ဒုံးဒုံး ဒိုင်းဒိုင်း…

ကုိ ထြဋ္September 16, 20141min17010

Dj Jay

 

. ဒီအစီအစဉ်လေးက မတင်တာတောင် ကြာပြီ… ၂ ခုလောက်ပြီးတာနဲ့ မတင်ဖြစ်တော့ဘူး…

. တကယ်တော့ ဒီအခွေက ကြာပြီ ပြောရမယ်… သိတဲ့သူတောင် သိပ်မရှိလောက်ဘူး… MRTV 4 မှာတော့ သူဒီဂျေပွတ်ရင်း အဆိုတော်တွေက အရှေ့ကဆိုနဲ့ ပြဖူးတယ်… သီချင်းအကုန်ကို…

. မြန်မာပြည်ထဲမှာ ကျွန်တော် စ သိတဲ့ ဒီဂျေတယောက်ကို ပြပါဆို သူပဲ.. ရှစ်တန်းလောက်ကတည်းက သူ့ရဲ့ ပထမဆုံး ၂ ခွေတွဲ စနားထောင်ဖြစ်တယ်… House Viration စာလုံးပေါင်း မှားချင်မှားမယ်ဗျ…

. ငယ်ငယ်တုန်းက အင်္ဂလိပ်စာ ဒီလောက် မရဘူးလေ..  🙂  ခုလဲ သိပ်မထူးပါဘူး…

. အဲဒီအခွေက ဌားနားထောင်တာဗျ… ဘယ်သူ့ဆီကထင်လဲ… ကိုညိုမင်းလွင်ဆီက ဌားနားထောင်ရတာ.. သူက အဲအချိန်ကတည်းက အနုပညာ လုပ်ငန်းတွေ စ လုပ်နေပြီဗျ…

. သူဖတ်တဲ့ စာအုပ်တွေ၊ သူနားထောင်တဲ့ သီချင်းတွေ၊ သူကြည့်တဲ့ ဗီဒီယိုတွေ အကုန်လုံးနီးပါးပဲ… အားရင် သူ့ဆီပဲသွားတာကိုး…

. ကဲပါ… ဒီဂျေ ဂျေး အကြောင်း စကြတာပေါ့… အဲဒီ ၂ ခွေတွဲ ပြီးတော့ သင်္ကြန်တို့ ဘာတို့တော့ ကြားတယ်…

. အခွေလဲ မထုတ်ဖြစ်ဘူး ထင်ပါတယ်… မတွေ့ဘူး… သတင်းဆိုလို့ ဒီဂျေသင်တန်းဖွင့်တာပဲ ကြားလိုက်တယ်… ပထမဆုံးပဲ ဖြစ်ဦးမယ် ထင်တယ်… မြန်မာပြည်မှာ ဖွင့်တာ…

. ဒါနဲ့ နည်းနည်းကြာတော့ နတ်ဒိုးဆိုပြီး သားစိုးနဲ့ ပေါင်းပြီး… ရောသမမွှေ ထွက်တော့ တဟုန်ထိုး နာမည်တက်သွားတာပဲ…

. နောက်ကျတော့ ကွဲသွားတယ် ပြောမလား… သီးသန့်စီ အခွေတွေ ထွက်လာကြတယ်… သူက ABCD ဆိုပြီး ထပ်ထွက်တယ်…

. ရေးစရာ တီးစရာ မရှိတော့ တုံးအောက်ကဖားတွေ ဘာတွေ ပါ တီးကုန်ရော… ဒီနေရာမှ တခု ကော်မန့်ပေါ့… ဘာလဲဆိုတော့…

. ရောသမမွှေတုန်းက နာမည် တအားကြီးတယ်ဆိုတာ တဦးတည်း တော်လို့ မဟုတ်ဘူးဗျ… သားစိုးက အဆိုတော် သီချင်းရေးဆရာ… သူက အဲအပိုင်းမိုက်တယ်…

. ဂျေးက ကိုယ့်တသက်နီးပါးပဲ ဒီဂျေလုပ်လာတာ… အတီးပိုင်း သူက မိုက်တယ်… အဲတော့ သီးသန့်စီလုပ်တော့…

. မယုံရင် နားထောင်ကြည့်  ၂ ယောက်ကွဲပြီးပြီးချင်း ထပ်ထွက်တဲ့ အခွေတွေ စုတ်ပြတ်နေတာပဲ… ကျွန်တော့် အမြင်ပါ…

. စာသားသမားက တီးတော့ အတီးက မဂေါ်တော့ဘူး… အတီးသမားက စာသားရေးတော့ ၂ ကြောင်းနဲ့ တပုဒ်… သိပ်မကြိုက်တော့တာ ပြောပါတယ်…

. ပြီးတော့ သားစိုးက ၁ နှစ် တခွေ ခါတော်မှီ ထုတ်တယ်… အဲမှာ ဂျေးကတော့ Dhamma Phunk ဆိုပြီး အွန်လိုင်းမှာ ရောင်းတယ်… ဘယ်လို ဖရီးလိုက်ရှာ ဆွဲဆွဲ အယ်လဘမ် တခုလုံး ဆွဲလို့ကို မရတာ…

. ပြီးတော့ ပေါက်လဲ မပေါက်ခဲ့ဘူး… အဲဒါနဲ့ နောက်နှစ်မှာ Dhamma Phunk ထဲက သီချင်းတွေ ပြန်ထည့်ပြီး  ” ဒုံးဒုံး ဒိုင်းဒိုင်း ” ဆိုပြီး ထုတ်တာပဲ…

. ဘုတ်တွေ ထောင်ပါတယ်.. ဒါပေမဲ့ မြန်မာ အကြိုက်က သားစိုး Flow ဆိုတော့ ပေါက်သင့်သလောက်ထက် ပေါက်ကို မပေါက်လိုက်သလိုပဲ…

. ကျွန်တော်ကတော့ ကြိုက်တယ်.. ဒီခေတ် လတ်တလောမှာ ခေတ်စားတဲ့ Flow က Dub Step တွေဗျ…  သိသလောက် ဖောက်သည်ချရရင်…

. Dub ဆိုတာ ပြန်ထပ်တာဗျ… သီချင်းအဟောင်း အကောင်းတွေပေါ့.. အဲဒါတွေကို သူတို့ Flow နဲ့ ပြန်ထပ်တာ.. Remix ကတော့ ပြန်ရောတာပေါ့.. တူသလိုနဲ့ ကွာတယ်ဗျ…

. ထားပါ.. အဲပုံစံကို နိုင်ငံခြားက Skillex က တော်တော်ပေါက်တယ်… အဲဒါမျိုးကို တချို့က ကူးတယ်.. တချို့က အတုယူတယ်… စုတုပြုပေါ့…

. ကူးတာတော့ အဆီငေါ်တည့်ရင် ကောင်းပေမယ့်… မတည့်ရင်တော့ အမြီးအမောက် မတည့်ပဲ.. နားထဲ သစ်ရွက်စိမ်းထည့်လိုက်သလိုပဲ…

. ကဲပါ… အခွေထဲက သီချင်းတွေ အကြောင်းသွားကြတာပေါ့…

. အားလုံး ၁ရ ပုဒ်.. Intro နဲ့ဆို ၁၈ ပုဒ်ပါတယ်ဗျ…

 

. နည်းနည်းလေး လှုပ်လိုက် ( Dhamma Phunk ထဲက သီချင်းပဲ ဗားရှင်းပါ မပြောင်းဘူး… )

. So Dope ( Decently Dope ( Skrillex ) သီချင်းနာမည်နဲ့ ဆင်သလိုပဲ… )

. ခွင့်မလွှတ်နိုင်ဘူး

. ဖုန်းဆက် ( Beat တွေ တော်တော်မိုက်တယ်… )

. ဟ ပလွတ် ဟပဲ့ ( Dhamma Phunk ထဲက ကျော်ထွဋ်ဆွေ ဆိုထားတာ… )

. ဘောက် ( ဘု ဘောက် ဆိုတဲ့ သဘောပေါ့… PBD Hood က ရဲနောင်တို့ ဆိုထားတာ… )

. စက်ရုပ် ( Dub Step စစ်စစ်ပဲ First Of The Year ( Skrillex ) စတိုင် Crash တွေပါ ထည့်သုံးထားတာ… )

. FRESH ( ကြည့်မြင်တိုင်သားလေး G Tone ဆိုထားတာ… ) ကြွားရရင် ဂေါ်လီရိုက်ဖက် သူငယ်ချင်း… 🙂

. သမိုင်းအစပ် ( အနဂ္ဂ ဆိုထားတာ… )

. ဆယ်ကုဋေ ( ကြက်ဖ ဆိုထားတာ… )

. Ja Lit ( မဆိုးပါဘူး… )

. စုန်းမ

. ပါဝါ

. 80’s Love ( Ash နဲ့ ဆိုထားတာ… )

. Smoke Machine ( လူသိပြီးသား သီချင်းပါ ပြန်တီးထားတာ… )

. Message

. စစ်မှန်သော ချမ်းသာခြင်း ( ABCD အခွေတုန်းက သီချင်းပါ ပြန်တီးထားပါတယ်… )

 

. အားလုံး ခြုံ ပြောရရင် ကြိုက်ပါတယ်… မှီတယ်… နိုင်ငံခြားဖြစ်ကို စုတုပြုလေးလုပ်ထားတာ… စစ်မှန်သော ချမ်းသာခြင်းတုန်းကတော့ နည်းနည်း ငြင်းရသေးတယ်… ဘုရားသီချင်းကို လုပ်တယ်ဆိုပြီး…

. DJ Wine နဲ့တောင် ပြောဖြစ်ပါတယ်… အဲဒီ အကြောင်းကို သူကလဲ ရှင်းပြပါတယ်… မေတ္တာပို့တာပါပဲ… အဲတော့ သူလုပ်တာ အပြစ်မဟုတ်ပါဘူးတဲ့…

. ကဲ.. ဒီလောက်ပါပဲဗျာ… နည်းနည်းတော့ နားစိမ်းနေချင် နေမယ်… အချိန်ရရင် အားပေးလိုက်ကြပါဦးဗျာ… 🙂

 

10 comments

  • ဇီဇီ

    September 16, 2014 at 11:05 am

    ဒီဂျေ တော်ရင် တော်သလို သီချင်းက ပိုကောင်းတတ်ပြီး
    ညံ့ရင် ညံသလို ဆူညံနေရောပဲ လားမသိ
    ဟိဟိ
    နားမလည်တဲ့ ဘာသာရပ်။
    :k:

    ဒီဂျေထဲ ဒီဂျေဖြိုး က အချောဆုံးလားလို့ပဲ။

    :k:

  • Yae Myae Tha Ninn

    September 16, 2014 at 11:19 am

    အပျိုကြီးကတော့ လုပ်ပြီ… ဘာပဲပြောပြော အရင်ဆုံး လာမန့်လို့… ကျေးကျေးပါ… 🙂

  • ခင် ခ

    September 16, 2014 at 11:27 am

    ဒီဂျေက နိုက်ကလပ်ထဲမှာရီဝေဝေဖြစ်နေချိန်ဘဲ နားထောင်ကောင်းခဲ့တာ အပြင်မှ ဒီဂျေသံကြားရင် ဘယ်လိုမှခံစားလို့မရဘူး ကျုပ်ကဖြင့်။

  • Yae Myae Tha Ninn

    September 16, 2014 at 12:47 pm

    ကိုခ ကြီးက ကလပ်ရောက်ဖူးတယ်.. ကျွန်တော်ဖြင့် ရောက်တောင် မရောက်ဖူးဘူး.. 🙂

    • ခင် ခ

      September 18, 2014 at 10:52 pm

      လူလတ်ပိုင်းအရွယ် ရန်ကုန်မှာတုန်းက ယုဇနဂါးဒင်းဟိုတယ်ကလပ်က ဘော်ဒါတွေဖွင့်ထားတာဆိုတော့ ဝင်ကြေးဖရီးလေ အဲဒီတော့ သွားကဲဖြစ်တာပေါ့ဗျာ

      • Yae Myae Tha Ninn

        September 19, 2014 at 3:30 pm

        ဒါဆို တော်တော်ကြာပြီပဲ.. ခုဆို ပိတ်ပြီး နေရာတောင် ပြောင်းထားပြီ… 🙂

  • Yae Myae Tha Ninn

    September 16, 2014 at 1:16 pm

    ဟုတ်ပါ့.. လေးပေါက်ရယ်… 🙂

  • kyeemite

    September 16, 2014 at 3:07 pm

    .ကျုပ်ကတော့ အဲ့ဂီတတွေသိပ်နားမလည်..သိပ်မခံစားတတ်..အသက်ကြီးသွားလို့လားမသိ
    .ဒါကြောင့်ထင်မြင်ချက်မပေးနိုင်ကြောင်းပါYae Myae Tha Ninnရေ :p:

  • Yae Myae Tha Ninn

    September 16, 2014 at 4:16 pm

    ခုလို လာမန့်တာပဲ ကျေးဇူးပါ… 🙂

Leave a Reply