ဒဏ်ရာမဲ့ ချစ်ခြင်း

မုန်းမာန်ရယ်ပျိုး ငြိုးချက်မပြေ
လွမ်းပေမယ့်လဲ ဝဲမျက်ရည်တို့
ပါးပြင်ထက်နား သူခိုနားရင်း
မာနအားလေး ဖြေလျှော့ဖူးတယ့့်

ရနံ့နှုတ်ခမ်း နွမ်းသည့်ပွင့်လွှာ
နေခြည်ဖြာလည်း ကြွေချိန်တန်မို့
တမ်းတမ်းတတ မှန်းဆသူလည်း
မေတ္တာမိုးလေး ရွာလိမ့်နိုးနိုး
မျှော်ကိုးဖူးတယ့့်

တစ်နေရာဝေး ဆွေးလို့ခြေပြီ
စိတ်အစဉ်က အရိပ်ထင်ကျန်
နှလုံးသားဒဏ်ရာ နာတရမို့
ဘယ်သူများ ရိပ်မိနေမလဲ့ 

ကာရံ ၁၇့ ၉့ ၂၀၁၄

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..