ငါ့နှလုံးသား စတေဒီယမ်မှာ

ကြားကွင်းအဖြစ် လာကစားရတဲ့ မင်း

နိုင်ခြင်းတွေကို ပွေ့ဖက်

မမေ့ရက်စရာ မျက်နှာလေး

ငါ မြင်ယောင်နေသေးသလို

အရှုံးဆိုတာနဲ့ ကြုံရပြန်လို့

မျက်ရည်လေးစို့စို့

မို့နေတဲ့မျက်ဝန်းတွေ

ငါလေ တွေ့ရပေမယ့်

ဘာဆိုဘာတဲ့မှ မတတ်နိုင်

ပိုင်ဆိုင်သူမဟုတ်ပဲ

ပွဲကြည့်သူသာဖြစ်နေရ

အရန်ဘဝက မတက်နိုင်သေး

လူစားလေးလဲမှာကိုသာ မျှော်နေရ

ဆိုးလှ  ဆိုးလှ  ဟောဒီဘဝ .

5

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..