ကံကောင်းလို့ အချိန်မီလေး…(ဖတ်ရွေးအကြိုက်2014 August)

…………………………………………….

ကျုပ်ဒီနေ့မနက် အလုပ်လုပ်ရတာ အဆင်ကိုမပြေပါဘူး

အင်မတန်စိတ်ရှည်တယ်၊ ဒေါသထွက်ခဲတယ်လို့ အများချီးကျူးခံရတဲ့ကျုပ်

ဒီနေ့တော့ ဘာကိစ္စဖြစ်ဖြစ်ဒေါသထွက်စရာတွေပဲမြင်နေမိတယ်

ဒါနဲ့ပဲ…ရုံးထဲကထွက်ခဲ့ပြီး ကန်တီးဖက်ကိုတစ်ယောက်ထဲလျှောက်လာခဲ့တယ်…

ကန်တီးမှာဆေးလိပ်တစ်လိပ်ထုတ်ဖွာရင်း…ရန်ကုန်အိမ်မှာဖျားနေတဲ့ သမီးဆီစိတ်ကရောက်သွားတယ် …သမီးဖျားနေတာနှစ်ရက်ရှိပြီ…

မနက်ကဖုန်းသတင်းရတဲ့အထိ ရှင်းရှင်းမပျောက်သေးဘူးလို့ မိန်းမကပြောတယ်..ကျုပ်တော်တော်စိတ်ပူတယ်…

မတော်ခုတလောအဖြစ်များနေတဲ့….သွေးလွန်တုတ်ကွေးဆိုမှဖြင့်…..

ကျုပ်ရုံးဖက်ပြန်ခဲ့ပြီး ချက်ချင်းမိန်မကိုဖုန်းခေါ်လိုက်တယ်…ပြီးတော့ သမီးကို ခုပဲ ကလေးဆေးရုံကြီးကို

သွားပြဖို့ပြောတော့…အပြင်ဆေးခန်းလည်းပြနေတာပဲ..ဆေးတွေလည်းရှိတယ်..ကောင်းသွားမှာပါ

ယောက်ကျားရယ်..သိပ်စိတ်မပူပါနဲ့တဲ့……အေးလေ..ငါစိတ်ပူလွန်းနေတာပါ လို့တွေးပြီး

အလုပ်ထဲအာရုံပြန်စိုက်လိုက်တယ်…ဒါပေမဲ့ ညနေဖက်ကျတော့ ကျုပ်မနေနိုင်ပြန်ဘူး..

ဒါနဲ့ပဲ စိတ်အေးရအောင် ဘော့စ်ကိုခွင့်တစ်ရက်တိုင်ပြီး ကျုပ်ရန်ကုန်ကိုပြန်ခဲ့တယ်…

အိမ်ရောက်တော့ သမီးတင်မဟုတ် သားကပါ ကိုယ်ပူနေပြီ…သူ့အမနဲ့အတူအိပ်တာဆိုတော့ ကူးတာနေမှာပေါ့ ကျုပ်သမီလေးက ကိုယ်ငွေ့ငွေ့လေးပူနေတယ်…

မျက်နှာလေးလည်းညှိုးလို့…အိပ်ယာထဲမှာလှဲပြီးမှိန်းနေတယ်…

ဘာမှလည်းကျွေးမရ…အိုဗာတင်းလေးနဲနဲဝင်အောင်မနည်းချော့တိုက်ရတယ်….

ကျုပ်သိပ်အားမရလှဘူး…ဒါနဲ့ မနက်မိုးလင်းတာနဲ့ မိန်းမကို အဝတ်အစားနဲ့လိုမယ်ထင်တာလေးတွေစုခိုင်းပြီး ကလေးဆေးရုံကြီးကိုထွက်ခဲ့ပါတယ်….

ကလေးဆေးရုံကြီးမှာလည်း ကျုပ်တို့လိုစိုးရိမ်တဲ့မျက်နှာတွေနဲ့

ကလေးလာပြသူတွေမနည်းဘူးပဲ…အလှည့်ကျအောင်တန်းစီစောင့်ရင်းနဲ့ ကိုယ့်အလှည့်ရောက်လို့

သမီးနဲ့ သားကိုဆရာဝန်တွေ ကသေချာစစ်ဆေးနေပါတယ်..မြင်ရသလောက်တော့ ကလေးဆေးရုံကြီးကဆရာဝန်တွေ လူနာကလေးတွေကို

တော်တော်ကရု စိုက်တာသတိထားမိလို့ စိတ်ထဲကချီးကျူးနေမိတယ်…

စစ်ပြီးသွားတော့ ကျုပ်စိုးရိမ်နေတဲ့အတိုင်းပါပဲ..

ဆရာဝန်က နှစ်ယောက်လုံး ဆေးရုံတင်ရမယ်..သွေးလွန်တုတ်ကွေးဖြစ်နေပြီတဲ့…

၂၄ နာရီစောင့်ကြည့်ရမယ်တဲ့…ဓါတ်ဆားရည်သာဝင်အောင်ချော့တိုက်ပါတဲ့….

ကျုပ်ရင်ထဲဘယ်လိုပူလောင်သွားမှန်းမသိဘူး…ဘုရားဘုရား..သမီးလေးရောသားလေးပါ အမြန်သက်သာပါစေလို့စိတ်ထဲက ဆုတောင်းရင်း..မျက်ရည်စမ်းစမ်းဖြစ်နေတဲ့ မိန်းမကိုလည်း ကလေးတွေစိတ်အားငယ်အောင်မလုပ်ပါနဲ့ကွာလို့ အားပေးနေရသေးတယ်…

ဆေးရုံမှာလည်း လူနာကလေးတွေပြည့်နေတော့ သားနဲ့သမီးကုတင်ကတစ်နေရာစီ..

ကျုပ်တို့လင်မယားမှာ သားကုတင်ပြေးလိုက် သမီးကုတင်ပြေးလိုက်နဲ့အရူးမီးဝိုင်းသလို

စိုးရိမ်ပူပန်နေခဲ့ရတာ ဘာနဲ့နှိုင်းပြရမှန်းတောင်မသိတော့ပါဘူး….

ဆေးရုံမှာ ဆရာဝန်တွေအများကြီး အနီးကပ်ပြုစုနေကြတော့ နဲနဲတော့ စိတ်အေးသွားသလိုပါပဲ

ဒါနဲ့ပဲ မိန်းမနဲ့ ခယ်မကို ဆေးရုံစောင့်ထားခဲ့.. ကျုပ်အိမ်ပြန်ပြေးပြီး ထမင်းဟင်းနဲ့လိုအပ်တာလေးတွေ

ယူဖို့စီစဉ်ရပြန်ပါတယ်….ကျုပ်အိမ်က ယောက္ခမအိမ်နဲ့ အိမ်ချင်းနီးလို့တော်သေးတယ်ဆိုရမယ်…

စားရေးသောက်ရေး သူတို့ပဲအားကိုးရပေတာပေါ့။နောက်ရက်တွေတော့ အိမ်ကိုလည်းဒုက္ခမပေး

တော့ပါဘူး..ဆေးရုံထဲက ဈေးတန်းမှာပဲ အဆင်ပြေသလို ဝယ်စားလိုက်တော့တယ်..

သူတို့ကိုဆေးရုံတင်ပြီး နောက်တစ်ရက်ညနေမှာ သမီးကိတ်မုန့်လေးနဲနဲကြိုးစားစားရင်း

အံပါလေရော…အံတာကကော်ဖီရောင်တွေမို့ ဆရာဝန်ကြီးလာကြည့်ပြီးချက်ချင်း ICU ထဲသွင်းတော့တာပဲ

ဆရာဝန်ကြီးက သွေးလှုရှင်အသင့်ရှာထားဖို့ပါမှာလို့

ကျုပ်မှာ စိတ်ကိုမနည်းတည်ငြိမ်အောင်ထိန်းပြီး

ဟိုဖုန်းဆက် ဒီဖုန်းဆက်နဲ့ သွေးလှုနိုင်မဲ့သူရှာရတယ်…ကျုပ်ကလည်းသွေးမတူတော့လှူမရ…

သားရောသမီးရော နှစ်ယောက်လုံးက B+ ပါ…

ပဲခူးမှာရှိတဲ့ ကျုပ်ကုမ်ပဏီကိုဖုန်းဆက် အကျိုးအကြောင်းပြောပြပြီး ခွင့်တိုင်တော့

ကျုပ်ကုမ်ပဏီမှာလုပ်နေတဲ့ နိုင်ငံခြားသား (မလေးရှားတရုတ်) တစ်ယောက်က

သူနဲ့သွေးတူတယ်..သူလှူမယ်..အခုချက်ချင်းလာခဲ့မယ်ဆိုပြီး ရောက်ချလာပါတယ်

နောက်တစ်ယောက်က ကျုပ်ရဲ့ညီတော်မောင်ပါ လှူမယ်ဆိုလို့ ဆေးရုံမှာ အသင့်ခေါ်ထားရပါတယ်….

ICU ထဲသမီးနဲ့အတူမိန်းမပါသွားတော့ အပြင်မှာကျန်ခဲ့တဲ့သားကို ကျုပ်ပိုပြီးကရုစိုက်ပြီး

ဓါတ်ဆားရည်လေးဝင်အောင်ချော့တိုက်..ဒါပေမဲ့ သိပ်မဝင်…

သားလည်းပျော့ခွေနေရာက ညနေပိုင်းမှာ ဝမ်းထသွားပါတယ်…အဲ့ဒါ ဆရာဝန်တွေလာကြည့်ပြီး

မဖြစ်ဘူး..သူ့လည်း ICU ပို့ပါဆိုတော့ ကျုပ်မှာငိုမချမိအောင်မနည်းထိန်းထားရပါတယ်…

ဟုတ်တယ်..ကျုပ်ကအားလုံးကို ဦးဆောင်နေရတာ..ကျုပ်စိတ်ထိန်းမှရမယ်လို့တွေးရင်း

အပူမီးတွေမျိုချရင်း…သတိနဲ့စိတ်ထိန်းနေရပါတယ်…

ဒါပေမဲ့ ကျုပ်ဆွေမျိုး မိတ်သင်္ဂဟတွေ လူနာမေးလာကြရင်

ကျုပ် ပြန်မဖြေနိုင်ဘူး ဝမ်းနည်းပြီးမျက်ရည်ကထိန်းမရ….

 

ဒီလိုနဲ့ သမီးရယ်သားရယ် မိန်းမရယ်က ICUထဲမှာ…ကျုပ်နဲ့ သွေးလှုရှင်နှစ်ယောက်က

အပြင်ကောရစ်ဒါမှာငုတ်တုတ်ပေါ့…..သွေးကလှုထာခဲ့လို့လည်းမရ..လိုမှ ချက်ချင်း

ထုတ်ယူရမှာဆိုတော့ ဒုက္ခခံစောင့်နေရတာပေါ့….

ကျုပ်တို့တင်ဘယ်ဟုတ်မလည်း… ICU ထဲက

တခြားအသဲအသန်လူနာတွေရဲ့ မိဘဆွေမျိုးတွေရော…အားလုံးမျက်နှာညှိုးငယ်စွာနဲ့

သွေးရှာတဲ့သူတွေ သွေးလှုမဲ့သူတွေ….ကိုယ့်အပူနဲ့ကိုယ်ပေါ့….

အဲ့လိုနေတုန်းမှာပဲ…အမျိုးသမီးတစ်ယောက်ထွက်လာပြီး ဟီးကနဲငိုချလိုက်…အပြင်မှာစောင့်နေတဲ့အထဲက

သူ့ယောက်ကျားဖြစ်ဟန်တူသူခမျာ ဘိုင်းကနဲ သံမန်တလင်းပေါ်လဲကျပြီးရင်ဘတ်ကိုဖိပြီး

အသံမထွက်နိုင်ဖြစ်နေတယ်…အင်း…ကလေးတစ်ယောက်လောကကြီးထဲကပြန်ထွက်သွား

လေပြီပေါ့…မြင်ကွင်းကိုကြည့်ပြီး ကျုပ်လည်းမျက်ရည်မဆည်နိုင်ဘူး……..

ICU ကော်ရစ်ဒါမှာ တကယ်တော့ဒီမြင်ကွင်းတွေက မကြာမကြာမြင်နေရတာပါ…

သားနဲ့သမီး ICU တင်ထားတုန်းကာလအတွင်း ကလေးသုံးဦးဆုံးပါးသွားတာ

မျက်မြင်ကြုံခဲ့ရပါတယ်……ဆေးရုံရောက်နောက်ကျလို့ပါ…….

ကျန်သူတွေမှာတော့ မိမိတို့ရင်သွေးလေးတွေအတွက်ဘုရားတပြီးဆက်စောင့်ပေါ့…

တကယ်တော့ သွေးလွန်တုတ်ကွေးက အချိန်မီ ကလေးဆေးရုံကြီးကိုရောက်ရင်

ကုသကယ်တင်နိုင်ပါတယ်…အဖျားတာရှည်တာကိုကရုမထားပဲ နောက်ကျရောက်လာရင်တော့

ခုလို လက်လွှတ်ဆုံးရှုံးကြရတာပါ……………

ကျုပ်တို့မိသားစုလည်းအချိန်မီ ကလေးဆေးရုံကြီးကို ရောက်လာတာ ကံကောင်းတယ်ဆိုရပါမယ်

အသည်းအသန်အခြေအနေနဲ့ ICU မှာ နှစ်ရက်လောက်စောင့်နေခဲ့ရပြီး နောက်ဆုံးတော့

သွေးသွင်းစရာတောင်မလိုလိုက်ပဲ သားနဲ့သမီးကို ကယ်တင်နိုင်ခဲ့ပါတယ်….

တစ်ပါတ်လောက်နေတော့ ဆေးရုံကဆင်းခဲ့ရပါတော့တယ်….ကျုပ်အဖို့တော့

မမေ့နိုင်စရာ အပူပြင်းဆုံးမီးတောက်လောင်ခံရပြီး ကလေးတွေဖျားနာရင် လုံးဝ

မပေါ့မိစေဖို့ အသိတစ်ခုရခဲ့ပါတယ်…အဲ့အချိန်ကစလို့ ၃ရက်လောက်အဖျားမပြတ်ရင်

ကျုပ်ကလေးဆေးရုံကြီးတန်းပြေးတာပဲ…အဲ့အချိန်ကကူညီခဲ့ကြတဲ့မိတ်ဆွေသင်္ဂဟများနဲ့

ကလေးဆေးရုံကြီးက ဆေးရုံအုပ်ကြီးအပါအဝင် ဆရာဝန်၊ ဆရာမများ ဝန်ထမ်းများအားလုံးကိုု..ဒီနေ့တိုင်ကျေးဇူးတင်နေရဆဲပါဗျာ…

ဆေးရုံကဆင်းပြီး တစ်လအကြာ....
ဆေးရုံကဆင်းပြီး တစ်လအကြာ….

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကလေးများနာအကျန်းဖြစ်ရင်ဒီကိုသာပြေးပြကြပါ
ကလေးများနာမကျန်းဖြစ်ရင်ဒီကိုသာပြေးပြကြပါ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဆိုတော့….ကျုပ်တို့ရွာထဲက ကလေးရှိတဲ့မိဘများကို သတိပေးလိုတာတော့ ကလေးတွေ

နာမကျန်းဖြစ်ရင်…ကိုယ့်သဘော၊ ကိုယ့်အယူအဆနဲ့မဆုံးဖြတ်ပဲ ကလေးဆေးရုံကြီးကို

အချိန်မီပြသအစစ်ဆေးခံဖို့လိုအပ်ပါကြောင်း အကြံပြုလိုက်ပါတယ်…………………….

ကြီးမိုက်၏နှလုံးသဲပွတ်လေးများ
ကြီးမိုက်၏နှလုံးသဲပွတ်လေးများ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%

 

ကျုပ်အဲ့အချိန်က ခံစားလောင်မြိုက်ခံခဲ့ရတာ…ဘာမီးပါလိမ့်ဗျာ……………

ဟိုရွာသူတစ်ယောက်ပြောသလို ကိုယ့်ဖာသာကိုယ် ကျေကျေနပ်နပ်နဲ့ မွှေးထားတဲ့…

မီးတော့ မီးပါပဲ ဘာလို့လဲဆို သူက သိပ်ပူတာကိုး။ ထူးဆန်းတာက သူက အဖြူရောင်။ ကိုယ့်ရင်က ဖြစ်တဲ့ သားသမီးဆိုတဲ့ အဖြူရောင် သံယောဇဉ်လေးတွေအတွက် ပူပင်သောက ဖြစ်စေမှုက ထွက်ပေါ်တောက်လောင်တဲ့ ကိုယ့်ရင်ကို လောင်တဲ့ မီးမို့ အဖြူရောင်မီးတောက်လေးပါ။ အဖြူရောင်လေးမို့ အထင်တော့ မသေးလိုက်ပါနဲ့ သူမတူအောင် သိပ်ပြင်းလွန်းလှပါတယ်။ သူရဲ့ အပူဒဏ်ကို မခံနိုင်​သူများဆို ရူးနိုင်လောက်ရဲ့။

တခုပဲ ပြောစရာရှိပါတယ်။ ဒီ အဖြူရောင်မီးကို ဘယ်သူကမှ ယူလာပေး ပျိုးပေးတာ မဟုတ်ပဲ ကိုယ်ကိုတိုင် လိုလိုလားလား ကျေကျေနပ်နပ် ပျိုးယူထားတာ မွှေးယူထားတာမို့ ဘယ့်သူ့ ကိုမှ အပြစ်တင်စရာတော့ မလိုဘူးပေါ့နော်။(မမှီ)

…………………………………………………………………..

ရင်နဲ့ရင်းပြီးကျုပ်အတိတ်စိမ်းပေးခဲ့ပြီ

၂၀၁၄ခုနှစ် ဩဂုတ်လအတွက် ဖတ်ရွေးအဖွဲ့အကြိုက်ဆုံးဆုရသွားသူကို

ကွကိုဖေါ်ထုတ်ဂုဏ်ပြုကြပေတော့….

 

အားလုံးကိုလေးစားခင်မင်စွာဖြင့်

ထာဝရလမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

၁၇၊ ၉၊ ၂၀၁၄

 

 

 

42 comments

  • Myo Thant

    September 17, 2014 at 9:26 am

    ဘရာဗို ဘရာဗို ဘရာဗို 🙂

    အဖြူရောင် မီးတောက်တွေအကြောင်း

    ကလေးအဖေ ကျနော်လည်း ကောင်းကောင်း သိခဲ့ပါကြောင်း

  • ဇီဇီ

    September 17, 2014 at 9:29 am

    မ မှီ ရေ။
    Congratulations… ပါ။
    ဝမ်းသာလိုက်တာတော့!!
    ရသင့်တာကြာလှပေါ့။

    :s:

  • ခင် ခ

    September 17, 2014 at 9:41 am

    ဩဂုတ်လ ဖက်ရွေးအတိတ်စိမ်းအရ ဆုရရှိသူကို ဂုဏ်ပြုတယ်နော်(ဘယ်သူရရပါ)

    ကျုပ်က သွေးလွန်တုတ်ကွေး ကျန်းမာရေးအကြောင်းဆိုလို့မန့်မလို့ပါ။
    သွေးလွန်တုတ်ကွေးရောဂါဟာ ယေဘူယျ အားဖြင့်
    ကနဦးအစပထမရက်နဲ့ ဒုတိယရက် အဖျားတက်ကာ ကိုယ်ပူပါလိမ့်မယ်
    တတိယရက်မှာ ကိုယ်ပူကျသွားပြီး အဖျားပျောက်ပြီထင်စရာဖြစ်ပါလိမ့်မယ်
    အမှန်က အဲဒီ တတိယရက်မှာ ကလေးရဲ့ကိုယ်ခန္ဓာထဲမှာ စတင်တိုက်ခိုက်ခံနေရပါပြီ
    ရိုးရိုးအဖျားဆိုရင် အဖျားကျပြီး ပျောက်ပြီးရင် ကလေးဆိုတဲ့သူက ဆော့တတ်မယ် အငြိမ်မနေတတ်ပါဘူး အဲဒီတတိယရက်မှာ ကလေးအဖျားကျပြီး ကလေးဟာ မှိန်းနေမယ် ခွေနေမယ် ငြိမ်နေမယ် လန်းလန်းဆန်းဆန်းမရှိရင် သတိထားပေးပါ ဆေးရုံ ဆေးခန်း ပြသင့်ပါပြီ
    အဲ ဆေးရုံ ဆေးခန်း မပြဖြစ်ဘဲနေခဲ့လို့ စတုတ္ထမြောက်ရက်ရောက်ရင်တော့ ကိုယ်ပူပြန်တက်လာပြီဆိုရင်တော့ ပြေးပေတော့ဆေးရုံကို။
    သွေးလွန်တုတ်ကွေးဟာ တတိယရက်မှာ အဖျားပျောက်ပြီး နောက်ရက်မှာ အဖျားပြန်တတ်ပါတယ်။
    ကလေးတွေ ဖျားရင် ဓာတ်ဆားတိုက်ဖို့မမေ့ပါနဲ့။

    • kyeemite

      September 17, 2014 at 10:10 am

      . ကိုခင်ခရေ..သွေးလွန်တုတ်ကွေးအကြောင်းဗဟုသုတလေးရှယ်ပေးတာ ကျေးဇူးပါဗျာ
      .ကျုပ်လည်း ဩဂုတ်လ အရွေးခံရတဲ့ မမှီရဲ့ အဖြူရောင်မီးတောက်ကလေးများ…..hmee

      .http://myanmargazette.net/202537 ဆိုတဲ့ပို့စ်လေးနဲ့ လိုက်ဖက်နေလို့ .သားနဲ့သမီးဖြစ်ခဲ့တဲ့အတွေ့အကြုံလေးရှယ်လိုက်တာပါ…ကျေးဇူးတင်ပါတယ်ဗျာ… :))

  • မမှီရေ

    ဒီလိုရသင့်တာကြာပေါ့

    ဂုဏ်ပြုပါတယ်

    ကိုယ်မရ ဘူး သေး တာ ရ တဲ့ သူဆိုရင်

    ကျနော်ထက်ေ တာ်တဲ့ သူတွေလို့ သတ်မှတ်ပါတယ်

  • aye.kk

    September 17, 2014 at 9:59 am

    စေတနာ ​မေတ္တာ တရားထားရှိမှု
    အရာရာကိုမ​ပေါ့ဆမိ​စေဘဲ
    အသိတရားကိုသတိကပ်ဖို့
    သင်​ခန်​းစာ​လေးတခု​ပေးလိုက်​တာပါပဲ​

    • kyeemite

      September 17, 2014 at 10:14 am

      .ကျေးဇူးပါ အန်တီaye.kk ခင်ဗျာ… :))

  • kyeemite

    September 17, 2014 at 10:04 am

    .မ မှီ ရေ။
    . Very Big Congratulations… ပါခင်မျာ…………………….

  • surmi

    September 17, 2014 at 11:06 am

    အစ်မ မမှီ ရေ
    အလွန့်အလွန် ဂုဏ်ယူဝမ်းမြောက်ကြောင်းပါ ။
    လူတိုင်းမှာ ကိုယ်စီ အဖြူရောင်မီးလေးတွေရှိဖူးပေမယ့်
    ဒီလို ရသပေါ်အောင်တော့ရေးဖို့မလွယ်ပါဘူး ။

    တကယ်တော့ ဦးမိုက်ရေးတာလည်း ရသမြောက်လွန်းလို့ ဖတ်ရွေးကြေငြာတဲ့ပို့စ်ဆိုတာတောင်မေ့သွားတယ် 🙂

  • Lucifer

    September 17, 2014 at 11:30 am

    မမမှီရေ Congrats!!!

  • ခင် ခ

    September 17, 2014 at 11:34 am

    မမှီရေ ဝမ်းသာတယ် ဂုဏ်ယူတယ်ဗျ
    ဖတ်ထဲက အဲဒီပိုစ့်ကို ကြိုက်ခဲ့မိတယ် အရေးကောင်းရသမြောက်လို့လေ။

  • Ma Ei

    September 17, 2014 at 12:25 pm

    မှီ ရေ ဝမ်းသာလိုက်တာ..
    စာဖတ်ထဲက ထင်ထားတာရယ်…
    ဖတ်ရွေးကြေငြာတဲ့ ဒီပို့စ်ကိုလဲ စာဖတ်သူအကြိုက် ရွေးပါတယ်…

  • pooch

    September 17, 2014 at 1:14 pm

    မကို ခင်မှ ဥကို ခင်တာ ဦးမိုက်ရဲ့
    မိဘပီသတဲ့ မေတ္တာပြည့်တဲ့ မိဘတွေကို ပိုင်ဆိုင်ခွင့်ရတဲ့ ဦးမိုက်သားသမီးတွေလည်း ကံကောင်းတာပါပဲ
    မနေ့ကမှ မိဘမဲ့ ဂေဟာက ပြန်လာလို့ စိတ်က သိပ်မကြည်ဘူးဖြစ်နေတာ သူတို့ ကိုမြင်ရတိုင်း စိတ်ထဲ ၃ ရက် ၄ ရက်လောက်တော့ နေမထိထိုင်မသာ ဖြစ်နေကျ 🙁

    • kyeemite

      September 17, 2014 at 2:42 pm

      .Pooch ရေ..ရီဇတ်မအောက်ခင်ကတည်းက မမှီပို့စ်အကြိုက်ဆုံးပြောထားတာသတိပြုမိတယ်
      .နောက်တစ်ယောက်က..ကျောက်စိမ်း တိန်ညင် ပဲ
      .တော်လိုက်ကြတာ :k:

  • မွသဲ ( 17082011 )

    September 17, 2014 at 3:25 pm

    အိုးမမှီရေ ဘရာဘိုပါ။ အာ့ဂျောင့်လေးပေါက်က အတိတ်စိမ်းပေးသွားတာကိုး

  • Yae Myae Tha Ninn

    September 17, 2014 at 4:43 pm

    ဦးကြီးမိုက်က အရေးကောင်းပဲဗျ… အကယ်ဒမီပေးနေတယ်တောင် မထင်တော့တာ… ခွက်ဒစ် ကိုဆာ… 🙂
    စကားမစပ် ဦးမိုက် သားနဲ့သမီးမှာ ဘယ်တယောက်က ဦးမိုက်နဲ့ ဆင်လဲ… 🙂

    • kyeemite

      September 18, 2014 at 10:01 am

      .Yae Myae Tha Ninn ရေ..ကျုပ်အထင်တော့သားကကျုပ်နဲ့တူပြီး သမီးကအမေနဲ့တူတယ်ဗျ
      .အားပေးတာကျေးဇူးပါနော :))

      • Yae Myae Tha Ninn

        September 18, 2014 at 10:54 am

        ကလေးတွေက ရုပ်ချင်းဆင်တာ မောင်နှမမို့ထား… ဦးကြီးမိုက် စကားအရဆို ဦးကြီးမိုက်တို့ လင်မယားလဲ ရုပ်ချင်းဆင်လောက်တယ်… ဖြူတာ ညိုတာပဲ ကွာမယ်ထင်တယ်… 🙂

  • မြစပဲရိုး

    September 17, 2014 at 11:44 pm

    မှီရေ
    Many Congratulations ပါနော်။
    အင်မတန် ထိုက်တန်တဲ့ ဆုရ လေးပါ။
    စာဖတ်သူတွေ အကြိုက် နဲ့ ဖတ်ရွေး အကြိုက် ချွတ်စွပ် တူပါတယ်။
    ဒီလို စာကောင်းကောင်း လေးတွေ အများကြီး ဖတ်ချင်ပါတယ်။ ရေးပါဦး။
    🙂

  • မြစပဲရိုး

    September 17, 2014 at 11:44 pm

    ဟေ့ ကကြီးမိုက်
    သများ လဲ ကြိုပြီး အတိတ်စိမ်း ပေးထားပြီး တားပါတော်။
    “မှီ” ရာ လင်ပျံ နဲ့ ကြိုက်”မီး” ကို နှုတ်ဆက်သွားတာ။
    ဒီလောက်တောင် ဓာတ်မပေါက်ဘူး။

    ကလေး တွေ က အဖေမတူ လို့ အကုန် အချောလေးတွေ ချည်းဘဲ။ ဟိ ဟိ။

    ကကြီးမိုက် ရဲ့ ကိုယ်တွေ့အပူမီး ကို ဖတ်ပြီး မျက်ရည်တောင် ဝဲ ပါရဲ့။
    ကိုယ်ချင်းစာ နာ ခဲ့ရပြီလေ။
    ဒီမှာတော့ ကလေး ငယ်တုန်းက တစ်နှစ်တောင် မရှိသေး အီးမပါနိုင်ဘဲ တစ် ၊ သူက အရမ်းငို၊ ကိုယ်ကလဲ ဘာလုပ်ရမယ်မသိ နဲ့ ဆေးရုံအရေးပေါ်ကား ခေါ်ရတာ။
    ချက်ခြင်းရောက်လာပြီး ရှေးဦးပြုစု ပေးတယ်။
    နောက်ဆေးရုံပို့ပေးတယ်။
    အဲ့ဒီလို အားငယ်ဒုက္ခရောက်ချိန်မှာ စေတနာပါတဲ့ ဆားဗစ်စ် တွေ မြင်ရတာ လူနာရှင် ရော လူနာမှာပါ တစ်အားပါ။
    ဒီမှာကတော့ ဒါက ကိုယ်ဆောင်ထားတဲ့ အခွန် ထဲ က ထိုက်ထိုက်တန်တန် ရတာမို့ ကိုယ့်ပိုက်ဆံ တွေ အလွဲသုံးစား မလုပ်တဲ့ အစိုးရ ကိုလဲ ကျေးဇူးရှင်လို့ သတ်မှတ်ချင်ရဲ့။
    မြန်မာပြည်မှာလဲ ကိုယ့်ရဲ့ တိုင်းပြည်ဘဏ္ဍာ ကို ကိုယ် သုံးခွင့် ဘယ်တော့များမှ ရပါ့မယ်မသိ။
    🙄

    • hmee

      September 18, 2014 at 5:13 am

      အရီ​ရေ အဲ့ ဒုက်​ခလည်​း ခံရဖူးတယ်​။ သားရယ်​​လေ။ ဝမ်​းချုပ်​​တော့ အြမြဲညစ်​ရတယ်​။ ဝမ်​းသွားတာနာ​တော့ ​ကြောက်​ပြီး
      ဝမ်​းသွားချင်​စိတ်​ကို ​အောင်​့ထား။ အဲ့မှာပိုဆိုး။ တခါဝမ်​းသွားဖို့ တဆတ်​ဆတ်​တုန်​တယ်​။ ဒါနဲ့ အ​မေက မကြည်​့ရက်​လို့ ချုပ်​ပြီး လက်​နဲ့ ​ကော်​ထုတ်​ရတာ အကြိမ်​ကြိမ်​။ က​လေး ခံစားရတာ မကြည်​့ရက်​လို့ ရွံ ရမှန်​း​တောင်​ မသိ​တော့ဘူး။ ​နောက်​မှ အက်​ဒိုလက်​ ဆိုတဲ့ ဝမ်​း​ပျော့​ဆေး​လေး စွဲတိုက်​မှ အဆင်​​ပြေ​တော့တယ်​။ အခုလည်​း အြမြဲ သတိ​​ပေး​နေရတယ်​။ သား အိမ်​သာ မတက်​ရင်​ အ​မေ ​ဘောလုံးနဲ့ ထိုးမှာ​နော်​ဆိုမှ ​ကြောက်​ပြီး အိမ်​သာ တက်​တယ်​။ စာဖတ်​​နေရင်​ အိမ်​သာတက်​ချင်​တာကို ​အောင်​့ထားြပြီး ဖတ်​တယ်​။ တကယ်​့က​လေး။

    • kyeemite

      September 18, 2014 at 8:27 am

      .အရီးမုတ်ဆိတ်လည်း ဖတ်ရွေးအကြိုက်ခန့်မှန်းတာတော်ပါဂျောင်းးး
      .“ကလေး တွေ က အဖေမတူ လို့ အကုန် အချောလေးတွေ ချည်းဘဲ။ ဟိ ဟိ။” ကလဲ့စားချေတာပေါ့လေ…
      .အရေးမကြီးပါဘု…ကလေးတွေချောရင်ပီးတာပါပဲ :k:
      .ကျုပ်ရောက်ဖူးတဲ့ အစိုးရဆေးရုံတွေထဲမတော့…ကလေးဆေးရုံကြီးကို အကောင်းဆုံးလို့အမှတ်ပေးမိပါတယ်
      .မြန်မာပြည်မှာလဲ ကိုယ့်ရဲ့ တိုင်းပြည်ဘဏ္ဍာ ကို ကိုယ် သုံးခွင့် ရဖို့နေနေသာသာ .သူတို့ဘယ်နေရာတွေသုံးပစ်မှန်းတောင်မသိရ…
      🙄

  • hmee

    September 18, 2014 at 5:02 am

    မ​နေ့က တ​နေ့လုံး စာရိုက်​​နေတာ။ ​ယောင်​းမ ကွန်​ပြူတာ​လေး ဌားရိုက်​ရတာမို့ အားပြု ရိုက်​​နေရလို့ ဖဘ ကို​တောင်​မ​ရောက်​ဘူး။ ည​နေ ၆း၃ဝ မှ စာရိုက်​လို့ ြပြီးတ်​ယ်​။ တခါတည်​း တင်​မယ်​လို့ စိတ်​ကူးနဲ့ ရွာထဲ ဝင်​တာ မရဘူး။ ဒါနဲ့ ဖဘ ဝင်​​တော့ ရတယ်​။ ဦးကြီးမိုက်​က ဖတ်​​ရွေး ​ရွေးြပြီးြပြီ ဆိုလို့ရွာထဲ အတင်​းဝင်​ဖတ်​။ တခါတည်​း မဲမဲသဲသဲကြားက မနည်​းကို ဖတ်​ယူရတယ်​။ အီး ​ပျော်​လိုက်​တာ။ ဇကာတင်​​တော့ ပါတတ်​​ပေမဲ့ တခါမှ မရဘူးဖူး​လေ။ အိမ်​က လူ​တွေ​တောင်​လန်​့တယ်​။ ဟဲ့ ဘာဖြစ်​တာလည်​းတဲ့။ 🙂 အဲ့​လောက်​ ရူးသွပ်​တာပါ။။ တခါတည်​းး ကိုယ်​့ကို စာ​ရေးဖို့ အြမြဲ အား​ပေးတဲ့အစ်​ကို ကြီးကို လှမ်​းကြွား။ ငါ့ ညီမ ​တော်​လိုက်​တာတဲ့။ ဝမ်​းသာလို့​လေ။ သိသိချင်​း ကွန်​မန်​့လို့မရဘူး။ စာမျက်​နှာက အဖြူ​ရောင်​​တောင်​ တက်​မလာဘူး။ ဒါနဲ့ စိတ်​​လျော့ြပြီး အခုမနက်​ ၄း၃ဝမှာ ဝီရိယရှိရှီနဲ့ ကွန်​မန်​့​ပေး​ကြောင်​းပါ။ အားလုံးကို တကယ်​ကို ​ကျေးဇူးတင်​ပါတယ်​။။ တကယ်​ကိုလည်​း ဝမ်​းသာပါတယ်​။

    • kyeemite

      September 18, 2014 at 8:44 am

      .

      hmee says: အိမ်​က လူ​တွေ​တောင်​လန်​့တယ်​။ ဟဲ့ ဘာဖြစ်​တာလည်​းတဲ့။ 🙂 အဲ့​လောက်​ ရူးသွပ်​တာပါ။။ အားလုံးကို တကယ်​ကို ​ကျေးဇူးတင်​ပါတယ်​။။ တကယ်​ကိုလည်​း ဝမ်​းသာပါတယ်​။

      .မမှီ ဝမ်းသာတယ်ဆိုလို့ ကျုပ်တို့ဖတ်ရွေးအဖွဲ့သားအားလုံးလည်းအတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါ၏
      .ကျေးဇူးတင်စရာတော့မလိုပါဘူး မမှီရယ်..တကယ်အရေးအသားကောင်းပြီး ရသမြောက်လို့ အားလုံး
      .အကြိုက်တွေ့သွားကြတာပါ…
      .တဆက်တည်းပြောရရင်…ဖတ်ရွေးဆန်ခါတင်ပါတဲ့ပို့တွေအားလုံး အကြိုက်တွေ့ကြပါတယ်..
      .တစ်ပုဒ်ထဲရွေးရလို့ကျန်ခဲ့ကြတာပါ…ဆက်ပြီးပို့စ်ကောင်းလေးတွေ ရေးကြပါအုံးလို့ မေတ္တာရပ်ပါတယ် :))

  • hmee

    September 18, 2014 at 5:13 am

    အရီ​ရေ အဲ့ ဒုက်​ခလည်​း ခံရဖူးတယ်​။ သားရယ်​​လေ။ ဝမ်​းချုပ်​​တော့ အြမြဲညစ်​ရတယ်​။ ဝမ်​းသွားတာနာ​တော့ ​ကြောက်​ပြီး
    ဝမ်​းသွားချင်​စိတ်​ကို ​အောင်​့ထား။ အဲ့မှာပိုဆိုး။ တခါဝမ်​းသွားဖို့ တဆတ်​ဆတ်​တုန်​တယ်​။ ဒါနဲ့ အ​မေက မကြည်​့ရက်​လို့ ချုပ်​ပြီး လက်​နဲ့ ​ကော်​ထုတ်​ရတာ အကြိမ်​ကြိမ်​။ က​လေး ခံစားရတာ မကြည်​့ရက်​လို့ ရွံ ရမှန်​း​တောင်​ မသိ​တော့ဘူး။ ​နောက်​မှ အက်​ဒိုလက်​ ဆိုတဲ့ ဝမ်​း​ပျော့​ဆေး​လေး စွဲတိုက်​မှ အဆင်​​ပြေ​တော့တယ်​။ အခုလည်​း အြမြဲ သတိ​​ပေး​နေရတယ်​။ သား အိမ်​သာ မတက်​ရင်​ အ​မေ ​ဘောလုံးနဲ့ ထိုးမှာ​နော်​ဆိုမှ ​ကြောက်​ပြီး အိမ်​သာ တက်​တယ်​။ စာဖတ်​​နေရင်​ အိမ်​သာတက်​ချင်​တာကို ​အောင်​့ထားြပြီး ဖတ်​တယ်​။ တကယ်​့က​လေး။

  • alinsett

    September 18, 2014 at 5:16 am

    အန်တီမှီရေ…ထပ်တူထပ်မျှ ဝမ်းသာဂုဏ်ယူမိပါကြောင်းးးး

  • ဦးကျောက်ခဲ

    September 18, 2014 at 9:38 am

    မမှီရေ… ဝမ်းသာဂုဏ်ယူမိကြောင်း အချိန်မီလေးလာမန့်တာပါခင်ဗျ…
    မိဘတွေ ကိုယ့်အတွက် အဖြူရောင်မီးတောက်တွေလောင်တုန်းက သတိမထားမိပေမယ့်…
    ကိုယ်တိုင်အလောင်ခံတော့မယ်ဆိုရင်တော့ တွေး အကြောက်သား…
    နောက်ပြီး… ဒီပို့စ်တင်ပေးတဲ့ ဖွတ်ရှူး-ငှက်ကထကြီးကိုလည်း ကျေးဇူးတင်ကြောင်းပါ…
    :k:

  • manawphyulay

    September 18, 2014 at 4:40 pm

    အဖြူရောင်မီးတောက်တွေကတော့ ဘယ်လိုလို ငြိမ်း ငြိမ်း…
    ငြိမ်းလို့ ပြေမယ် မထင်ပါ.. ဒီလိုပါပဲ ငြိမ်းလည်း မငြိမ်းရက်ပါ….. :kwi:

  • Mr. MarGa

    September 19, 2014 at 2:07 pm

    နောက်ကျနေတာ ခွေးလွှတ်ပါဗျိုးးး
    သိသိချင်း ဝမ်းမြောက်စကား ပြောချင်ပေမယ့်
    ခုမှ ဝင်နိုင်တဲ့အဖြစ် 🙂

    • kyeemite

      September 19, 2014 at 2:59 pm

      .ဟေ..ခွေးမလွှတ်ဘူးကွ…နီကအဓ်ကလူဖြစ်ပြီးနောက်ကျရသလားဟဲ့
      .ဟိုမဟာရာဇာတကောင်လည်းရောက်မလာဘူး…
      .သူ့တောင်မလေးရောပဲ
      .မရောက်လာတဲ့သူအားလုံးကို ကြီးမိုက်က 👿 :buu:

      • Mr. MarGa

        September 19, 2014 at 5:12 pm

        အဟီးးး
        ကျနော်တို့က backstage ကလေဗျာ
        ဆိုတော့ စင်နောက်မှာ ရှင်းစရာလေးတွေ ရှင်းနေရသေးတယ် :mrgreenn:

  • ကိုကြီးမိုက်ရေ..စိတ်လေးနဲနဲတော့လျှော့ပါခင်ဗျ…ချက်ချင်းရောက်မလာနိုင်တဲ့သူတွေ မှာလည်းအကြောင်းရှိပါတယ်ခင်ဗျ…ကျေးဇူးရှင် MPT ရဲ့ ကိုးနတ်ရှင် က အဝိုင်းလေးလယ်ကာပိုက်ဆံယူနေတာဗျ…
    မမှီအတွက်ဂုဏ်ယူမိပါတယ်ခင်ဗျ..ဒီရွာမှာ လက်ဆောင်းထက်သူတွေတိုးတိုးလာတာ ဂုဏ်ယူစရာပေါ့ဗျာ…
    ကိုကြီးမိုက်ရဲ့ မိဘမေတ္တာကတော့အထူးလေးစားစရာပါပဲ..ဒါကလည်း လူပီသသော၊လူ့စိတ်ပြည့်ဝသောမိဘတွေမှာရှိတဲ့ မိဘမေတ္တာတရားပါပဲ..

    အားလုံးကိုအစဉ်အမြဲလေးစားလျှက်…

  • ဝင့်ပြုံးမြင့်

    September 20, 2014 at 1:42 am

    ဦးကြီးမိုက်ရေ – သမီးကြီးနဲ့ သားငယ် ရှိတာ ဘဝတူတွေမို့လို့ စိတ်ထဲခံစားရပါတယ်။ ကျမသမီး ငယ်တုန်းက တစ်ခါဖျားဖူးတာ ကျမ အပူလုံးဆို့သွားတာ ငယ်ထိပ်မှာ ပူခနဲကိုနေတာ။ ကျမ ကိုယ်တိုင် လုံးဝစကားမပြောနိုင်တော့ဘူး။

    မမှီ – ဝမ်းသာပါတယ် မမှီရေ။ ပဲပင်ပေါက်လေးကတည်းက မမှီကို မှတ်မှတ်ရရဖြစ်နေတာ။ ဟိုလေ ခလေး ဝမ်းချ ု ပ်တာက ကလေးသေးသေးလေးဆိုရင် စအိုဝကို ကွမ်းရိုးလေးနဲ့ ထိုးရတယ်တဲ့။ အဲဒါ ဒီရွာထဲက ကိုဂျွန်နီဒီရား ရေးခဲ့တာ။ ကလေးကြီးရင်တော့ ဇီးသီးခြောက် ကျွေးပေးပါ။ ကျမသားလည်း ခုဆို အသက် ၂နှစ်ပြည့်တော့မယ်။ ထမင်းလုံးဝ မစားဘူး။ ခေါက်ဆွဲနဲ့ ပေါင်မုန့်ပဲစားလို့လား မသိဘူး။ ဝမ်းချုပ်တယ်။ ဒါပေမယ့် မမှီသားလောက်တော့ မချုပ်ဘူး။ မမှီသားက ၃နှစ်ကျော်ပြီဆိုတော့ ဇီးသီးခြောက်ကျွေးလို့ ရပါပြီ။ ဇီးသီးခြောက်က ပင်ကိုအတိုင်း ဝမ်းသွားစေတယ်။ ဝမ်းပျော့ဆေးက နည်းနည်းရစ်တယ်။ ရစ်တော့ ဝမ်းသွားရတာ ပိုပြီးစိတ်ကုန်သွားလိမ့်မယ်။

    ကိုခ — အခု ကျမကို အခြိမ်းခြောက်ဆုံးက သွေးလွန်တုပ်ကွေး။ သိတဲ့အတိုင်း မအူပင်ဆိုတာ မြန်မာပြည်မှာ ခြင်အပေါဆုံးမြို ့ ၊ ဆေးရုံမှာ ကလေးတွေ ပြုံ ထိုးနေပြီ။ မိုးနှောင်းသွေးလွန်တုပ်ကွေးက ပိုဆိုးတယ်ဆိုပဲ။ အခုလို အရေးကြီးအချက်ကို ရေးပေးလိုက်တဲ့အတွက် ကျေးဖူးအကြီးကြီးတင်ပါတယ်။ (တတိယရက်ရောက်လို့ ကလေးမလန်းရင် ဆေးရုံသွားဖို့လိုပြီ) ဒီလို ခေါင်းထဲရိုက်သွင်းပေးလိုက်တော့မှ မှတ်မိသွားတာ။ ကလေးခြင်မကိုက်အောင် လုပ်ရတာ လူကိုဖတ်ဖတ်မောနေတာပဲ ကိုခရေ။

  • hmee

    September 20, 2014 at 9:15 am

    အား​လုံးကို တကယ်​​ကျေးဇူတင်​ပါတယ်​။ ဒါနဲ့ ဘယ်​့နှယ်​့​ကြောင်​့ ရဲရဲနီ​နေရတာလဲ ။
    မြပြုံးရှင်​ ပဲပင်​​ပေါက်​က​လေးကို အြမြဲ သတိရလို့​ကျေးဇူးပါ။ သားငယ်​ငယ်​က ကွမ်​းရိုးကို အုန်​ဆီ ဆွတ်​ပြီးထိုး။ ​နောက်​ ဆရာဝန်​ပြ​တော့ ​ဘေဘီမိုင်​း ဆပ်​ပြာ​လေးပဲ ထိုးပါဆိုလို့ လုပ်​ရ​သေးတာ။ အဲ့ဒါ​တွေ မနိုင်​လို့ ဝမ်​းချု ​ဘောလုံး​လေး​တွေ ထိုးပြန်​​ရော။ ခဏ ခဏ မထိုးချင်​တာနဲ့ ​နောက်​ဆုံး အက်​ဒိုလက်​ သုံးမှ ​ပြေလည်​သွားတာ။ ဒါ​တောင်​်​့်​့ တခါတ​လေ ​အောင်​့ထား တတ်​လို့ သတိ​ပေး​နေရ​သေးတယ်​။ ဟုတ်​မယ်​ သားလည်​း ​ပေါင်​မုန်​့ပဲ စားတယ်​။ အချဉ်​ဆို ​ကျွေးမရဘူး။ မြပြံ​ရေ သားကအခု ၆စ်​ရှြိပြီ ။ သမီးက ၂နှစ်​​​ကျော်​ပြီ။ ​သွေးလွန်​တုပ်​​ကွေး​တော့ ​ကြောက်​တယ်​။ အိမ်​မှာလည်​း ြခြံ ထဲ မှာ အပင်​​တွေ များ​တော့ ​နေ့လည်​လဲ ခြင်​​ထောင်​ထဲ မှာပဲ ​ဆော့ခိုင်​းရတယ်​။ 🙂 င

  • onlineking

    September 22, 2014 at 12:58 pm

    သွေးလွန်တုပ်ကွေးဖြစ်လာပြီဆိုရင်အပူတက်လာပါတယ်။ ဘာဆေးသောက်သောက် အပူကျသလိုလိုနဲ့ လုံးဝကျမသွားပါဘူး။ ကျွန်တော့်သားကိုယ်တိုင်(၂)ကြိမ်တိုင်တိုင်ဖြစ်ဘူးပြီး၊ ကျွန်တော့်အထက် အရာရှိနိုင် ငံခြားသား တစ်ယောက်အကြံပေးသလို သင်္ဘောရွက်ကိုရေစင်စင်ဆေး၊အရည်ကိုညှစ်ပြီး တစ်နေ့(၂)ကြိမ် (၂)ရက်လောက်တိုက်ရင်အပူလုံးဝကျသွားပါကြောင်းအကြံပေးလိုက်ပါတယ်။

  • kyeemite

    September 22, 2014 at 1:50 pm

    .onlineking ရေ .ဝင်ရောက်ဖတ်ရှုပြီးအကြံပေးတာ ကျေးဇူးပါနော
    .ကျုပ်လည်းကြားဖူးပါရဲ့..ခုမှသတိရသွားတယ် တူနေတာ အံ့ဩမိပါတယ် 🙄
    .ဘာဖြစ်ဖြစ်သတိပြန်ပေးတာကျေးဇူးပါ
    .*Dengue Fever Remedy*
    I would like to share this interesting discovery from a classmate’s son who has just recovered from dengue fever. Apparently, his son was in the critical stage at the ICU when his blood platelet counts drops to 15 after 15 liters of blood transfusion. His father was so worried that he seeks another friend’s recommendation and his son was saved. He confessed to me that he give his son raw juice of the papaya leaves. From a pallet count of 45 after 20 liters of blood transfusion, and after drinking the raw papaya leaf juice, his pallet count jumps instantly to 135. Even the doctors and nurses were surprised. After the second day he was discharged. So he asks me to pass this good news around.
    .Accordingly it is raw papaya leaves, 2pcs just cleaned and pound and squeeze with filter cloth. You will only get one tablespoon per leaf. So two tablespoon per serving once a day. Do not boil or cook or rinse with hot water, it will loose its strength. Only the leafy part and no stem or sap. It is very bitter and you have to swallow it like Won Low Kat. But it works. *Papaya Juice – Cure for Dengue*

  • လုံမလေးမွန်မွန်

    September 23, 2014 at 2:54 pm

    ရောက်ပြီကွ.. ကျန်ကျောင်းသိုင်းတွေရော..ရှောင်လင်ကွန်ဖူးသိုင်းတွေရော.. အော်မေ့သိုင်းတွေရော.. ဝူတန်သိုင်းတွေရော.. ရေခဲတောင်သိုင်းတွေရော.. အကုန်သုံးလိုက်တာ.. ရွာထဲရောက်လာပြီ.. ဟူး… မောထှာ..

    အန်တီမှီရေ.. ဂုဏ်ယူဝမ်းသာကြောင်း လက်ခုပ်လာတီးတာပါ.. ရွာအဝင်လမ်းကြမ်းလို့.. (MPT ရော.. ရုံးရော.. ပိတ်ဆို့ထားတဲ့ကြားကမို့) နောက်ကျနေတာ ခွင့်လွှတ်ပါ…

    သူများတွေရဲ့ အဖြူရောင်မီးတောက်တွေကို ဖတ်ပြီး.. အနော် မီးမမွှေးတော့ဝူးလို့ ဆုံးဖြတ်လိုက်ရင် ကောင်းမား.. :mrgreen:

  • kai

    September 24, 2014 at 1:39 pm

    ဒီလကစပြီး.. ဆုရတဲ့သူတွေကို.. ဒေါ်လာ၁၀ဝတန်.. ရွှေပြားလေးတွေပေးမယ်လို့.. ရည်ရွယ်ပြီးတကာလ.. အဲဒါလေး၁ဝခုဝယ်ထားပါတယ်..။
    ရွှေ ၂၄ကာရက်အစစ်.. ဒေါ်လာ၁၀ဝ တန်ပုံစံတူထုတ်ထားတာဖြစ်ပါတယ်… တဲ့..။
    ဒေါ်လာအနေနဲ့ကတော့.. ၁၀ဝ မတန်ပါဘူး…။
    အဲဒါ.. နောက်လလူကြုံနဲ့.. ရန်ကုန်က.. အရီးပဒုမ္မာဆီပို့ထားပေးမလို့…

    အမှတ်တရပေါ့..
    စီးပွားတက်လိုသူတွေ.. မင်းသိင်္ခရဲ့မနောမယကိုယုံကြည်ရင်.. အလုပ်စားပွဲ.. ဆိုင်ကောင်တာမှာကပ်ထားပါ..။
    ကံကောင်းခြင်းလက်ဆောင်ပါလို့.. အာမခံပါကြောင်း…။

    ကဲ..
    မှတ်ကရော..။ :k:

    • ဇီဇီ

      September 24, 2014 at 1:41 pm

      ဟိ။
      ယုံဘူးး
      ဓာတ်ပုံပြ။

      :k:

    • ဇီဇီ

      September 24, 2014 at 1:43 pm

      အာ့ ဆို …..
      ဖတ်ရွေးအဖွဲ့ဝင်တွေ နောက် ၁ဝ လ စာထိ ခေါင်းခံ (အဲလေ) ခေါင်းစားရတော့မှာပေါ့။
      :k:

      • kai

        September 24, 2014 at 1:49 pm

        ဖတ်ရွေးတွေမရွေးရင်.. ကျုပ်လည်းမပေးရတော့ဘူးပေါ့..။ :k:
        ရည်ရွယ်ထားတာကတော့.. ဒီနှစ်ကုန်ရင်.. ဖတ်ရွေးရွေးပြီးသားအားလုံးထဲကတခုရွေးထုတ်ပြီး.. အမှတ်တရတခုခုပေးဖို့..
        အဲဒါက.. ရှေ့ကဆုရပြီးသူတွေအတွက်အကြုံးဝင်မယ်ထင်..။
        ===
        ဓာတ်ပုံတင်ပေးလိုက်ကြောင်း..

        24 Karat Yellow Gold Plated Bank Note with Plastic Case

        Gold Plated 24K Banknote $100 Dollar Bill With Frame
        Dimension : 146mm x 65mm (smaller than $100 bill)
        Collectors Item
        http://www.amazon.com/gp/product/B00NADCSM2/ref=as_li_tl?ie=UTF8&camp=1789&creative=390957&creativeASIN=B00NADCSM2&linkCode=as2&tag=1sale06-20&linkId=HXUGZJCBRQ4OIOVI

  • kyeemite

    September 24, 2014 at 1:49 pm

    .အခုလို တစ်ဖက်တစ်လမ်းက ဆုရသူတွေကို ဝင်ရောက်ချီးမြှင့်ပေးလို့ကျေးဇူးပါသဂျီးရေ
    .ဖတ်ရွေးငှက်ကဥဂျီးကိုလည်း အမှတ်တရလက်ဆောင်ပေးသင့်ေဂျာင်းးး :k:

Leave a Reply