” ဒီနေ့ ဖြစ်ခဲ့သော ဒီနေ့ “

ခင္ခSeptember 18, 20141min979

” ဒီနေ့ ဖြစ်ခဲ့သော ဒီနေ့ “

 

စက်တင်ဘာလ ၁၈ ရက်နေ့ ဒီနေ့ မှာ

တစ်ခါတုန်းက ကြေငြာချက်တစ်ခု တိုင်းပြည်ကို ကြေငြာလိုက်တာ ဒီနေ့ပါဘဲ

အဲဒီကြေငြာချက်လွန် ကာလတွေမှာ

တစ်ချို့တွေက မြို့ပေါ်မှာ ကြက်ပျောက်ဌက်ပျောက်သလိုပျောက်သွားပြီး နယ်စပ်တွေ တောထဲတွေရောက်ခဲ့တယ်

တစ်ချို့တွေက နံရံလေးဘက်ကို တံတိုင်းကြီးလို ကာရံထားတဲ့ထဲ ဝင်သွားကြရှာတယ်

တစ်ချို့တွေက ပေါ်လိုက်ပျောက်လိုက် ပုန်းလိုက်ပြေးလိုက် လုပ်နေကြရတယ်

တစ်ချို့တွေက မိသားစုတွေနဲ့ တကွဲတပြားဖြင့် ဘဝကြမ်းကိုရင်ဆိုင်ခဲ့ကြတယ်

တစ်ချို့တွေက အမိမြန်မာမြေကို စွန့်ခွာသွားဖြစ်ကြတယ်

တစ်ချို့တွေက ပါးစပ်တွေအပိတ်ခံလိုက်ရတယ်

တစ်ချို့တွေက လက်တွေကိုချည်နှောင်ခံလိုက်ရတယ်

တစ်ချို့တွေတော့ ချမ်းသာရေးလမ်းပေါ်ကို ထွက်လာခွင့်ရသွားကြတယ်

တစ်ချို့တွေက တောထဲကနေ မြို့ပေါ်မှာတရားဝင်နေခွင့်ရလာကြတယ်

တစ်ချို့တွေက နှစ်ပေါက်တစ်ပေါက် ဒီနိုင်ငံသားတွေ ဖြစ်ခွင့်ရသွားသလို

တစ်ချို့တွေက ဒီနိုင်ငံသားဖြစ်ပါသော်လည်း ဒီနိုင်ငံမှာနေခွင့်မရှိဖြစ်ကြတယ်

အဲဒီလို အဲဒီလိုတွေ တစ်ခါတုန်းက ဒီနေ့ အလွန်မှာ ဆိုးဝါးမှုတွေ ဖရိုဖရဲ ဖြစ်မှုတွေ ကြုံခဲ့ကြရတယ်

အဲဒီရဲ့ အကျိုးဆက်ကတော့ မြန်မာမြေ ဖျားနာခြင်းဟာ နာတာရှည်ဖြစ်ကာ နလံမထူနိုင်ဘဲဖြစ်နေပြီး ယနေ့ထက်တိုင် ဖြစ်နေစဲပါဘဲလေ။

အဲ တစ်ချို့လူကြီးတွေကတော့ အတိတ်မေ့ရောဂါဖြစ်ပြီး တစ်ခါတုန်းကဘဝမှာ သူမပါခဲ့သလိုမျိုး ခဏခဏ ပြောကြလေသတည်း။

 

ခင်ခ။

9 comments

  • မြစပဲရိုး

    September 18, 2014 at 1:28 am

    ၂၆ နှစ်။
    ဦးနေဝင်းအစိုးရ ၁၉၆၂ + ၂၆ = ၁၉၈၈
    အာဏာသိမ်း အစိုးရ ၁၉၈၈ + ၂၆ = ၂၀၁၄
    အပြောင်းအလဲ ကောင်း တစ်ခု ဖြစ်ဖို့ အချိန်တန်ပါပြီ။

    • ခင် ခ

      September 18, 2014 at 8:47 am

      မြစပဲရိုးရေ
      ၂၀၁၅ ဘာလဲ ? ဘယ်လဲ ? စောင့်ကြည့်ရမှာဘဲလေ

    • ဇီဇီ

      September 18, 2014 at 9:17 am

      ဒီ နှစ် ကာလ အတွင်း သယံဇာတ အ ပေါဆုံး ဆိုသော ရွှေပြည်ကြီး ကဘာ့ အဆင်းရဲဆုံးနိုင်ငံထဲ တော့(ပ) တန်း ဝင်သွားးး

      စစ်နဲ့နွယ်သော အသိုင်းအဝိုင်းများ အိတ်ဖောင်းလာ…
      ပြည်သူတွေ ဗိုက် နဲ့ ခေါင်း ဟောင်းလောင်းဖြစ်လာ….

      :a:

  • alinsett

    September 18, 2014 at 5:08 am

    စက်တင်ဘာ ၁၈ ရက်နေ့လား…

    :megreen:

  • pooch

    September 18, 2014 at 12:43 pm

    ဒီမြေကို စွန့်လည်း မစွန့်နိုင် ပါးစပ်လည်းမ ပိတ်နိုင်တော့ တခါတလေ နိုင်ငံရေး coma ရသွားတယ်

  • aye.kk

    September 18, 2014 at 12:51 pm

    ပုတ်​သင်​ညို ဆိုတာ
    အ​ရောင်​​ပြောင်​း ​ခေါင်​းငြိမ်​့ဘဲတတ်​တာမို့ပါ

  • htet way

    September 18, 2014 at 7:32 pm

    မမေ့ပျေက်အောင်လက်တို့သတိပေးလိုက်တာကျေးဇူးပါ
    ဆရာခ

  • ကိုပေါက်(မန္တလေး)

    September 18, 2014 at 10:44 pm

    ဒီနေ့ က အစပြု ပြီး တော့ မြန်မာပြည်ကြီးက ချောက်ထဲ ကျ မယ့် ဆဲ ဆဲ ကနေ

    ကယ်တင်တာ ခံ လိုက်ရ ပြီး ကမ်းမမြင် လမ်း မမြင် ပင်လယ် ထဲ အမျော ခံ လိုက်ရ တာပေါ့ ကွယ.်

Leave a Reply