“လှ သော ည နေ ခင်း “

“လှ သော ည နေ ခင်း  “

လှညနေ
လှညနေ

ရွှေအိုရောင်

ညနေခင်း လေးမှာ

လှော်သူမဲ့ သော

လှေကလေးက တစင်း

မျောချင်ရာမျောနေတဲ့

ဗေဒါလေးက တသိုက်

မြင်မြင်ရာ ရိုက်နေတဲ့

ဓါတ်ဖမ်းသူက တစ်ယောက်

တွေးချင်ရာတွေး

ရေးချင်ရာ ရေး နေတဲ့

ကဗျာဆရာ က တစ်ဦး

အော် အားလုံးပေါင်း တော့

အလှ တစ်ခု ပေါ့။

ကိုပေါက်လက်ဆောင်အတွေးစဉ်

18-9-2014

13 comments

  • ဇီဇီ

    September 19, 2014 at 7:43 am

    ရွှေအိုရောင် နဲ့ အနက်
    လှပတဲ့ တွဲစပ်မှု

  • ခင် ခ

    September 19, 2014 at 9:56 am

    အင်း ဆည်းဆာ အလှ ဆိုပေမယ့် ဘဝဆည်းဆာ နေဝင်ချိန်ကိုတော့ မစောချင်ဘူးလေ။

  • kyeemite

    September 19, 2014 at 10:15 am

    .နေညိုချိန်တိမ်တောက်တဲ့အခါ♪♫
    .တောင်သမန်ဘေးမှာ♪♫♪
    .ကိုပေါက်တို့ သူငယ်ချင်းတို့တတွေ♪♫♪
    .ရွှေဓါတ်ဖမ်းထွက်လာ♫♪♫
    .မရောက်တာကြာပြီ ..မတွေ့တာကြာပြီ♪♫♪ သတိရလိုက်တာ…ဆြာပေါက်ရာ… :))

  • ကိုပေါက်(မန္တလေး)

    September 19, 2014 at 12:22 pm

    ရွာကလူတွေစု

    သူကြီး ပါခေါ်

    ဦးပိန်တံတားပေါ်မှာ

    ည လေကန် ဝေဖန်

    မယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်စမ်းပါ

  • Mr. MarGa

    September 19, 2014 at 2:42 pm

    ရွှေရည် လွှမ်းခြုံ
    ထို ရွှေဘုံ ဝယ်…

  • kyeemite

    September 19, 2014 at 2:52 pm

    .ဟုတ်တယ်ကိုပေါက်ရေ…မလွယ်မှန်းသိပေမဲ့ ဦးပိန်တံတားပေါ် ရွာသူားတွေဆုံရရင် တော်တော်ကောင်းမယ်

  • manawphyulay

    September 19, 2014 at 4:55 pm

    အယ် လေးပေါက် လှေကို ကမ်းကပ်ထားလေ… ရေစီးနဲ့ မျောသွားဦးမယ်…. :mrgreen:

  • alinsett

    September 21, 2014 at 12:45 pm

    လှပါ့ဗျာ…

    ထိုင်သာ ငေးနေချင်တော့တာပဲ

  • Ma Ei

    September 22, 2014 at 10:34 am

    တစ်ကယ်လှတဲ့ ညနေကို
    အမိဖမ်းထားလိုက်တာပေါ့လေ…

  • မ အိရေ ဒီပုံလေး က တောင်သမန်အင်းအရှေ့ဘက်ခြမ်းက နေပြီး နေဝင်ချိန်လေးကိုရိုက်ထားတာပါ

    ဒီဘက်ခြမ်းက အရောက်အပေါက်နည်း ပါတယ်

    အဲတော့မြင်ကွင်းရှင်းပါတယ်

    အဲ့နေ့က အတော်လှ တဲ့ ပုံလေးတွေရခဲ့ပါတယ်

    နောက်ရက် တင်ပေးပါမယ်

Leave a Reply