ဘယ်ဟာက သင့်တော်သလဲ ဘယ်လို/ဘယ်သူ က ဆုံးဖြတ်ပေးမှာလဲ

ဆန်းဒေး တုန်းက အိမ်မှာ အားနေတာနဲ့ ရုပ်ရှင်တွေ ကြည့်လိုက် ယူကျု တွေ ကြည့်လိုက်နဲ့ နားဖြစ်တယ်ဗျ။

အဲ့ဒီမှာ ကြည့်မိတာက 9GAG.TV က ဗီဒီယိုအပိုင်းလေး တစ်ခု။

ဘာအကြောင်းလဲ ဆိုတော့ Fifty Shades of Grey ဆိုတဲ့ စာအုပ်ကို ရုပ်ရှင်ပြန်ရိုက်ထားတာကို ဖိုးဖိုး ဖွားဖွားတို့ အဖွဲ့ တစ်ခုကနေပြီးတော့ trailer လေးကြည့်ပြီး သူတို့ မြင်တဲ့ အမြင်တွေကို ပြောပြကြ ဆွေးနွေးကြတာပေါ့။

Fifty Shades of Grey ဆိုတာကလဲ အနောက်နိုင်ငံတွေမှာ လိင်ကိစ္စနဲ့ ပတ်သက်ပြီး တော်တော်ကြီး ပွင့်ပွင့်လင်းလင်း ရေးထားတဲ့ စာအုပ် ဖြစ်နေလို့ အတော် ပွဲဆူ ထားတဲ့ စာအုပ်ပါ (မြန်တျန့် က ရိုမန်းဘော့ထ် လိုပေါ့)။

ပထမတော့ ဒီတိုင်းပဲ အဖိုးကြီး အဖွားကြီးတွေ ဘယ်လိုတွေ ပြောကြမလဲ ဆိုပြီး ကြည့်နေရာကနေ အဲ့ဒီထဲက အဖွား တစ်ယောက် ပြောလိုက်တဲ့ စကား ကို နားထောင် ပြီး လူက တော်တော်လေး တွေ သွားတယ်ဗျ။

သူ ဘာပြောလိုက်တာလဲ ဆိုတော့

I’m happy I’m living in a country where I’m not censored
and the price you pay for the lack of censorship is that there is going to be times that it goes over
and you’re gonna go “WHOAA, this is too much. somebody should do something about this.”
Well, you know what?
Do you really want someone to do something about ‘THAT’?
Because that means they’re gonna be doing something about ‘THIS’ too.

ငါ ဆင်ဆာ မရှိတဲ့ နိုင်ငံ တစ်ခုမှာ နေရတဲ့ အတွက် ပျော်ပါတယ်။
ဒီလို ဆင်ဆာဖြတ်တာ တွေ မရှိတဲ့ အတွက်ကြောင့် ပေးရတဲ့ တန်ဖိုးတွေက တစ်ခါတစ်လေမှာ အရမ်း ဆိုးဆိုးရွားရွားတွေ ထွက်လာတတ်ပြီးတော့
မင်း အနေနဲ့ “ဟာ ဒါကတော့ အရမ်း လွန်သွားပြီ၊ တစ်ယောက်ယောက် က ထိန်းကြဦးမှပေါ့” လို့ ရေရွတ်ရလိမ့်မယ်။
ဒါပေမယ့် မင်း ဒီလို တွေးကြည့်ပါလား..
မင်း ‘ဒီတစ်ခု’ ကို တစ်ယောက်ယောက် က ဝင်’ထိန်း’ စေချင်ရဲ့လား
ဘာလို့လဲ ဆိုတော့ ‘ဟိုတစ်ခု’ ကိုလဲ တစ်ယောက်ယောက် က ဝင်’ထိန်း’ တော့မှာပဲလေ။

သူ့ မူရင်း လင့်ခ် က ဒီမှာပါ။

အဲ့ဒီ စကား ကို ကြားလိုက်ရပြီး ဘာတွေ တွေးမိသွားသလဲ ဆိုတော့

အခု ကျနော်တို့မှာ ဥပဒေတွေ ရှိတယ် စည်းကမ်းတွေ ရှိတယ် ကျင့်ဝတ်တွေ ရှိတယ်။

ဒါပေမယ့် ဒီစည်းကမ်းတွေ ကျင့်ဝတ် တွေက ကျနော်တို့ အတွက် သင့်တော်တာ ကောင်းတာ လို့ ဘယ်သူက သတ်မှတ်ခဲ့တာလဲ။

အဲဒီ စည်းကမ်း သတ်မှတ် တဲ့ လူတစ်ယောက် ဒါမှ မဟုတ် လူတစ်စု က “ကဲကွာ ဒါကတော့ လူတွေ အတွက် သင့်တော်မှာပဲ (ဒါမှ မဟုတ် ငါတို့ အတွက် သင့်တော် မှာပဲ) ” ဆိုပြီး ချမှတ်ပေးလိုက်တာကိုပဲ ဒီတိုင်း လိုက်နာနေကြရတာလား။

ဒီလို စည်းကမ်း သတ်မှတ်ပိုင်ခွင့် ရှိတဲ့ လူတွေမှာရော ဘယ်လို အရည်အချင်းတွေ ပြည့်ဝရမလဲ။

သူ့စိတ်ထဲ နှလုံးသားထဲမှာ ဒါကို မှန်တယ် သင့်တော်တယ်လို့ ယူဆပေမယ့် တကယ်တမ်းတော့ လွဲနေတယ် ဆိုတာမျိုး မရှိနိုင်ဘူးလား။

ရှုထောင့် တစ်ခုကနေ ကြည့်ရုံနဲ့ ဒါကို မှန်တယ်လို့ မှ ယူဆလို့ မရတာပဲ။

ဆရာကြီး ရွှေဥဒေါင်း ရဲ့ တစ်သက်တာ မှတ်တမ်းထဲမှာ ရေးထားတာ ဖတ်ဖူးတယ်။

ဝန်ကြီးချုပ် ဦးနု က ဘာသာရေး ကိုင်းရှိုင်းတယ် ဆိုပြီးတော့ အရက်သေစာ ပပျောက်ရေးတို့ နွားမသတ်ရေးတို့ အဲ့လို နိုင်ငံ အတွက် အကျိုး မရှိတာတွေ လုပ်တယ်ပေါ့။

ဒါကို ဗုဒ္ဒဘာသာ ငါးပါးသီလ နဲ့ ကြည့်ရင်တော့ မှန်သလိုလို ရှိပေမယ့် နိုင်ငံ့ခေါင်းဆောင် တစ်ယောက် က လူ အများကြီး အတွက် ဆုံးဖြတ်ချက် ချရတဲ့ နေရာမှာ ဒီလို မလုပ်သင့်ဘူး။

လူတစ်ယောက် ဒါမှ မဟုတ် လူတစ်စု ရဲ့ လက်ထဲကို လုပ်ပိုင်ခွင့် ရောက်သွားတဲ့ အချိန်မှာ အဲဒီ လုပ်ပိုင်ခွင့်ကို သာယာသွားတာနဲ့ တပြိုင်နက် ကျန်တဲ့ လူတွေ ဒုက္ခရောက်တော့တာပဲကိုး

 

အဲဒီတော့ နိဂုံးချုပ်ရရင် (ချုပ်မှ ဖြစ်တော့မယ် ဘာဆက်ရေးရမယ် မှန်းကို မသိတော့ဘူး ရေးရင်း ရေးရင်း တိုင်ပတ် နေပြီ)

စည်းကမ်းတွေ ချပေး သတ်မှတ်ပေးဖို့ သင့်တော် တဲ့ အဖွဲ့အစည်း အရည်အချင်း က ဘယ်လိုတွေ ရှိရမလဲ။

အဲ့ဒီ စည်းကမ်းတွေကိုရော တကယ် သင့်တော်၏ မသင့်တော်၏ ဘယ်လို ပြန်ကြည့်ရမလဲ။ (ဒီမိုကရေစီ စနစ် ဆိုရင်တောင် လူများစု က အဲ့လို တလွဲကြီး ကို လိုချင်နေတာ ဆိုရင် မဲများတဲ့ ဘက်က နိုင်သွားဦးမယ် ထင်တယ်။ အတိအကျကို မသိ။)

နောက်ဆုံးတော့ ဘာစည်းကမ်း မှာ မထားဘဲ လူတိုင်း လူတိုင်း က ကိုယ့် အသိစိတ်လေးနဲ့ကိုယ် ကိုယ့်ကြောင့် သူတစ်ပါး နဲ့ ပတ်ဝန်းကျင် ကို မထိခိုက်စေရဘူး ဆိုပြီး နေနိုင်ကြရင်တော့ အတိုင်းထက် အလွန်ပါပဲလို့….

11 comments

  • Iris

    September 15, 2014 at 9:18 pm

    အဲ့ဒီစာအုပ်​ကြီး ဟီးး သူငယ်​ချင်​းကဝယ်​ထားတာ။
    ဒီမှာ ဂျက်​စပရိုး ခွင်​ဖန်​​ပေးတာ​တောင်​.အရီးမှာ ညီမ​လေး​တို့ တူမ​လေးတို့မရှိဘူးဆို​တော့. ဂျက်​ ​​ဘာဆိုလိုချင်တာလည်း​သေ​သေချာချာသိရ​အောင်​ စာအုပ်​ပြန်​ငှါးဖတ်​ရ​ကောင်​းမလား။ 😛

    • ဂျက်စပဲရိုး

      September 15, 2014 at 9:20 pm

      ဟွာလေ..
      အရီး ပြောတာက သူ့မှာ မောင်ကလေး ရှိသတဲ့
      အနော်နဲ့ အညိုးတော် မတဲ့….
      အဲ့လို ပြောတာ မဟုတ်ဘူးလားဟင်…..
      အဲဒီစာအုပ်တော့ မဖတ်ဖူးဘူး (ဘိုလို ဘုတ်အုပ်တွေကို ဖတ်ကို မဖတ်ဖူးတာပါ။ ရုပ်ရှင်ထွက်မှ ကြည့်တော့မယ်… :P)

  • Iris

    September 15, 2014 at 9:36 pm

    ဘာ..ရုပ်​ရှင်​..ဟဟ..ဂျက်​စ်​.သူငယ်​ချင်​းကဘာသာပြန်​ပြီး​​ဂေဇက်​တင်​မို့လုပ်​တာ..အား​ပေးမဲ့ဂျက်​ မရှိခဲ့လို့။

    • ဂျက်စပဲရိုး

      September 15, 2014 at 9:42 pm

      ရုပ်ရှင် ပဲ စောင့်ကြည့်ပါတော့မယ်လေ….

  • ဦးဦးပါလေရာ

    September 16, 2014 at 6:31 am

    .အိမ်တစ်အိမ်မှာ / တစ်အိုးထဲစားရတဲ့ အစုအဖွဲ့တစ်ခုမှာ ဆိုပါစို့ ….
    .ဘယ်သူက ဟင်းချက်သင့်သလဲ/
    .ဘယ် ဟင်းချက်ပုံကကောင်းသလဲဆိုတာ
    .စားကြည့်သူတွေ လက်ငင်းစားနေသူတွေ ဆုံးဖြတ်တာအမှန်ဆုံးထင်တာပဲ….။

    .စားသူတွေအပေါ် မူတည်ပြီး
    .ရွေးချယ်တဲ့ရလာဒ် ပြောင်းနိုင်တယ် ၊ ကွာခြားနိုင်တယ်..
    .အဖွဲ့ထဲမှာ ကုလားများရင် မဆလာနဲ့ချက်တာကြိုက်မယ် …
    .အဖွဲ့ထဲမှာ မိန်းမများရင် အချဉ် အစပ် များတာကြိုက်မယ် …

    .အများနဲ့တူအောင်မကြိုက်သူတွေက ….
    .အိုး…… ခွဲ……… ချက်……

    • Iris

      September 16, 2014 at 7:44 pm

      ဂျက်​…နင်​ကိုငါမသိဘူး​နော်​ အပြင်​မှာလည်​းမမြင်​ဘူးဖူး။ ငါတို့ကို အိမ်​ရှင်​​တွေက အိုးခွဲချက်​ တဲ့။
      အိမ်​မှာ အိုင်​းရစ်​ ဟင်​းအဆန်​း​တွေချက်​ရင်​ စားမ​ကောင်​းမှန်​းသိ​ပေမဲ့ ​မေ​မေတို့က အား​ပေးတယ်​။ အခုလည်​းမုန်​့​တွေ လုပ်​ကြည်​့တယ်​ မ​ကောင်​းဘူး ဒါ​ပေမဲ့ သူငယ်​ချင်​းက ဝမ်​းသာအားရအား​ပေတယ်​။
      နင်​နဲ့ငါအကြိုက်​မတူဘူး အတူတူမစားဘူးမ​ပြောခဲ့ဘူး။.သူချက်​တဲ့ဟင်​းအဆန်​း​တွေလည်​း မ​ကောင်​းဘူး​ပြောပြီးတီးတာပဲ။ ပန်​းကန်​လည်​းသူ​ဆေးလိုက်​ကိုယ်​​ဆေးလိုက်​ပဲ။

  • ဇီဇီ ခင်ဇော် (15102012)

    September 16, 2014 at 6:32 am

    သိပ်စဉ်းးစားးးမနေပါဘူးး….
    ကိုယ် နေ တဲ့ နေရာ တစ်ခုမှာ….
    ချမှတ်ထားးတဲ့ စည်းးကမ်းး က….
    ကိုယ် စိတ် အနှောက် အယှက် ဖြစ်လောက်အောင်
    မဟုတ်မချင်းးး ဖောက်ဖို့ မရှိ
    :k:

    – သတိပေးးချက်
    – စည်းးမျဉ်းးစည်းးးကမ်းးး
    – ဥပဒေ စတဲ့
    နိုင်ငံ နဲ့ ချီတာတွေ ကတော့ ကိုယ်တွေ အများးအတွက်
    အန်ဒရယ် ကင်းအောင် ချမှတ် ထားးတာ များးပါတယ်။
    လိုက်နာ ဖို့ အပန်းးမကြီးးဘူးးလို့ ထင်….
    🙂

    For me, frankly speaking
    သတိပေးး စကားးး ပေါ့ပေါ့ မျိုးး ဆိုရင်တောင်………
    ကိုယ့် အတွက် သက်သက် ပြောတယ် လို့ ခံစားး ရမှ နားးထောင်ချင်တယ်။
    တချို့ ဆုံးးမ စကားးတွေ တင်းးကြပ်မှု တွေက သူတို့ က ကိုယ့် ကို ပုံ သွင်းးးချင် တဲ့ အတ္တစိတ် မကင်းးးးးးး
    :kwi:

  • alinsett

    September 16, 2014 at 7:06 am

    အခုလက်ရှိ = ပိုစ့်မော်ဒန်ခေတ် = အမှန်တရားမျိုးစုံ ရှိတယ်။

    :mrgreen:

    ကျန်တာတော့ ပေါတတ်ဖူး

    😆

  • pooch

    September 17, 2014 at 1:02 pm

    စည်းကမ်းတို့ ဥပဒေတို့ဆိုတာက နေရာ ဒေသ ကာလ ရာသီ လူမျိုး ဓလေ့ ထုံးစံ ဘာသာကို လိုက်ပြီး အမျိုးမျိုး အဖုံဖုံရှိတယ်
    ဥပမာပြောရရင်
    ကမာ္ဘကြီး ယဉ်ကျေးတယ်လို့ယူဆတဲ့ အခုလို ခေတ်ကို မရောက်သေးခင်
    (အဖအုပ်စိုးသော ခေတ်ဆိုတာကို မရောက်ခင်) အမိအုပ်စိုးတဲ့ခေတ်မှာ တရားဝင်ယောက်ျားခင်ပွန်း မရှိဘူး မိန်းမတယောက်ထဲကနေ ယောက်ျားအများကြီး ယူပြီး ကလေးမွေးတာ

    အခုခေတ် အမေနဲ့သား ပြန်ယူတဲ့ သတင်းကို ဖတ်ရရင် အားလုံးက ဒါဟာ မလျော်ကန်မသင့်တော်တဲ့ ဖောက်ပြန်မှုလို့ သတ်မှတ်ကြတယ် ( ဒီလို သတင်းဟိုတလောက အာဖရိက ဘက်မှာ ယူတာ ဖတ်လိုုက်ရလို့ပါ)
    ဒါပေမဲ့ ဒါကို လက်သင့်ခံတဲ့ ခေတ်ကာလတခု ရှိခဲ့ဖူးတယ်

    အဲ့လိုပဲ နေက အရှေ့က ထွက်ပြီး အနောက်မှာ ဝင်တယ်ဆိုတာကို ကမာ္ဘမြေပေါ်မှာနေတဲ့ ကမာ္ဘသူ ကမာ္ဘသား အားလုံးက ခြွင်းချက်မရှိ လက်သင့်ခံထားပေမဲ့

    လပေါ်ရောက်သွားတဲ့ လူတယောက်က မဟုတ်ဖူး လို့ ပြောမှာပေါ့ သူက နေကို တနေကုန်မြင်ချင်မြင်နေရာမှာကိုး တနေကုန်မမြင်နိုင်တာလည်း ဖြစ်နိုင်တာပဲလေ

    အဲ့လိုပဲ ပြသာနာတခု ကိစ္စတခုကို မှားတယ် မှန်တယ် သင့်တယ် မသင့်ဘူး ပြောမယ်ဆိုရင် ဘောင်ထဲက ခုန်ထွက်ပြီး အထက်စီးကနေ ငုံ့ကြည်ပြီး ရှာမှ တွေ့တတ်တယ်။
    ဆိုတော့ အမှန်တရားဆိုတာ တခါတလေ ဘာလဲလို့တောင် ခပ်ကြောင်ကြောင်တွေးဖူးတယ်။

    ဒါကြောင့်မို့ အခုခေတ်မှာ တဆာဆာအော်ပြီး တောင်းနေကြတဲ့ လူ့အခွင့်ရေးဆိုတာ လူအားလုံးရဲ့ အထက်စီးကနေ ခြုံကြည့်ပြီး ပြဌာန်းထားလို့သာ လူအားလုံးက လက်သင့်ခံတာပေါ့

    ဒါကြောင့်မို့ သင့်တော်တယ် မသင့်တော်ဘူး ဘယ်သူက မှ ဆုံးဖြတ်ပေးမှာ မဟုတ်ဖူး

    အခုခေတ်က မတူကွဲပြားမှုတွေ ရှိတာကို နေရာ ဒေသ ကာလ ရာသီ လူမျိုး ဓလေ့ ထုံးစံ ဘာသာ တို့နဲ့ flexible ဖြစ်အောင် လိုက်လျောညီစွာ လက်ခံပြီး ကျင့်သုံးတတ် နေထိုင်တတ်အောင် ကိုယ်တိုင်ကပဲ လုပ်ယူရမှာ။

    ဥပဒေဆိုတာကလည်း ဒီလိုဖွင့်တယ်လေ။ ဝီကီက နှိုက်ထားတာ :mrgreenn:
    Law is a term which does not have a universally accepted definition, but one definition is that law is a system of rules and guidelines which are enforced through social institutions to govern behaviour.

  • Mr. MarGa

    September 17, 2014 at 7:15 pm

    Rules ကို
    ဘယ်တော့မှ တစ်လုံးတည်း မထားဘူး
    Rules & Regulations ဆိုပြီးပဲ တွဲတွဲသုံးတယ်
    ဆိုတော့ မြင်မိတာက
    စည်းကမ်း၊ ဥပဒေ ဟာ တစ်ခုတည်းနဲ့ မပြည့်စုံ
    သူ့ကို နောက်ကနေ ပြင်ဆင်ချက် တွေ ဖြည့်စွက်ချက်တွေ လိုက်တိုးနေရတယ်။
    နောက်တစ်ခု Regulations ဆိုတာကို ဒီလိုလဲ ထပ်မြင်တယ်
    စည်းမျဉ်း စည်းကမ်းတွေကြားမှာ ဟန်ချက်ညှိပေးတဲ့အရာ…
    တံခါးပေါက်တွေဖွင့်လိုက်ရင် ပိုးကောင်မွှားကောင်တွေလည်း ဝင်လာမပေါ့ ဝင်လာရင် ဘယ်လိုရှင်းမလဲ ဆိုတာကိုတော့ ထပ်တွေးထားသင့်တယ်ထင်ရဲ့ (တိန့်ရှောင်ဖိန် စကားကို မှီငြမ်းဖြည့်စွက်သည်)

  • မြစပဲရိုး

    September 18, 2014 at 1:34 am

    ဒါက ဂလို ရှိတယ် မောင်ဂျက် ရဲ့။
    ရွာထဲ မှာ မင်းပြောသလို စည်းကမ်း မထား လဲ ရနိုင်ပါတယ်။
    တစ်ယောက်ချင်း ကိုယ့် အသိစိတ်နဲ့ ကိုယ် ထိန်းရင်ပေါ့။

    ကိုယ့်အသိစိတ်နောက်မှာ ကိုယ့်အယူအဆ အတွေးအခေါ် အကဲဖြတ်မှု တွေ ပါလာတာပေါ့။ ပြသနာက အဲဒီ ကိုယ်ပိုင် အယူအဆ တွေ အကဲဖြတ်မှုတွေ အချင်းချင်း conflict ဖြစ်သွားတဲ့ “အချိန်” ဘဲ။

    ဒီမှာ ဥမပါကို
    ပြီးခဲ့တဲ့ လတ်လတ်ဆတ်ဆတ် ” နောင်ရိုး” အမှု ပြန်ပြောရင်
    အရီး က အပြင်နဲ့ အဆက်အသွယ် မရှိ။
    ရွာထဲ မှာဘဲ ဝင်နေတာမို့ နောင်ရိုး ရေးတဲ့ စာကို ပုဂ္ဂိုလ်ရေး မသိဘဲ ရွာထဲ မှာ ဘဲ ပြီးပြီးရော ထားတော့ ဒီ အမှု မှာ နောင်ရိုး ကို အပြစ် မရှိဘူး ယူဆ တယ်။
    ဇာတ်လမ်းထဲ သူ့ ဇာတ်ကောင် မို့ သူ့ဟာသူ ဘာလုပ်လုပ် ပေါ့။
    ဒါပေမဲ့
    ကကြီးမိုက် ကြီး က ရွာ့လူကြီး အပြင်မှာ လဲ ရွာသူ/သား တွေ အရေးလဲ ဆောင်ရွက်သူမို့ ဒီ စာဖတ်ပြီး အလုပ်ရှုပ် သွားတယ် ဆိုပါစို့။
    ဒါဟာ အပြင်လောက က ပုဂ္ဂိုလ်ရေး ကို ထိခိုက်စေတယ် လို့ တွေး ပြီး အရေးယူ သင့်တယ် ယူဆ တယ်။

    ဒီမှာတင် အရီး နဲ့ အဲ့လူဆိုးကြီး အယူအဆ ကွဲပြီ။
    အရီး ကလဲ ကိုယ့်ဟာကိုယ်မှန်သလို ကကြီးမိုက်ကလဲ သူ့ဟာသူမှန်တယ်။
    ဒါပေမဲ့ ဒီအတိုင်း မဖြေရှင်းတော့ ဘဲ ထားလို့ မရတော့။

    အဲဒီ မှာ လိုလာတာက အဲဒီ Code of Conduct (Pirate Code 😉 ) ဘဲ။
    အဲဒါကို ကြည့်ပြီးဘဲ ဖြေရှင်းရတော့မှာ။
    ဒီမှာ သူကြီးမင်း ဝင်လာပြီး Pirate ရွာရဲ့ Code နံပါတ် ဘယ်လောက်နဲ့ ညှိ လို့ ဘာ ညာပေါ့။
    ဒီတော့ အရီး က မကျေနပ် လဲ လက်ခံ လိုက်နာရမှာဘဲလေ။
    ဘာလို့ လဲ ဆိုတော့ မူလ ကချမှတ်ပြီးထားတဲ့ သတ်မှတ်ထားတဲ့ နည်းလမ်း လိုက်နာရမဲ့ စည်းကမ်း ရှိနေလို့ဘဲ။
    မရှိရင်တော့လဲ ဆက်ပြီး အငြင်းပွါး ပေရော့ပေါ့။

    တစ်ခုတော့ရှိတယ်။
    အဲဒီ Code တွေထဲ က မကြိုက်တာရှိရင် မကြိုက်ကြောင်း၊ ဖြုတ်သင့်ကြောင်း၊ ပြင်သင့်ကြောင်း ဒါမှမဟုတ် အသစ် ထပ်ထည့် သင့်ကြောင်း
    အများသဘောတူရင် လုပ်လို့ ရတဲ့ အခြေအနေလဲ ရှိရမှာပါ။

    ဒီတော့ Pirate လေး
    ကိုယ်ကောင်း သော်လည်း …..
    ထို ထို သော ကောင်းသည် ဟု ထင်သည် ကို …
    အငြင်းပွါးဖို့ ဖြစ်လာရင် ဖြေရှင်းဖို့ စည်းကမ်း နည်းလမ်း နဲ့ ပြစ်ဒါဏ် များ က
    မရှိမဖြစ်မိုး ပါဘဲ။
    မဟုတ်လား။
    🙂

Leave a Reply