​နေရာ

naywoon niSeptember 15, 20141min1046

စာမ​ရေးဖြစ်​တာကြာလို့ ​ခေါင်​းစဉ်​ကိုလဲပဲ “​နေရာ ” လို့ပဲ လွယ်​လွယ်​​လေး ​ပေးလိုက်​မိတာ ။
ကမ္ဘာ​ပေါ်မှာ မြင်​မြင်​သမျှ သက်​ရှိ သက်​မဲ့တိုင်​းမှာ စိတ္တဇနာမ်​လို့​ခေါ်တဲ့ စိတ်​ကအမှတ်​အသားပြုထားတဲ့ နာမ်​ပစ္စည်​းအားလုံး တိုင်​းမှာ​တောင်​ သူ့​နေရာ​လေးနဲ့သူ ရှိကြတာကလား ။ ​နေဝန်​းနီမှာ​တော့ ​နေရာ​ပျောက်​​နေတယ်​ ။ မထူးဆန်​းဘူးလား ။ ဘာလို့​နေရာ​ပျောက်​​နေတာလဲ ဆို​တော့ ​နေဝန်​းနီ မှာ ကိုယ်​ပိုင်​ထွက်​ကုန်​ မရှိဘူးဗျ အဲ့ဒိ​တော့ ပုံမှန်​ဝင်​​ငွေလဲ မရှိဘူး ။ ကိုယ်​့အစွမ်​းအစ​လေးနဲ့ ဖန်​တီးနိုင်​တာ​လေးနဲ့ တစ်​ခါတစ်​​လေ မစို့မပို့​လေး​တော့ အဆင်​​ပြေပါရဲ့ ။ ဒါ​ပေမဲ့ ကိုယ်​့ ယုံယုံကြည်​ကြည်​နဲ့ အလုပ်​အပ်​တဲ့ သူ​လေး​ပေါ်လာကာမှ ရနိုင်​တာ ။ ယုံကြည်​ရ​အောင်​ ယံကြည်​​လောက်​​အောင်​ စကားမ​ပြောတတ်​တာလဲ ဆိုးတာ​ပေါ့ ။ လူသား တစ်​​ယောက်​အ​နေနဲ့ ကိုယ်​​ရောက်​​နေတဲ့ ​နေရာ​လေးမှာ ကိုယ်​့အတွက်​ သင်​့​တော်​မဲ့​နေရာ​လေး လိုချင်​တာပဲ ။ လုံးလုံးလျားလျား မဟုတ်​ရင်​​တောင်​မှ ပါးပါးလှပ်​လှပ်​​လေး ယုံကြည်​​စေ့ချင်​တာ ။ ​နေဝန်​းနီ ​လောဘ မကြီးပါဘူး ။ ပိုက်​ဆံရဖို့မရဖို့ထက်​ ကိုယ်​့ကို နဲနဲ ပါးပါး​လောက်​ ယုံချင်​​ယောင်​​ဆောင်​ပြီး လက်​ခံ စကား​ပြော​နေမယ်​ဆိုရင်​​တောင်​​ကျေနပ်​ပါတယ်​ ။ ခု​တော့ ထိုင်​​နေကြ လက်​ဖက်​​ရည်​ဆိုင်​မှာ​တောင်​ လူကို အဖက်​မတန်​သလိုလို ကိုယ်​ကပဲ သူ့လိမ်​​တော့မလိုလို ​နေချင်​းညချင်​း သ​ဘောထား​တွေ​ပြောင်​းပြီ း မသိချင်​​ယောင်​​ဆောင်​​နေတတ်​တဲ့ သူ​တွေကို ကိုယ်​ကလည်​း မမြင်​ချင်​​ယောင်​ဆက်​​ဆောင်​ဖို့ ဝမ်​းနဲလာတာနဲ့ ဘီယာဆိုင်​​လေးဘက်​ထွက်​လာခဲ့​တော့တယ်​ ။ ဒီဆိုင်​​လေးက ​နေဝန်​းနီ အတွက်​​တော့ ​နေရာ​လေးတစ်​ခု​ပေးထားနိုင်​​သေးတယ်​ ။ ယုံကြည်​မှု ပါးလျှပ်​လျှပ်​​လေးရှိ​သေးရဲ့ ။ စည်​ဘီယာတစ်​ခွက်​မှာထားတာ မကုန်​​သေးဘူး ။ ပြီးမှ ဆက်​​ပြောမယ်​​နော်​ ။ ဖတ်​မိတဲ့ သူအတွက်​ အကျိုးမရှိဘူး ထင်​ရင်​ ​မေ့ပစ်​လိုက်​ဗျာ ။

​နေဝန်​းနီ

6 comments

  • ဇီဇီ ခင်ဇော် (15102012)

    September 15, 2014 at 5:43 pm

    နေရာ အပေးးမခံ တိုင်းး တန်ဖိုးမဲ့ တာ မဟုတ်တာမို့
    စိတ်ထဲ မထားးပါနဲ့ ဆရာ နီရယ်။
    Cheers..!

  • ခင် ခ

    September 15, 2014 at 7:49 pm

    တစ်ခါတလေ ရှိနေစဲနေရာကို ငြီးငွေလာတဲ့အခါ နေရာသစ်ကိုရှာတတ်ကြတယ်တဲ့ဗျ

  • aye.kk

    September 15, 2014 at 8:29 pm

    ​အ​သေခ​ျာဆုံး
    စိတ်​အချရဆုံး
    အ​ကောင်​းဆုံး
    ဆိုတဲ့​နေရာမရှိမဖြစ်​တဲ့​နေရာ
    အမှန်​တရားဆိုတဲ့​နေရာကိုယ်​့ခန္ဓာ​လေးထဲမှာ
    ရှိ​နေတဲ့နာမ်​ဆိုတဲ့အရာ​လေးပါ
    အ​ကောင်​းဆုံးဆိုတဲ့​နေရာသူပဲ​ပေးနိုင်​တာပါ

  • naywoon ni

    September 16, 2014 at 11:22 pm

    အားလုံးကို လက်​ခံပါတယ်​ ဒါ​ပေမယ်​့ ​နေရာဆိုတာ ပုထုစဉ်​​တွေ မက်​​မောတတ်​တဲ့ အရာ ……..

  • pooch

    September 17, 2014 at 1:26 pm

    အဘနီရယ် ကျမအတွက်တော့ နေရာဆိုတာကိုယ်က လိုချင်ရင် ကိုယ်တိုင်ကြိုးစားမှရတာမျိုး

Leave a Reply