ပစ္စက္ခ

naywoon niSeptember 15, 20141min1464

ပစ္စက္ခ ​

​ခေါင်​း​ဆောင်​မဲ့သူမရှိပဲ
​ခေါင်​း​ရှောင်​မဲ့သူ​တွေနဲ့ဖွဲ့စည်​းထားတဲ့ လူ့အဖွဲ့အစည်​းမှာ
​ခေါင်​း​ထောင်​ဝံ့သူ​ထောင်​ကြည်​့စမ်​း
ရိုက်​အချ ခံသွားရမယ်​ ။
အဲ့ဒိလို ဒဲ့ မ​ပြော​ပေမဲ့
လက်​ရှိအ​ခြေအ​နေက အဲ့ဒိအတိုင်​းမ​ပြောင်​းလဲ​သေးပါဘူး ။
ဟိုလိုဒီလို အသံ​ကောင်​းဟစ်​​နေတာက
အွန်​လိုင်​း​ပေါ်မှာပဲရှိတယ်​ ။
အပြင်​မှာ အသက်​ရှင်​လျှက်​မ​တွေ့ရတာခက်​တယ်​ ။
​မြေရှင်​ပ​ဒေသရာဇ်​နဲ့ သက်​ဦးစံပိုင်​ဘုရင်​စနစ်​
​ကောင်​း​ကောင်​းထွန်​းကား​နေ​သေးတဲ့တိုင်​းပြည်​မှာ
ဘယ်​​နေရာသွားသွား
ဘယ်​နားက ဒါးသွားထွက်​လာမလဲ
ရင်​တစ်​ထိတ်​ထိတ်​
အသည်​းတစ်​ဖိုဖိုနဲ့
မ​လေးရှားစုန်​းကားကြည်​့​နေရသလိုပဲ ။

​နေဝန်​းနီ

4 comments

  • ခင် ခ

    September 15, 2014 at 7:53 pm

    ပြည်သူဘဝ
    မလုံခြုံသမျှ
    အဝေးအော်
    အနီးကပ်ဆော်ဖို့
    အချိန်စောင့်ရတယ်ဗျို့။

  • ဇီဇီ ခင်ဇော် (15102012)

    September 16, 2014 at 10:14 am

    ဒါ ကို ….
    အစိုးရ မကောင်းဘူးပြောရင် နာ တဲ့ သူတွေရှိသေးးး
    ဟိဟိ။
    :k:

    • naywoon ni

      September 16, 2014 at 11:49 pm

      ဒါက​တော့ အရိုးရင်​းကိုက်​​နေရတဲ့ သူ​တွေ ဖြစ်​မှာ​ပေါ့ စိတ်​ထဲမထားပါနဲ့ ဇီဇီရယ်​ ……..

Leave a Reply