” တာဝန်မယူနိုင်ရင် မဖမ်းပါနှင့် “

ခင္ခSeptember 18, 20141min17018

” တာဝန်မယူနိုင်ရင် မဖမ်းပါနှင့် “

 

သတင်းဆောင်းပါးတစ်ခု မဇ္ဈိမဂျာနယ်မှာဖတ်လိုက်ရတယ်၊ အဲဒီသတင်းက ရန်ကုန်မှာ စည်းကမ်းမဲ့ ရပ်နား ထားသဖြင့် ကရိန်းဖြင့်ဆွဲကာ သိမ်းယူလာပြီး ယာဉ်ရပ်နားစခန်းအတွင်းသို့ မနေ့က ယူဆောင်ထားတဲ့ ယာဉ်ကို စက်တင်ဘာလ ၁၁ ရက် နံနက် ၉ နာရီဝန်းကျင်လောက်က ဒီမနက်ကျတော့ ဘာအထောက်အထား မှမပါဘဲ ကားကိုမောင်းထွက်သွားတာ ဘယ်သူမှတားလို့မရဘူး၊ တားရင်လဲ အတိုက်ခံရမှာ မောင်းသွားတဲ့ အရှိန်က တော်တော်ပြင်းတယ် လို့ဆိုထားပါတယ်။ အဲဒီကားကို လမ်းမတော်လမ်းမှ ဒဂုံမြို့နယ် ရှင်စောပု ယာဉ်ရပ်နား ဝင်းကို ကရိန်းနဲ့ဆွဲခဲ့တယ်ဆိုပါတယ်၊ ထိုသို့ကရိန်းဖြင့်ဖမ်းဆီးအရေးယူသော ကားကို စည်ပင် သာယာတရား ရုံးပြေစာ၊ ကရိန်းပြေစာ၊ ဘီးခွန်နှင့် ယာဉ်မောင်းလိုင်စင်မိတ္တူများ အပြည့်အစုံပါမှသာ ပိုင်ရှင် ကိုပြန်လည် ပေးအပ်နေခြင်းဖြစ်ပြီး ယာဉ်ပိုင်ရှင်မှ အထက်ပါအထောက်အထားများ မပြသဘဲ ယာဉ်ကိုမောင်းနှင် ယူဆောင် ခြင်းဖြစ်တယ်လို့ သက်ဆိုင်ရာစခန်းကရဲအုပ်ကဆိုတယ်လို့ရေးထားပါတယ်။ ယင်းကဲ့သို့ဖြစ်စဉ်မျိုး ရှင်စောပု ယာဉ်ရပ်နားစခန်းအနေနဲ့ ပထမအကြိမ်ဖြစ်ပွားခြင်းဖြစ်ပြီ လွန်ခဲ့သော တစ်လကျော်ဝန်းကျင်က ပုဇွန်တောင် စခန်းတွင် အလားတူ ဖြစ်စဉ်မျိုးဖြစ်ပွားခဲ့ဖူးသည်လို့ဆိုပါတယ်။ ( Cd : ဖြိုးဝေလင်း )

ဒီဆောင်းပါးကိုဖတ်ပြီ အတော်သောက်သုံးမကျတဲ့ အဖွဲ့အစည်း အတော်သောက်သုံးမကျတဲ့ စည်ပင်ရဲဌာန ဘဲလို့ ကျုပ်ကောက်ချက်ချမိတယ်။

ဘယ်နဲ့ဗျာ ကိုယ်တာဝန်မယူနိုင်ရင် မဖမ်းနဲ့လေ ကားကိုဆွဲမသွားနဲ့လေ ကားထိပ်တုန်းခတ်ထားလိုက်ပေါ့။ ကိုယ်ကရိန်းနဲ့ဆွဲသွားပြီး ဖမ်းစီးသိမ်းထားမယ်ဆိုရင်လည်း သေချာလုံခြုံအောင်ထားပေါ့၊ အကယ်လိုကားခိုး မှုဖြစ်တာမျိုးဆိုရင် သူတို့မှာတာဝန်မရှိသလိုမျိုး ရဲစခန်းကတာဝန်ရှိသူကဆိုတယ်၊ ကားလာယူသွားတာ ကားပိုင်ရှင်ပါလို့ အလွယ်ဘာလို့ဆိုသလဲ အဲလိုပြောလို့မရဘူးလေ သက်ဆိုင်ရာစာရွက်စာတမ်းပြမှ ယူခွင့် ရှိတယ်ဆိုရင် ကားထားတဲ့ ဝင်းကခြံဝင်းတံခါးမရှိဘူးလား လုံခြုံရေးမရှိဘူးလား ဖမ်းစီးကားနားရောက်လာ တဲ့သူကို မဖမ်းဘူးလား မစစ်ဖူးလား၊ ပြီးတော့ ပုဇွန်တောင်ဝင်းမှာ ဖြစ်ခဲ့ဖူးပြီးသား ဒါနောက်တစ်ကြိမ်ဆိုတော့ ပထမအကြိမ်ဖြစ်တာက မသိလိုက်လို့ နောက်တစ်ကြိမ်ဖြစ်တာကတော့ အတော်ညံလို့ ဆိုတဲ့စကားအရဆို အတော်ညံတဲ့အဖွဲအစည်းပါဘဲ။

တကယ်တော့ ခပ်ညံညံအစိုးရအုပ်ချုပ်မှုအောက်က အဖွဲ့တွေကလည်း ခပ်တုန်းတုန်းတွေဖြစ်နေပြီလား။ ယာဉ်စည်းကမ်းမလိုက်နာမှုက မလိုက်နာတဲ့သူမှာအပြစ်ဆိုပေမယ့် မလိုက်နာတဲ့ယာဉ်ကို ဖမ်းစီးသိမ်းလာ ပြီဆိုရင် ဥပဒေအရ ဖမ်းဆီးအဖွဲ့မှာတာဝန်ရှိရမယ် အဲဒီလိုတာဝန်မယူနိုင်ဘဲနဲ့ လျှောက်ဖမ်းနေရင် ဘယ်လို စိတ်ချရပါ့မလဲ မလုပ်သင့်ဘူးလေ။ ခက်တာက ဒီမှာက အစိုးရအဖွဲ့အစည်းကို တရားပြန်စွဲရင် အမှန်အတိုင်း မဖြစ်ကြတော့ သူတို့မှားတာကို တရားပြန်စွဲမရတာဘဲ၊ တရားမျှတမှု မရှိတဲ့အစိုးရပေါ့ဗျာ ဒီနိုင်ငံမှာကလေ။

ဒါနဲ့စပ်ဆက်ပြီး သတိပေးချင်တာက အခုကားဈေးလေးကလည်း အရင်လိုဈေးအရမ်းမများကြတော့ဘူး ဆိုတော့ ရန်ကုန်မှာက ကားလေးနဲ့သွားကြသူတွေများနေပြီလေ အကယ်လို့များ အခန့်မသင့်လို့ ကိုယ့် ကားကိုကရိန်းနဲ့ဆွဲသွားတယ်ဆိုရင် စိတ်ချလက်ချတော့ နေလို့မဖြစ်ဘူးနော် အမြန်ညှိပြီးသွားလိုက်ထုတ် လိုက်တာပိုကောင်းပေလိမ့်မယ် ဒီဌာနရဲ့လျော့ရဲမှုကို သိသွားတဲ့သူတွေက နောက်ပိုင်းကားခိုးမှုတွေ ဘာတွေ တောင်ဖြစ်မလာနိုင်ဘူးလို့ မပြောနိုင်ဘူးဗျ၊ ဖြစ်တဲ့အချိန်နဲ့ ကိုယ့်ကားပါသွားတာများ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားမှဖြင့်လို့ စိုးရိမ်လို့ အသိပေးတာပါ ရန်ကုန်နေသူတို့ရေ။

ဒီနေရာမှာ စည်းကမ်းမလိုက်နာလို့ဖမ်းတာကို ဘာမှမပြောဘူးနော်၊ သတ်မှတ်ထားတဲ့စည်းကမ်းမလိုက်နာ တာကတော့ ဖမ်းပါ ဖမ်းသင့်ပါတယ်။ ဖမ်းပြီရင်တာ ဖမ်းဆီးပစ္စည်ကို တာဝန်ယူတတ်ရကောင်းမှန်းသိဖို့ ပြောတာပါ၊ ဖမ်းပြီး ဒါဏ်ငွေရ သို့မဟုတ် ညှိနှိုင်းခရပြီးရော လုပ်နေလို့မရပါ ဖမ်းစီးကားကို မပျောက်မပျက် အောင် တာဝန်ယူတတ်ဖို့လည်းလိုပါတယ် တကယ်တာဝန်မယူနိုင်ဘူးဆိုရင် အစထဲကဖမ်းယူကရိန်းနဲ့သယ် စနစ်မသုံးနဲ့ပေါ့ဗျာ မဟုတ်ဘူးလားဟင်။

 

ခင်ခ။

18 comments

  • ဇီဇီ

    September 18, 2014 at 8:30 am

    ဖမ်းရတာပဲ ပျော်တယ်။
    တာဝန်ယူရတာ မပျော်လို့တဲ့…
    :kwi:

    • ခင် ခ

      September 18, 2014 at 8:49 am

      ပြည်သူဆီက ပိုက်ဆံဘယ်လိုယူရမလဲဘဲစဉ်းစားတာ
      ပြည်သူအတွက် ဘာတာဝန်ယူရမလဲဆိုတာ ကိစ္စရပ်အတော်များများ စဉ်စားလုပ်ပေးတာမရှိသော အစိုးရပါသကား။

  • kai

    September 18, 2014 at 9:12 am

    ကျုပ်ကားတိုးဆွဲသွားခံရတုံးက.. သူတို့ဆီလိုက်ထုတ်တာ.. ကားထားတဲ့ဝင်းကသပ်သပ်.. ငွေပေးတဲ့နေရာကသပ်သပ်..။
    အံမာ.. ဒီကလူတွေဒေါ်ကန်တတ်လို့.. ငွေပေးတဲ့နေရာတောင်.. အခန်းထဲ.. ကျည်ကာမှန်ထဲလူကထိုင်ပြီး.. အထောက်အထားတခုချင်းဆီတောင်းတာ..။
    မပြရင်.. ဆောရီး.. လှည့်တောင်မကြည့်…….။

    တကယ်တန်းပြောရရင်တော့…
    တိုးဆွဲတဲ့ကားကုမ္ပဏီက.. တခု..
    ဖမ်းကားသိမ်းတဲ့ ဝင်းကြီးပိုင်ရှင်ကတခု..
    ငွေလက်ခံတဲ့ဌာနကတခု…

    အလုပ်တွေကို.. ဆန့်ဆွဲထုတ်ထားတာ..။
    အလုပ်အကိုင်အခွင့်အလန်းတွေဖြစ်အောင်ပေါ့..။
    နိုင်ငံရေးရဲ့အနုပညာ.. ပါ..။ :k:

    • D Tin

      September 18, 2014 at 8:41 pm

      ကန် မှာလား အကိုခိုင်?ကျွန်တော် ကားကို လဲ သေါ့ ခတ် ခံရတယ် လူလည် ကျတယ် ဗျာ တာဝန်ရှိသူတွေ က မြေပါ်မှာ ရှိတဲ့ ဆိုုင်း က ပျက်နေပြီ သာမန် ကြည့်ယုံနဲ့ မမြင် ရဘူး ပြန်ထွက် လာတော့ သော့ခတ်ထားတယ် စာကတ်ထားတာ ကားမှာ အဲဒါနဲ့ စက်ရွက် ကဖုန်းခေါ်ကို တော့ လုံခြုံရေးထွက်လာပြီး ၇ဝဆောင် ရမယ် ဆိုပြီး စာရွက်ပေးတာအဲဒါမှ သေ့ာပြန်ဖွင့်ပေးတယ် ဆေး ရုံမှာရပ်မိတာ.. နောက် ဆို တော်တော် သတိထားသွားတယ်

      • kai

        September 19, 2014 at 2:41 pm

        အယ်လ်အေကပါ..။
        ဒီဖက်ကတော့..ကားသော့ခတ်တာရှားတယ်ဗျ..။ တခါထဲဆွဲသွားတာ..။
        ပြန်ရွေးရင်..အကြမ်းအားဖြင့်.. ၄၀ဝကနေ.. ၆၀ဝမြောက်ပဲ..။

        ပါ့ကင်တစ်ကက်ကတော့.. ဒီအတိုင်းဝိုက်ပါမှာချိပ်သွားတာဗျ…။
        ပေးရင်ပေး..မပေးရင်.. အဆတိုးလာတာမို့.. ပေးပါတယ်..။
        သာမန်အားဖြင့်.. ၂၅ကနေ.. ၅ဝလောက်..။

  • Yae Myae Tha Ninn

    September 18, 2014 at 9:16 am

    ကျေးဇူး ကိုခရေ.. သတိပေးတာ.. ကျွန်တော့်ကားကိုတော့ စိတ်ချရအောင်… အကျီင်္ အိတ်ထဲ ထည့်လိုက်ပါပြီ… ထုတ်တွန်းချင်မှ ထုတ်တွန်းတော့မယ်… ဘူးးးးးးးးးးးးးးးးး ဘူးးးးးးးးးးးးးးးးးးးးးးးးးးး 🙂

  • ဦးကျောက်ခဲ

    September 18, 2014 at 9:55 am

    အဲသည့် ရှင်စောပုကားဝင်းက ဗြဲလရမ်းကြီး ဆရာခရဲ့ …
    ဓနုဖြူဒေါ်စောရီထမင်းဆိုင်ကို လာစားတဲ့ကားတွေနဲ့လည်း ရှုပ်နေတာ…
    ပိုင်ရှင် ပြန်မောင်းယူသွားတာကတော်သေးတယ် …
    ကားသူခိုးက ပုံမှားရိုက်ပြီးထုတ်သွားမှ ဒွတ်ခ …
    :k:

    • ခင် ခ

      September 18, 2014 at 10:51 am

      အဲဒါပြောတာပေါ့ လုပ်လို့ရမှန်းသိရင် နောင်ပုံမှာရိုက်ကားသူခို့မသွားမှဖြင့်
      အဲကျ ဘယ်သူတာဝန်ယူမလဲ မေးချင်တာလေ ဆြာကျောက်ရေ။

  • ကိုပေါက်(မန္တလေး)

    September 18, 2014 at 10:19 am

    အော် ဖမ်း ထား တဲ့ ကားပျောက်တာ မပျောက် တာ ကား ပ ိုင်ရှင်အလုပ်

    ကားများများ ဖမ်း နိုင်ဘို့ က စည်ပင်ရဲ အလုပ်

    အဲ စည်းနဲ့ ကမ်း နဲ့ နေတတ် ဘို့ကတော့ ဘယ်သူ့ အလုပ်လဲ လို ပြန်တွေးကြည့် တော့

  • kyeemite

    September 18, 2014 at 11:32 am

    .မှန်တယ်ကိုခရေ…ရန်ကုန်မှာနေရတာလည်းတစ်နေ့တစ်နေ့ စိတ်ဆင်းရဲစရာချည့်ပဲဗျ
    .သူတို့နဲ့မပါတ်သက်အောင်ကြိုးစားနေတယ်..
    .ကားပါကင်ခက်တဲ့နေရာတွေသွားစရာပေါ်ရင် တက်စီနဲ့ပဲသွားတော့တယ်
    .နောက်ကြောင်းအေးအောင်လို့

    • ခင် ခ

      September 18, 2014 at 2:20 pm

      ရန်ကုန်မြို့ထဲမှာ ကားပါကင်အထပ်ထပ်အဆောက်အဦးတွေ အစိုးရက ဖော်ဆောင်ပေး သင့်ပြီမို့ ဖော်ဆောင်ပေးရမှာကိုတော့ လုပ်မပေးဘဲနဲ့ သူတို့တွက်ချေကိုက်တဲ့ ဖမ်းမယ် စီးမယ် ပါးပါးလှီးမယ်ဘဲ လုပ်နေသရွေ့ တူပါလိမ့်အုံးမယ်စင်္ကာပူနဲ့ပြောရမလို ကိုကြီးမိုက်ရေ။

  • ဇီဇီ

    September 19, 2014 at 7:12 am

    စင်္ကာပူ လို ဖြစ်ချင်တယ် ဆိုရင် စင်္ကာပူ ခေါင်းဆောင်တွေရဲ့ ပညာ အရည်အချင်း အခြေခံ လေးတွေလဲ သိထားဖို့ လိုမလား မသိဘူးဗျ နော် …

    လီကွမ်ယု
    Law degree, Raffles College (NUS)
    Law degree (1st class) Fitzwilliam College, University of Cambridge

    ဂိုချောက်တောင်
    BA Economist (NUS)
    MA Development Economists, Williams College, USA

    လီဆန်လွန်း
    Maths, Trinity College, Cambridge, UK
    MPA, John F. Kennedy School of Government, Harvard University, USA

    Credit to Ko Min Zaw

    :k:

    • ဦးဦးပါလေရာ

      September 19, 2014 at 12:23 pm

      .ဟဲ့ ……
      .ဒို့ဆီမှာလဲ သုံးယောက်ပေါင်းရင် ဆယ်တန်းအောင်ပါတယ်….
      .ဒီလောက် အထင်မသေးပါနဲ့ ……
      :mrgreen:

      • ဇီဇီ

        September 19, 2014 at 2:10 pm

        အာ့ဆို ကြိုက်တဲ့ ၃ ယောက်ရွေးးး
        ၁ဝ တန်း စာမွဲ မေးခွန်းလေး တွေ ပေါင်းဖြေခိုင်းကြည့်ရအောင်။

        :mrgreen:

        • kai

          September 19, 2014 at 2:23 pm

          စစ်သားတွေရဲ့ပရိုက.. ရန်သူနှိမ်နင်းတာလေ..။ အဲ..တိတိကျကျဆိုရရင်တော့.. လူသတ်တာပေါ့..
          သူတို့ကို.. လူဘယ်လိုသတ်ရသလည်းသွားမေးကြည့်ပါလား..။
          လက်တွေ့လုပ်ပြလိုက်လိမ့်မယ်..။ :aa:

        • ဇီဇီ

          September 19, 2014 at 2:47 pm

          လူသတ် (အဲလေ) စစ်တိုက်တာကို မပြောပါဘူးးး
          လူမှန်နေရာမှန်ပါ။
          ဟိ။
          ခေါင်းဆောင်ဖြစ်ချင်လွန်းတဲ့ သူတွေကို ပြောပြတာ။
          ဒါနဲ့ အိုင်ကွန် အသစ်လေးပါလားး

          :k:

        • ဇီဇီ

          September 19, 2014 at 2:48 pm

          :aa:

  • Ko chogyi

    September 19, 2014 at 7:35 am

    ဒါဒို့ပြည် ဒါဒို့မြေ ဒို့မြန်တျန်မြေ

Leave a Reply