အတိတ်

htet waySeptember 18, 20141min1968

သတိမရအောင် စိတ်ကိုချုပ်လို့မေ့ကာမှ
ရှေ့ခရီးမှာ အသစ်ဖြစ်
တစ္ဆေလိုခြောက် လို့

အမှတ်တရနေ့ရက်တွေက ရင်ကို ရိုက်ခတ်
ကိုယ်စိုက်ထားတဲ့ အချစ်ဦးဆိုတဲ့သစ်ပင်လေးက
ရာသီမရွေးလန်းတယ်

နွေမှာ တွေ့ရတဲ့ တံလျှပ်လို အဝေးကပဲငေးမော
ခရေလို သတ္တိနဲ့ နုစဉ်တုန်းက ရဲဝံ့ခဲ့တာလည်းဖြစ်မယ်
လရောင်ထဲ နှစ်ယောက် လက်တွဲလျှောက်ခဲ့တာလည်း
အိပ်မက်တွေ ဖြစ်တယ်
ဆောင်းမနက်ခင်းက မြူနှင်းတွေလို
ဒီအသက်အရွယ်မှာ ပြယ် လွင့်တာလည်းဖြစ်မယ်
ပူလောင်ပင်ပန်းတဲ့
လေကဓံတွေရဲ့ နိပ်စက်ချက်ကြောင့်လည်း ဖြစ်မယ်
နောက် စည်းတားထားတာ
စည်းခြားသွားတာတွေ ကြောင့်လည်းဖြစ်မယ်

ရုပ်တရားက မရွေ့ပေမယ် ့
စိတ်ကတော့ ရွေ့လို့ ပျံလို့
အလွမ်းက မြစ်လိုစီးလို့

ညီမလေးငဲ့
လသာညတွေမှာ တယောတလက်ရှိရင်
ဂီတဟာ ငါ့တို့ရဲ့ ကဗျာ။ ။

8 comments

  • aye.kk

    September 18, 2014 at 1:22 pm

    အတိတ်​ဆိုတာ
    ကိုယ်​ပိုင်​တာ မဟုတ်​​တော့
    ဖမ်​းဆုပ်​ထားလို့လည်​းမရမှ….မရတာ

  • htet way

    September 18, 2014 at 1:29 pm

    ဟုတ်ပါတယ် ။အိပ်မက်တွေလိုပါပဲ၊ ဘဝဆိုတာလည်း
    အိပ်မက်လိုပါပဲ။ကျနော် တတ်နိုင်တာကတော့
    ရုပ်တရားက မရွေ့ပေမယ် ့
    စိတ်ကတော့ ရွေ့လို့ ပျံလို့
    အလွမ်းက မြစ်လိုစီးလို့…….။
    ကဗျာကိုဖတ်ရှုအားပေးတာ ကျေးဇူးပါ။

  • ခင် ခ

    September 18, 2014 at 3:44 pm

    အတိတ် ဆိုတာ အရိပ် လားကွယ်။

  • manawphyulay

    September 18, 2014 at 3:49 pm

    လမဲ့ညတွမှာ တယောတလက်မရှိရင်
    ဂီတဟာ ငါ့အတွက်တော့ အဖော်မဲ့ နေ့ရက်တွေပါပဲ…

  • htet way

    September 18, 2014 at 7:25 pm

    ဟုတ်ပ ဆရာမ မနောရယ်..။လမိုက်ညဟာအထီးကျန်သူကို
    ပိုပြီးခြောက်ခြားစေတယ်လို့ခံစားမိပါတယ် ။
    ဆရာခင်ခပြောသလို အတိတ်ကအရိပ်လိုလိုက်နေတော့ အလွမ်းဆိုတာလည်း
    တငွေ့ငွေ့နဲ့။နွေမှာ တွေ့ရတဲ့ တံလျှပ်လို အဝေးကပဲငေးမော’ လို့
    ငယ်ချစ်ဆိုတဲ့မြစ်ကလည်းနှစ်ပေါင်းတစ်ရာစီးဆင်းလို့ပါ။
    (ယဉ်မျိုးစာပေကဖြန့်ချီတဲဩဂုတ်လထုတ့်ကျနော့စာအုပ် အမုန်းမုန်တိုင်းပေါ်က
    ရက်စက်သောရယ်သံနှင့် ညီမလေးဖတ်ဖို့စာ..)
    .စာအုပ်မှာ ဒီကဗျာလေးထည့်သွင်းထားပါတယ်)

  • kyeemite

    September 19, 2014 at 11:18 am

    .ဆရာထက်ပျောက်နေတာကြာပေါ့
    .ပြန်တွေ့ရတော့လည်း အလွမ်းက မြစ်လိုစီးလို့… :))
    .ခံစားချက်ရသကဗျာလေး အားပေးသွားပါတယ်

  • htet way

    September 19, 2014 at 2:33 pm

    အားပေးတာကျေးဇူးတင်ပါတယ်ဆရာ
    ကျနော့်အတွက်တော့ ဘဝတစ်ခြမ်းကိုယ်လွမ်းစရာဆိုသလို
    ကဗျာကိုဝါသနာကြီးမိပါတယ် ။

  • alinsett

    September 21, 2014 at 1:28 pm

    ကျနော် ့အတိတ်တချို့က…
    ကျနော် ပြန်မခိုချင်တဲ့ အရိပ်

Leave a Reply