” အဟင့် အဟင့် အဟင့် “

ခင္ခSeptember 19, 20141min1086

” အဟင့် အဟင့် အဟင့် “

 

နောက်ဆုံးဘုရင် ပါတော်မူ

သီပေါဘုရင်တစ်ဆူ

ခပ်ချာချာအုပ်ချုပ်ခဲ့

မဆလပါဟဲ့

စွာစိလံကာအုပ်ချုပ်သာ

နဝတပါဗျာ

ဟာတာတာလေးအုပ်ချုပ်ထား

လက်ရှိအစိုးရများ

တသက်လုံးက ညာခဲ့တာ

ဝန်မင်းတွေပါကွာ

ပြောခွင့်ရှိတဲ့ အရာရှိများ

အထက်ဆရာကို ညာလို့စား

ခရိုနီဆိုတဲ့ ဟိုလူတွေ

နွှာရသမျှ အကုန်ယူလေ

လွှတ်တော်ကြီးက ကျင်းပမြဲ

အာ တော်မူသံ မစဲဘဲ

အဲလို အဲလို ခေတ်ဆက်ထိုထို

ဖြတ်သန်းခဲ့တာ ပြည်ထောင်စုပါ

ဒို့ပြည်သူတွေ ဘာတွေဖြစ်

အဟင့် အဟင့် အဟင့် ။

 

 

ခင်ခ။

 

6 comments

  • ဇီဇီ

    September 19, 2014 at 7:50 am

    ဟိဟိ။
    ဟိုကာတွန်းလေးတစ်ခု ပြန်ရှာတာမတွေ့တော့လို့ ….
    ဟိ
    သီပေါမင်း – ပါတော်မူ ဆိုတာကနေ
    ပြည်သူ – နာတော်မူထိ ရေးထားတာ။

    :k:

    • ခင် ခ

      September 19, 2014 at 9:12 am

      သီ ပေါမင်း က ပါ တော် မူ
      မဆလ က ချာတော်မူ
      နအဖ က စွာတော်မူ
      အစိုးရ သစ်က ဟာတော်မူ
      ဝန်မင်းတွေက ညာတော်မူ
      ပြောခွင် ရှိသူ က ဖာတော်မူ
      ခရိုနီ တွေက နွှာတော်မူ
      အစည်းအ ဝေးကြီး က အာ တော်မူ
      ပြည်သူ တွေက နာတော် မူ။
      ( Cd – Hnin Zin )

  • kyeemite

    September 19, 2014 at 3:13 pm

    .ကဗျာစပ်ထားပုံလေးသဘောကျသဗျာ…
    .ကိုခယူပြလာတဲ့ ကဗျာတိုလေးလည်းထိထိမိမိမှန်လှ၏ :i:

  • aye.kk

    September 19, 2014 at 5:41 pm

    ​ေဩာ်​….ဒုက္ခ ဒုက္ခ

    အခုလက်​​တွေ့ပါ

  • alinsett

    September 21, 2014 at 1:02 pm

    သီပေါ….မညံ့ပါဘူး။

    တော်တဲ့သူတွေ အရမ်းတော်သွားလို့…

    အဟွတ်

    😆

Leave a Reply