ဇေယျာရွှေမြေနှင့်ပွဲ ဒိုင်၏ဆုံးဖြတ်ချက်ကိုသီဟစည်သူ ဒေါသထွက်နေ

BurmaAugust 16, 20101min1011

14 ရက်နေ့ ညနေပိုင်းက ရန်ကုန် သုဝဏ္ဏ ကွင်းတွင် ကစားခဲ့သည့် ဒယ်လ်တာ ယူနိုက်တက်နှင့် ဇေယျာရွှေမြေတို့ ပွဲတွင်တစ်ဖက် ၃ဂိုးစီ သရေပွဲ အဖြစ် ပြီးဆုံးခဲ့သည်။

ထိုပွဲ၏ နောက်ဆုံးဂိုးကို ပွဲချိန် မိနစ် ကိုးဆယ် ပြီးကာ အချိန်ပို 5 မိနစ်တွင် ရဲဝေယံစိုးက သွင်းသွားခြင်းဖြစ်ပြီး အငြင်းပွားဖွယ်ရာဖြစ်ခဲ့သည်။ ထို့ကြောင့် ဒယ်တာယူနိုက်တက် ကစားသမားများ ဦးတင်ထွဋ်ကို စောဒက တက်ခြင်း ၊ တွန်းခြင်းတိုက်ခြင်းတို့ ဖြစ်ခဲ့ကြပြီး ၊ ပရိတ်သတ်များလဲ ဒေါသထွက် အုံကြွလာခဲ့သည်။ အထူးသဖြင့် ထိုပွဲတွင် ဒယ်တာယူနိုက်တက်၏ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ သီဟစည်သူမှာ အတော်ပင် ဒေါသထွက်ခဲ့သဖြင့် နည်းပြချုပ်နဲ့ပင် စကားများခဲ့သည် ဟုသိရသည်။

“တော်တော်စိတ်မကောင်းဖြစ်ရပါတယ် ၊ အစ်ကိုတို့ စကစားတုန်းက ရှုံးမယ်လို့ထင်ထားတာ ဒါပေမဲ့ ကစားသမားတွေက အကောင်းဆုံးကစားသွားခဲ့တာပါ ၊ အစ်ကိုက ထားပါတော့ ရှေ့က ကစားသမား တွေက အကောင်းဆုံးကစားသွားခဲ့တာ ၊ ခု အဲလိုကြီးသရေကျသွားတော့ စိတ်မကောင်းဖြစ်ရပါတယ်။ ဒေါသလဲထွက်ပါတယ်။”

သီဟစည်သူသည် ယခုပွဲတွင် အများအပြားဒဏ်ရာရခဲ့ပြီး တိုင်နှင့်လည်း ဆောင့်မိခဲ့သည်။ ထို့ကြောင့် ဒဏ်ရာအခြေအနေကိုမေးမြန်းကြည်ရာ “ဒဏ်ရာအခြေအနေကတော့ ကောင်းသွားပါြပီ ၊ ရေခဲနဲ့ကပ်ထားပါတယ်” ဟုပြောကြားသွာသည်။

One comment

  • kopauk mandalay

    August 16, 2010 at 3:47 pm

    အကောင်းဆုံးကတော့ စိတ်ထိန်းပါ ။
    မြန်မာပြည်ဘော့လုံးပွဲတွေမှာ နိုင်ငံခြားကို မီလာတာကတော့
    နိုင်ငံခြားကလူတွေရဲ့မိ်မိကိုယ်မိမိအထင်ကြီးစွာ
    စိတ်လွတ်ကိုယ်လွတ်လုပ်ပြကြတဲ့ အမူအရာတွေပါ။

Leave a Reply