ဂဇက်မြို့သူ မြို့သား အားလုံး
ကိုယ်ရော စိတ်ပါ ကျန်းမာချမ်းသာကြပါစေလို့ . . .
ဆန္ဒပြု မေတ္တာ ပို့ သ ပေးလိုက်ပါတယ်။

—————–

ဂဇက်ရဲ့ မန်ဘာဝင် မဟုတ်ပေမဲ့ ဂဇက်ကို ဝင်ရောက် ဖတ်ရှုလေ့လာနေတဲ့ သုတမိတ်ဆွေ ရသမိတ်ဆွေများကိုလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပြီး ချမ်းသာစေကြောင်း
မေတ္တာရေ . . .လောင်းပါတယ်ဗျာ. . .

——————-

ဒီနေ့ မှာ . . .
တခြား ဘာအတွေးမှ ထူးထူးခြားခြား မတွေးမိပဲ. . .
အဓိကတွေးမိတာလေးက. . .
အဲ့ဒါလေးပါပဲ။

လူရယ်လို့  ဖြစ်တည်လာတဲ့နောက်
ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာစွာ ရှင်သန်ခွင့်. . .
သက်တောင့်သက်သာနဲ့  ပူဆွေးသောကမရှိတဲ့ ဘဝရှင်သန်ခွင့်. . .
လူတိုင်း ရချင်ကြမှာပဲ. . .

လူတိုင်းလည်း တန်းတူညီမျှ ရသင့်တာပဲ. . .

ဒါကြောင့်. . .
ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာနေတဲ့ လူသားတွေလည်း ဆထက်တိုးပွါးပြီး ချမ်းသာပါစေ

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာချင်ကြတဲ့ လူသားတွေလည်း အေးချမ်းစွာ ပြည့်စုံပြီး သာယာလှပတဲ့ ဘဝခရီးလမ်းမှာ ရှင်သန်နိုင်ကြပါစေ. . .လို့ . . .

ကျနော် မေတ္တာ ပို့သလိုက်ပါတယ်။

ချစ်ခင်လေးစားစွာဖြင့်. . .

အလင်းဆက်(Gazette)

စက်တင်ဘာ ၊ ၁၈ ၊ ၂၀၁၄

၀၆း ၀၀

alinsett

About alinsett

alinsett has written 615 post in this Website..

. . .