွင်းတွင် ထုတ်လုပ်သွားနိုင်ရန်စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းတဲ့ဗျာ။ ဘာစီလိုနားအခြေစိုက် ဒီဇိုင်းကုမ္ပဏီတစ်ခုဖြစ်သော Fast Company က စင်္ကာပူဆိပ်ကမ်းဆိပ်ကမ်းတွင် မိုးမျှော်အထပ်မြင့်စိုက်ခင်းများတည်ဆောက်ပေးမည်ဖြစ်ပြီး တစ်နှစ်ပတ်လုံးကောက်ပဲသီးနှံများ စိုက်ပျိုးနိုင် မည်ဖြစ်သည်၊သို့သော် ရေပေါ်အထပ့်မြင့်စိုက်ပျိုးရေးလုပ်ငန်းမှာ ၁၉၃ဝပြည့်လွန်နှစ်များကတည်းက အထပ်မြင့်ငါးမွေးမြူရေးကန်များဖြင့် လုပ်ငန်းဆောင်ရွက်နေသော စင်္ကာပူနိုင်ငံအတွက်အသစ်အဆန်းတော့ မဟုတ်တော့ကြောင်းသိရပါတယ်၊ ရေပေါ်အထပ်မြင့်စိုက်ခင်းများကို နေရောင်ခြည်ကိုကောင်းစွာရရှိနိုင်ရန် ကျောချင်းကပ်တည်ဆောက်မည်ဖြစ်သည်၊ စိုက်ခင်းများထဲတွင် ကောက်ပဲသီးနှံများကို စောင့်ကြည့်မည့် ဆင်ဆာများစွာတပ်ဆင်ထားမည်ဖြစ်ပြီး ၎င်းတို့ကိုမြေပြင်ထိန်းချုပ်ရေးဌာနက စဉ်ဆက်မပြတ် စောင့်ကြည့် နေမည်ဖြစ်သည်၊ ထိုစနစ်ဖြင့် စင်္ကာပူနိုင်ငံသားများနေ့စဉ်ဝယ်ယူနေသောဟင်းသီးဟင်းရွက်ပမာဏကိုလည်း တိုင်းတာနိုင်မည်ဖြစ်ပြီး လိုအပ်သလောက်စိုက်ပျိုးထုတ်လုပ်သွားကာ ဟင်းသီးဟင်းရွက်နှင့် ကောက်ပဲသီးနှံ များအလေအလွင့်မရှိစေရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းရေးထားပါတယ်၊

အလွန်ကြီးမားသော ရေပေါ်အထပ်မြင့်စိုက်ခင်းများ စတင်မတည်ဆောက်မီ ပုံစံငယ်များတည်ဆောက် စမ်းသပ်ဦးမည်ဖြစ်ပြီး ယခုအခါ ယင်းစိုက်ခင်းများကို အမှန်တကယ်တည်ဆောက်လျှင် လိုအပ်သော စွမ်းအင် ထုတ်လုပ်နိုင်မည့်ကောက်ပဲသီးနှံပမာဏအစရှိသည်တို့ကို တိုင်းတာတွက်ချက်နေပြီးများမကြာမီစတင်ဆောက် မည်ဖြစ်ကြောင်း သိရသည်။ (Cd-TMK)

 

ရန်ကုန်မြို့ စည်ပင်သာယာက ဟိုတလောကကြေငြာချက်ထုတ်တာကို သတင်းစာတွေထဲမှာဖတ်လိုက်ရတယ်၊ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦးတွေဆောက်တာကို ပြန်စီစစ်ပြီးဖျက်သိမ်းခိုင်းမယ်တဲ့၊ အဲလိုခွင့်ပြုချက်မဲ့ အဆောက်အဦးတွေ ရန်ကုန်မြို့မှာ ၂၀၀ဝ ကျော်တောင်ရှိတယ်ဆိုပါတယ်၊ အဆောက်ဦးတွေ ဆောက်နေကြ တာ ခွင့်ပြုချက်ရှိတာ မရှိတာထားပါအုံး ဆောက်နေလက်စမှာ စည်ကဝန်ထမ်းတွေ လမ်းတကာ လှည့်ပြီးသွား နေတာ မသိကြဘူးလား၊ အိမ်ထဲဝေဖာနဲ့ဆောက်နေတာမှမဟုတ်တာ နဂိုထဲက ပိုင်သလို ဘာလို နဲ့ မျက်စိ မမှိတ်နေခဲ့ကြပြီး အခုမှအစဖော်ပြန်လုပ်နေတယ်၊ ဒါပေမယ့် ဆောက်ပြီးစ ဘယ်နှစ်လုံးမှပြန်ဖျက်ခိုင်း တာမျိုး တော့မကြားမိသေးဘူး၊ မကြားတာလဲမပြောနဲ့လေ ခွင့်ပြုချက်ရှိလားသွားမေးရင် နုတ်နဲ့ခွင့်ပြုထားတာ တွေက အများအများကြီးရှိလာအုံးမှာပါဘဲ၊ အဲဒီတော့လည်း နည်းနည်းပါးပါးထပ်လုပ်လိုက်ရင်ပြီးသွားပြန်ရော ဖြစ်အုံးမှာပါဘဲ၊ ဒါတွေမဆီမဆိုင် ဘာလို့ရေးတာလဲလို့ ထင်နေလား ဆိုင်ပါသကောဗျာ။

 

အလွန်ကြီးမားသော ရေပေါ်အထပ်မြင့်စိုက်ခင်းများ စတင်မတည်ဆောက်မီ ပုံစံငယ်များတည်ဆောက် စမ်းသပ်ဦးမည်ဖြစ်ပြီး ယခုအခါ ယင်းစိုက်ခင်းများကို အမှန်တကယ်တည်ဆောက်လျှင် လိုအပ်သော စွမ်းအင် ထုတ်လုပ်နိုင်မည့်ကောက်ပဲသီးနှံပမာဏအစရှိသည်တို့ကို တိုင်းတာတွက်ချက်နေပြီးများ မကြာမီစတင်ဆောက် မည်ဖြစ်ကြောင်း သိရသည်။

 

သူများတိုင်းပြည်က တစ်ခုခုလုပ်တော့မယ်ဆိုရင် အဲလို စနစ်တကျနဲ့ အကောင်အထည်ဖော်လုပ်ကြတာ၊ ဒီတိုင်းပြည်လို အရူးချီးပန်း ပါးစပ်နဲ့အမိန့်ပေး အခုဟိုဟာလုပ် ခဏနေ ဒီလိုလုပ် လက်တည့်စမ်းကစားသလိုမျိုး မလုပ်ဖူးဗျ၊ လူကြီးတွေအတော်များများလည်း နိုင်ငံခြားတွေပတ်လည်ပြီးသွားနေကြတာဘဲ ဘာတွေလေ့လာခဲ့ ကြလဲ တော့မသိဘူးလေ။ ဟိုးအရင်ထဲက လုပ်ပုံလုပ်နည်းတွေ အခုလည်း သိပ်ပြောင်းလဲသွားတာမတွေ့ရ သလိုပါဘဲလေ။

အဲလိုကွာဟချက်မျိုးတွေ အများကြီး အများကြီး ရှိပါသေးတယ်လေ၊ ဒါကြောင့် ရန်ကုန်မြို့ကို စင်္ကာပူလို ဖြစ်အောင် လုပ်မယ်ဆိုတာ အလွယ်တကူပြောပြီး ပြီးရောယုံတမ်းစကားအဖြစ်ပြောသင့်တဲ့အရာ မဟုတ်သင့် ပါဘူး၊

ငယ်ငယ်က ကျောင်းနံရံမှာရေးထားသလိုပါဘဲ

တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်။

တစ်ခုတော့ရှိတာပေါ့လေ တကယ်မဖြစ်ချင်ဘဲ စကားအဖြစ်ပြောတာဆိုခဲ့ရင်တော့ မပြောတတ်ဘူးပေါ့လေ။

 

ခင်ခ။

5 comments

  • ဇီဇီ ခင်ဇော် (15102012)

    September 15, 2014 at 8:23 am

    အရင်ဆုံး Drainage System လေးပဲ အရင် တူအောင် လုပ်ပေးရင်ကို ကောင်းမှာပဲ။
    ပြောလာတာတော့ ကြာပြီ။
    လုပ်ပေးချင်စိတ်ရှိရင် လုပ်ပြီးတာ ကြာပေါ့။

    • ခင် ခ

      September 15, 2014 at 10:02 am

      မှန်တာပေါ့ဗျာ လုပ်ပေးချင်စိတ်ရှိရင် လုပ်ပြီးတာကြာပေါ့ ဆိုတာလေးးးးးးးးးး

  • ဦးကြောင်ကြီး

    September 15, 2014 at 8:36 am

    လုပ်တိုင်းဖြစ်ကြေးဆို ့ရူပဗေဒ ပြိန်ညာရှင်ဒွေထဲမှာ ဘာလို့ ဒုတိယ အိုင်းစတိုင်း တတိယ အိုင်းစတိုင်းတွေ ထွက်မလာဂျလဲ..။ ဘာပြုလို့ ပါရမီရှင် ဂျီးနီးယက်စ်ဆိုတဲ့ စာလုံး ပေါ်လာလဲ..။ ပို့စ်နဲ့ ဆိုင်ဆိုင် မဆိုင်ဆို ခေါင်းစဉ်မြင်တော့ လျှာယားလာလို့…။ ဦးမာမွတ်လို ရုတ်ဝါဒီတွေအတွက် အဖြေမရှိတော့ မှုတ်လား… ငါကွ

  • ဇီဇီ ခင်ဇော် (15102012)

    September 15, 2014 at 12:02 pm

    ဦးသန်းရွှေ လက်ထက်ကနေ ဦးသိန်းစိန် လက်ထက်ကို အကူးအပြောင်းမှာ

    ဦးသိန်းစိန် လက်ထဲကို ထည့်ပေးလိုက်တာ အာဏာတင် မကပါဘူး

    ခွက်တစ်လုံးပါ အပိုပါတယ်.. ဒါလည်း သူ့အပြစ်ပြောတာ မဟုတ်ပါဘူး

    သူ ကိုယ်က ခွက်ဆွဲရမယ့် အချိန် သမ္မတ ဖြစ်လာဖို့ ကံဇာတာ ပါလာလို့ပါ

    တစ်ခါတစ်လေလည်း ညအိပ်ရင် သမ္မတကြီးကို မေတ္တာ ပို့ပေးနေတယ်

    ကျန်းမာပါစေ ချမ်းသာပါစေ ခွက်မပျောက်ပါစေနဲ့ စသဖြင့်ပေါ့

    သူ ခွက်ပျောက်ရင် ကျွန်တော်တို့ပါ ထိခိုက်နိုင်တယ်လေ

    တချို့တွေကလည်း အကောင်းမြင်ပေးကြတာလည်း မလွန်ပါဘူးဗျာ

    တိုင်းပြည် ကောင်းစားရေးအတွက်ပါ ခုဆို အဲ့ဒီ အသီးအပွင့်တွေ မြင်နေရပီလေ

    နိုင်ငံတကာက အထောက်အပံ့တွေနဲ့ ခုဆို ဓာတ်ကြိုးတွေ ပြန်ပြင်ပေးနေလို့

    ရန်ကုန်မှာ ဓာတ်လိုက်သေတဲ့လူ တစ်လ ၂ ယောက်လောက်ပဲ ရှိတော့တယ်

    ဘယ်လောက် ကျေးဇူးတင်စရာကောင်းလိုက်သတုန်း ဒီပုံစံအတိုင်းသာ ဆက်သွားရင်

    EPC ကို မီးဖြတ်ပေးဖို့ ဆန္ဒပြတဲ့ ကမ္ဘာ့ ပထမဆုံး နိုင်ငံအဖြစ် စံချိန်တင်တော့မှာမို့

    မြန်မာဟေ့ဆိုပီး ဂုဏ်ယူချင်တဲ့သူတွေလည်း သဘောခွေ့စရာပေါ့ဗျာ

    အရင်ခေတ်က ခရိုနီ ဆိုတဲ့ ဦးတေဇတို့ ဦးဇော်ဇော် တို့ ဦးခင်ရွှေ တို့လို ပုဂ္ဂိုလ်တွေ

    ခု ဘာဖြစ်သွားပီလည်း ကြည့်လိုက်ပါအုံး အကုန်မွဲ သွားပီလေ

    ဦးတေဇဆို ငွေရေးကြေးရေး သိပ် အဆင်မပြေလို့

    သူ့ဘဏ်တောင် ဒေါ်လာ ဘီလျံ ဘယ်လောက်နဲ့ ဆိုလား ခွဲရောင်းနေရတဲ့အဖြစ်

    ဦးခင်ရွှေဆိုလည်း ဘယ်ကမှ ဝင်ငွေမရတော့လို တစ်လ ၃ သိန်းလား ၆ သိန်းနဲ့လားမသိဘူး

    လွှတ်တော်ထဲမှာ လခစား လာလုပ်နေရရှိတယ် အသက်ကြီးခါမှ

    သူ့ခင်မျာ မပေါ့မပါးကြီးနဲ့ သနားဖို့ အလွန်ကောင်းတယ်

    ဒီမိုကရေစီ ခေတ်အပြောင်းမှာ မပြောင်းလဲလိုတဲ့ လူတွေ

    အကုန် ထားခဲ့မယ်တဲ့ မှတ်မိတယ်မလား အပြောနဲ့ အလုပ်ညီကြောင်း

    ဝန်ကြီးတွေ အပြောင်းအလဲ လုပ်လိုက်ပုံများ ချီးကျူးလောက်တယ်

    ဒေါက်တာ ဖေသက်ခင်တဲ့ ဥိးအောင်ကြည်တဲ့ ဦးဆန်းဆင့်တဲ့…

    ဘာလုပ်မိလို့တုန်းဆိုတော့ ပြောစကားနားမထောင်လို့ပါ .. အဲ့လို သမ္မာသမတ်ကြတာ

    ဟိုဆက်သွယ်ရေး ဝန်ကြီး ဟောင်းကိုလည်း လာဘ်စားလို့ဆိုပီး သမ တာများဗျာ

    အကုန်ဖော်မယ်လုပ်လို့ မင်း အေးအေးဆေးဆေး နားလိုက်တော့ကွာ ဆိုပီး ခပ်ကြမ်းကြမ်းပဲ

    ပြောထည့်ပလိုက်တာ.. ခုဆိုရင် တကယ် တော်တဲ့ လူတွေကိုလည်း သမ္မတကြီးက

    နေရာပေးနေပါပီ… ဦးရဲထွဋ်လို အဖားတော်တဲ့ လူမျိုးကို ၃ နှစ်အတွင်း

    သာမညောင်ည အဆင့်ကနေ ဝန်ကြီးအဆင့်ထိ တိုးပေးလိုက်တာသာ ကြည့်တော့…

    ဘာပဲဖြစ်ဖြစ် ဒီအစိုးရ က ကောင်းရှာပါတယ်…
    🙁
    Credit to Nyi Thit

    • ခင် ခ

      September 15, 2014 at 1:14 pm

      ကောင်းကွက်လေးတွေလာပြန်ပြောပေးတာ တကယ်ကျေးဇူးတင်တယ် ငါ့နှမရေ။

Leave a Reply