လေလွင့်သူ (The Rover)

မောင်ဘလိုင်September 15, 20141min19914

the-rover-poster-3

ကမာ္ဘ့စီးပွားပျက်ကပ် ပြီးသည့်နောက် ဆယ်နှစ်အကြာတွင် ဩစတြေးလျ နိုင်ငံသို့ ကမာ္ဘ့ဒေသ

အသီးသီးမှ လူများ ပြောင်းရွှေ့လာကြသည်။ ဩစတြေးလျ ဒေါ်လာထက် အမေရိကန်ဒေါ်လာ

က ပို၍ အလုပ်ဖြစ်နေသည်။

 

အဲရစ်သည် လယ်ဆုံး၊ ယာဆုံး၊ မိသားစု ဆုံးရှုံးသွားခဲ့သော စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်ပြီး

လောကကြီးကို စိတ်အချဉ်ပေါက်ကာ အလွန်ရန်လို၍ လူသတ်ရန်ဦးမလေးသူ တစ်ယောက်

ဖြစ်၏။ ကားတစ်စီးဖြင့် ဩစတြေးလျ ကန္တာရအတွင်း စိတ်ကူးတည့်ရာ လေလွင့်နေစဉ်တွင်

ဓားပြသွားတိုက်ပြီး ထွက်ပြေးလာသော ဟင်နရီတို့လူစုက အဲရစ်ကားကို ခိုးယူမောင်းနှင်

ထွက်ပြေးသွားသည်။

 

အဲရစ်က ဟင်နရီတို့ထားခဲ့သော ကားဖြင့်လိုက်ရာ နောက်ဆုံး ဟင်နရီ လက်ချက်ဖြင့်

သတိလစ်ကျန်ခဲ့သည်။ တွေ့ကရာလူများကို မေးမြန်းရင်း ဒဏ်ရာရနေသော ဟင်နရီ၏

ညီ ရေးနိုးလ် နှင့်တွေ့သည်။ ရေးကို မေးမြန်းစဉ်မှာပင် ဒဏ်ရာကြောင့် သတိလစ်သွား

၍ ဆရာဝန်ရှာကာ ကုသရသည်။

 

ရေးသည် ကျပ်မပြည့်သူ တစ်ဦးဖြစ်သည်။ သူတို့ညီအစ်ကို အမေရိကားမှ ဩစတြေးလျ

သို့ ရောက်လာပြီး မိုင်းတွင်းများတွင် အလုပ် လုပ်ကြသည်။ ရေးသည် သူ့အစ်ကိုကို

အားကိုးသည်။ အဲရစ်က သူ့ကားပြန်လိုချင်၍ ရေးကို မေးရာ ဘာကြောင့်ထွက်ပြေး

ရသည်ကိုတော့ မပြော။ ပင်ကာတွန် သို့သွားမည့်အကြောင်းတော့ ကြားမိကြောင်း

ပြောသည်။ ရေးသည် သူ့အစ်ကို ကို ယုံကြောင်း၊ ဘုရားသခင်ကိုလည်း ယုံကြောင်း

ပြောရာ အဲရစ်က သူ့အစ်ကို ဟင်နရီသည် ဒဏ်ရာနှင့် သေအောင် ရေးကိုပစ်ထား

ခဲ့ကြောင်း၊ ဘုရားသခင်သည် ရေး ကိုယ်ထဲကို ကျည်ဆံများသာ ပစ်သွင်းခဲ့ကြောင်း

ပြောသည်။ ရေး စိတ်ညစ်သွားပြီး သူ့အစ်ကို ကို သတ်မည်ဟုဆုံးဖြတ်လိုက်၏။

သူတို့နှစ်ဦး အပြန်အလှန် အသက်ကယ်ရသည့် အဖြစ်များ လမ်းတွင်ဖြစ်ပွားရာ

အဲရစ်နှင့်ရေးတို့ကြား ယုံကြည်မှုနှင့် သံယောဇဉ်တစ်မျိုးဖြစ်တည်လာခဲ့သည်။

ရေး ၏ အစ်ကိုတို့ အဖွဲ့နှင့်တွေ့သည့် အခါ…..။

 

ဒါရိုက်တာ ဒေးဗစ် မစ်ချော့ဒ် ရိုက်ကူးသည့် ဤဇာတ်ကား ကြည့်ကောင်းသော

တန်းမြင့် ဒရာမာ အက်ရှင်ကား တစ်ကားဟု ဆိုထိုက်ပါသည်။ အဲရစ် အဖြစ်

ဂိုင်း ပီရာ့စ်၊ ရေး အဖြစ် ရောဘတ် ပတ်တင်ဆန် တို့၏ သရုပ်ဆောင်ဆောင်ချက်

များ အလွန်ပီပြင် အသက်ပါလှသည်။ ဒေါ်လာ ဆယ့်နှစ်သန်း အကုန်ကျခံရိုက်

ကူးထားသော ဤဇာတ်လမ်းသည် လောလောဆယ် အရပ်ရပ် ပြသဝင်ငွေ

တစ်သန်းကျော်သာရရှိထားသေးသည်။

14 comments

  • ဇီဇီ ခင်ဇော် (15102012)

    September 15, 2014 at 3:09 pm

    ခု တလော ရုပ်ရှင်ကြည့်မယ် ဆို ဘာမှ စဉ်းစားမရ.။
    ရမ်ဒမ် ရှာပြီး ကြည့်နေရတယ်။
    ခုလိုဆို ဇာတ်လမ်းချုံမိပြီး ကြည့်ချင်စိတ်ပေါက်တယ်လေ။
    at least, တစ်ပတ် တစ်ကားလောက် ညွှန်းနိုင်ရင်တော့ ကောင်းမယ်ထင်တယ်။
    ဟီးဟီးး
    :s:

    • မောင်ဘလိူင်

      September 15, 2014 at 3:15 pm

      ဇာတ်ကားကတော့ တစ်နေ့တစ်ကားလောက်တော့ ကြည့်ဖြစ်တယ် အစ်မရေ..။
      ညွှန်းလောက်အောင် မကောင်းတာတွေများနေလို့..။ တစ်ပတ် တစ်ကားတော့
      တတ်နိုင်သမျှ ကြိုးစားကြည့်ပါမယ်။

      • ဇီဇီ ခင်ဇော် (15102012)

        September 15, 2014 at 3:26 pm

        အမ က စုထားပြီးမှ တစ်ရက် ၄ ကားလောက် စနေ/တနင်္ဂနွေကို ကြည့်တာ။
        ဟီးဟီးး
        အမ မောင်လေး လာရင်လည်း သူကြည့်စေချင်တဲ့ ကားတွေ ယူယူလာတယ်။
        သာမန်အားဖြင့်

        ညွှန်းတဲ့သူမရှိရင် ဘယ် ဒရမ်မာ မှ မကြည့်ဖြစ်ဘူးးး

        အဲဒါကြောင့် ကောင်းတယ်ထင်တဲ့ ကားမျိုး ဆို လက်တို့ရင် စိတ်မဆိုးဘူးး

        ဒီရွာထဲမှာ ရုပ်ရှင်သရဲ တွေ အများကြီးရှိတယ်။

        :s:

      • kai

        September 15, 2014 at 4:45 pm

        တရက်တကားတောင်ကြည့်နေတာ.. အတွဲလိုက်အမှတ်ပေးပြီး ညွှန်းပေးပါ့လား..။
        ကျုပ်မှာ.. ဘာငှားရမယ်/ဘာကြည့်ရမယ်မှန်းမသိ.. တခါတလေ.. ယောင်ချာချာဖြစ်လို့..။

        ပြီးခဲ့တဲ့ ၂ပါတ်ကများ.. ရုပ်ရှင်ရုံထဲမိသားစုလိ်ုက်ရောက်တော့.. ကျုပ်က.. Lucy, သမီးနဲ့လေဒီက.. If I say
        အဲလို.. :k:

  • JackSkellington

    September 15, 2014 at 3:14 pm

    ဇာတ်လမ်းကောင်းလေးတွေ ခုလို ညွှန်းပေးကြပါ ခင်ဗျာ။
    တစ်ခါတစ်လေ ကျတော့ drama ကားတွေကိုက အဲ့လို ညွှန်းတာလေး ဖတ်ပြီးမှ ကြည့်ချင်စိတ်ပေါက်တာ
    drama ရုပ်ရှင်ကို ဒီတိုင်းကြီး မခံစားတတ်တာလား မသိဘူး။
    သူများတွေ ဘယ်နား က ဘယ်လို ကောင်းတာ ဆိုမှ စိတ်ဝင်စားတာ။
    မနေ့ကတောင် Dallas Buyers Club လေး ကြည့်လိုက်သေး။
    အတော် မိုက်တယ်။

    • မောင်ဘလိူင်

      September 15, 2014 at 3:19 pm

      ဟုတ်တယ် ကိုဂျက်..ကျွန်တော်က ပုံမှန်ဆို ဒရာမာ မကြိုက်ဘူး။
      ဆက်စပန့် သရီလာ ရောတဲ့ ဒရာမာ မျိုးတော့ ကြိုက်တယ်။ အွန်လိုင်း
      မှာ အညွှန်းရှာဖတ်ပြီး ကြည့်တယ်။ ကြိုက်ရင်တော့ သူများကို ပြန်
      ညွှန်းပေါ့။

  • ခင် ခ

    September 15, 2014 at 3:23 pm

    မကြည့်ဖူးသေးဘူးဗျ
    အညွှန်းလေးနဲ့ဆိုတော့ ကောင်းတယ်ဗျာ
    ရှာဝယ်ပြီးကြည့်လိုက်အုံးမယ်လေ။

  • pooch

    September 15, 2014 at 4:55 pm

    The fault in our stars ကြည့်ပြီးပြီလား
    ကျမတော့ ခုမှ ကြည့်မလို့ လူပြောများလို့
    ဒီကားလည်း မှတ်ထားလိုက်မယ်
    Running Man (Korea variety show )
    ကြည့်ဖူးလား ကမာ္ဘပတ်ဆော့နေတာ ဟာသပေါ့
    ရီရတာပဲ ရွေးကြည့်ဖြစ်တာ တော်တော်ကြာနေပြီ

    စကားမစပ် From the land of Green Ghosts ဖတ်ဖူးလား
    ဒီရက်ပိုင်း ဖတ်ဖို့ ကြံနေတာ ပျင်းနေလို့ ဖတ်ပြီးရင် နည်းနည်း ပြန်ရှယ် :mrgreenn:

    • မောင်ဘလိူင်

      September 15, 2014 at 5:10 pm

      ရေးတာ ပါစကယ် ခူးရွယ်လား အဲဒီစာအုပ်က ။ အစိမ်းတို့မြေ ဆိုတာလေ။ မဖတ်ရသေးဘူး
      အန်တီပုချ်။

  • kyeemite

    September 16, 2014 at 10:56 am

    .ဇတ်လမ်းလေးညွှန်းပေးတာကျေးဇူးပါဗျာ..ရှာတွေ့ရင်ကြည့်မယ်

  • weiwei

    September 16, 2014 at 2:59 pm

    ရုပ်ရှင်ကိုတော့ ဝါသနာပါတယ်။ ဇာတ်လမ်းအေးအေးတွေကြိုက်တယ်။ အခုတလော 5 movie ထဲက golden oldies တွေကြည့်ဖြစ်တယ်။ ဒီတစ်ပါတ် ပိတ်ရက်က ကြည့်ဖြစ်လိုက်တဲ့ What lies beneath ဆိုတဲ့ သဲထိတ်ရင်ဖိုကားလေး မဆိုးဘူး။

  • မြစပဲရိုး

    September 17, 2014 at 11:54 pm

    အဖွားကြီးကြိုက် Old ရုပ်ရှင် တွေ ကြည့်ကြည့်ပါလား။

    (၁) “You’ve Got Mail” – Tom Hanks နဲ့ Meg Ryan။
    ဘယ်လောက် ကြည့်ကြည့် ဘယ်တော့ကြည့်ကြည့် မရိုးဘူး။

    (၂) “Saving Private Ryan” – Tom Hanks ကိုတော့ သိကြမပေါ့။ ခမျာလဲ အို ရှာပြီ။

    (၃) “Sliding Door” – Gwyneth Paltrow (မင်းသမီး က ချောဆဲ)
    ဇာတ်လမ်း မှာ “အကြောင်း” တစ်ခု ပြောင်းရင် နောက်ဆက်တွဲ “အကျိုး” တွေ ပြောင်းတာ ကို ပြထားတာ အရမ်း လှ တယ်။

    (၄) A.I. Artificial Intelligence – Jude Law (အဲဒီ ကားမှာ စပြီး ကြိုက် သွားတာ၊ သူလဲ အခု ငယ်ရုပ် လေး မရှိရှာတော့ ဘူး)
    ဒါရိုက်တာ Steven Spielberg နဲ့ ဇာတ်ဆောင် ကလေးလေး အရမ်းတော်တယ်။

    အခု တော့ ရုပ်ရှင်မကြည့်ဖြစ်တာ ကြာပေါ့။ :-)))

Leave a Reply