ကျနော် နှင့် Ringtone

တောင်ပေါ်သားSeptember 18, 20141min18714

မိုဘိုင်းလ်ဖုန်း ဆိုတာ ပေါ်လာတာ အတော်ကြာခဲ့ပေမယ့် ကိုယ်တွေလည်း ဘာသိဘာသာ ဒီလိုပဲ ကိုင်ခဲ့တာပါ။
ဒါပေမယ့် ဒီဘက်ပိုင်းနှစ်တွေမှာတော့ ဆန်းသစ်လာမှုတွေနဲ့အတူ ဖုန်းမြည်သံ မျိုးစုံပြောင်းလဲသုံးစွဲလာကြပါတော့တယ်။
အဲဒီလိုနဲ့ ဖုန်းမြည်သံ Ringtone နဲ့ ပတ်သက်ပြီး ဝန်ဆောင်မှုပေးတာတွေ ဖြစ်လာရောပေါ့။
ဖြစ်ချင်တာတော့ ကျနော်တို့ ကုမ္ပဏီကလည်း အဲဒီ Ringtone ဝန်ဆောင်မှု လုပ်ငန်းကိုပါ ထပ်ချဲ့ခဲ့ပါတယ်။

ခေါ်နိုင်တဲ့ နံပါတ်တွေပေးထားပြီး ဒီနံပါတ်တွေကိုဆက်လို့ ကိုယ်လိုချင်တဲ့သီချင်းတွေကို Ringtone အဖြစ်သုံးဖို့ တောင်းနိုင်အောင်ပေါ့ တဲ့ ၊
သီချင်းတွေကို Ringtone အဖြစ် သုံးဖို့တောင်းနိုင်အောင်ပေါ့။
အဲဒီမှာ ဇာတ်လမ်းက စတာပါပဲ။
ဝန်ဆောင်မှုပေးတဲ့ နံပါတ်တွေထဲက တစ်ခုက ဝ၉-၅၁၅၁၀၁၀၊ ကျနော့်ဖုန်းက ဝ၉-၅၁၅၁၀၂ဝ ။
ခပ်ဆင်ဆင်ဖြစ်နေတဲ့ ဖုန်းနံပါတ်ကြောင့် ကျနော့်ခဗျာမလည်း ဒီ Ringtone ဇာတ်လမ်းထဲ ပါခဲ့ရတော့တာပါပဲ။

– တီ….တီ….တီ

– ဟဲလို…..အမိန့်ရှိပါ

– ဟုတ်ကဲ့……သီချင်းတောင်းချင်လို့ပါ

(ဪ….ကိုယ့်ဆီလာတဲ့ ဖုန်းမဟုတ်ပေမယ့် ကိုယ့်ကုမ္ပဏီက ပေးနေတဲ့ဝန်ဆောင်မှုဆီလာတာမို့…..)

– ဟုတ်ကဲ့…..ခဏလေး ကိုင်ထားပါနော်

(CRBT ဌာနက ကောင်မလေးတွေဆီ ဖုန်းကိုသွားပေးပြီး အဆင်ပြေအောင် လုပ်ပေးခဲ့ရတာပေါ့)

– – – – – – – – – – –

– တီ….တီ….တီ

– ဟုတ်ကဲ့…… အမိန့်ရှိပါ

– အေး ဒကာ…သီချင်းထည့်ချင်လို့..

– ဗျာ….အဲ….အဲ….တင်ပါ့ဘုရား…ဘယ်သီချင်းလဲဘုရား..

– အေး ဥူးပဇင်းကို ဒါ…အချစ်လို့ခေါ်သလားဆိုတာ ထည့်ချင်လို့…..

– ဗျာ….ဟုတ်ကဲ့….အဲ….တင်ပါ့….ခဏလေးပါဘုရား…

(ဪ…ကိုယ်တော့်နှယ်…အချစ်လို့ ခေါ်ချင်သေးလို့လားဘုရား….ဘာဘဲဖြစ်ဖြစ်…..ဖုန်းကို ဟိုဌာနပို့ရပြန်ရော)
– – – – – – – – – – – – – – – – –

– တီ….တီ….တီ

– ဟုတ်ကဲ့ အမိန့်ရှိပါ

– မောင်လေးရေ…..မမ သီချင်းထည့်ချင်လို့….ရင်းတုန်း လေ

(မြတ်စွာဘုရား…..ငါ့ကို မောင်လေးတဲ့ ၊ ဒါဆို သူက ငါးဆယ်ကျော်….ခြောက်ဆယ် အဖွားကြီးလား မသိ)

– ဟုတ်ကဲ့ မမ … (လျှာယားလိုက်တာဗျာ…အဲ့ဒီလို ခေါ်ရတာ)    ဘယ်သီချင်းလဲဗျ….

– သံယောဇဉ် အရင်းအနှီး…လေ….မမကြိုက်လို့ပါ..။

– ဟုတ်ကဲ့ပါ….ခဏကိုင်ထားပါဦးနော်……(ထုံးစံအတိုင်း ကိုယ်မှ မလုပ်တတ် မပြောပြတတ်တာ CRBT ကိုပဲ အဒီဖုန်း ကိုင်ပြီး သွားရပြန်ရော…..)
– – – – – – – – – – – – – –

ဪ….ဖုန်းနံပါတ် ဆင်တဲ့ကိစ္စက အတော်မလွယ်ပါလားး…လာလိုက်မှဖြင့်….ကိုယ့်ဆီမဟုတ်….ဒီ Ringtone ကိစ္စတွေချည်း….

ဘာပဲဖြစ်ဖြစ်လေ…..ကိုယ့်ကုမ္ပဏီဆီ လာတာပဲဆိုပြီး….စိတ်ဖြေရတာပေါ့ ။
– – – – – – – – – – – –

– တီ….တီ….တီ

– ဟုတ်ကဲ့….အမိန့်ရှိပါ

– မောင်လေး….စောစောက မောင်လေးတို့ဆီက ကောင်မလေးတွေပြောတဲ့အတိုင်း လုပ်ပြီးပြီ၊ ဘေလ်လည်း ဖြတ်ပြီးသွားပြီ ၊

ဖုန်းသံက ဘာကြောင့် မပြောင်းရတာတုန်း…..ဒီမှာ ပိုက်ဆံအကုန်ခံပြီး  လုပ်ထားရတာ။

– ဗျာ…..ဟုတ်ကဲ့ ။ ကျနော် မမ ဖုန်းကိုခေါ်ကြည့်ပါ့မယ်ဗျ၊ ဖုန်းခဏ ချလိုက်ပါနော်…။

(ကဲ….ရှုတ်လိုက်တာဗျာ….….သူ့ဆီပြန်ခေါ်တော့….ထွက်လာပါသော်ကော အိုင်ရင်း ဇင်မာမြင့် သီချင်း…)။
ဟုတ်ကဲ့…..သီချင်းက ထည့်ပြီးလို့ ရနေပြီလေ…။

– ဘယ်မှာရသေးလို့လဲ ? အရင် ရင်းတုန်းအသံပဲ ရှိသေးတယ်။

( မှားပြီ…မှားပြီ….သူက သူ့ဆီခေါ်လိုက်ရင် အဲဒီ သီချင်းသံ ထွက်လာစေချင်တာကိုး….)

– ဟုတ်ကဲ့….အမကြီး ဖုန်းကိုခေါ်ရင် အဲဒီသီချင်းသံထွက်စေချင်တာလားဗျ။

-ဒီမယ်….အမကြီး ဟုတ်ဘူး….ငယ်ငယ်ပဲရှိသေးတာကို….အင်းလေ….ဖုန်းလာရင်…အဲဒီသီချင်းသံလေးထွက်စေချင်တာ။

(ဒုက္ခ…..ဒုက္ခ….သူများ ရင်းတုန်းဆိုလို့ သူလည်း ရင်းတုန်း ရှာတယ်ထင်ပါရဲ့…)

– ဟုတ်ကဲ့…ဒီလိုလုပ်ပါဗျ….ဖုန်းပြင်တဲ့ဆိုင်မှာ သီချင်းတွေ ဘာတွေ ထည့်ပေးတာရှိပါတယ်ဗျ။

အဲဒီမှာ ဒီသီချင်းထည့်ပေးပါလို့ပြော ..ပြီးရင် Setting ထဲက Ringtone နေရာမှာ ဒီသီချင်းကို ထည့်ရင် ရပါပြီဗျ..။

– အန်…..ဖုန်းဆိုင်ကို သွားရဦးမယ်…။

– ဟုတ်ကဲ့….အခု ကျနော်တို့ လုပ်ပေးတဲ့ ဝန်ဆောင်မှုက မမဆီကို ဖုန်းခေါ်ခဲ့သူတိုင်းက မမကြိုက်လို့ ထည့်ထားတဲ့ ဒီသီချင်းသံလေးကို ကြားရပါတယ်ဗျ၊

ကိုယ့်ဟာကိုယ်ကြားချင်ရင်တော့ ဖုန်းဆိုင်မှာ သီချင်းသွားထည့်ပြီး….ဖုန်းဆိုင်ကိုပဲ ရင်းတုန်းသံနေရာမှာ ထည့်ပေးပါလို့ ပြောလိုက်ပါဗျ…

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် မမ….။

(ဖုန်းကိုချ၊ ရယ်ကလည်းရယ်ချင်….မမလို့ခေါ်ရပေါင်းများလို့ ကိုယ့်ကိုယ်ကိုတောင် ဖြူနေတဲ့ဆံပင်တွေကို ကိုင်ရင်း….

၁၈ နှစ်သားလေးလို့ ထင်လိုက်မိသလိုပါပဲ….ဪ…ရင်းတုန်း   ရင်းတုန်း….ငါကတော့ ရင်တုန်မိပါရဲ့ကွယ်…..  🙂

9d

14 comments

  • ခင် ခ

    September 18, 2014 at 4:33 pm

    တီ….. တီ……….. တီ
    ဟုတ်ကဲ့ အမိန့်ရှိပါ
    ငါ့မြေးရေ အဖိုး သီချင်းထဲ့ချင်လို့………….. ဘ ဝ သံ သ ရာ သီချင်းပါ။

  • ဇီဇီ

    September 18, 2014 at 4:45 pm

    ဟီးးးးဟီးးးး
    ဘာမှ ဟုတ်ဘူးးး
    ရီစရာ တွေ့ လို့ ရီ သွားးးတယ်

    :k:

  • Yae Myae Tha Ninn

    September 18, 2014 at 5:00 pm

    တီတီတီ… မြွေမြွေမြွေ.. သီချင်းထည့်ချင်လို့ပါ… ငါမင်းကို သတ်ချင်တယ်..ဆိုတာကို အကျယ်ကြီး ဘောလုံးချဲ့ပြီး ထည့်ပေးပါ… 🙂

  • ကျနော် က တော့ အကျင့် တစ်ခု ရှိတယ်

    ဖုန်းထဲမှာ သီချင်းးတွေထည့်ထားတယ်

    ကျနော်မိတ်ဆွေ တစ်ယောက်ချင်းစီကို သီချင်းတစ်ပုဒ် နဲ့ အမြဲ ရင်းတုန်းလုပ်ထားလိုက်တာဘဲ

    ကိုမျုးိသန့် ဆိုရင်တော့ ဘော လုံးနဲ့ ပါတ်သက်နေတော့

    အမာစိန် ရဲ့ ဘောလုံးပွဲ ထဲမှာ သိပ်ကို ကဲ တဲ့ သူပါရှင် ထည့် ထားတယ်

    ဒီသီချင်း သံ မြည်လာရင် ကိုမျုးိသန့် ကျနော်ကိုခေါ်တာဘဲ

    အားတဲ့ရက်မှာ ဘယ်သူ့ ကို ဘယ်ရင်းတုန်းပေးထားတယ်ဆိုတာ ရေးပါအုံးမယ်

    • Myo Thant

      September 19, 2014 at 10:37 am

      ကိုပေါက်ကလည်း

      မေခလာရဲ့ ဂိုးသွင်းကောင်းတဲ့ ကိုကို သီချင်းထည့်ထားရမှာ 🙂

  • မွသဲ ( 17082011 )

    September 19, 2014 at 9:01 am

    အာ့ ကိုမျိုးသန့်တို့ လုပ်တာလား။ ဈေးကြီးတယ် အာ့လေးပြောချင်လို့လာပေါဒါ :mrgreen:

    ခက်တာက လူတွေကသူတို့ကြိုက်တဲ့သချင်းထည့်တာတော့ဟုတ်ပါတယ် သို့သော် သူတို့ကနားထောင်ရတာလဲမဟုတ် တဖက်ခေါ်တဲ့သူကနားထောင်ရတာ။ အသံညိမ့်ညိမ့်လေးတွေထည့်ထားတဲ့ဖုန်းခေါ်ရတာပြသနာမရှိပေမဲ့ ဆောင့်ကြီးအောင့်ကြီးသချင်းတွေထည့်ထားတဲ့ဖုန်းခေါ်မိရင် မကိုင်မချင်းနားဒုက္ခခံရတော့တာပဲ 🙁

    • Myo Thant

      September 19, 2014 at 10:42 am

      ဈေးမကြီးပါဘူးဗျာ

      တစ်လ နှစ်ထောင် ၊ တစ်ပုဒ် သုံးရာလေ ၊

      ကျနော်ကတော့ ဖုန်းထဲက နဂို ရင်းတုန်းသံပဲထားတယ် ၊

      သီချင်းက အပုဒ် ငါးရာကျော်ထည့်ထားတယ် ၊ ကိုယ့်ဟာကိုယ် နားထောင်ဖို့ ၊ 🙂

      ဂိမ်းကတော့ ဝါသနာမပါလို့ မထည့် ၊

  • manawphyulay

    September 19, 2014 at 11:23 am

    ဪ ဒီလို လူမျိုးတွေ ရှိလို့လည်း ရင်းတုန်းလုပ်တဲ့သူတွေ အလုပ်ဖြစ်နေတာကိုး…. ဒီကြားထဲမှာ ဦးမျိုးတော့ အလုပ်ရှုပ်ပေရောပဲ… ဖုန်းက သွားပေးစရာမလိုအောင် တစ်ခါထဲ ပေးထားလိုက်ပေါ့။

    • Myo Thant

      September 19, 2014 at 11:34 am

      သွားပေးထားတုန်း ကိုယ့်ဖုန်းလာရင် ဘီလိုလုပ်မတုန်းဗျ 🙂

  • alinsett

    September 19, 2014 at 5:20 pm

    အူးဘဇင်းက..ဒါအချစ်လို့ ခေါ်သလားတဲ့…

    အင်းးး…ဒါက ဘာဟုတ်သေးလို့တုန်း…

    ကျနော် သုံးနေတဲ့ အင်တာနက်ဆိုင်မှာဆို..
    အူးဘဇင်းငယ်ငယ်တွေ…
    ဂျီတော့တို ့ ဖေ့ဘုတ်တို့ကို…
    ချစ်တတ်တဲ့ကောင်လေး တို့….
    အချစ်ငတ်သူ တို့…နာမည်နဲ့..ဖွင့်ပြီး..ကောင်းကောင်းသုံးနေကြတာ…
    အဟွတ်

    ပြောလား..
    မပြောပါဘူး ။

    :mrgreen:

  • မြစပဲရိုး

    September 20, 2014 at 3:08 am

    ကိုမျိုး ရဲ့
    ကျွန်မ မှာလဲ Ringtone Story ရှိတယ်။
    ကလေး ငယ်တုန်း က ဖုန်း ကို စ ဆော့ တတ်ချိန်
    ကျွန်မ ဖုန်း Ringtone ကို ဖားအော်သံ “ဂွပ် ဂွပ် ဂွပ် ဂွပ်” နဲ့ Set လုပ်ထားလိုက်တာ ကိုယ်ကလဲ မသိလိုက်။
    နောက် အလုပ်ထဲ ဖုန်းလဲ မြည်ရော အနားက လူတွေ လဲ လန့်၊ ကိုယ်လဲ လန့်
    နောက်မှ ကိုယ့်ဖုန်းက မြည်နေမှန်းသိတော့ တာ။
    lol:-)

    • alinsett

      September 21, 2014 at 1:25 pm

      ကျနော်ကျတော့…
      ဖုန်းမြည်သံကို… Minions ဟားဟားဟားဟား…ဆိုတဲ့ ရီသံကို ထည့်ထားတာ…
      ထည့်လိုက်ကာစ…ညဘက် အိမ်အပြန်မှာ…
      ညက မှောင်မဲနေတဲ့အချိန်…
      ဆယ်နာရီလောက်…
      လူကလည်းပြတ်တဲ့ လမ်း..
      အဲဒီမှာ.. ဟားဟား ဟားဟား.ဆိုတဲ့ ရီသံကြီး ထွက်လာတာ…။
      လန့်လိုက်တာ…။
      လူက တကယ် တုန် တက်သွားတယ် ။

      နောက်မှ… ဖုန်းမြည်သံ…
      Minions လေးတွေ အားရပါးရ ရီလိုက်တဲ့ ဖုန်းမြည်သံ ဖြစ်နေတာ…

      ဖြစ်ပုံ..

      :mrgreen:

Leave a Reply