” စားဖိုဆောင်မှရသော ကျန်းမာရေးအထောက်အပံများ “

ခင္ခSeptember 19, 20141min1418

” စားဖိုဆောင်မှရသော ကျန်းမာရေးအထောက်အပံများ “

 

မိမိ စားဖိုဆောင်ထဲမှာ ရှိလေ့ရှိထဖြစ်ပြီး စားသောက်နေပါလျှက် ဘာတွေကိုယ့်ကျန်းမာရေးအတွက် ဘယ်လို အကျိုးပြုတယ်ဆိုတာလေးတွေ သိရအောင်လို့ ပြန်လည်စုစည်းကာတင်ပြလိုက်တာပါ။

 

ပန်းပွင့်စိမ်း – အသားအရေကောင်းမွန်၍ အလှတိုးစေတယ်၊ မောပန်းနွမ်းနယ်မှု့ ပြေစေတယ်၊ အူသိမ်ဦးပိုင်း နဲ့အစာအိမ်အနာပေါက်တာ ကာကွယ်ပေးနိုင်တယ်၊ ပန်းပွင့်စိမ်းကိုများများစားရင် အအေးမိတာမဖြစ်လွယ်ပါ၊ အရောင်အရမ်းကျတယ်၊ အဆိပ်အပုပ်စင်တယ်၊တင်းတိတ်အမည်းအပြောက်ပျောက်တယ်၊ အူမကင်ဆာ၊ ဆီးအိတ်ကင်ဆာ၊ရင်သားကင်ဆာတွေအတွက်ကာကွယ်မှု့စွမ်းအား မြင့်မားတယ်၊ ပန်းပွင့်အစိမ်း မှန်မှန်စား ပေးခြင်းဟာ အသည်းရဲ့အဆိပ် အပုပ် ရှင်းထုတ်အားပိုကောင်းစေပြီး ကိုယ်ခံအားတက်စေတယ်၊ သွေးကြောမာ ကာကွယ်ပေးပြီး လေဖြတ်ရောဂါဖြစ်နိုင်ခြေလျော့စေတယ်၊( ရင်ကျပ်ရောဂါရှိသူများ သတိထားစားပါ)

 

ဂေါ်ဖီထုပ် – မှန်မှန်စားခြင်းဖြင့် မောပန်းနွမ်းနယ်မှု့ ပြေစေတယ်၊ ဝမ်းချုပ်တာကာကွယ်ပေးတယ်၊ ဇီဝဖြစ်စဉ်ကို အားပေးတယ်၊ ကိုယ်တွင်းအဆိပ်အပုပ် ရှင်းထုတ်ပေးတယ်၊ အူးကိုပိုအားကောင်းစေတယ်၊ ကိုယ်ဝန်ဆောင် တွေ အတွက် ဖိုးလစ်အက်ဆစ်ကြွယ်ဝလို့ အထူးသင့်လျော်ပါတယ်၊ ရောဂါခုခံမှု့အား မြင့်စေတယ်၊( ရင်ကျပ် ရောဂါအခံရှိရင် မစားသင့်ပါ)

 

မုန်လာဥနီ – မှန်မှန်စားရင် အအေးမိတာကာကွယ်ပေးပြီး မျက်စိ ညောင်းညာတာ၊ ကြက်မျက်သင့်(ညမမြင်) ရောဂါ၊မျက်ဆက်မြှေးရောဂါ ကာကွယ်ပေးတယ်၊ အရည်ပြားကြမ်းတာ ခြောက့်တာ ရင့်ထော်တာတွေ သက်သာပျောက်ကင်း ကောင်းမွန်စေတယ်၊ မျက်နှာအရစ်အကြောင်းများ ဖြစ်ပေါ်ခြင်းသက်သာ စေတယ်၊ သွေးလွှတ်ကြောမာတာ ကာကွယ်ပေးပြီး သွေးချို ကိုလက်စထရော နဲ့ သွေးတိုးတွေကို ကျစေတယ်၊ ခေါင်းဗောက်ထခြင်း သက်သာစေပြီး ဆံပင်သန်စွမ်း ပြောက်လက်စေတယ်၊ ရောဂါခုခံအားတိုးစေတယ် သွေးအားကောင်းစေပါတယ်။

 

မုန်လာဥ – အစာအိမ်နဲ့ အဆုတ်တွေအပူကြီးတာကို ကျစေတယ်၊ ကိုယ်တွင်းအဆိပ်အပုပ်ရှင်းထုတ်ပေးတယ်၊ သွေးတိုးသမားတွေ နေ့စဉ် မုန်လာဥ အရည်တခွက်ကို ရက်သတ္တတစ်ပတ်ကြာ ဆက်သောက်ရင် သွေးတိုး သက်သာစေတယ်၊ အစာခြေညက်မှု့ကို အားပေးတယ်၊ ဒါကြောင့် ကျို့ထိုးခြင်း ဗိုက်ကယ်ခြင်း၊ အရက်နာ ကျခြင်း၊ အစာအိမ် အချဉ်တက်ခြင်းတို့ကို သက်သာစေပါတယ်။

 

ကြက်ဟင်းခါးသီး – အပူကြီးတာ နေပူလျှပ်တာ သက်သာစေတယ်၊မျက်စိ ကြည်လင်နိုင်တယ်၊ ကိုယ်တွင်း အဆိပ်အပုပ်ရှင်းထုတ်ပေးတယ်၊ လူကိုလန်းဆန်း စေပြီး ဦးနှောက်ရွှင်စေတယ် ဒါကြောင့်ရုံးဝန်ထမ်းတွေ စိတ်ဖိစီးမှု့ဖြစ်ရင် စားပေးသင့်တယ်၊ မျက်စိနီရဲ နာကျင်တာ အပူကန်သူနဲ့ ဝမ်းချုပ်သူများ စားပေးခြင်းဖြင့် သက်သာစေတယ်၊ အအေးမိတာ သွေးအားနည်းတာကာကွယ်ပေးတယ်၊ အစာအိမ်ကိုအားပေးတယ်၊ ဆေးလိပ်သောက်သူနဲ့ ဆေးအမြဲမှီဝဲသူများ ကိုယ်တွင်းမှာဗဓတာမင်စီကုန်ဆုံးမှု့အထူးများတာမို့ ကြက်ဟင်းခါးသီးများများ စားပေးသင့်ပါတယ်။ သွေးတို့မြှင့်သူများ အလွန်အကျွံမစားသင့်ပါ။

 

ကညွတ် – သွေးကြောကိုသန်စွမ်းစေတဲ့သတိ္တရှိတယ်၊ သွေးပေါင်မြင့်တာကိုထိရောက်စွာကာကွယ်ပေးတယ်၊ သွေးအားနည်းတာကာကွယ်ပေးပြီး အမျိုးသမီးများသွေးအားနည်းမှုကိုမြှင့်တင်ပေးတဲ့ အစွမ်းရှိပါတယ်။ သူမှာဖေလစ်အက်ဆစ်နဲ့ သံဓာတ်ပါဝင်မှု့များလို့ပါ။ ကညွတ်မှာ အဖြူနဲ့ အစိမ်း ဆိုပြီးနှစ်မျိုးရှိရာ အစိမ်းက ဗီတာမင်ဓာတ်တွေပါဝင်မှု့ပိုများကြောင်း တွေ့ရှိရပါတယ်။

 

ကျောက်ဖရုံ – နေပူလျှပ်တာ ရောင်းရမ်းသာ သက်သာနိုင်တယ်၊ ကိုယ်တွင်းအပူကြီးတာကျစေတယ်၊ ဆီးကျိတ်ရောင် ကျောက်ကပ်နာ ဆီးမှာသွေးပါ အသည်းခြောက်လို့  ရေဖျဉ်းစွဲတာတွေအတွက် အာနိသင် ထူးရှိတယ် ခေါင်းမူး၊ ခေါင်ခဲတာ နဲ့ သွေးချိုရောဂါတွေ ကုရင်လည်းထိရောက်မှု ရှိတယ်၊ ကိုယ်တွင်းအဆီဓါတ် လျော့စေတယ်၊

 

ခရမ်းချဉ်သီး – အားပြင်းတဲ့ ဓာတ်တိုးကာကွယ်စွမ်းရည်ရှိလို့ ကိုယ်တွင်းဓာတ်စုလွတ်ကို ရှင်းထုတ်နိုင်ပြီး သွေးဖြူဥကို အကာအကွယ်ရစေတယ်၊ ကိုလက်စထရော ပျော်ဝင်နှုန်း လျော့စေတယ် ဒါကြောင့် နှလုံး သွေးကြောရောဂါ မဖြစ်အောင်ကာကွယ်ပေးတယ်၊ ကင်ဆာခုခံစွမ်းအားတွေ ကောင်းစွာပါဝင်လို့ ဆီးကျိတ် ကင်ဆာ၊ ပန်ကရိယာကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အာခေါင်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ စတဲ့ကင်ဆာများ ဖြစ်ပွားနိုင်ခြေ လျော့စေတယ်။

 

ကြက်သွန်နီ – အစာခြေရည်စွမ့်ထုတ်မှု့ကိုအားပေးတယ်၊ ရောဂါပိုးသတ်ခြင်း ရောဂါကာကွယ်ခုခံစွမ်းအား ပွားစေခြင်း၊ ကင်ဆာတားနှိမ်ခြင်း၊ သွေးတွင်းအဆီဓာတ်ထိန်းပေးခြင်း စတဲ့အစွမ်းတွေရှိပါတယ်၊ အိပ်မပျော်တာ အားအင်လျော့နည်းတာ နုံးချည့်တာ အစားမမြန်တာတွေကိုလည်း သက်သာစေတယ်၊ အစာခြေရည်ပိုမိုစိမ့် ထွက် စေနိုင်စွမ်းရှိလို့ အစာခြေညက်မှု့အားကောင်းစေပါတယ်။(အစာအိမ် အစာခြေ အက်ဆစ်ဓာတ်ပိုထွက်တဲ့ အစာအိမ်အချဉ်ပေါက်ရောဂါရှိသူတွေ ကြက်သွန်နီများများမစားသင့်ပါ)၊ အဆီကျစေပြီး သွေးပလာစမာများ မခဲအောင်တားဆီးပေးပါတယ်။

 

ကြက်သွန်ဖြူ – အစိမ်းစားသုံးခြင်းသည် နှလုံးရောဂါဖြစ်ပွားမှု့ကိုကာကွယ်နိုင်စွမ်းရှိတယ်၊ ကြက်သွန်ဖြူ အစိမ်းစားမည်ဆိုလျှင် ကြက်သွန်ဖြူဥအား ခွဲစိတ်ပြီး ခေတ္တလေသလပ်စေခြင်းဖြင့် ဟိုက်ဒရိုဂျင် ဆာလဖိုဒ် ထုတ်ပေးကြောင်းနှင့် ထိုသို့ခေတ္တလေသလပ်စေပြီးသော ကြက်သွန်ဖြူစားခြင်းက နှလုံးရောဂါ ဖြစ်ခြင်းမှ ကာကွယ်ပေးတာဖြစ်ပါတယ်။ ဒါပေမယ့် ကြက်သွန်ဖြူ အလွန့်အကျွံစားပါကလည်း ထိုဒြပ်ကဘေးဖြစ်စေလို့ သင့်သင့်စွာစားသင့်ပါတယ်၊

 

သီဟိုစေ့ – အရသာ ချိုစိမ့်တယ်၊ ဝမ်းမှန်စေတယ်၊ အသားအရေ စိုပြေပြောင်လက်စေတယ်၊ အိုမင်းရင့်ရော်မှု့ကို တုံနှေးစေတယ်၊ မျက်စိခြောက်တာ ကာကွယ်ပေးတယ်၊ သွေးကြောသန်စွမ်းစေနိုင်လို့ နှလုံးသွေးကြောရောဂါနဲ့ လေဖြတ်တာ သက်သာစေတယ်၊ ရောဂါခုခံအားတိုးစေတယ်၊ နှလုံးသွေးကြောမာတာနဲ့ နှလုံးရောဂါဖြစ် တာတွေ ကာကွယ်နိုင်ပါတယ်။

 

သခွားသီး – ကိုယ်တွင်းပိုလျှံရေကို ရှင်းထုတ်ပေးတယ်၊ ကိုယ်တွင်းက အညစ်အပုပ်စပ်စေတယ်၊ ကိုယ်တွင်း အပူကြီးတာ နေပူလျှပ်တာ သက်သာစေတယ်၊  သခွားရည်ဟာ ဆီးရွှင်စေပြီး ကျိုသောက်ရင် ရေဖျဉ်းစွဲတာ တောင်သက်သာစေတယ်၊ သွေးချိုကျစေလို့ ဆီးချိုသမားတွေစားသုံးသင့်ပြီး ကင်ဆာကိုကာကွယ် ပေးနိုင် ကြောင်းတွေ့ရပါတယ်၊

 

ထောပတ်သီး – အာနိသင်ကိုလည်း အနည်းအကျဉ်းတော့ သိလောက်ပါပြီ။ ဗိုက်ချပ်အောင် ထောပတ်သီးကို နေ့စဉ် စားပေးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ထောက်ပတ်သီးမှာပါဝင်တဲ့ ဓာတ်တွေ က လူခန္ဓာကိုယ် ဝမ်းဗိုက်ဆီကို လျှော့ချပေးပြီး ဗိုက်သားကို ချပ်အောင် လုပ်ဆောင် ပေးနိုင်ပါတယ်တဲ့။
 

သံပုရာသီး – သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက် နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။ ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက် သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာ အောင်လုပ် ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်း နဲ့ရောပြီး သောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက် သာစေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့် နဲ့သတ္တုဓာတ်တွေကြောင့် ခန္ဓာ ကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေး ပါတယ်။

 

ဖရဲသီး – ကိုယ်ထွင်းကအပူကိုနှိမ်ပေးတယ်၊ နေပူလျှပ်တာသက်သာစေတယ်၊ သံပရာရည်ပါဖြည့်စွက် လိုက်တော့ အကျိုးအာနိသင်ပိုကောင်းတာပါ။

 

စပျစ်သီး – အခွံနဲ့ အစေ့မှာ ဓာတ်စုလွတ် ရှင်းပေး နိုင်တဲ့အစွမ်း သတိ္တရှိတယ်၊ သည်ဖျော်ရည်ကို သောက်သုံးခြင်းဖြင့် ကိုယ်ခံအားတက်စေပါတယ်၊ ဇီဝကမ္မဖြစ်စဉ် ကို အားပေးတယ်၊ မောပန်းနွမ်းနယ်မှုကို ပြေစေတယ် အသားအရေရင့်ရော်မှုတုံ့နှေးစေတယ်။

 

ပင်မှည့်သီး – ဗီတာမင်နဲ့သတ္ထုဓာတ်တွေ ကြွယ်ဝစွာပါရှိနေလို့ နေလောင်မှုကြောင့် အသားအရေခြောက်သွား ညိုသွားတာကို ပြန်ကောင်းစေပါတယ်၊ အအေးမိနှာစေးတာကိုလည်း အကာအကွယ်ပေးပြီး အဆီအစားများလို့ ရစ်အီနေသလို ခံစားနေရတာမျိုးကိုလည်း သက်သာစေနိုင်ပါတယ်။

 

နဂါးမောက်သီး – ဓာတ်ရောက်ခြည် သင့်မှုကြောင့် ဖြစ်ပေါ်တဲ့ ခန္ဓာကိုယ်ထိခိုက်မှုကို လျော့ပါးစေနိုင်တယ်၊ ကိုယ်တွင်းက အဆိပ်အပုပ်တွေရှင်းထုတ်ဖို့အကျိုးရပါလိမ့်မယ်။

 

ခင်ခ။

8 comments

  • ဇီဇီ

    September 19, 2014 at 7:40 am

    နက်ဖြန် မှ ဘလန်ဒါဝယ်ပြီး အာတီဒုံရဲ့ ဟင်းရွက် ဖျော်ရည် စမ်းသပ်ရမှာ။
    ဟိ။
    ဒါလေးတွေဖတ်လိုက်ရတော့ အားတက်တာပေါ့။။
    ကျေးကျေး ကိုခ။

    :s:

    • ခင် ခ

      September 19, 2014 at 9:57 am

      ခုမှ စမ်းသပ်မလို့ လုပ်တုန်းလားဗျ
      အသီးအရွက်ကတော့ စားသောက်နိုင်လေ ကောင်းလေပါဗျာ

      • ဇီဇီ

        September 19, 2014 at 9:59 am

        အသားကင်နည်း တွေ အရင် စမ်းနေရသေးတယ်။
        ဟေးဟေးဟေးး

        :mrgreen:

  • manawphyulay

    September 19, 2014 at 10:16 am

    လေးခ မုန်လာဥဆိုတာ မုန်လာဥဖြူကို ပြောတာလားဟင်… အသီးအရွက်ကတော့ အရမ်းကြိုက်တယ်။
    ခုနောက်ပိုင်း အသားတွေ သိပ်စားလို့မရလို့ အဲဒီဘက်လှည့်နေပါတယ်။ ကျေးဇူးပါရှင်။
    စားသာစားတယ်။ ဘယ်ဟာက ဘယ်လိုအကျိုးရှိတယ်ဆိုတာ သိရတော့ ပိုကောင်းတာပေါ့နော်။

    • ခင် ခ

      September 19, 2014 at 11:42 am

      ဟုတ် မုန်လာဥ နဲ့ မုန်လာဥဖြူ တူပါတယ်ဗျ

  • မြစပဲရိုး

    September 20, 2014 at 2:50 am

    ကျန်တာ အားလုံးစားတယ်။
    ကျောက်ဖရုံ သီး ကို တော့ ငယ်တုန်းက လုံးဝ မစားဘူး။
    ဟိုးတုန်းက အသုဘ အလောင်း တွေ ကို အိမ်တွေမှာ ထားရင် အလောင်းစင် အောက် ကျောက်ဖရုံသီး ကြီး ထားတာ တွေ့ ပြီး ကထဲ ကဘဲ။
    နောက် ကြီးလာတော့ နဲနဲပါးပါး ပြန်စားပါတယ်။

    အခုတော့ ကြက်ဟင်းခါးသီး ရော၊ ကျောက်ဖရုံ ပါ ရှားပါးစာဖြစ်နေပေါ့။

    နဂါးမောက်သီး ကတော့ မကြိုက်ဘူး။ 🙂

Leave a Reply