အရိုးခံ ခြေရာတစ်စုံ

ကာရံSeptember 17, 20141min1154

အရိုးခံ ခြေရာ တစ်စုံ

အတွေးတစ်နေရာမှာ ရေးထားတဲ့ကဗျာတစ်ပုဒ်
အဆုံးသတ်ဖို့ခက်နေသေးတယ်

မင်းလေးကတော့
အပြုံးမဲ့ ပန်ချီတစ်ချပ်ပါ

အနမ်းတွေဆွံ့အနေဆဲ ရေးဆွဲချင်ပေမယ့်
ငါ့နှလုံးသွေး ရပ်တန့်သွားတယ်
အကျည်းတန်တဲ့ ပတ်ဝန်းကျင်တချို့

အချစ်ကို ဦးညွတ်ဖူးတယ်

နောင်တတွေ
ဗရပွမို့ ခါးသီးတဲ့နေ့ရက်ကလေးက
အတွေးခက်ခက် ပါပဲလေ

သိပါစေ သိပ်ချစ်တာ
ကြားပါစေ ငါ့မေတ္တာ
ရပါစေ အကြင်နာ မျက်ဝန်းလေး
ခုတော့ အဝေးရပ်က လှိုင်းသံအလား
ကမ်းကပ်ဖို့ စိုးကြောက်မိသေးတယ်

မင်းရဲ့အလှက ပန်းချီကားပေါ်က ဆေးစက်ဆိုရင်လေ ငါအရောင်တွေ
ခြေဖျက်ချင်တယ် အဖြူ အမည်းက
သူနဲ့ ငါအတွက် အရိုးခံ ခြေရာတွေပေါ့

ကာရံ{6.4.2014}

4 comments

  • ခင် ခ

    September 17, 2014 at 10:42 pm

    အဖြူ အမဲလဲ
    အရေးပါနေစဲ

  • kyeemite

    September 19, 2014 at 3:25 pm

    .အနမ်းတွေစွံအနေစဲ ….အနမ်းတွေ ဆွံ့အနေဆဲ
    .အချစ်ကို ဦးညွန့်ဖူးတယ်…အချစ်ကို ဦးညွတ်ဖူးတယ်
    .ကဗျာအလှပျက်မှာစိုးလို့ပါနော

  • ကိုပေါက်(မန္တလေး)

    September 20, 2014 at 11:52 am

    အတွေးလေးက လှပေမယ့်

    စာလုံးပေါင်းတွေက ဆက်စပ်မရ တော့ ဘာ ဆိုလိုချင်မှန်း မသိ ဖြစ်နေတယ်

    အနမ်းတွေစွံအနေစဲ ရေးဆွဲချင်ပေမယ့် ဆိုတာမျုးိပေါ့

  • alinsett

    September 21, 2014 at 12:53 pm

    အနမ်းတွေစွံအနေစဲ လို့..ရေးထားတယ်နော်…

    အမှန်က..
    အနမ်းတွေ ဆွံ့အ နေဆဲ….လို့ ရေးရမယ်..။

    ပြင်လိုက်မယ်..။ ပြီးမှ ပြန်ဖတ်မယ် ။

    :mrgreen:

Leave a Reply