“လှ သော ည နေ ခင်း  “

လှညနေ

လှညနေ

ရွှေအိုရောင်

ညနေခင်း လေးမှာ

လှော်သူမဲ့ သော

လှေကလေးက တစင်း

မျောချင်ရာမျောနေတဲ့

ဗေဒါလေးက တသိုက်

မြင်မြင်ရာ ရိုက်နေတဲ့

ဓါတ်ဖမ်းသူက တစ်ယောက်

တွေးချင်ရာတွေး

ရေးချင်ရာ ရေး နေတဲ့

ကဗျာဆရာ က တစ်ဦး

အော် အားလုံးပေါင်း တော့

အလှ တစ်ခု ပေါ့။

ကိုပေါက်လက်ဆောင်အတွေးစဉ်

18-9-2014

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1609 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။