​နေရာ -၂

naywoon niSeptember 16, 20141min1306

​နေရာ -၂

​နေ့လည်​ ​နေ့ခင်​း ကိုယ်​ပိုင်​​နေရာ ​ပျောက်​​နေသမို့ ညည ကိုယ်​့အိပ်​ယာ​လေးမှာ ကိုယ်​ ​ခေါင်​းပြား​အောင်​အိပ်​ရမယ်​မှတ်​​နေသလား ? သာမာန်​ပြည်​သူတို့ရဲ့ လွတ်​လပ်​ပိုင်​ခွင်​့ ဆုံးရှုံးရ​နေပုံများ ​ပြောပါတယ်​ ။ စည်​းမဲ့ကမ်​းမဲ့နဲ့ လမ်​းဆုံလမ်​းခွ ဂစ်​တာတစ်​လက်​နဲ့ ငှက်​ဆိုးထိုးတဲ့ ​ကောင်​​တွေရဲ့ ဒဏ်​ ညနက်​ သန်​း​ခေါင်​ထိ အနှိပ်​စက်​ခံရ​သေးတယ်​ ။ ခပ်​လှမ်​းလှမ်​းက တစ်​​နေ့ ငါး​ထောင်​စား​တွေရဲ့ အလှူခံက အသံချဲ့စက်​နဲ့ သီချင်​းသည်​ လင်​ကွင်​းသည်​​တွေကလည်​းမသိမ်​း​သေးဘူး ။ အဲ့​တော့ ဒီမိုက​ရေစီ ​ပေးထားတယ်​ဆိုတာကို သံသယ ဖြစ်​စရာ​ကောင်​း​နေတယ်​ ။ အုပ်​ချုပ်​သူ တစ်​စုက ​ပေးထားတယ်​ ဆိုတဲ့ ဒီမိုက​ရေစီက သူတို့ ထိုင်​ခုံ​နေရာ မထိခိုက်​ရင်​ လုပ်​ချင်​ရာ လုပ်​ကြ ဆိုတဲ့ စည်​းကမ်​းမဲ့​တွေ အတွက်​ ​ခွေးလိုအူချင်​အူ ​ဟောင်​ချင်​​ဟောင်​ ခွင်​့ပြုထားတဲ့ ​ခွေးမိုက​ရေစီလား မ​ပြောတတ်​ပါဘူး ။ လမ်​း​ဘေး ​ခွေး​လေ ​ခွေးလွင်​့​တွေကလည်​း တစ်​​ကောင်​က အူ ​နောက်​ကလိုက်​အူကြ ။ အဲ့အသံ​တွေ ငြိမ်​သွားရင်​ ဆက်​လာမှာက အ​ဝေး​ပြေးလမ်​း​ပေါ်က ကားဟွန်​းသံရယ်​ ရထားဥဩ သံရယ်​ မြို့ကိုနှိပ်​စက်​ ဦးမယ်​ ။ တစ်​ညလုံး နား​တွေ မုဒိမ်​းအကျင်​့ ခံပြီးရင်​ မနက်​ မူး​ဝေ​နောက်​ကျိနိုးလာရဦးမယ်​ ။ ဘာမှ လုပ်​ပိုင်​ခွင်​့မရတဲ့ မရှိတဲ့ ပြည်​သူ​တွေရဲ့ ​နေရာ ဟာဒါပဲလား ။ စိတ်​​ပေါက်​​ပေါက်​နဲ့ ဒီလိုနိုင်​ငံ မှာ လူဖြစ်​လာတာ ကျိမ်​ဆဲ ​နေရုံကလွဲ ပြီး ဘာများတတ်​နိုင်​ဦးမှာလဲ ဟင်​ ¿

​နေဝန်​းနီ

10:15 pm
Sep 15 2014

6 comments

  • kyeemite

    September 16, 2014 at 9:46 am

    .ဘာသာရေးအတွက်ကွဆိုရင် လုပ်ချင်ရာလုပ်အပြစ်မရှိဘူးဆိုသူ နလဗိန်တုံးတွေကြောင့်
    .ကျုပ်တော့ လော်တွေဆူညံအောင်အော်ပြီးအလှုခံလာရင်..ဒေါသအလိပ်လိုက်ထွက်တယ်ဗျာ :harr:

  • ခင် ခ

    September 16, 2014 at 10:54 am

    ရန်ကုန် တိုင်ခန်းတွေရှိတဲ့လမ်းထဲ လော်တွေဖွင့်လိုက်လို့ကတော့ နံရံတွေရဲ့ ပဲ့တင်သံရောနဲ့ဆို ပိုလို့တောင် ဆူသွားသေးတယ်ဗျာ။ ဘာသာရေးအဘေကာင်းပြုဆိုတော့လည်း ခက်တော့ခက်သားကလား ပြောရမှာကလည်းလေ။

  • Lucifer

    September 16, 2014 at 3:18 pm

    တစ်ပါးသူအား ထိခိုက်သောလွတ်လပ်ရေးသည် လွတ်လပ်ရေးအစစ်မမည် တဲ့
    (ဘယ်သူပြောသွားမှန်း မမှတ်မိပါသဖြင့် မှတ်မိသူများ ဖြည့်စွက်ကြပါကုန်)

  • naywoon ni

    September 16, 2014 at 11:27 pm

    ကျ​နော်​နဲ့ အ​တွေးအမြင်​တူ​တွေ ရှိ​နေတာသိရလို့ နဲနဲ​တော့ အားရှိလာသလိုပဲဗျာ ။ ဘယ်​လိုမှ သည်​းမခံနိုင်​​တော့လို့​ရေးမိတာပါ ။ အလှူခံ ဆိုတာ​တွေရဲ့ အတွင်​း​ရေး ဖွင်​့ချစရာရှိပါ​သေးတယ်​ ။

  • မြစပဲရိုး

    September 18, 2014 at 1:37 am

    ဟေ့ အဘနီ
    ရှင့် အတွက် ဂဇက် ရွာမှာ “နေရာ” တစ်နေရာ အသေအချာကြီးကို သိမ်း ထားပြီး သား။
    ကြိုက်တဲ့ အချိန် သာ ဝင်လာ ခဲ့ပါလေ။ :-)))

Leave a Reply