အချစ်​မူးတဲ့ ည

naywoon niSeptember 17, 20141min1236

အချစ်​မူးတဲ့ည

အပြင်​မှာ
မိုး​တွေသည်​းသည်​းမည်​းမည်​းရွာ​နေ​ပေမဲ့
ငါ့ရင်​ထဲက မီး​တောက်​ကို​တော့
​လေတစ်​ချက်​​တောင်​မဟတ်​နိုင်​ခဲ့ရှာဘူး ။
သနားဖို့​ကောင်​းလိုက်​ပုံများ
မိုးရွာထဲမှာ ရင်​ဘတ်​ဖွင်​့ပြီး
ပက်​လက်​ လှန်​အိပ်​​နေတာ​တောင်​မှ
ရင်​ဘတ်​က မီး​တောက်​က မိုး​ရေနဲ့ထိပြီး
အငြိုးတစ်​ကြီး​လောင်​မြိုက်​​နေတုန်​း
အဲ့ဒိတစ်​ခဏမှာ ငါ​သေချာသိလိုက်​တာက
​နောက်​ဆုံး​သောက်​ခဲ့မိလိုက်​တဲ့ အရက်​တစ်​ခွက်​ဟာ
တစ်​ကယ်​​တော့ ငြင်​းပယ်​လိုက်​ရမဲ့
ဒါမှမဟုတ်​သွန်​ပစ်​လိုက်​ရမဲ့ အရက်​ခွက်​​ပေပဲ ။
ဒါ​ပေမယ်​့ ငါဟာ
​နောက်​ဆုံးကျန်​​နေတဲ့ အရက်​တစ်​ခွက်​ကို
နှ​မြောတ,သစွာနဲ့
မက်​မက်​​မော​မော
အ​လောတစ်​ကြီး​သောက်​လိုက်​မိတာပဲ ။
အဲ့ဒိက စ,လို့ ရင်​ခွင်​မှာ မီး​တောက်​​လောင်​ခဲ့တာ ပါ့ ။
ကဗျာဆရာ တစ်​​ယောက်​​ပြောခဲ့သလိုပ
ရင်​ဘတ်​ချင်​း ဂျက်​ပင်​ မထိုးနိုင်​ရင်​​တော့
ငါ့ကဗျာလာဖတ်​ပါနဲ့ ။
ပလပ်​ကျွတ်​ပြီး ငါ့လာမ​ဝေဖန်​နဲ့ ။
ကဗျာဆရာ့အလုပ်​ ငါပြီး​အောင်​လုပ်​ပါရ​စေဦး ။

​နေဝန်​းနီ
11:18
SEP 16,2014

6 comments

  • ခင် ခ

    September 17, 2014 at 8:42 am

    နောက်ဆုံးသောက်မိ
    တစ်ခွက် ထိတယ်
    ဒို့ရင်တွင်းဝယ်
    ဗလောင်ဆူကွယ်။

  • kyeemite

    September 17, 2014 at 9:02 am

    .ကြိုက်တယ်ဗျာ…အချစ်မူးသမားကြီးရဲ့ ကဗျာကို ရင်ဖွင့်ခံစားသွားပါတယ်

  • လောက သဘာ ဝ

    အပူ ကို အပူ နဲ့ ညှိမ်းမှ ငြိမ်းသတဲ့

    ကဲ

    ရင်ထဲကအပူတွေငြိမ်းအောင်

    သူ့ ထက် ပူ တဲ့ အပူ တွေ

    လောင်းသာ ချ လိုက် ပေတော့

  • ဇီဇီ

    September 17, 2014 at 10:48 am

    အပြင်​မှာ
    မိုး​တွေသည်​းသည်​းမည်​းမည်​းရွာ​နေ​ပေမဲ့
    ငါ့ရင်​ထဲက မီး​တောက်​ကို​တော့
    ​လေတစ်​ချက်​​တောင်​မဟတ်​နိုင်​ခဲ့ရှာဘူး ။

    😥

  • aye.kk

    September 17, 2014 at 12:53 pm

    ​​တေ​ဇောဓတ်​​တောက်​​နေလို့တရား
    ​​ရေ​အေးနဲ့သာဖြန်​းပါ

  • Mr. MarGa

    September 23, 2014 at 5:13 pm

    ချစ် ဆိပ် ရည် တွေ
    တစ်ခွက်ပြီး တစ်ခွက်…… 🙂

Leave a Reply