သတိမရအောင် စိတ်ကိုချုပ်လို့မေ့ကာမှ
ရှေ့ခရီးမှာ အသစ်ဖြစ်
တစ္ဆေလိုခြောက် လို့

အမှတ်တရနေ့ရက်တွေက ရင်ကို ရိုက်ခတ်
ကိုယ်စိုက်ထားတဲ့ အချစ်ဦးဆိုတဲ့သစ်ပင်လေးက
ရာသီမရွေးလန်းတယ်

နွေမှာ တွေ့ရတဲ့ တံလျှပ်လို အဝေးကပဲငေးမော
ခရေလို သတ္တိနဲ့ နုစဉ်တုန်းက ရဲဝံ့ခဲ့တာလည်းဖြစ်မယ်
လရောင်ထဲ နှစ်ယောက် လက်တွဲလျှောက်ခဲ့တာလည်း
အိပ်မက်တွေ ဖြစ်တယ်
ဆောင်းမနက်ခင်းက မြူနှင်းတွေလို
ဒီအသက်အရွယ်မှာ ပြယ် လွင့်တာလည်းဖြစ်မယ်
ပူလောင်ပင်ပန်းတဲ့
လေကဓံတွေရဲ့ နိပ်စက်ချက်ကြောင့်လည်း ဖြစ်မယ်
နောက် စည်းတားထားတာ
စည်းခြားသွားတာတွေ ကြောင့်လည်းဖြစ်မယ်

ရုပ်တရားက မရွေ့ပေမယ့် 
စိတ်ကတော့ ရွေ့လို့ ပျံလို့
အလွမ်းက မြစ်လိုစီးလို့

ညီမလေးငဲ့
လသာညတွေမှာ တယောတလက်၇ှိရင်
ဂီတဟာ ငါ့တို့ရဲ့ ကဗျာ။ ။

About htet way

has written 133 post in this Website..