အလွမ်းမိုး

အလွမ်းမိုးများ တစ်ဖြည်းဖြည်း
ရင်ထဲသို့ ခြွေသက်ဆင်းပြီလေ
တစ်ရက်ပြီးတစ်ရက် ခွဲခွာတဲ့အချိန်ကို
ငါတွေးရင်း ရင်မောမိတယ်

ချစ်သူရယ် အကြင်နာကင်းမယ့် တိမ်ရိပ်ကလေး
ဘယ်တော့များ ကင်းစင်နိုင်မလဲလေ

ဟိုးတစ်ဘက်မှာ မိုးခြိမ်းသံများ မစဲသေးပါလား
မုန်တိုင်းရဲ့ကမ်းတစ်ဘက်မှာ အလွမ်းကို
လောင်မြှိုက်နေကြတယ် သူက အောင်နိုင်သူလား

ခံစားချက်ကို ရေတွက်ရင်
မင်းနဲ့ငါ အနေခက်မှာသေချာတယ်
အနာဂတ်က မသေချာလို့ပါ

သတိရသေးတယ်ဆိုရင် အလွမ်းမိုးရယ်
ခဏလောက်တော့ စဲပေးပါကွယ်
ငါသိပ်လွမ်းတာ သိရင်ပေါ့

ကာရံ ၁၆့ ၉့ ၂၀၁၄

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..