အလွမ်းမိုး

ကာရံSeptember 16, 20141min1184

အလွမ်းမိုး

အလွမ်းမိုးများ တစ်ဖြည်းဖြည်း
ရင်ထဲသို့ ခြွေသက်ဆင်းပြီလေ
တစ်ရက်ပြီးတစ်ရက် ခွဲခွာတဲ့အချိန်ကို
ငါတွေးရင်း ရင်မောမိတယ်

ချစ်သူရယ် အကြင်နာကင်းမယ့် တိမ်ရိပ်ကလေး
ဘယ်တော့များ ကင်းစင်နိုင်မလဲလေ

ဟိုးတစ်ဘက်မှာ မိုးခြိမ်းသံများ မစဲသေးပါလား
မုန်တိုင်းရဲ့ကမ်းတစ်ဘက်မှာ အလွမ်းကို
လောင်မြှိုက်နေကြတယ် သူက အောင်နိုင်သူလား

ခံစားချက်ကို ရေတွက်ရင်
မင်းနဲ့ငါ အနေခက်မှာသေချာတယ်
အနာဂတ်က မသေချာလို့ပါ

သတိရသေးတယ်ဆိုရင် အလွမ်းမိုးရယ်
ခဏလောက်တော့ စဲပေးပါကွယ်
ငါသိပ်လွမ်းတာ သိရင်ပေါ့

ကာရံ ၁၆ ့၉ ့၂၀၁၄

4 comments

  • ခင် ခ

    September 17, 2014 at 8:51 am

    အလွမ်းမိုးထဲ
    ပန်း မပျိုးဘဲ
    ထားရက်နိုင်ရင်
    နေခဲ့ချင်။

  • ကာရံ

    September 17, 2014 at 9:00 pm

    ရွာပြီထင်တယ်နော်

  • htet way

    September 18, 2014 at 8:31 pm

    အနာဂတ်ဆိုတာ မသေချာဘူးဆိုသော်လည်း
    လူဆိုတာမျှော်လင့်တတ်တဲ့ သတ္တဝါပါ။
    လွမ်းပါလို့

Leave a Reply