. တိုက်ဆိုင်တာလား… ဘာလားတော့ သိဘူးဗျ… ဘာပဲပြောပြော ဖတ်စရာတွေ ပြန်များလာပြီဗျ…

. တိုက်ဆိုင်တာပဲ ဖြစ်မှာပါ… ကျွန်တော်က ဘာကောင်မှ မဟုတ်တာ.. ကျွန်တော်ပြောလို့တော့ ပြန်လာရေးတာ ဟုတ်လောက်ပါဘူး… :)

. မရေးတာ ကြာပြီဖြစ်သော သူများ ပြန်လည်တင်လာကြတယ်… အားတောင်နာတယ်… တချို့က ကျွန်တော့်ပို့စ်ထဲ ထည့်မရေးမိဘူး..

. တကယ်တော့ အဲဒီတချို့တွေကလဲ ပြန်လည်စည်ကားလာစေတဲ့ အချက်တွေပါပဲ… ခွင့်လွှတ်ကြပါလို့…

. အဲဒီတချို့တွေကို ကျွန်တော်မသိတာကလဲ … ထင်တာ ပြောတာပါ… ဂဇက်ကလုပ်တဲ့ ပွဲတခုခုပေါ့… အဲတာမျိုးတွေ မရောက်ဖူးလို့ပဲလားပဲ…

. ဦးကြီးမိုက်တို့ ကိုဆာမိတို့ကျတော့ ကျွန်တော် ၀င်ဝင်ချင်းမှာ အမြင်များ… ဖတ်လို့လဲ ကောင်း.. စွဲတာလဲ ပါမယ်… ကော်မန့်လဲ လာပေးနဲ့ဆိုတော့ ခင်တော့ မှတ်မိတာ ဖြစ်မယ်ဗျ…

. လူချင်းမတွေ့ဖူးသော်လဲ အော်တို ခင်နေသလိုပဲ.. ဟီး… စကားပြောရင်  ၀ါသနာပါတာလေးက ပါမှ..

. ဟုတ်ကဲ့ပါ…  ဘယ်လိုပဲ ပြောပြော… ဂဇက်ကြီး ပြန်လည် စည်ကားလာတာ အင်မတန် ၀မ်းသာပါတယ်ခင်ဗျာ…

. ရိုက်လက်စ ရိုက်နေဆဲ ထုတ်လုပ်ရေးများလဲ ဆက်လက်ပြီးတော့လဲ ရုပ်ရှင်တွေဆက်ရိုက်ကြပါလို့…

. မရိုက်ဖြစ်သေးပဲ တည်ရုံပဲ တည်ထားသော ရှုတင်များလဲ ရိုက်ရက်ရသင့်ပြီလို့ တိုက်တွန်းတောင်းဆိုရင်း နိဂုံးချုပ်အပ်ပါတယ်…

. တဂျီး ပွိုင့်မပေးလဲ ရတယ်နော်.. ဒီပို့စ်အတွက်… အမှတ်တရလေး ဖြစ်စေချင်လို့… ပို့စ်အနေနဲ့ တင်မိပါတယ်… မီရားနဲ… :P

. အော် ကျန်လို့ ဇာတ်အိမ်တောင် မရသေးဘူးဆိုလဲ ဆက်လက်စောင့်နေပါတယ်လို့… :D

 

                                       အထူးကျေးဇူးတင်ရှိခြင်း

. ဒီလူတွေက  ကျွန်တော်ပို့စ်တင်ပြီး အားဖြည့်လာသူတွေပါ…

. ဦးကြီးမိုက် ( ဒီတခါတော့ အကယ်ဒမီ ရရှိသူကိုပါ တခါတည်း ကြေငြာရတော့မယ်… ဗန်းကိုင်ကိုတော့ သမီးလေးကို လုပ်ခိုင်းလိုက်လေ… :) )

. ဦးကြောင်ကြီး

. အဘဖော

. ကန္နားစီး မိဂီ

. padonmar

. မြစာကလေး

. ကျောက်စိမ်း တညင်

. moon poem

. ထပ်မံ အားဖြည့်လာသော ဘဲဥ၊ ရွှေကြည်၊ ကာရံ၊ သုဘရာဇာ သံချောင်း နှင့် တခြားခြားသော ကျန်ခဲ့သူများရှိပါဦးမယ်… ကျေးဇူးတင်ပါတယ်လို့… ဆက်လက်ပြီး ရုပ်ရှင်လောကကြီးအတွက် ရိုက်ပေးကြပါဦးဗျာ… နော်…

 

ရေမြေ့သနင်း

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...