“အတွေးရူး”

“အတွေးရူး ”

 

လူ့ဘဝကြီးထဲကို

ဘာလို့ငါတို့

ရောက်လာခဲ့ကြသလဲလို့

တွေးကြည့်တော့အဖြေမရှိ။

နေ့စဉ်နေ့တိုင်း

မရပ်မနား

ဘာလို့ငါတို့

အလုပ်တွေလုပ်နေကြရသလဲလို့

တွေးကြည့်တော့အဖြေမရှိ။

တနေ့နေ့တချိန်ချိန်မှာ

အသေအချာ

ငါတို့သေသွားခဲ့ရင်

ဘာတွေဖြစ်လို့

ဘယ်တွေရောက်မလဲမေးကြည့်တော့

မရေရာသောအဖြေတွေဘဲရှိ။

ဒါပေမယ့်

ငါတို့အားလုံး

ငါတို့ မပိုင်သော

ဘဝလေးကို တွယ်တာ

သေရွာကိုလွယ်လွယ်နဲ့

မသွားချင်ကြတာ

အမှန်ပါနော။

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

17-9-2014

 

6 comments

  • ခင် ခ

    September 17, 2014 at 8:44 pm

    နောင်ဘဝဆိုတာ
    ဘာရယ်မှန်းမသိ
    ရနေခဲ့တဲ့ဒီဘဝ
    သေချာလှသမို့
    နေချင်သေးရဲ့
    အသက်ရှည်။

  • မြစပဲရိုး

    September 18, 2014 at 2:25 am

    နံရံ၏အခြားတစ်ဖက် မှာ ပိုပြီး စိတ်လှုပ်ရှားစရာ တွေ ရှိနိုင်မှာပါ ကပေါက်ကြီး ရဲ့။ 🙂

  • kyeemite

    September 18, 2014 at 11:02 am

    .မသေခင်လေး
    .သေမှာမတွေးပဲ
    .နေစရာကမာ္ဘလေးထဲ
    .ပျော်စရာရှာတွေးဆဲ…. :))

Leave a Reply