အ ကာလ ညတွင် လင်းလက်တောက်ပသော(ဓါတ်ပုံပိုစ်)

“အ ကာလ ညတွင် လင်းလက်တောက်ပသော(ဓါတ်ပုံပိုစ်) “

 

နေ့ပိုင်းမှာဓါတ်ပုံရို်က်ရတာ ရိုးတော့ ည ကို ဓါတ်ဖမ်းထွက်ကြပါတယ်။

ည ဆို တော့ သဘာဝအတိုင်းလင်းလက်နေတဲ့နေရာရှိတယ်။

 

မှောင်မဲ နေတဲ့ နေရာတွေကို အမှောင်ခွင်းအလင်းဆောင်ပေးလိုက်ရတာရှိတယ်။

ဘာဘဲပြောပြော ထူး ခြားတဲ့ ပုံလေးတွေကိုပိုင်ဆိုင်ရတယ်လို့ ထင်မိပါတယ်။

ခံစားကြည့်လိုက်ပါအုံး။

 

1 အိန္ဒြေကြီးစွာဖြင့်
1 အိန္ဒြေကြီးစွာဖြင့်

 

2 လင်းလက်စွာ
2 လင်းလက်စွာ

 

3 လင်းလက်ကြယ်
3 လင်းလက်ကြယ်

 

4 အထက်အမြင့်မှ နေ၍
4 အထက်အမြင့်မှ နေ၍
5 မန်းလေးကျုံးကို အမြင့် မှ ခံစားကြည့်ခြင်း
5 မန်းလေးကျုံးကို အမြင့် မှ ခံစားကြည့်ခြင်း

ညမြင်ကွင်းများကို အခုမှ စမ်းသပ်ရိုက်တာကြောင့် ချို့ယွင်းချက်များရှိနေခဲ့လျင် ထောက်ပြဝေဖန်စေလိုပါသည်

 

ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ

16-9-2014

21 comments

  • Myo Thant

    September 16, 2014 at 12:51 pm

    နံပါတ် ၃ မိုက်တယ်

    ပန်းချီကားလိုပဲ

  • Ma Ei

    September 16, 2014 at 1:01 pm

    1 အရမ်းကိုလှပါတယ် …
    ပြင်ထားတယ်လို့ ထင်ရအောင်ကို လှနေတယ်…
    ပြင်ထားလား..

    • မအိရေ မူရင်း ပုံကို နည်းနည်းလေးတော့ပြင်ထားပါတယ်။

      မူရင်းပုံ နဲ့ အလင်းအမှောင်ဘဲ ကွာသွားပါမယ်

      light room ဆော့ဝဲ ကိုအသုံးပြုပြီး ပြင်ထားပါတယ်။

      ဒီဆောဖ်ဝဲလေးက အလင်းအမှောင်နဲ့အရောင်ဘဲချိန်လို့ရပါတယ်။

      မူရင်းပုံမှာ မပါ တာတွေကိုဖြည့် လို့ မရပါဘူး။။

      ပြင်လိုက်တဲ့အခါ ပုံလေးတွေကပို သေသပ်သွားပါတယ်။

      • Ma Ei

        September 16, 2014 at 1:10 pm

        ပိုလှသွားတယ်…

  • ပထမဆုံးဝင်ကြည့် သူ ကမျိုး ကျေးကျေးပါ

    ကုသိုလ်တော်ဘုရားရယ်

    မန်းလေးတောင် ပေါ်ကရယ်

    တက်ရိုက်ထားတာပါ

  • ဇီဇီ

    September 16, 2014 at 1:15 pm

    အိုးးး
    ပထမ ၂ ပုံ မှာတင် အတော် သဘောကျသွားတယ်။
    လှလိုက်တာ။
    မျက်စိ အမြင်က ဒီလောက်လှမှာမဟုတ်

    🙂

    • ဇီဇီ မန်းလေးပြန်ရောက်ရင် တက်ကြည့် မန်းလေးတောင်ကို

      အေဝမ်းဘုရားကနေ ရို်က်ထားတာပါ

  • ဂျက်စပဲရိုး

    September 16, 2014 at 1:21 pm

    ပုံ ၁ နဲ့ ၂ မှာ ပုံ ၁ ကို သဘောကျသဗျ။
    ပုံ ၂ က တမျိုးကြီးပဲ လင်းလွန်း နေတယ် နဲ့တူတယ်။

    ပုံ ၃ လဲ မိုက်တယ်။

    ပုံ ၄ က ပုံရဲ့ အလယ်က အမဲကွက်ကြီးက မီးပျက်နေတာလားဟင် 😛

    ပုံ ၅ က အရောင်တွေ မှိန်နေသလိုပဲ အူးပေါက်
    အလင်း အမှောင် ကို ပြောတာ မဟုတ်ဘူးဗျ ကာလာ က မှိန်နေတာ
    ဒီပေါ်တင်ရအောင် ကွာလတီ ချလိုက်လို့ အရောင်တွေ ကျသွားသလားတော့ မသိ။

    • မှန်တယ်ဗျာ အမှတ်2ကနည်းနည်းပိုလင်းတယ်

      အရမ်းမှောင်နေလို့ အလင်းတင်ရို်က်ထားတာပါ။

      အမှတ်4ပုံရဲ့အလယ်ကွက်အမဲ ကြီးက နန်းတွင်းပါ

      အဲဒီညက မီးပျက်နေတော့ ရိုက်ရတာအတော်ခက်သွားပါတယ်

      နံပါတ်က 5 က အလင်းမရှိချိန်မှာ အတော်ဝေးဝေး ကို ဇွမ်းဆွဲ ရိုက်လိုက် လို့ ဒီလို ဖွေးသွားတာပါ

      စိတ်ထဲရှိတဲ့ အတိုင်း ဝေဖန် ပေး တဲ့ ဂျက်စာကလေး(မြစကလေးနဲ့အမျုးိတော်လားမသိ) ကို တကယ်ကျေးဇူးတင်ပါတယ်
      နောင်ဒိထက်ကောင်းအောင်ကျနော်ကြိုးစားပါမယ်ခင်ဗျာ

  • ခင် ခ

    September 16, 2014 at 1:38 pm

    ပုံအားလုံး ကြည့်ရတာမဆိုးဘူးဗျ
    ပုံ ၁ ကိုတော့ ပိုသဘောကျမိတယ်၊
    အဲဒီပုံတော့ လိုချင်တယ်ဗျ ဘယ်လောက်နဲ့ရောင်းမလဲ၊ အဝေးဆီက ဘုရားအလင်းပါနေတာလေးကို ကြိုက်လို့လေ။

    • ကိုခ နှစ်သက်တယ်ဆိုရင် ပုံ ကြီး ချဲ့ ဘောင် ထည့် ပြီး လက်ဆောင်ပေးမှာပေါ့

      ညီအကိုလိုပေါင်းသင်းနေတဲ့လူတွေဘဲ ဥစ္စာ။

      အဝေးကဘုရားမီးလင်းနေတာက မန်းလေးတောင် တော်ပါ။

  • kyeemite

    September 16, 2014 at 3:05 pm

    .ကိုပေါက်ပုံတွေအားလုံးကြိုက်ပါတယ်…လှလည်းတော်တော်လှတယ်
    .ပုံ ၅ တစ်ခုပဲနဲနဲဝါးနေသလို…

  • ကိုမိုက်ရေ
    မှန်သဗျာ အမှတ်5 ပုံ က နည်းနည်းဝါး တယ် သိပ်ဝေးတာကို ဇွမ်းနဲ့ အရမ်းဆွဲ တင်လိုက်လို့ ဖြစ်တာ ပါ

    နောက်တစ်ခါ မကျေပွဲ ရိုက်အုံးမယ်

  • Yae Myae Tha Ninn

    September 17, 2014 at 4:54 pm

    တခုပဲ လေးပေါက်.. မန္တလေးကို လာဖြစ်ရင် အဲနေရာတွေကို အဲကင်မရာနဲ့ လိုက်ပို့.. ရိုက်နည်းကိုလဲ ပြရမယ်… ဒါပဲ… 🙂

    • Yae Myae Tha Ninn

      September 18, 2014 at 9:53 am

      လေးပေါက်က အဲလို လုပ်တတ်မယ် မထင်… 🙂

  • Mr. MarGa

    September 17, 2014 at 6:57 pm

    လေးပေါက်
    ပုံ 1 ကို မ. သွားဘီ…
    အမွေ ကြိုယူသွားတယ်လို့သာမှတ်လိုက်တော့ :mrgreenn:

  • alinsett

    September 21, 2014 at 1:54 pm

    အပေါ်ဆုံးက သုံးပုံ…
    တော်တော် ကြိုက်တယ်ဗျာ.. ။
    ဖုန်းထဲမှာတောင် Wall Paper လုပ်ထားချင်လို ့… သိမ်းလိုက်တယ်နော် ။
    လေးပေါက်…ခွင့်ပြုပါ။

Leave a Reply