ဝင်းဒိုးအိတ် နဲ့ ဝိုင်ဖိုင်…

ကုိ ထြဋ္September 18, 20144min42916

forget-network-win8

 

. အပေါ်က ပုံကတော့ ဝင်းဒိုးအိတ်က ဝိုင်ဖိုင်မှာ ပြသနာ ရှိနေတဲ့ ပုံပါ…

. အခုဆို ဆိုင်တဆိုင်မှာ ကွန်ပျူတာ တစုံ ဒါမှမဟုတ် လက်တော့ တလုံး ဝယ်လိုက်တယ်ဆိုရင်ပဲ ပရောဆက်ဆာလဲ နည်းနည်းမြင့် မန်မိုရီလဲ ၂ ဂစ်လောက် ရှိပြီဆို ဝင်းဒိုးအိတ်ကို တင်ပေးတတ်ကြပါတယ်…

. Desktop စားပွဲတင် ကွန်ပျူတာဆိုရင်တော့ ကိစ္စမရှိဘူးပေါ့… သို့ပေသိ လက်တော့ဝယ်မယ်… အင်တာနက်ကို ဝိုင်ဖိုင် လွှင့်သုံးမယ်ဆိုရင်တော့ နည်းနည်း ပြသနာရှိသွားပြီ…

. ဝိုင်ဖိုင်လွှင့်သုံးတယ်ဆိုတာကလဲ အလွယ်ဆုံးနည်းပဲကိုး…  ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ပြီးသုံးတဲ့နေရာမှာ… ဖုန်းက မော်ဒယ်မြင့်သွားရင်တော့ တမျိုးပေါ့… အများသုံးထဲမှာဆိုရင်တော့ ဒီနည်းသုံးတာများတယ်…

. ကျွန်တေ်ာတို့ ရုံးမှာလဲ ဖုန်းနဲ့ သုံးချင်လို့ ဆိုရင် ဒီနည်းပဲ သင်ပေးလိုက်တယ်… မဟုတ်ရင် ဆော့ဝဲလ် ရှာပေးရတာနဲ့ အင်စတော နဲ့ ကြာနေမှာ… ရုံးမှာ လူက ထောင်ကျော်တယ်လေ…

. အကုန် ကူညီရရင် မစားသာဘူး… 😮

 

. အခုပြောမယ့် အကြောင်းကတော့ ခုနက ဖုန်းနဲ့ သုံးတဲ့အခါမှာရော… ရုံးပိုင်းဆိုင်ရာမှာ ရုံးက လွှင့်တဲ့ ဝိုင်ဖိုင်ကို သုံးရင်း ပက်စဝေါ့ ပြောင်းရင် ဖြစ်တတ်တာရော…

. ဆိုင်ကလွှင့်တဲ့ ဝိုင်ဖိုင်က လပေးနဲ့ ယူသုံးမယ့် သူတွေ အတွက်ရောပေါ့…

 

. ကျွန်တော်လဲ သိတာ မကြာသေးဘူး… ရုံးက ဆရာကြီးတွေ လက်တော့က ဝိုင်ဖိုင်သုံးတယ်လေ… ဝင်းဒိုးကလဲ အိတ်ဗျ…

. တနေ့ တနေ့ DHCP အလိုအလျောက် ကွန်ပျူတာမှာ အိုင်ပီချပေးတဲ့ စနစ်ထဲမှာ ကြည့်လိုက်ရင် အန်းဒရွိုက်ဖုန်းတွေ ဖုန်းတွေ ရာကျော်တယ်ဗျာ…

. လိုင်းက Red Link ၊ Wi Max ပြီးတော့ သာကေတလေ…  လိုင်းက သိပ်မမိချင်ဘူး… ဒါကို ရုံးက ကွန်ပျူတာက လက်တော့ အပါအဝင် ၃၀ဝ ကျော်တယ်… ဘယ်ခံနိုင်မလဲ အင်တာနက်လဲ…

. ဒီတော့ ပက်စဝေါ့က အဲဗား ပြောင်းရတယ်… ကြာတော့ ခုနက ဝင်းဒိုးအိတ်က ဝိုင်ဖိုင်တွေ ဂေါက်ကုန်တာပဲ…

 

. Window XP တုန်းကတော့ My Network Place ကို Right Click နဲ့ Properties ကိုသွား… Local Area Connection မှာ Right Click နဲ့ ထပ် Properties …

. အဲမှာ Wireless Setting မှာ… ကိုယ်မလိုချင်တဲ့ Profile ကို Delete လုပ်လိုက်… ပြီးမှ အစကနေ ပြန်ချိတ်… ဒါဆို အိုကေပဲ…

 

. Window 7 ကျတော့ အောက်က Task Bar မှာ ကွန်ပျူတာပုံလေး တွေ့မယ်.. ဒါမှမဟုတ် ဝိုင်ယာလက်ပုံ လှေကားအထစ်ထစ်ပုံလေးတွေ့မယ်…

. အဲဒါကို Right Click နှိပ်မယ်… Open Network And Sharing Center ကိုနှိပ်လိုက်ရင် … Box တခု ကျလာပါလိမ့်မယ်…

. အဲဒီထဲမှာ ဘယ်ဘက်ထောင့် အပေါ်ဆုံးမှာ Manage Wireless Setting ထဲကို ဝင်ပြီး ကိုယ်မလိုချင်တဲ့ အသစ်ပြန်လုပ်ချင်တဲ့ Profile ကို ရွေးပြီး Delete လုပ်လိုက်ပါ…

. ပြီးရင် ထုံးစံအတိုင်း အစကနေ ပြန်ချိတ်… ပက်စဝေါ့တွေ ပြန်ထည့်လိုက်ပါ….

 

. Window 8 မှာတော့ စားပြီဗျ… ခုနကလို လွယ်တော့ဘူး.. Command Line ကနေ သွားရတယ်ဗျ… နားရှုပ်သွားလား…မရှုပ်ပါနဲ့ …

. ခုနက ကော်မန်းလိုင်းလဲ ရှင်းပြမယ်… အကုန်လုံးကို ချုံပြီး သက်သာအောင် Double Click နှိပ်ရုံနဲ့ ရအောင် ရှာထားပါတယ်… 🙂

 

. Open a run box window (or press win+R) then type cmd to open Windows 8 CLI.  ( ကွန်ပျူတာမှ ဝင်းဒိုးကီး နဲ့ အာ နဲ့ ကို တွဲလျက် တပြိုင်နက်တည်းနှိပ်ပါ… )

. To see stored wireless profiles, type: ( ကိုယ့် ကွန်ပျူတာမှာ လိုင်းဘယ်နှခု ချိတ်ထားလဲ သိချင်ရင် ဒါတွေကို ရိုက်ပါတဲ့… )

. netsh wlan show profiles ( ခုနက ဝင်းဒိုးကီး နဲ့ အာကို နှိပ်ပြီးရင် cmd လို့ ရိုက်ထည့်ပါ...ပြီးရင် အမည်းဘောက်တခု ကျလာရင် ဒီစာတွေကို ရိုက်ခိုင်းတာပါ... )

. This will show a list of saved profiles of your connected WLAN devices. Then you’ll need to write/save/memorize the profile name that you want to change.

. To see the stored key (WPA/WEP/etc) of a specific profile:

. netsh wlan show profiles name=[profile name] key=clear

. You’ll find the key content under security settings.

. To delete a stored profile: ( အပေါ်ကဟာတွေက မလိုလို့ မပြန်တာပါ… ခုက ဖျက်ဖို့ ရိုက်ပါတော့မယ်… )

. netsh wlan delete profile name="profile name" ( ဒီစာအတိုင်း ရိုက်ပါ... နောက်ဆုံးက မျက်စိလေး ၂ ခုထဲမှာ ဖျက်လိုတဲ့ ပလိုဖိုင် နာမည် အပြည့်စုံကို ရိုက်ပါ...)

. This will delete the stored profile of every WLAN interface. If you want to delete the profile of a specific WLAN interface, you need to use the following:

 

. ခုနက ပြောတဲ့ အဆင့်တိုင်းမှာ ပြီးရင် Enter ခေါက်ရပါမယ်… ဒါက အရေးကြီးပါတယ်…

 

Administrator Command Prompt

 

. ဒါက ကော်မန်းလိုင်းက သွားတာပါ… ကျွန်တော်လဲ သုံးတဲ့ … ပရိသတ်တွေလဲ အဆင်ပြေမယ့်နည်းကတော့ ဒီလိုပါ…

. အရင်ဆုံးတော့ … ဝင်းဒိုးနဲ့ အာ နဲ့ နှိပ်ပါ… ပြီးလျှင် notepad လို့ ရိုက်ထည့်ပြီး Enter နှိပ်ပါ… ဒါဆိုရင် Notepad တခုပွင့်လာပါမယ်…

. အဲဒီထဲကို အောက်ကစာတွေကို Copy/ Paste လုပ်လိုက်ပါ…

netsh wlan show all >%userprofile%\Desktop\Network.txt
sc query dhcp >>%userprofile%\Desktop\Network.txt
sc query dnscache >>%userprofile%\Desktop\Network.txt
sc query wlansvc >>%userprofile%\Desktop\Network.txt
ipconfig /all >>%userprofile%\Desktop\Network.txt
netsh advfirewall show global >>%userprofile%\Desktop\Network.txt
netsh winhttp show proxy >>%userprofile%\Desktop\Network.txt

 

. ပြီးရင် Save တဲ့အခါမှာ txt  Extension နေရာမှာ bat လို့ ပြောင်းပြီး သိမ်းလိုက်ပါ… လုပ်နေသား မကျရင်တော့ နည်းနည်း ခက်ပေမယ့်… ကော်မန်းလိုင်းထက်လွယ်လို့ လုပ်စေချင်ပါတယ်…

. နာမည်ကိုတော့ Wifi Del လို့ပေးလိုက်ပါ… ပြီးရင် bat ဖိုင်ရပါပြီ..

. အဲဒါလေးကို ခုနက ပြသနာတက်နေတဲ့ စက်မှာ ကူးထည့်ပြီး Double Click လေး နှိပ်ပြီး… ဝိုင်ဖိုင်ကို ပြန်လည်ချိတ်ဆက်နိုင်ပါကြောင်း သတင်းကောင်းပေးရင်း…

. ပို့စ်လေးကို နိဂုံးချုပ်ပါရစေ… အားလုံး အဆင်ပြေကြပါစေ… မရှင်းလျှင် ကော်မန့်ဘောက်မှ မေးနိုင်ပါတယ်… 🙂

 

16 comments

  • ခင် ခ

    September 18, 2014 at 4:00 pm

    ကျုပ် တို့ ကွန်ပျုတာမှာက Window 7 ဘဲဆိုတော့ အခုတော့မှတ်ထားလိုက်မယ်။ Window 8 ပြောင်းဖြစ် ရင်တော့ လိုမလားမသိဘူးမို့လေ။

  • Yae Myae Tha Ninn

    September 18, 2014 at 4:22 pm

    နည်းနည်း ရှေ့ပြေးဖြစ်နေရင် ဆောရီးပါ… ဒီမှာက ဖရီး သုံးလို့ရတော့.. ထွက်သမျှ နိုင်ရင် တင်တော့တာပဲ… 🙂

    • ခင် ခ

      September 18, 2014 at 4:45 pm

      ရှေ့ပြေးမဖြစ်ပါဘူး ကျုပ်တို့အလုပ်မှာက တစ်လုံးချိန်းရင် ချိတ်ဆက်ထားတဲ့ နောက်လုံးတွေပါ တူအောင်ချိန်းရမှာမို့ ပါ။ ကျုပ်တို့က နောက်ကျနေတာလေဗျ။

  • Yae Myae Tha Ninn

    September 18, 2014 at 4:56 pm

    ဘာလို့… သိပ်နားမလည်ဘူး.. Window မတူလဲ ချိတ်လို့ရပါတယ်… 🙂

    • ခင် ခ

      September 18, 2014 at 5:56 pm

      Window တူ တာ မတူ တာထက် သူ့ဆီမှာဒါလုပ်ရင် ကိုယ့်ဆီမှာလည်း ဒါလုပ်ချင်ကြ တာမျိုး ပြောတာလေ၊ ပြီးတော့ ချိန်းပြီးရင် အခြားတစ်ခုခုဖြစ်တာဆို ဒါကြောင့်ဆိုတဲ့ ကွန်ပလိန်းကလည်း အချိန်ပေးရှင်းနေရအုံးမှာ အဲလို အဲလိုတွေပေါ့ဗျာ။
      ပြောရရင် အများကြီးမို့ ပိုစ့်ရေးအုံးမယ် ကုန်ကြမ်းတစ်ခုရလို့ ကျေးဇူး။

      • Yae Myae Tha Ninn

        September 19, 2014 at 8:57 am

        ဟုတ်… မြန်မာပြည်မှာပဲလား.. ကိုခက.. ဒါဆို ဆားဗစ် အဆင်မပြေရင် ပြောလေ… 🙂

        • ခင် ခ

          September 19, 2014 at 9:14 am

          ဟုတ် မြန်မာပြည် မန္တလေးမှာပါ။

  • alinsett

    September 18, 2014 at 5:50 pm

    ဒါကျ ကျနော်နဲ့ နည်းနည်း ဆိုင်တယ်

    စာကြည့်တိုက်မှာ အဲ့လို သွားသွား သုံးနေရတာကိုးးးး

    ဇူးဇူးးး

    ထပ်တင်ပြပေးမှာတွေကို မျှော်လင့်စောင့်စားနေပါဂျောင်းးး

    ခင်မင်စွာ. . .

    • Yae Myae Tha Ninn

      September 19, 2014 at 8:59 am

      ဟုတ်.. ထူးတာတွေဆို တင်မှာပါ… အမှတ်တရလဲဖြစ် ဗဟုသုတလဲရ..
      တကယ်လို့ လိုလဲ ကိုယ့်ဆို်က်ထဲမှာ ရတယ်ဆိုတာ ဖြစ်စေချင်တာပါ… 🙂
      မန့်တာ ကျေးကျေးပါ… 🙂

  • ဇီဇီ

    September 19, 2014 at 9:56 am

    နာ က နည်းပညာနဲ့ ပတ်သက်ရင် အတော်ဝေးတာ နင်းနင်းရဲ့။

    ဝင်းဒိုး အိပ် ကို မသုံးတတ်လို့ နာ့ ပီစီ ဆို ဒက်စတော့ကနေပြန်ပြန်သွားရတယ်။
    ရှက်ထာ။
    ငိငိ။

    :a:

    • Yae Myae Tha Ninn

      September 19, 2014 at 2:10 pm

      အော်.. ရှက်စရာ မဟုတ်ပါဘူး… ကိုယ် ကျွမ်းကျင်ရာ ကျွမ်းကျင်ရာပဲလေ… 🙂

  • kai

    September 19, 2014 at 1:49 pm

    ကော်မန်င်းတွေ အလွတ်ရမှဖြစ်မယ့်ပုံ…
    ပိုလွယ်တဲ့နည်းမရှိဘူးပေါ့.. :a:

    • Yae Myae Tha Ninn

      September 19, 2014 at 2:15 pm

      အောက်ဆုံးက နည်းက လွယ်ပါတယ်… ဦးခိုင် တခါ ပင်ပန်းပြီးရင် နောက် မပင်ပန်းတော့ပါဘူး… 🙂

  • Yae Myae Tha Ninn

    September 19, 2014 at 2:12 pm

    ငင်.. ကိုခရေ.. ဒါဆိုရင် မဖြစ်ဘူး.. ကျွန်တော်က ရန်ကုန်မှာဗျ… 🙂

  • Mr. MarGa

    September 19, 2014 at 2:35 pm

    ခုထိတော့ အဲ့ ပြဿနာ တွေ့သေးဝူး
    forget network လုပ်ပြီး ပြန်ချိတ်ရင် အဆင်ပြေနေသေးတယ်
    DHCP ကတော့ ကျနော် လက်အားရင် ထိုင် ban တတ်တဲ့ tool တစ်ခုပေါ့
    deny ထဲ အကုန်ပစ်ထည့်ထားတာ အေးရော 🙂

  • Yae Myae Tha Ninn

    September 19, 2014 at 3:26 pm

    Window 8 မှာ ဖြစ်တာပါ… အကိုထင်တာ အကိုတို့ လွှင့်တဲ့ ဖရီကွမ်စီကြောင့်လာ ပြန်စစ်နေတယ်.. လွှင့်တာ ၄ လိုင်းလေ… ဆိုင်တော့ မဆိုင်လောက်ပါဘူး.. Window ကိုက Error ရှိတာ ထင်ပါတယ်.. 🙂

Leave a Reply