” ဒီနေ့ ဖြစ်ခဲ့သော ဒီနေ့ “

 

စက်တင်ဘာလ ၁၈ ရက်နေ့ ဒီနေ့ မှာ

တစ်ခါတုန်းက ကြေငြာချက်တစ်ခု တိုင်းပြည်ကို ကြေငြာလိုက်တာ ဒီနေ့ပါဘဲ

အဲဒီကြေငြာချက်လွန် ကာလတွေမှာ

တစ်ချို့တွေက မြို့ပေါ်မှာ ကြက်ပျောက်ဌက်ပျောက်သလိုပျောက်သွားပြီး နယ်စပ်တွေ တောထဲတွေရောက်ခဲ့တယ်

တစ်ချို့တွေက နံရံလေးဘက်ကို တံတိုင်းကြီးလို ကာရံထားတဲ့ထဲ ၀င်သွားကြရှာတယ်

တစ်ချို့တွေက ပေါ်လိုက်ပျောက်လိုက် ပုန်းလိုက်ပြေးလိုက် လုပ်နေကြရတယ်

တစ်ချို့တွေက မိသားစုတွေနဲ့ တကွဲတပြားဖြင့် ဘ၀ကြမ်းကိုရင်ဆိုင်ခဲ့ကြတယ်

တစ်ချို့တွေက အမိမြန်မာမြေကို စွန့်ခွာသွားဖြစ်ကြတယ်

တစ်ချို့တွေက ပါးစပ်တွေအပိတ်ခံလိုက်ရတယ်

တစ်ချို့တွေက လက်တွေကိုချည်နှောင်ခံလိုက်ရတယ်

တစ်ချို့တွေတော့ ချမ်းသာရေးလမ်းပေါ်ကို ထွက်လာခွင့်ရသွားကြတယ်

တစ်ချို့တွေက တောထဲကနေ မြို့ပေါ်မှာတရားဝင်နေခွင့်ရလာကြတယ်

တစ်ချို့တွေက နှစ်ပေါက်တစ်ပေါက် ဒီနိုင်ငံသားတွေ ဖြစ်ခွင့်ရသွားသလို

တစ်ချို့တွေက ဒီနိုင်ငံသားဖြစ်ပါသော်လည်း ဒီနိုင်ငံမှာနေခွင့်မရှိဖြစ်ကြတယ်

အဲဒီလို အဲဒီလိုတွေ တစ်ခါတုန်းက ဒီနေ့ အလွန်မှာ ဆိုးဝါးမှုတွေ ဖရိုဖရဲ ဖြစ်မှုတွေ ကြုံခဲ့ကြရတယ်

အဲဒီရဲ့ အကျိုးဆက်ကတော့ မြန်မာမြေ ဖျားနာခြင်းဟာ နာတာရှည်ဖြစ်ကာ နလံမထူနိုင်ဘဲဖြစ်နေပြီး ယနေ့ထက်တိုင် ဖြစ်နေစဲပါဘဲလေ။

အဲ တစ်ချို့လူကြီးတွေကတော့ အတိတ်မေ့ရောဂါဖြစ်ပြီး တစ်ခါတုန်းကဘ၀မှာ သူမပါခဲ့သလိုမျိုး ခဏခဏ ပြောကြလေသတည်း။

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..