ဝမ်းတာနွန်းနို့ မျက်ရည်များတောင် လည်တယ်… :)

ကုိ ထြဋ္September 15, 20141min25117

. တိုက်ဆိုင်တာလား… ဘာလားတော့ သိဘူးဗျ… ဘာပဲပြောပြော ဖတ်စရာတွေ ပြန်များလာပြီဗျ…

. တိုက်ဆိုင်တာပဲ ဖြစ်မှာပါ… ကျွန်တော်က ဘာကောင်မှ မဟုတ်တာ.. ကျွန်တော်ပြောလို့တော့ ပြန်လာရေးတာ ဟုတ်လောက်ပါဘူး… 🙂

. မရေးတာ ကြာပြီဖြစ်သော သူများ ပြန်လည်တင်လာကြတယ်… အားတောင်နာတယ်… တချို့က ကျွန်တော့်ပို့စ်ထဲ ထည့်မရေးမိဘူး..

. တကယ်တော့ အဲဒီတချို့တွေကလဲ ပြန်လည်စည်ကားလာစေတဲ့ အချက်တွေပါပဲ… ခွင့်လွှတ်ကြပါလို့…

. အဲဒီတချို့တွေကို ကျွန်တော်မသိတာကလဲ … ထင်တာ ပြောတာပါ… ဂဇက်ကလုပ်တဲ့ ပွဲတခုခုပေါ့… အဲတာမျိုးတွေ မရောက်ဖူးလို့ပဲလားပဲ…

. ဦးကြီးမိုက်တို့ ကိုဆာမိတို့ကျတော့ ကျွန်တော် ဝင်ဝင်ချင်းမှာ အမြင်များ… ဖတ်လို့လဲ ကောင်း.. စွဲတာလဲ ပါမယ်… ကော်မန့်လဲ လာပေးနဲ့ဆိုတော့ ခင်တော့ မှတ်မိတာ ဖြစ်မယ်ဗျ…

. လူချင်းမတွေ့ဖူးသော်လဲ အော်တို ခင်နေသလိုပဲ.. ဟီး… စကားပြောရင်  ဝါသနာပါတာလေးက ပါမှ..

. ဟုတ်ကဲ့ပါ…  ဘယ်လိုပဲ ပြောပြော… ဂဇက်ကြီး ပြန်လည် စည်ကားလာတာ အင်မတန် ဝမ်းသာပါတယ်ခင်ဗျာ…

. ရိုက်လက်စ ရိုက်နေဆဲ ထုတ်လုပ်ရေးများလဲ ဆက်လက်ပြီးတော့လဲ ရုပ်ရှင်တွေဆက်ရိုက်ကြပါလို့…

. မရိုက်ဖြစ်သေးပဲ တည်ရုံပဲ တည်ထားသော ရှုတင်များလဲ ရိုက်ရက်ရသင့်ပြီလို့ တိုက်တွန်းတောင်းဆိုရင်း နိဂုံးချုပ်အပ်ပါတယ်…

. တဂျီး ပွိုင့်မပေးလဲ ရတယ်နော်.. ဒီပို့စ်အတွက်… အမှတ်တရလေး ဖြစ်စေချင်လို့… ပို့စ်အနေနဲ့ တင်မိပါတယ်… မီရားနဲ… 😛

. အော် ကျန်လို့ ဇာတ်အိမ်တောင် မရသေးဘူးဆိုလဲ ဆက်လက်စောင့်နေပါတယ်လို့… 😀

 

                                       အထူးကျေးဇူးတင်ရှိခြင်း

. ဒီလူတွေက  ကျွန်တော်ပို့စ်တင်ပြီး အားဖြည့်လာသူတွေပါ…

. ဦးကြီးမိုက် ( ဒီတခါတော့ အကယ်ဒမီ ရရှိသူကိုပါ တခါတည်း ကြေငြာရတော့မယ်… ဗန်းကိုင်ကိုတော့ သမီးလေးကို လုပ်ခိုင်းလိုက်လေ… 🙂 )

. ဦးကြောင်ကြီး

. အဘဖော

. ကန္နားစီး မိဂီ

. padonmar

. မြစာကလေး

. ကျောက်စိမ်း တညင်

. moon poem

. ထပ်မံ အားဖြည့်လာသော ဘဲဥ၊ ရွှေကြည်၊ ကာရံ၊ သုဘရာဇာ သံချောင်း နှင့် တခြားခြားသော ကျန်ခဲ့သူများရှိပါဦးမယ်… ကျေးဇူးတင်ပါတယ်လို့… ဆက်လက်ပြီး ရုပ်ရှင်လောကကြီးအတွက် ရိုက်ပေးကြပါဦးဗျာ… နော်…

 

ရေမြေ့သနင်း

17 comments

  • ခင် ခ

    September 15, 2014 at 12:39 pm

    ဒီလိုမှ မလာကြသေးရင် နောက်ကားတွေရိုက်ကြဖို့ တင်ဒါ ခေါ်လေဗျာ။

  • Yae Myae Tha Ninn

    September 15, 2014 at 1:48 pm

    မခေါ်တော့ပါဘူူး.. တင်ဒါဆိုတာ… ကိုယ်နဲ့သိတဲ့လူကိုပဲ တင်တာ မလား.. အခုက အကုန်နဲ့သိနေတော့.. တင်သာလာတင်ပါဗျာ… 🙂

  • kyeemite

    September 15, 2014 at 2:42 pm

    .ကျုပ်လည်း သတိထားမိပါတယ်…မစ္စတာဘဲဥတို့ဆိုပျောက်နေတာကြာပေါ့..ခုပြန်တွေ့ရပြီ..ဂွတ်
    .ဖတ်စရာတွေလည်းများလာလို့အကြွေးတောင်တင်နေတယ် :i:

    • Yae Myae Tha Ninn

      September 15, 2014 at 3:13 pm

      ဘယ်သူမှ မပြောပါနဲ့.. ဦးကြီးမိုက် ရှေ့ဆုံးက ရိုက်ပါ.. နောက်က လိုက်လာမှာပါ… ဦးကြီးမိုက်က လမ်းပြပါ… နောက်ကလိုက်လို့ ကျောင်းတက်မှာ… ပဂျိ… 🙂

  • JackSkellington

    September 15, 2014 at 3:08 pm

    အဲ့ဒီတော့ ပို့စ်တင်တဲ့ လူတွေကို ဝမ်းသာ ကျေးဇူးတင်တဲ့ အထိမ်းအမှတ်နဲ့ ဘျင်ဂျီး (ရေမြေ့သနင်း ဆိုတာကိုး) က ဟင်းချက်ကျွေးပါမယ်တဲ့ ခင်ဗျား။.. ဒါမှ မဟုတ်လဲ စားသောက်ဆိုင်မှာ နေ့လည်စာ တဲ့…
    သဘောတူသူတွေ လက်ခုပ် တီးကြဘာာာ…..

    • ဇီဇီ ခင်ဇော် (15102012)

      September 15, 2014 at 3:11 pm

      ဖြောင်းဖြောင်းဖြောင်းးး
      စလုံး က လောင်းဘိ(ချ) မှာ ကျွေးရင် ကောင်းမယ်နော်။

      :k:

  • Yae Myae Tha Ninn

    September 15, 2014 at 3:15 pm

    ုလုပ်ပြီ ဂျက် နဲ့ ဇီဇီ… အရောက်ပို့နေတယ် ဂလား… ရတယ်.. စ လုံးကို အရင်ခေါ်လိုက်.. စရိတ်ခံခိုင်းတာနော်… ဟွန်း… လင်မယား ၂ ယောက်လုံးကို ခေါ်ရမှာနော်.. မိန်းမ မပါရင်လဲ မလာဘူး… 😀
    ဒါဆို အခု ပြောတဲ့နေရာမှာ ကျွေးမယ်.. ခက်တာက မရောက်ဖူးတော့ မသိဘူးနော်.. 🙂

    • JackSkellington

      September 15, 2014 at 3:24 pm

      အင်း
      လေယာဉ်လက်မှတ် ကို ၁၀ဝ တန်လောက် ရှာဝယ်
      လင်မယား ၂ယောက် ဆို ၂၀၀၊
      ရောက်တာနဲ့ လေဆိပ်ကနေ long beach ကို တန်းသွား
      နေ့လည်စာ ညစာ ပေါင်းစားပစ်
      ပြီးတာနဲ့ ညနေ လေယာဉ်နဲ့ ရန်ကုန် ပြန်လွှတ်လိုက်…

      မဆိုးလောက်ဘူး တွက်ခြေ ကိုက်တယ်…. ဟိဟိ

      • ဇီဇီ ခင်ဇော် (15102012)

        September 15, 2014 at 3:29 pm

        ခုမှ ဝမ်းသာလွန်းလို့ မက်ရည်တွေ လည် လာလောက်ပြီ။
        တို့ကို မြင်ရင် အရမ်း သဒ္ဒာ ပေါက်မှာလို့ နေ့လည်စာကျွေးပြီး ညစာ အတွက်ပါ $$ ပေးသွားနိုင်တယ်.၊.
        ၊ဟိ။
        :k:

  • Yae Myae Tha Ninn

    September 15, 2014 at 3:41 pm

    အင်း… မိန်းမရေ… ကိုယ်တော့ လူမှားပေါင်းပြီ… အဲ လူပေါင်းမှားပြီ.. အာ ၂ခု စလုံးပဲ ဟေ့… 🙂

    • ဇီဇီ ခင်ဇော် (15102012)

      September 15, 2014 at 3:44 pm

      ဪ။
      ကျန်သေးတယ်.။
      နိုနို နဂတစ် တို့ လည်း ပေါ်မလာ အတော်ကြာ။
      :k:

  • Yae Myae Tha Ninn

    September 15, 2014 at 3:49 pm

    ဟုတ်.. မှတ်သားထားပြီး.. လာလည်ရင် တွေ့မယ်လေ… တခုပဲ.. အဲကနေ ဘာဝယ်ပြီး ပြန်ရင် ခရီးစရိတ်တွေ ကြေနိုင်လဲ… 🙂

    • ဇီဇီ ခင်ဇော် (15102012)

      September 15, 2014 at 3:52 pm

      ဝယ် ပြန် လို့ ရတာတော့မသိဝူးးး
      ရောင်းပြန်လို့ ရတာတော့ သိတယ်။
      ဟိ။
      ကီလို ရောင်းပြန်။
      ခိခိ

      :mrgreenn:

  • Yae Myae Tha Ninn

    September 15, 2014 at 4:19 pm

    လုပ်ပါနဲ့ဗျာ.. မရှိက ရှိကလေး နဲ့ .. ခေတ်မှီအောင် နိုင်ငံခြားလာဖို့ စဉ်းစားတာကို.. အဲလိုတော့ မနှိပ်စက်နဲ့နော်.. 🙂

  • မြစပဲရိုး

    September 15, 2014 at 7:43 pm

    ကျေးဇူးကျီး လှပါတယ် မောင်မင်းကြီးသားရယ်.
    အခု ကျုပ်မှာ မန့်မနိုင်တော့ဘူး။
    သို့ပေသည့်
    ပြေးပြီ။
    နောက်တစ်ပါတ်မှ။

    မင်းလဲ မျက်ရည် လေး တစမ်းစမ်း နဲ့ ဆိုတော့ မဂျီးစမ်း တို့ အဖွဲ့ဝင်ပြီပေါ့။
    ကျုပ်လဲ ဝင်ပြီးပြီ။ lol:-))

  • Yae Myae Tha Ninn

    September 16, 2014 at 8:55 am

    ဖန်ဆင်းရှင်တွေလေ… ဟီး… သိတယ်မလား… -င်စမ်းရှင်တွေပေါ့… 🙂

Leave a Reply