အရိုးခံ ခြေရာ တစ်စုံ

အတွေးတစ်နေရာမှာ ရေးထားတဲ့ကဗျာတစ်ပုဒ်
အဆုံးသတ်ဖို့ခက်နေသေးတယ်

မင်းလေးကတော့
အပြုံးမဲ့ ပန်ချီတစ်ချပ်ပါ

အနမ်းတွေဆွံ့အနေဆဲ ရေးဆွဲချင်ပေမယ့်
ငါ့နှလုံးသွေး ရပ်တန့်သွားတယ်
အကျည်းတန်တဲ့ ပတ်ဝန်းကျင်တချို့

အချစ်ကို ဦးညွတ်ဖူးတယ်

နောင်တတွေ
ဗရပွမို့ ခါးသီးတဲ့နေ့ရက်ကလေးက
အတွေးခက်ခက် ပါပဲလေ

သိပါစေ သိပ်ချစ်တာ
ကြားပါစေ ငါ့မေတ္တာ
ရပါစေ အကြင်နာ မျက်ဝန်းလေး
ခုတော့ အဝေးရပ်က လှိုင်းသံအလား
ကမ်းကပ်ဖို့ စိုးကြောက်မိသေးတယ်

မင်းရဲ့အလှက ပန်းချီကားပေါ်က ဆေးစက်ဆိုရင်လေ ငါအရောင်တွေ
ခြေဖျက်ချင်တယ် အဖြူ အမည်းက
သူနဲ့ ငါအတွက် အရိုးခံ ခြေရာတွေပေါ့

ကာရံ{6.4.2014}

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..