အလွမ်းစေရာ

ကာရံSeptember 15, 20141min702

နှလုံးသားနုနု အပြုံးများထုစစ်ရင်း
မင်းရဲ့အမုန်းတရားအောက်မှာ
ငါ့မေတ္တာ လောင်းရိပ်မိခဲ့ဖူးတယ် ့ ့ ့ ့ ့

မျှော်လင့်ချက် ကမ်းစပ်မှာ
ရိုက်ခက်လာတဲ့ မာနလှိုင်းတွေက
ငါ့ရင်ကို အဆိပ်တက်စေခဲ့ဖူးတယ် ့ ့ ့ ့

ချိုမြိန်ခြင်း နှုတ်ခမ်းပါးထက်က
အနမ်းများခြွေချခဲ့ပေမယ့်
ရနံ့တွေက တစ်ပါးရပ်မှာပါလေ ့ ့

ကာရံ ၁၄ ့၉ ့၂၀၁၄

2 comments

  • ခင် ခ

    September 15, 2014 at 8:20 pm

    ချိုမြိန်အနမ်းကြား
    ငိုနေတဲ့ဒို့ရင်ဝယ်
    နှလုံးခုံသံဟာ
    လှို်င်းထသလို
    မြည်ဟီးသံကို
    မင်းမှမကြားဘဲကိုး ။

  • ကာရံ

    September 16, 2014 at 10:41 am

    သိမှမသိတာလေ ဘယ်ကြားပါ့မလဲ

Leave a Reply