အစည်းအဝေး

ခင္ခSeptember 16, 20141min12414

” အစည်းအဝေး “

 

ရှေ့တန်းမှာဦးစားပေး
ဗီအိုင်ပီတဲ့လေး
သူတို့လေးတွေရေဆာလို့
ရေဗူးလေးတွေထောင်ထားစို့
စားစရာကလည်းအရှန်ပယ်
သူတို့တွေကဆာတတ်တယ်
နောက်တန်းတွေမှာထိုင်သူများ
အဟာရသိဒ္ဓိပြီးလို့လား
ရေလေးတောင်မှမတိုက်ထား
မြန်မာ့ရုံးများရဲ့အခမ်းအနား
အစဉ်လာမပျက် ကျင်းပလျှက်
မြင်ကွင်းမှတ်တမ်းတင်စေသောဝ်။

ခင်ခ။

14 comments

  • ဇီဇီ ခင်ဇော် (15102012)

    September 16, 2014 at 10:07 am

    အဲဒီ ဗီအိုင်ပီ ဆိုတာတွေက
    အစည်းအဝေးဆုံးဖြတ်ချက်ရဲ့ ကောင်းကျိုး ဆိုးကျိုး အကုန်တာဝန်ယူမဲ့ သူတွေလားဟင်?

    :mrgreen:

    • weiwei

      September 16, 2014 at 10:19 am

      သူတို့တွေက တရားသဘောကို အရမ်းသိကြတာဆိုတော့ကာ … မနေ့က ကျွန်တော်က ဒီနေ့ကျွန်တော်မဟုတ်သလို ဒီနေ့ ကျွန်တော်ကလဲ မနက်ဖြန်မရှိတော့တာမို့လို့ … ဆုံးဖြတ်ထားပြီးသား လုပ်ပြီးသား အားလုံး တာဝန်မရှိ .. အကုန်မေ့ပစ်ကြလေသတည်းပဲ ..

      • ဇီဇီ ခင်ဇော် (15102012)

        September 16, 2014 at 10:26 am

        ဖြစ်/ပျက် ပေါ့နော်။
        ဟီးဟီး

        :k:

      • ခင် ခ

        September 16, 2014 at 11:34 am

        မဝေပြောတာနဲ့ ဒီကဗီအိုင်ပီဆိုသူတွေရဲ့ စိတ်ဓာတ်နဲ့ တထပ်ထဲဘဲဗျာ။

  • aye.kk

    September 16, 2014 at 10:17 am

    လူလူချင်​း ခွဲခြားကွဲပြားတဲ့စိတ်​​တွေ
    မြတ်​ဗုဒ္ဓ သိမြင်​​တော်​မူလို့
    ဆင်​းရဲလိုခြင်​းအချင်​းချင်​း
    ကင်​းရှင်​းကြပါ​စေလို့
    ​မေတ္တာ တရားပွားများနိုင်​ကြဖို့
    လိုအပ်​လှသည်​့အတွက်​ဆုံးမ
    ​ဟောကြား​တော်​မူခဲ့တာပါ
    ဘုရားကိုယုံကြည်​တဲ့သူ​တွေက​တော့
    ကိုယ်​သာဆင်​းရဲပါ​စေ သတ္တဝါ​တွေအားလုံးကို
    ချမ်​းသာ​စေလိုတဲ့စိတ်​ထားရှိကြပါတယ်​
    ဘုရားယုုုံကြည်​ဖို့အထူးလိုအပ်​လှပါတယ်​

  • ကိုပေါက်(မန္တလေး)

    September 16, 2014 at 11:55 am

    အထူးလူ အထူးေ နရာ ဆို တာ က ခေတ်အဆက်ဆက်က ရှိလာခဲ့တာလေ

    ဒိအစဉ်အလာ က နောင်လဲ ပျောက်မယ် မဟုတ်ပါ

    ဒါတွေက ဖားတတ်တဲ့လူတွေက စပြီး အကျင့် လုပ်ခဲ့တော့

    အားလုံး အကျင့်ပါသွားပြီ

    အခု အချိန်မှာတော့
    အထက် ကလူ က လဲ အဲလိုလုပ်မပေးရင် မျက်နှာညိုတတ်ပြီလေ

    ဒီတော့ ဆက်သာလုပ်ကြပေတော့

    • ခင် ခ

      September 16, 2014 at 1:38 pm

      ဆက်ရန်ရှိသည်ပေါ့ ကိုပေါက် ဟုတ်လား။

    • Yae Myae Tha Ninn

      September 16, 2014 at 4:38 pm

      ကျွန်တော့် ဆရာ စကားနဲ့ ပြောရင်.. မဆလ ခေတ်က စတိုင်ပေါ့… နော့… လေးပေါက်… 🙂

  • kai

    September 16, 2014 at 3:01 pm

    ဖွံ့ဖြိုးတဲ့နိုင်ငံကြီးတွေမှာတော့.. (အကြမ်းအားဖြင့်) ငွေနဲ့ စံနှုန်းထားပြီး.. နေရာချသပေါ့…။
    ငွေဆိုတာ.. မမြင်ရတာတွေကို..ဆုံးဖြတ်ရလွယ်အောင်..မြင်သာထင်သာထားတဲ့ရုပ်ဝတ္ထုပါ…

    ဆိုတော့..
    ယူမလား..။ပေးမလား..။ သုံးမလား..။ ဖြုန်းမလား..။
    စိုက်မလား..။ နှိုက်မလားနဲ့.. ချိန်ဆစေချင်..။ ချိန်ဆသင့်..။

    • ခင် ခ

      September 16, 2014 at 3:12 pm

      ဒီမှာတော့ အာဏာရှိမှုပေါ်မူတည်ပြီး နေရာချတာများတယ်ပေါ့။

      • kai

        September 16, 2014 at 3:17 pm

        ထေရာတို့ဝါဒကနေ.. သက်ဆင်းလာတယ်ထင်မိတယ်..
        ရှေးကပုံပြင်တွေများဆို.. ဘုရင်တောင်.. ဘုန်းကြီးဆို.. ပုလ္လင်ပေါ်ကဆင်းပေးရတယ်မဟုတ်လား..
        ငရဲကြောက်.. ဘုံမြောက်တာတွေကြောင့်ပေါ့…။
        သိမြင်သာတဲ့..တိုင်းတာနိုင်တဲ့..စံနှုန်းမရှိ..မသိ..ဖြစ်သွားတာပေါ့..။
        အိုင်းစတိုင်း relativity theoryအရ.. နှိုင်းရစံမရှိရင်..ဘယ်ရောက်ဘယ်ပေါက်နေမှန်းမသိ..။
        ဆိုတော့..
        ပြင်လို့.. မလွယ်ရေးချ.. မလွယ်..။
        ဆက်ရန်ရှိပါသည်.. ပေါ့..။ :i:

  • awra-cho

    September 16, 2014 at 4:05 pm

    ​ေ နာက်ကလူက အနစ်နာ ခံရတာ​ေ ပါ့​လေ

    • ခင် ခ

      September 16, 2014 at 4:12 pm

      ဒီမှာတော့ ဒီစတိုင်နဲ့ ဒီလိုဘဲ နာခဲ့တာကြာပြီလေ။
      ပြည်သူတွေလည်း အနာခံခဲ့ရတာကြာပေါ့ဗျာ။

  • alinsett

    September 21, 2014 at 2:39 pm

    VIP မှာ..
    တရားသော VIP နဲ့.. မတရားသော VIP နှစ်မျိုးနှစ်စား ကွဲသေးတယ်နော..

Leave a Reply